Kantharyar Centre
×

တစ္ခါတေလမွာ တစ္ေနကုန္ ပင္ပန္းၿပီးတဲ့ေနာက္ လူက အရမ္းပင္ပန္းၿပီး ဘယ္မွမသြားႏုိင္ေတာ့သလုိ အိပ္ဖို႔လည္း ခက္ခဲေနတတ္ပါတယ္။

အဲဒီေတာ့ ေကာင္းေကာင္းအိပ္ေပ်ာ္ဖုိ႔အတြက္ တင္းေနတဲ့ အေက်ာေတြ ေပ်ာ့ေျပာင္းေစတဲ့ ဒီနည္းေလးေတြကို လုပ္ၾကည့္လိုက္ပါ။

၁။ Child's Pose


ပံုပါအတုိင္း အနည္းဆံုး တစ္မိနစ္ခန္႔ ထုိင္ရမွာ ျဖစ္ပါတယ္။ ရရွိမယ့္ က်န္းမာေရးအက်ဳိးေက်းဇူးေတြက ေက်ာ၊ပခံုးနဲ႔ ရင္ဘတ္ေတြ တင္းေနတာ ေျပေလ်ာ့သြားမယ္။ စိတ္ဖိအားမ်ားေနတာေတြကို ေလ်ာ့က်ေစတဲ့အျပင္ စိတ္ေရာကိုယ္ပါ ေအးခ်မ္းသြားပါမယ္။ အသက္႐ွဴသံလည္း ပံုမွန္ျဖစ္ေပၚေစပါတယ္။

၂။ Thread the Needle Pose

ပံုပါအတုိင္း တစ္မိနစ္ခန္႔ေနပါ။ ရင္ဘတ္အေပၚပိုင္း ၾကြက္သားေတြကို ေျပေလ်ာ့ေစၿပီး အေပၚပိုင္း၊ ပခံုးအျပင္ပိုင္းၾကြက္သားေတြကို ပြင့္ေစၿပီး  အေပၚတစ္ပိုင္းလံုးမွာ လည္ပတ္ေနတဲ့ေသြးေတြ သန္႔ရွင္းလတ္္ဆတ္ေစပါတယ္။

၃။ Supta Virasana

အနည္းဆံုး စကၠန္႔ ၃၀၊  အမ်ားဆံုး တစ္မိနစ္ေလာက္ ဒီအတုိင္းေနေပးပါ။ ဒီအေနအထားက အစားေျခစနစ္ကို အားေကာင္းေစပါတယ္။ ဒူးမွာရွိတဲ့ အရြတ္နဲ႔ ၾကြက္သားေတြကို ေျပေလ်ာ့ေစတယ္။ ေျခေထာက္ေညာင္းညာျခင္းကိုလည္း ေလ်ာ့ပါးသက္သာေစပါတယ္။ ဒါဟာ မိန္းကေလးေတြ ဓမၼတာလာခ်ိန္ နာက်င္မႈေတြကိုပါ သက္သာေစပါတယ္။ ဒါ့အျပင္ ဝမ္းဗိုက္၊ ေျခခ်င္းဝတ္၊ ေပါင္ရင္းအေၾကာေတြကိုလည္း ေျပေလ်ာ့ေစပါတယ္။

၄။ Viparita Karani

ဒီပို႔စ္ကေတာ့ ငါးမိနစ္ခန္႔ ေနေပးရမွာပါ။

ရင္ေရွ႕ပိုင္း၊ ေျခေထာက္အေနာက္ဘက္တေက်ာလံုးနဲ႔ ဇက္ေတြကို အေၾကာေလ်ာ့ေစပါတယ္။ ေျခေထာက္ ၾကြက္တက္ျခင္းနဲ႔ ေညာင္းညာျခင္းတုိ႔ကို ေပ်ာက္ကင္းေစၿပီး ေက်ာေအာင့္သလုိလုိ ျဖစ္ေနတာကိုလည္း ေပ်ာက္ကင္းေစပါတယ္။ စိတ္ကိုလည္း တည္ၿငိမ္ေအးခ်မ္းေစပါတယ္။

၅။ Savasana

ငါးမိနစ္ေလာက္ ဒီအေနအထားအတုိင္းေနၿပီး စိတ္ကိုလည္း ေျဖေလ်ာ့ထားပါ။

ရရွိမယ့္အက်ဳိးေက်းဇူးေတြကေတာ့ ဦးေႏွာက္ၾကည္လင္ေစၿပီး စိတ္က်ေရာဂါဝင္ခ်င္သလုိျဖစ္ေနတာကို ေပ်ာက္ကင္းေစတယ္။ ခႏၶာကိုယ္တစ္ခုလံုးက အေက်ာေတြ ေျပေလ်ာ့ေစတယ္။ ေခါင္းကိုက္တာနဲ႔ အိပ္မေပ်ာ္တာေတြကိုလည္း ေလ်ာ့ပါးေစတယ္။ ေသြးဖိအားနည္းျခင္းကိုလည္း ေလ်ာ့ေစပါတယ္။

၆။ Jathara Parivartanasana

တစ္မိနစ္ခန္႔ေနေပးပါ။ အစာေျခစနစ္ကို အားေကာင္းေစၿပီး ပခံုးေက်ာေတြ တင္းေနတာကို ေလ်ာ့ေစသလို ေက်ာေအာက္ပိုင္းကိုလည္း အေၾကာေျပေစပါတယ္။ စိတ္ကိုလည္း တည္ၿငိမ္ေစပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun

Unicode Version

တစ်ခါတလေမှာ တစ်နေကုန် ပင်ပန်းပြီးတဲ့နောက် လူက အရမ်းပင်ပန်းပြီး ဘယ်မှမသွားနိုင်တော့သလို အိပ်ဖို့လည်း ခက်ခဲနေတတ်ပါတယ်။

အဲဒီတော့ ကောင်းကောင်းအိပ်ပျော်ဖို့အတွက် တင်းနေတဲ့ အကျောတွေ ပျော့ပြောင်းစေတဲ့ ဒီနည်းလေးတွေကို လုပ်ကြည့်လိုက်ပါ။

၁။ Child's Pose

ပုံပါအတိုင်း အနည်းဆုံး တစ်မိနစ်ခန့် ထိုင်ရမှာ ဖြစ်ပါတယ်။ ရရှိမယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေက ကျော၊ပခုံးနဲ့ ရင်ဘတ်တွေ တင်းနေတာ ပြေလျော့သွားမယ်။ စိတ်ဖိအားများနေတာတွေကို လျော့ကျစေတဲ့အပြင် စိတ်ရောကိုယ်ပါ အေးချမ်းသွားပါမယ်။ အသက်ရှူသံလည်း ပုံမှန်ဖြစ်ပေါ်စေပါတယ်။

၂။ Thread the Needle Pose
ပုံပါအတိုင်း တစ်မိနစ်ခန့်နေပါ။ ရင်ဘတ်အပေါ်ပိုင်း ကြွက်သားတွေကို ပြေလျော့စေပြီး အပေါ်ပိုင်း၊ ပခုံးအပြင်ပိုင်းကြွက်သားတွေကို ပွင့်စေပြီး  အပေါ်တစ်ပိုင်းလုံးမှာ လည်ပတ်နေတဲ့သွေးတွေ သန့်ရှင်းလတ်ဆတ်စေပါတယ်။

၃။ Supta Virasana
အနည်းဆုံး စက္ကန့် ၃၀၊  အများဆုံး တစ်မိနစ်လောက် ဒီအတိုင်းနေပေးပါ။ ဒီအနေအထားက အစားခြေစနစ်ကို အားကောင်းစေပါတယ်။ ဒူးမှာရှိတဲ့ အရွတ်နဲ့ ကြွက်သားတွေကို ပြေလျော့စေတယ်။ ခြေထောက်ညောင်းညာခြင်းကိုလည်း လျော့ပါးသက်သာစေပါတယ်။ ဒါဟာ မိန်းကလေးတွေ ဓမ္မတာလာချိန် နာကျင်မှုတွေကိုပါ သက်သာစေပါတယ်။ ဒါ့အပြင် ဝမ်းဗိုက်၊ ခြေချင်းဝတ်၊ ပေါင်ရင်းအကြောတွေကိုလည်း ပြေလျော့စေပါတယ်။

၄။ Viparita Karani
ဒီပို့စ်ကတော့ ငါးမိနစ်ခန့် နေပေးရမှာပါ။

ရင်ရှေ့ပိုင်း၊ ခြေထောက်အနောက်ဘက်တကျောလုံးနဲ့ ဇက်တွေကို အကြောလျော့စေပါတယ်။ ခြေထောက် ကြွက်တက်ခြင်းနဲ့ ညောင်းညာခြင်းတို့ကို ပျောက်ကင်းစေပြီး ကျောအောင့်သလိုလို ဖြစ်နေတာကိုလည်း ပျောက်ကင်းစေပါတယ်။ စိတ်ကိုလည်း တည်ငြိမ်အေးချမ်းစေပါတယ်။

၅။ Savasana
ငါးမိနစ်လောက် ဒီအနေအထားအတိုင်းနေပြီး စိတ်ကိုလည်း ဖြေလျော့ထားပါ။

ရရှိမယ့်အကျိုးကျေးဇူးတွေကတော့ ဦးနှောက်ကြည်လင်စေပြီး စိတ်ကျရောဂါဝင်ချင်သလိုဖြစ်နေတာကို ပျောက်ကင်းစေတယ်။ ခန္ဓာကိုယ်တစ်ခုလုံးက အကျောတွေ ပြေလျော့စေတယ်။ ခေါင်းကိုက်တာနဲ့ အိပ်မပျော်တာတွေကိုလည်း လျော့ပါးစေတယ်။ သွေးဖိအားနည်းခြင်းကိုလည်း လျော့စေပါတယ်။

၆။ Jathara Parivartanasana
တစ်မိနစ်ခန့်နေပေးပါ။ အစာခြေစနစ်ကို အားကောင်းစေပြီး ပခုံးကျောတွေ တင်းနေတာကို လျော့စေသလို ကျောအောက်ပိုင်းကိုလည်း အကြောပြေစေပါတယ်။ စိတ်ကိုလည်း တည်ငြိမ်စေပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Duwun


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top