Property Expo
×

ဂ်ာမန္အမ်ဳိးသားတစ္ဦးရဲ႕ အျဖစ္က ငုိအားထက္ရယ္အားသန္ ျဖစ္ခဲ့ပါတယ္။ ဂ်ာမန္အမ်ဳိးသားက အရက္မူးေနစဥ္မွာ ခ်စ္သူမိန္းကေလးကုိ လက္ထပ္ခြင့္ ေတာင္းခံခဲ့ပါတယ္။ ဒါေပမဲ့ အမူးေျပသြားခ်ိန္မွာေတာ့ သူ႕ခ်စ္သူမိန္ကေလးက လက္ထပ္ခြင့္ေတာင္းခဲ့စဥ္ ဘယ္လုိ အေျဖေပးခဲ့တယ္ဆုိတာ သူ မမွတ္မိေတာပါဘူး။

ခ်စ္သူမိန္းကေလးကုိ ေမးေပမဲ့လည္း လုံးဝ မေျပာခဲ့တာေၾကာင့္ ဂ်ာမန္အမ်ဳိးသာခမ်ာ ေနမထိထုိင္မသာ ျဖစ္ခဲ့ရပါတယ္။ ႀကံရာမရျဖစ္ၿပီး ေနာက္ဆုံးမွာေတာ့ ဂ်ာမန္အမ်ဳိးသားက သတင္းစာတစ္ေစာင္မွာ သူ႕ရဲ႕အျဖစ္ကုိ ေၾကာ္ျငာထည့္ၿပီး ေျပာျပကာ အကူအညီေပးၾကဖုိ႕ ေတာင္းခံခဲ့ပါတယ္။

ေၾကာ္ျငာထဲမွာ စက္တင္ဘာ ၂၄ ရက္ မနက္ ၄း၃၀ မွာ သူရဲ႕ခ်စ္သူကုိ လက္ထပ္ခြင့္ေတာင္းခဲ့ၿပီး အရက္မူးေနတာေၾကာင့္ ခ်စ္သူက ဘယ္လို အေျဖျပန္ေပးခဲ့တယ္ဆုိတာ မမွတ္မိေၾကာင္းနဲ႕ သူ႕ခ်စ္သူကုိ လက္ထပ္ခြင့္ေတာင္းစဥ္က အနီးအနားမွာ ႐ွိေနခဲ့သူေတြ အေနနဲ႕ ခ်စ္သူရဲ႕အေျဖကုိ သိ႐ွိႏုိင္ေရး ကူညီေပးၾကရန္ ေတာင္းဆုိထားပါတယ္။

အဆုိပါ ဂ်ာမန္အမ်ဳိးသားရဲ႕ သတင္းစာေၾကာ္ျငာကုိ ဓာတ္ပုံ႐ုိက္ၿပီး ဆုိ႐ွယ္မီဒီယာမွာ လႊင့္တင္ခဲ့ၾကကာ  ထင္ေၾကးေပးေျပာဆုိမႈေတြ ပ်ံ႕ႏွံ႕ခဲ့ပါတယ္။ အခုအခ်ိန္ထိေတာ့ အရက္မူးေနစဥ္ ခ်စ္သူကုိ လက္ထပ္ခြင့္ေတာင္းခဲ့တဲ့ ဂ်ာမန္အမ်ဳိးသားဟာ ခ်စ္သူရဲ႕အေျဖကို မသိႏုိင္႐ွာေသးဘူးလုိ႕ ဆုိပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun

#Unicode Version

ဂျာမန်အမျိုးသားတစ်ဦးရဲ့ အဖြစ်က ငိုအားထက်ရယ်အားသန် ဖြစ်ခဲ့ပါတယ်။ ဂျာမန်အမျိုးသားက အရက်မူးနေစဉ်မှာ ချစ်သူမိန်းကလေးကို လက်ထပ်ခွင့် တောင်းခံခဲ့ပါတယ်။ ဒါပေမဲ့ အမူးပြေသွားချိန်မှာတော့ သူ့ချစ်သူမိန်ကလေးက လက်ထပ်ခွင့်တောင်းခဲ့စဉ် ဘယ်လို အဖြေပေးခဲ့တယ်ဆိုတာ သူ မမှတ်မိတောပါဘူး။

ချစ်သူမိန်းကလေးကို မေးပေမဲ့လည်း လုံးဝ မပြောခဲ့တာကြောင့် ဂျာမန်အမျိုးသာခမျာ နေမထိထိုင်မသာ ဖြစ်ခဲ့ရပါတယ်။ ကြံရာမရဖြစ်ပြီး နောက်ဆုံးမှာတော့ ဂျာမန်အမျိုးသားက သတင်းစာတစ်စောင်မှာ သူ့ရဲ့အဖြစ်ကို ကြော်ငြာထည့်ပြီး ပြောပြကာ အကူအညီပေးကြဖို့ တောင်းခံခဲ့ပါတယ်။

ကြော်ငြာထဲမှာ စက်တင်ဘာ ၂၄ ရက် မနက် ၄း၃၀ မှာ သူရဲ့ချစ်သူကို လက်ထပ်ခွင့်တောင်းခဲ့ပြီး အရက်မူးနေတာကြောင့် ချစ်သူက ဘယ်လို အဖြေပြန်ပေးခဲ့တယ်ဆိုတာ မမှတ်မိကြောင်းနဲ့ သူ့ချစ်သူကို လက်ထပ်ခွင့်တောင်းစဉ်က အနီးအနားမှာ ရှိနေခဲ့သူတွေ အနေနဲ့ ချစ်သူရဲ့အဖြေကို သိရှိနိုင်ရေး ကူညီပေးကြရန် တောင်းဆိုထားပါတယ်။

အဆိုပါ ဂျာမန်အမျိုးသားရဲ့ သတင်းစာကြော်ငြာကို ဓာတ်ပုံရိုက်ပြီး ဆိုရှယ်မီဒီယာမှာ လွှင့်တင်ခဲ့ကြကာ  ထင်ကြေးပေးပြောဆိုမှုတွေ ပျံ့နှံ့ခဲ့ပါတယ်။ အခုအချိန်ထိတော့ အရက်မူးနေစဉ် ချစ်သူကို လက်ထပ်ခွင့်တောင်းခဲ့တဲ့ ဂျာမန်အမျိုးသားဟာ ချစ်သူရဲ့အဖြေကို မသိနိုင်ရှာသေးဘူးလို့ ဆိုပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top