Property Expo
×





Credit: 7 day daily

#Unicode Version

သရုပ်ဆောင်မင်းဦးနှင့် ၎င်း၏ ချစ်သူတို့သည် မော်ကွန်းတင်မင်္ဂလာလက်မှတ်ရေးထိုးပွဲနှင့် မင်္ဂလာဦးဆွမ်းကျွေးကို အောက်တိုဘာ ၂၇ ရက်တွင်ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

သရုပ်ဆောင်မင်းဦးနှင့် ၎င်း၏ဇနီး မခိုင်ဝေသူတို့၏ မော် ကွန်းတင်လက်မှတ်ရေးထိုးပွဲကို ရန်ကုန်မြို့ ဆရာစံလမ်းရှိ AcaciaTea Salon တွင် ယင်းနေ့  နံနက် ၉ နာရီက ပြုလုပ်ခဲ့သည်။

ထို့နောက် မင်္ဂလာဦးဆွမ်းကျွေးကို တက္ကသိုလ်ရိပ်သာလမ်းရှိ အင်းလျားကန်ဖျားကျောင်းတိုက်တွင် ကျင်းပပြုခဲ့ရာ ရုပ်ရှင်လောကမှ အနုပညာရှင်များစွာ တက်ရောက်အားပေးခဲ့သည်။

မင်္ဂလာဧည့်ခံပွဲကို နိုဝင်ဘာ ၂၇ ရက်တွင် နိုဗိုတယ်ဟိုတယ်၌ ကျင်းပမည်ဖြစ်သည်။ သရုပ်ဆောင်မင်းဦးသည် ချစ်သူ မခိုင်ဝေသူနှင့် ချစ်သူ သက်တမ်း ၁၀ နှစ်ကျော်တွင် လက်ထပ်ခဲ့ခြင်းဖြစ်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top