Property Expo
×

အေမရိကန္ႏုိင္ငံ Kentucky ျပည္နယ္က Adam Yosemite ဆုိသူဟာ တစ္ေန႔ ကယ္လုိရီ ၅,၀၀၀ ဝန္းက်င္စားသုုံးရာကေန ကုိယ္အေလးခ်ိန္ေပါင္ ၅၀၀ (၂၂၇ ကီလုိ) ေက်ာ္တက္သြားတယ္လုိ႔ သူက Independent ကို ေျပာျပခဲ့ပါတယ္။ တစ္သက္လုံး ဝိတ္က်ခ်င္ခဲ့တာ။ အဲ့ဒါကို တြန္းအားျဖစ္ေစတဲ့အရာကေတာ့ ႏွလုံးေရာဂါျဖစ္မွာ စိုးရိမ္တဲ့ စိတ္နဲ႕ ရင္ဘတ္နာက်င္ေနတဲ့ အခ်က္လုိ႔ သူကဆုိပါတယ္။

၂၀၁၀ ခုႏွစ္ကတည္းက ေပါင္ ၃၀၀ ေက်ာ္ လူႏွစ္ဦးစာ ဝိတ္နီးပါး က်ခဲ့ပါတယ္။ ဒါေပမယ့္ တာရွည္ခံေအာင္ စီမံေဆာင္ရြက္ထားတဲ့ အစားအစာကို အဓိကစားသုံးတာေၾကာင့္ Yosemite က်န္းက်န္းမာမာ ဝိတ္မက်ခဲ့ပါဘူး။ ဒီအစားအစာေတြမွာ ခႏၶာကိုယ္အက်ဳိးျပဳ ကယ္လုိရီအလုံအေလာက္မပါၾကပါဘူး။ သူရည္မွန္းထားတဲ့ အေလးခ်ိန္အေရာက္မွာ အေရျပားဟာ တြဲက်က်န္ရစ္ေနမယ္လုိ႔ Yosemite မထင္မွတ္ခဲ့ပါဘူး။ ဒီအခ်က္က အေမရိကန္က်န္းမာေရး အာမခံအစီအစဥ္ေတြထဲမွာ မတြင္က်ယ္ေသးတဲ့အျပင္ ခြဲစိတ္ကုသမႈက ေရာဂါကူးစက္မႈေတြ ျဖစ္ေစႏုိင္ပါတယ္။

ဒီလုိအေရျပားလႊာတြန္႔ေတြဟာ လက္ေမာင္း၊ ဗိုက္သား၊ ေပါင္ေတြမွာ ေပ်ာ့အိက်န္ရစ္ေနတုန္းပဲလုိ႔ သူက ဆုိပါတယ္။ ခုအခါမွာ Yosemite ဟာ ကုိယ္လုံးကုိယ္ေပါက္အသစ္ျပန္ရဖုိ႔ ျပင္ဆင္လ်က္ရိွပါတယ္။ သူ႔ကုိယ္အေလးခ်ိန္က်မႈကို အမွတ္အသားအျဖစ္ ေပါင္ ၅၀၀ ၀န္ခ်ိန္တံုး တက္တူးပံု တစ္ခု ထုိးထားပါတယ္။  အေရျပားအပိုေတြကို ဖယ္ထုတ္ပစ္မွာမဟုတ္ေၾကာင္း သူက ေျပာဆုိခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Trend Myanmar

#Unicode Version

အမေရိကန်နိုင်ငံ Kentucky ပြည်နယ်က Adam Yosemite ဆိုသူဟာ တစ်နေ့ ကယ်လိုရီ ၅,၀၀၀ ဝန်းကျင်စားသုုံးရာကနေ ကိုယ်အလေးချိန်ပေါင် ၅၀၀ (၂၂၇ ကီလို) ကျော်တက်သွားတယ်လို့ သူက Independent ကို ပြောပြခဲ့ပါတယ်။ တစ်သက်လုံး ဝိတ်ကျချင်ခဲ့တာ။ အဲ့ဒါကို တွန်းအားဖြစ်စေတဲ့အရာကတော့ နှလုံးရောဂါဖြစ်မှာ စိုးရိမ်တဲ့ စိတ်နဲ့ ရင်ဘတ်နာကျင်နေတဲ့ အချက်လို့ သူကဆိုပါတယ်။

၂၀၁၀ ခုနှစ်ကတည်းက ပေါင် ၃၀၀ ကျော် လူနှစ်ဦးစာ ဝိတ်နီးပါး ကျခဲ့ပါတယ်။ ဒါပေမယ့် တာရှည်ခံအောင် စီမံဆောင်ရွက်ထားတဲ့ အစားအစာကို အဓိကစားသုံးတာကြောင့် Yosemite ကျန်းကျန်းမာမာ ဝိတ်မကျခဲ့ပါဘူး။ ဒီအစားအစာတွေမှာ ခန္ဓာကိုယ်အကျိုးပြု ကယ်လိုရီအလုံအလောက်မပါကြပါဘူး။ သူရည်မှန်းထားတဲ့ အလေးချိန်အရောက်မှာ အရေပြားဟာ တွဲကျကျန်ရစ်နေမယ်လို့ Yosemite မထင်မှတ်ခဲ့ပါဘူး။ ဒီအချက်က အမေရိကန်ကျန်းမာရေး အာမခံအစီအစဉ်တွေထဲမှာ မတွင်ကျယ်သေးတဲ့အပြင် ခွဲစိတ်ကုသမှုက ရောဂါကူးစက်မှုတွေ ဖြစ်စေနိုင်ပါတယ်။

ဒီလိုအရေပြားလွှာတွန့်တွေဟာ လက်မောင်း၊ ဗိုက်သား၊ ပေါင်တွေမှာ ပျော့အိကျန်ရစ်နေတုန်းပဲလို့ သူက ဆိုပါတယ်။ ခုအခါမှာ Yosemite ဟာ ကိုယ်လုံးကိုယ်ပေါက်အသစ်ပြန်ရဖို့ ပြင်ဆင်လျက်ရှိပါတယ်။ သူ့ကိုယ်အလေးချိန်ကျမှုကို အမှတ်အသားအဖြစ် ပေါင် ၅၀၀ ဝန်ချိန်တုံး တက်တူးပုံ တစ်ခု ထိုးထားပါတယ်။  အရေပြားအပိုတွေကို ဖယ်ထုတ်ပစ်မှာမဟုတ်ကြောင်း သူက ပြောဆိုခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top