Property Expo
×

ဒါေပမဲ့ ဖူးစာေရးနတ္က ကိုယ္လက္တြဲေနတဲ့သူနဲ႕ အတြဲညီရန္ ညွိယူဖို႕ကိုေတာ့ အဲ့ဒီလူနဲ႕အတူ ခ်ိန္ခြင္တစ္ခု အျမဲထည့္ေပးလုိက္တတ္ပါတယ္။

ဒါေပမဲ့ ဒီခ်ိန္ခြင္သံုးနည္းကေတာ့ အညႊန္းထည့္ေပးလုိက္မွာ မဟုတ္ပါဘူး။
ဒီခ်ိန္ခြင္ကို ႏွစ္ေယာက္စလံုးက ဟိုဘက္ဒီဘက္ ညီညီမွ်မွ်နဲ႕ အေလးတံုးေလးေတြနဲ႕ အတြဲညီညီကစားေပးမွ ခ်ိန္ခြင္လွ်ာက တည့္တည့္ကို ျပေနမွာပါ။

တစ္ဘက္ကခ်ည္း လိုအပ္တာမ်ားျပီး အေလးတံုးပိုသြားတဲ့အခါ အေလးခ်ိန္ပိုျပီး ေအာက္ကို အိက်သြားတတ္ပါတယ္။

ဒီလိုခ်ိန္မွာ တစ္ဘက္ကလည္း သူနဲ႕တူတူညီမွ်တဲ့ အေလးခ်ိန္ရွိမွ ခ်ိန္ခြင္ေပၚမွာ ႏွစ္ေယာက္စလံုးက ရွိေနမွာပါ။

သူရဲ႕အေလးခ်ိန္တိုင္း ကိုယ္မလိုက္ႏိုင္ဘူးဆိုရင္ေတာ့ အခန္႕မသင့္ရင္ တစ္ဘက္ဘက္က ေဘးတစ္ဖတ္ကို ေခ်ာ္ထြက္ျပဳတ္က်သြားႏုိင္ပါတယ္။

ဒီခ်ိန္ခြင္ဆိုတဲ့အရာက နားလည္မႈပါပဲ ။
ကိုယ္လုိခ်င္တဲ့ အေလးတံုးၾကီးပဲ ထည့္ေနလုိ႕ မျဖစ္ပါဘူး။
တစ္ဘက္ကလည္း ကိုယ္နဲ႕တူတူ အေလးခ်ိန္ညီေအာင္ လုိက္ႏုိင္ဦးမွေလ။
တစ္ခါတစ္ေလက်ရင္ ျဖည္းျဖည္းခ်င္း ညွိယူသြားမွ ျဖစ္ႏုိင္တာမ်ိဳးေလးေတြလည္း ရွိတတ္ပါတယ္။
ခ်စ္တတ္သူတုိင္း နားလည္မႈခ်ိန္ခြင္ေတြ ရွိႏုိင္ၾကပါေစ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ခ်စ္တဲ့… မႏုႆ

#Unicode Version
ဒါပေမဲ့ ဖူးစာရေးနတ်က ကိုယ်လက်တွဲနေတဲ့သူနဲ့ အတွဲညီရန် ညှိယူဖို့ကိုတော့ အဲ့ဒီလူနဲ့အတူ ချိန်ခွင်တစ်ခု အမြဲထည့်ပေးလိုက်တတ်ပါတယ်။

ဒါပေမဲ့ ဒီချိန်ခွင်သုံးနည်းကတော့ အညွှန်းထည့်ပေးလိုက်မှာ မဟုတ်ပါဘူး။
ဒီချိန်ခွင်ကို နှစ်ယောက်စလုံးက ဟိုဘက်ဒီဘက် ညီညီမျှမျှနဲ့ အလေးတုံးလေးတွေနဲ့ အတွဲညီညီကစားပေးမှ ချိန်ခွင်လျှာက တည့်တည့်ကို ပြနေမှာပါ။

တစ်ဘက်ကချည်း လိုအပ်တာများပြီး အလေးတုံးပိုသွားတဲ့အခါ အလေးချိန်ပိုပြီး အောက်ကို အိကျသွားတတ်ပါတယ်။

ဒီလိုချိန်မှာ တစ်ဘက်ကလည်း သူနဲ့တူတူညီမျှတဲ့ အလေးချိန်ရှိမှ ချိန်ခွင်ပေါ်မှာ နှစ်ယောက်စလုံးက ရှိနေမှာပါ။

သူရဲ့အလေးချိန်တိုင်း ကိုယ်မလိုက်နိုင်ဘူးဆိုရင်တော့ အခန့်မသင့်ရင် တစ်ဘက်ဘက်က ဘေးတစ်ဖတ်ကို ချော်ထွက်ပြုတ်ကျသွားနိုင်ပါတယ်။

ဒီချိန်ခွင်ဆိုတဲ့အရာက နားလည်မှုပါပဲ ။
ကိုယ်လိုချင်တဲ့ အလေးတုံးကြီးပဲ ထည့်နေလို့ မဖြစ်ပါဘူး။
တစ်ဘက်ကလည်း ကိုယ်နဲ့တူတူ အလေးချိန်ညီအောင် လိုက်နိုင်ဦးမှလေ။
တစ်ခါတစ်လေကျရင် ဖြည်းဖြည်းချင်း ညှိယူသွားမှ ဖြစ်နိုင်တာမျိုးလေးတွေလည်း ရှိတတ်ပါတယ်။
ချစ်တတ်သူတိုင်း နားလည်မှုချိန်ခွင်တွေ ရှိနိုင်ကြပါစေ။


ဖိုးသူတော် (www.phothutaw.com)
Credit: ချစ်တဲ့… မနုဿ
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top