Property Expo
×

မုဒိမ္းမွဳကာကြယ္ေရးအဖြဲ႔ဟာ ေထာင္ထဲမွာ ေရာက္ေနတဲ့ မုဒိမ္းသမားေတြကို အင္တာဗ်ဴးလုပ္ခဲ့ပါတယ္။ သူတို႔ဆီက အၾကမ္းဖက္မွဳၿဖစ္ေစႏိူင...္တဲ့ အခ်က္အလက္ ေတြကိုေလ့လာၿပီး ၿပန္လည္ေ၀မွ် လိုက္ရၿခင္း ၿဖစ္ပါတယ္…
(၁) မုဒိမ္းေကာင္ တစ္ေယာက္ဟာ မုဒိမ္းက်င့္ခါနီး အရင္ဦးဆံုး သတိထားၾကည့္တာ ဆံပင္ပံုစံပါ။ ေနာက္ဆံပင္ကို အရင္းပိုင္းစုစည္းၿပီး ဆံပင္အရွည္ခ်ထားတဲ့ပံုစံ၊ ဆံထံုးထံုးထားတဲ့စံပင္ပံုစံ၊ က်စ္ဆံၿမွီးပံုစံ နဲ႔ တၿခား သူတို႔ အလြယ္တကူ ဆံပင္ေဆာင့္ဆြဲလို႔ေကာင္းတဲ့ ့ပံုစံေတြကို ေရြးခ်ယ္တတ္ၾကပါတယ္။ ဆံပင္ အတိုနဲ႔ မိန္းကေလးထက္ ဆံပင္အရွည္နဲ႔ မိန္းကေလးကို သူတို႔ရဲ႔သားေကာင္အၿဖစ္ ပိုေရြးခ်ယ္ တတ္ၾကပါ တယ္။
(၂) ဒုတိယတစ္ခ်က္ကေတာ့ အ၀တ္အစားပါ။ မုဒိမ္းေကာင္ေတြဟာ အ၀တ္အစားအလြယ္တကူ ခြ်တ္ပစ္ လို႔ရမယ့္ မိန္းကေလးမ်ိဳးကို ေရြးခ်ယ္ၾကပါတယ္။ ရည္ရြယ္ခ်က္ရွိတဲ့ မုဒိမ္းေကာင္ အမ်ားစုဟာ အ၀တ္ အစား ေတြကို ၿဖတ္ပစ္ဖို႔ ကတ္ေၾကး ယူေဆာင္လာတတ္ၾကပါတယ္။
(၃) မုဒိမ္းေကာင္ေတြဟာ ဖုန္းအသံုးၿပဳေနတဲ့မိန္းကေလးမ်ိဳး၊ ပိုက္ဆံအိတ္ထဲက တစ္ခုခု ရွာေဖြေနတဲ့ မိန္းကေလးမ်ိဳး ဒါမွမဟုတ္ လမ္းေလွ်ာက္ရင္း တစ္ခုခု အာရံုစူးစိုက္မွုလုပ္ေနတဲ့ မိန္းကေလးမ်ိဳးကို ရွာေဖြ ၾကပါတယ္။
အဲ့လိုမ်ိဳး တစ္ခုခု အာရံုစူးစိုက္ေနတဲ့ မိန္းကေလးဟာ ရုတ္တရက္မို႔ သူကိုယ့္သူ ကာကြယ္ဖို႔မလြယ္ ပါဘူး၊ရုတ္တရက္မို႔လို႔ မႊန္ထူၿပီး တုန္႔ၿပန္မွဳနည္းတဲ့အတြက္ မုဒိမ္းေကာင္ေတြအတြက္ လြယ္ကူပါတယ္။
(၄) မုဒိမ္းေကာင္ေတြ အမ်ိဳးသမီးေတြကို မုဒိမ္းက်င့္ဖို႔ အမ်ားဆံုးေခၚသြားတဲ့နံပါတ္တစ္ေနရာကေတာ့ ကုန္ တိုက္ေတြ ရဲ႕ကားပါကင္ပါပဲ။ ( မွတ္ခ်က္ ။ ။ ဒါကေတာ့ သူတို႔ႏိူင္ငံေတြအတြက္ေၿပာတာပါ။ ကြ်န္ေတာ္တို႔နဲ႔ ေတာ့ သိပ္မကိုက္ေသးသလုိပါပဲ။ )
(၅) နံပါတ္ ၂ ေနရာကေတာ့ ရံုးခန္းေတြရဲ႕ကားပါကင္ေနရာ၊ ဓာတ္ဆီဆိုင္လိုေနရာမ်ိဳးေတြပါ။
(၆) နံပါတ္ ၃ ေနရာကေတာ့ အမ်ားၿပည္သူသံုး သန္႔စင္ခန္း(စည္ပင္အိမ္သာ)ေတြပါ။
(၇) ေနာက္တစ္ခုကေတာ့ မုဒိမ္းေကာင္ေတြဟာ ဒုတိယေနရာ (သူတို႔အတြက္ မဖမ္းမိေစရန္ လံုၿခဳံစိတ္ခ် ရတဲ့ေနရာ) ကို မိန္းကေလးေတြကို အလ်င္အၿမန္ ဆြဲေခၚသြားၾကပါတယ္။
(၈) တကယ္လို႔သာ သင္ဟာ နည္းလမ္းေပါင္းစံု။ ရုန္းကန္မွဳမ်ိဳးစံုနဲ႔ မုဒိမ္းေကာင္ကို တက္ႏိူင္သမွ် တိုက္ခိုက္ ေနခဲ့မယ္ဆိုရင္ သူတို႔အတြက္ စိတ္ဓာတ္က်။စိတ္ကုန္အားေလ်ာ့မွဳကို ၿဖစ္ေစႏိူင္ပါတယ္။
သင္ရုန္းကန္တိုက္ခိုက္ေနတဲ့ အခ်ိန္က တစ္မိနစ္ ဒါမွမဟုတ္ ၂ မိနစ္ေလာက္ပဲ ၾကာေနပါေစ သင္ဟာ သူတို႔ထင္သေလာက္ လြယ္ကူမွုမရွိဘူး ဆိုတာကို သူတို႔ သေဘာေပါက္လာႏိူင္ပါတယ္။ဒါကေတာ့ မုဒိမ္း ေကာင္ကို စိတ္ဓာတ္က်သြားေစဖို႔ အခ်ိန္ကို တတ္ႏိူင္သမွ် ဆြဲဆန္႔ၿခင္းနဲ႔ ကာကြယ္နည္းတစ္မ်ိဳးပါပဲ။
(၉) မုဒိမ္းေကာင္ေတြဟာ ထီး(သို႔) အလားတူပစၥည္းတစ္ခုခုလက္မွာ ကိုင္ထားတဲ့ မိန္းကေလးေတြကို မေရြးခ်ယ္တတ္ၾကပါဘူး။ အဲ့ဒီလိုပစၥည္းေတြဟာ သူတို႔ကို အေ၀းကေနေတာင္မွ တိုက္ခိုက္ႏိူင္လို႔ပါပဲ။
(၁၀) ေသာ့ေခ်ာင္းေတြဟာ လက္နက္တစ္ခုအေနနဲ႔ သူတို႔ကို ဟန္႔တားေအာင္လုပ္ဖို႔ ဆိုရင္ အလြန္နီး ကပ္မွ ၿဖစ္ႏိူင္တယ္ဆိုတဲ့အတြက္ လြယ္ကူမွာမဟုတ္ပါဘူး။ ဒါေပမယ့္  Something is better than nothing ဆိုသလိုေပါ့။ ဘာမွမလုပ္တာထက္စာရင္ တစ္ခုခုလုပ္လိုက္တာက ပိုေကာင္းတဲ့ သေဘာ ပါပဲ။
အဲ့လုိၿပန္လည္တိုက္ခိုက္ၿခင္းဟာ အေပၚမွာေၿပာခဲ့သလိုပဲ သူတို႔ထင္သေလာက္ လြယ္ကူမွဳမရွိတဲ့ အတြက္ စိတ္ဓာတ္က်မွဳကို အနည္းနဲ႔အမ်ားၿဖစ္ေစႏိူင္ပါတယ္။
မွတ္ထားသင့္ေသာ အခ်က္အလက္မ်ား..
(၁) လမ္း၊ဓာတ္ဆီဆိုင္၊ဓာတ္ေလွခါးနဲ႔ အေဆာက္အအံုေတြရဲ႕ေလွခါးအေကြ႔ေနရာမ်ိဳးေတြမွာ တစ္စံုတစ္ေယာက္က သင့္အေနာက္ကေန လိုက္လာေနတယ္ဆိုပါဆို႔ အဲ့ဒီလူရဲ႕မ်က္ႏွာကို ေသခ်ာၾကည့္ပါ
ထို႔ေနာက္ သူ႔ကို ေမးခြန္းတစ္ခုတစ္ေလေလာက္ေမးပါ(စကားစၿမည္သေဘာမ်ိဳးေပါ့)၊ ဥပမာ - ဘယ္အခ်ိန္ ရွိၿပီလဲ၊ ၊ အၿပင္မွာ အရမ္းေအးတယ္ေနာ္၊ ဒီႏွစ္ေဆာင္းရာသီက ေတာ္ေတာ္ဆိုးတာပဲ စသၿဖင့္ေပါ့ဗ်ာ။
အဲ့လိုေၿပာၿခင္းအားၿဖင့္ ပထမအခ်က္က သင္အဲ့ဒီလူရဲ႕မ်က္ႏွာကို ေသခ်ာၿမင္ဖူးသြားၿပီ၊ ဒုတိယအခ်က္ အေန နဲ႔ အဲ့ဒီလူကို အကဲခတ္ႏိူင္မယ္။ ဒါေၾကာင့္ မုဒိမ္းေကာင္ဟာ ပစ္မွတ္ေၿပာင္းသြားႏိူင္ပါတယ္။
(၂) တကယ္လို႔ တစ္စံုတစ္ေယာက္က သင့္ဆီကို ဦးတည္ေလွ်ာက္လာၿပီး သင့္လက္ေတြကို ခ်ဴပ္ကိုင္ ထားလိုက္မယ္ဆိုရင္ေတာ့ အက်ယ္ၾကီးေအာ္ပစ္ပါ၊ “ရပ္စမ္း.. ေ၀းေ၀းသြားစမ္း” စသၿဖင့္ အမိန္႔ဆန္ဆန္ ေၿပာဆိုပါ။
မုဒိမ္းေကာင္ အမ်ားစုေၿပာၾကတာကေတာ့ အရမ္းေအာ္ဟစ္တဲ့ မိန္းကေလးေတြ၊ ၿပန္လည္တိုက္ခိုက္ဖို႔ ေၾကာက္ရြံမေနတဲ့ မိန္းကေလးေတြဆိုရင္ ဆက္မၾကိဳးစားခ်င္ေတာ့ပါဘူး။ ထားခဲ့လိုက္ပါတယ္။ သူတို႔ထက္ပိုလြယ္တဲ့ တစ္ၿခားမိန္းကေလးတစ္ေယာက္ကိုပဲ ထပ္ရွာပါတယ္။
(၃) တကယ္လို႔ သင့္မွာ ငရုတ္ေကာင္းရည္ဖ်န္းဘူး ( Spray တစ္ခုခုေပါ့ ) ပါခဲ့မယ္ဆိုရင္ အဲ့ဒါကိုလက္မွာ ကိုင္ထားၿပီး “ငါ့မွာ ဒီ Spray ဘူးရွိတယ္..” လိုေအာ္ၿပီး မုဒိမ္းေကာင္ကို သတိေပးပါ။ မဆိုင္းမတြ ဖ်န္းပက္ ပစ္ပါ။ (မူရင္းစာေရးသူကေတာ့ ဒီ Pepper Spray လို႔ေခၚတဲ့ Spray ဘူး ကိုၿပည့္အ၀ အားေပး ေထာက္ခံ ထားပါတယ္။ )
(၄) တကယ္လို႔ တစ္စံုတစ္ေယာက္က သင့္ကိုဆြဲေခၚသြားေနၿပီ၊ ခြန္အားခ်င္းမမွ်လို႔ သင္သူ႔ကို ၿပန္လည္ ရိုက္ႏွက္ တိုက္ခိုက္လို႔မရႏိူင္ေပမယ့္ ကိုယ္တက္ႏိူင္တာနဲ႔ ထိေရာက္ေအာင္လုပ္ႏိူင္ပါေသးတယ္။
အဲ့ဒါကေတာ့ ဆြဲဆိတ္ၿခင္းပါပဲ။ ဆြဲဆိတ္တယ္ဆိုတာက အင္အားလည္း အမ်ားၾကီးမလိုပါဘူး။ ခံရသူအဖို႔ လည္း ေတာ္ေတာ္ဆိုးပါတယ္။ ခါးပိုင္းေနရာ ၊ လက္ေမာင္းကေန တစ္ေတာင္ဆစ္ခ်ိဳးမေရာက္ခင္ေနရာ ၊ ေပါင္အတြင္းပိုင္း ေနရာတို႔ကို ၿပင္းၿပန္ထန္ထန္ကို ဆြဲဆိတ္ပစ္ပါ။
ေသြးထြက္ေအာင္အထိအားကုန္သံုးၿပီး ဆြဲဆိတ္ပစ္ပါ။ ဘယ္ေလာက္ပဲ သန္မာတယ္ေၿပာေၿပာ၊ ခြန္အားၾကီး တယ္ေၿပာေၿပာ၊ အဲ့လိုေနရာမ်ိဳးေတြကို ဆြဲဆိတ္တဲ့ဒဏ္ကိုေတာ့ မခံႏိူင္ၾကပါဘူး။ သင္မယံုရင္ သင့္ကိုယ္ သင္သာ အရင္ဆံုး ဆြဲဆိတ္ၾကည့္လိုက္ပါ။
(၅) ဆြဲဆိတ္ၿခင္း၊ ေပါင္ၿခံလိုေနရာမ်ိဳးကို ရိုက္ႏွက္ၿခင္းေတြဟာ ဒီလိုအၿဖစ္အပ်က္မ်ိဳးကို မေမွ်ာ္လင့္ထားတဲ့ လူတစ္ေယာက္အတြက္ မလြယ္ကူလွေပမယ့္ အဲ့ဒါေတြဟာ တကယ္ပဲ သူ႔ကို နာက်င္ေစမွာပါ။ သင္ ကေတာ့ သူ႔ကို နာက်င္ေစတာဟာ သူ႔ကိုေဒါသပိုထြက္ေစတယ္လို႔ ထင္ေနမွာပါ။ ဒါေပမယ့္ ေလ့လာစမ္း စစ္မွဳအရေတာ့ မုဒိမ္းေကာင္ေတြဟာ သူတို႔ကို ဒုကၡေရာက္ေအာင္၊
အခ်ိန္ၾကန္႔ၾကာေအာင္ မလုပ္တဲ့မိန္းကေလးမ်ိဳးကိုပဲ အလြယ္တကူ အလိုရွိတာပါ။ သူတို႔ကို ဒုကၡေတြ အမ်ားၾကီးေရာက္ေအာင္ ရိုက္ႏွက္ၿပီး ေနာက္ဆံုးအခ်ိန္ထိ ရုန္းကန္ေနတဲ့ မိန္းကေလးမ်ိဳးဆိုရင္ေတာ့ စြန္႔ခြာ သြားတတ္ၾကပါတယ္။
(၆) မုဒိမ္းေကာင္ရဲ႕လက္ဟာ သင့္အေပၚသို႔က်ေရာက္လာၿပီဆိုရင္ေတာ့ သူ႔လက္ေခ်ာင္း ၂ ေခ်ာင္းကို ေဆာင့္ဆြဲပါ၊ လိမ္ခ်ိဳးပစ္ပါ၊ ဟိုဘက္ဒီဘက္ ဆြဲၿဖဲပစ္ပါ၊ တက္ႏိူင္သမွ် အားအကုန္သံုးၿပီးေတာ့ ခ်ိဳးပါ။ အဲ့ဒီ နည္းကလည္း အားသိပ္မပါဘဲနဲ႔ စမ္းၾကည့္တာေတာင္ နာလြန္းလို႔ ဒူးေထာက္ပီး ေအာ္လိုက္ရပါ ေသးတယ္။
(၇) ပတ္၀န္းက်င္ကို အၿမဲတမ္း သတိမူၿပီးေနပါ။ တစ္ခုခု ပံုမွန္မဟုတ္တဲ့။အမူအယာထူးၿခားတဲ့ လူေတြ႔မိရင္ ေပါ့ေပါ့ေလး မေနပါနဲ႔၊ သတိၾကီးၾကီး ထားေနပါ။ အဲ့ဒီအေၿခအေနမွာ သင့္ကိုယ္သင္ ကေလးကလား အေၾကာက္ လြန္ေနတယ္လို႔မထင္ပါနဲ႔၊ ဒုကၡအၾကီးအက်ယ္ေရာက္သြားႏိူင္ပါတယ္။ ၿဖစ္ႏိူင္ရင္ေတာ့ တစ္စံု တစ္ေယာက္ကို သင္နဲ႔အတူအေဖာ္ေခၚသြားပါ။
ေနာက္ဆံုးအေနနဲ႔ ဒါေလးေတြကိုလည္း မွတ္သားထားေစခ်င္ပါတယ္…
သင္သိထားသင့္တဲ့ အခ်က္အလက္ေတြပါ။ သင္ဖတ္ၿပီးသြားရင္လည္း သင္ဂရုစိုက္ရတဲ့လူေတြဆီကို ဆက္လက္ မွ်ေ၀ေပးလိုက္ပါ။ ကြ်န္ေတာ္တို႔ေနထိုင္တဲ့ ဒီကမာၻၾကီးမွာ သတိဆိုတာ ပိုတယ္လို႔မရွိပါဘူး -
(၁) တိုက္ကြန္ဒို သိုင္းပညာမွာေတာ့ တံေတာင္ဆစ္ဟာ လူ႔ခႏၵာကိုယ္ရဲ႕ အသန္မာဆံုး အပိုင္းလို႔ ဆိုပါ တယ္။ ဒါေၾကာင့္ တံေတာင္ဆစ္နဲ႔ တြတ္လို႔ရမယ့္အေၿခအေနမ်ိဳးဆိုရင္ လက္လြတ္မခံပါနဲ႔။
(၂) နယူးေအာ္လန္ၿမိဳ႕ရဲ႕ ခရီးသြား လမ္းညႊန္ထဲမွာဖတ္ရတာေတာ့ - တကယ္လို႔သာ ခါးပိုက္ႏွိုက္ေတြ လုယက္တဲ့လူေတြ၊ ဓားၿပ ေတြက သင့္ပိုက္ဆံအိတ္ကိုေတာင္းမယ္ဆိုရင္ သင့္လက္နဲ႔ ပိုက္ဆံအိတ္ကို ကမ္း မေပးပါနဲ႔။ သင္နဲ႔ေ၀းတဲ့ေနရာကို လႊင့္ပစ္ၿပီးေပးပါ။ ဒီဒုစရိုက္သမားဟာ လူထက္ ပိုက္ဆံကို ပိုလိုခ်င္တယ္ ဆိုရင္ေတာ့ သူပိုက္ဆံအိတ္ကို သြားေကာက္မွာပါ။အဲ့ဒီအခ်ိန္မွာ ေတြေ၀မေနဘဲ သူနဲ႔ဆန္႔က်င္ဘက္ ကိုသာ ေၿပးပါ။
(၃) သင္ဟာ ကာေနာက္ဖံုးထဲကို ထည့္ခံထားရတယ္ဆိုရင္ေတာ့ ကားေနာက္မီး ရွိတဲ့ေနရာကို ကန္ ေၾကာက္ပစ္ပါ၊ အဲ့ဒီအေပါက္ကေန လက္ကိုထုတ္ၿပီးေတာ့ တတ္ႏိူင္သမွ် ေ၀့ရမ္းပါ။ ကားေမာင္းတဲ့ လူကေတာ့ မၿမင္ႏိူင္ေပမယ့္ တစ္ၿခားလူေတြက ၿမင္ႏိူင္ပါတယ္။ ဒါကလည္း သင့္ဘ၀ကို တစ္ဖက္တစ္ လမ္းက ကယ္တင္ႏိူင္မွာပါ။
(၄) အမ်ိဳးသမီး အမ်ားစုဟာ အလုပ္မွအၿပန္၊ စားေသာက္ဆိုင္မွ အၿပန္ ႏွင့္ ေစ်း၀ယ္ၿခင္းတို႕မွအၿပန္တြင္ ကားေပၚတက္ကာ ခ်က္ခ်င္း ေမာင္းမထြက္ပဲ ထိုင္ေနတတ္ၾကပါတယ္။ မွတ္စုေတြ မွတ္ေနတာမ်ိဳး၊ စာတစ္ ခုခု ကိုခဏဖတ္ေနတာမ်ိဳး စသၿဖင့္ လုပ္တတ္ၾကပါတယ္။ အဲ့ဒီလိုမ်ိဳးေတြ မလုပ္ပါနဲ႔ ၊ တဏွာရူးေကာင္ေတြ လူယုတ္မာေတြက သင့္ကို ေစာင့္ၾကည့္ေနပါတယ္။
အဲ့ဒီလို အေၿခအေနဟာ သူတို႔အတြက္ အေကာင္းဆံုး အခြင့္အလမ္းၿဖစ္ေနလို႔ပါ။ သင့္ေနာက္ကခံုမွာ ၀င္ထိုင္ၿပီး သင့္ေခါင္းကိုေသနတ္နဲ႔ေထာက္ကာ “ဘယ္ေနရာကို ေမာင္းပါ” လို႔ ေၿပာခံရႏိူင္ပါတယ္။ ဒါ ေၾကာင့္ ကားေပၚမွာ တက္ထိုင္ၿပီးၿပီးခ်င္း ခ်က္ခ်င္းဆိုသလို ေမာင္းထြက္သြားပါ။ ဆိုင္းငံ့မေနပါနဲ႔။
(၅) ဒါကေတာ့ ကားပါကင္ ေတြ ဓာတ္ဆီဆိုင္ေတြမွာ သင့္ကားထဲကို ၿပန္၀င္ေတာ့မယ္ဆိုရင္ သတိထား ရမယ့္ အခ်က္ေတြၿဖစ္ပါတယ္ ..
(က) ကားထဲမ၀င္ခင္ ကားထဲမွာ တစ္ေယာက္ေယာက္ပုန္းေနႏိူင္တယ္ဆိုတဲ့စိတ္ၿဖင့္ ကားေဘး ပတ္ပတ္ လည္နဲ႔ ခရီးသည္ထိုင္ေနရာေတြ ၊ ၾကမ္းၿပင္ေတြကို သတိႏွင့္ ေခ်ာင္းၾကည့္ပါ။ ( တကၠဆီ ငွားစီးမယ္ဆို လည္း ထိုနည္း၄င္း သတိထားၾကည့္ပါ။ )
(ခ) တကယ္လို႔ သင့္ရဲ့ ကားေဘးနားမွာ van / town ace စတဲ့ကားမ်ိဳးေတြ ရွိေနမယ္.. သကၤာ မကင္းၿဖစ္ ရတယ္ ဆိုရင္ေတာ့ အဲ့ဒီကားရဲ႕ တစ္ၿခားဖက္ အေပါက္မွတဆင့္သာ သင့္ကားထဲသို႔၀င္ပါ။
( သင့္ကားရဲ႕ ယာဥ္ေမာင္းဘက္ၿခမ္းမွာ ရပ္ထားမယ္ဆိုရင္ ခရီးသည္ထိုင္တဲ့ ဘက္မွ၀င္ပါ။) ဒုစရိုက္ ေကာင္ေတြဟာ အမ်ိဳးသမီးေတြ ကားထဲ၀င္ခါနီးအခ်ိန္ေတြမွာ သူတို႔ကားထဲကို ဆြဲေခၚၿပီး တံခါးပိတ္ တတ္ၾကပါတယ္။ သတိထားႏိူင္ဖို႔ပါ။
(ဂ) သင့္ရဲ႕ကား အနီးတစ္၀ိုက္ကို ရွာၾကည့္ပါ။
အနီးဆံုးေနရာမွာ သူစိမ္းတစ္ေယာက္က အေၾကာင္းမဲ့ထိုင္ေနတယ္ဆိုရင္ေတာ့ ကားထဲမ၀င္ပါနဲ႔ဦး။ သင္ လာခဲ့တဲ့ အလုပ္ၿဖစ္ေစ၊ ေစ်း၀ယ္စင္တာ တစ္ခုခုၿဖစ္ေစ ၿပန္၀င္သြားပါ။ ရဲတစ္ေယာက္ေယာက္၊ ဒါမွ မဟုတ္ အေစာင့္တစ္ေယာက္ေယာက္ကို ေခၚၿပီးမွၿပန္လာပါ။
ဒါေတြဟာ အပိုအလုပ္ေတြမဟုတ္ပါဘူး။ စိတ္မေကာင္းစရာ အၿဖစ္အပ်က္ၿဖစ္ သြားတာထက္စာ ရင္ အမ်ားၾကီး ပိုေကာင္းပါတယ္။ သူမ်ားအေပၚ သံသယလြန္ကဲမွဳ ။ အယံုအၾကည္နည္းမွဳဟာ မိမိကိုယ္တိုင္ ဒုကၡေရာက္ရတာထက္စာရင္ အမ်ားၾကီး အက်ိဳးရွိပါတယ္။
(၆) ရိုးရိုးေလွခါးေတြအစား ဓာတ္ေလွခါးကိုအၿမဲ အသံုးၿပဳပါ။ ေလွခါးအေကြ႔ေတြဟာ တစ္ေယာက္ထဲ သြားဖို႔အတြက္ မသင့္ေတာ္ပါဘူး။ ဒုစရိုက္မွဳေတြအတြက္ အေကာင္းဆံုးေနရာတစ္ခုပါပဲ။
(၇) တကယ္လို႔ အဲ့ဒီလူယုတ္မာဆီမွာ ေသနတ္ပါလာတယ္ဆိုရင္လည္း သင္ဟာ သူ႔ထိန္းခ်ဴပ္မွဳေအာက္မွာ ရွိမေနပါဘူး။ ေၿပးသာေၿပးပါ။ လွုပ္ရွားေနတဲ့ပစ္မွတ္ကို ထိေအာင္ပစ္ဖို႔လည္းမလြယ္ပါဘူး။ အၾကိမ္ ၁၀၀ မွာ ၄ ၾကိမ္သာ ထိႏိူင္ပါတယ္။ ထိတယ္ဆိုရင္ေတာင္မွာ အေရးၾကီး အစိတ္အပိုင္းေတြမၿဖစ္ေနပါဘူး။
ဒါေၾကာင့္ ေၿပးဖို႔တိုက္တြန္းခ်င္ပါတယ္။
( မွတ္ခ်က္။ ။ မူရင္းစာေရးသူကေတာ့ အေလ်ာ့မေပးဖို႔ကို ဆိုလိုခ်င္တာၿဖစ္ႏိူင္ပါတယ္။ ဒါေပမယ့္ ကြ်န္ေတာ့္ အေနနဲ႔ေတာ့ တစ္ခ်ိဳ႕အရာေတြမွာ အေၿခအေနနဲ႔ အခ်ိန္အခါကို သံုးသပ္ၿပီးမွ ကိုယ့္ ဆံုးၿဖတ္ ခ်က္ကို ကိုယ္မွန္ေအာင္ခ်ႏိူင္ဖို႔ အၾကံေပးခ်င္ပါတယ္။ )
(၈) အမ်ိဳးသမီးေတြဟာ စာနာစိတ္၊ ကိုယ္ၿခင္းစာ ကရုဏာစိတ္ ၊ လိုက္ေလ်ာတဲ့စိတ္ေတြရွိပါတယ္။ ဒါေပ မယ့္ ဒါဟာ သင့္အတြက္မေကာင္းပါဘူး။ Ted Bundy ဆိုတဲ့ လူသတ္သမား တစ္ေယာက္ဟာ မိန္းကေလး ေတြရဲ႕ အဲ့ဒီစိတ္ေတြကို အၿမဲအသံုးခ်ခဲ့ပါတယ္။
သူက ဒုတ္ေကာက္တစ္ေခ်ာင္း ဒါမွမဟုတ္ ေၿခေထာက္ တစ္ဖက္ဆာၿပီးေတာ့ လမ္းေလွ်ာက္ပါတယ္။ ၿပီးတဲ့ ေနာက္ သူဟာ သူ႔ရဲ႕ ပစ္မွတ္သားေကာင္ ၿဖစ္တဲ့ မိန္းကေလးကို သူ႔ကားထဲကို ပို႔ေပးဖို႔ အကူအညီ ေတာင္း ပါတယ္။ ကားထဲေရာက္သြားရင္ေတာ့ သင့္ကို သူအတင္းေခၚေဆာင္သြားမွာၿဖစ္ပါတယ္။
ဒါေၾကာင့္ ေၿခႏွစ္ေခ်ာင္းမကယ္ေကာင္းဆိုတဲ့ စကားပံုအတိုင္း မလိုအပ္ရင္ မသနားပါနဲ႔လို႔ အၾကံေပးပါ ရေစ။
ဒီစာကို ၿဖစ္ႏိူင္ရင္ ခင္ဗ်ားတို႔ပတ္၀န္းက်င္က အမ်ိဳးသမီးေတြ အကုန္လံုးဆီကို Share ေပးေစခ်င္ပါတယ္။ ဒီစာက ဘ၀ တစ္ခုကို ကယ္တင္ေစာင့္ေရွာက္ႏိူင္မယ္ဆိုခဲ့ရင္ အလြန္ပီတိၿဖစ္စရာပါ။ ဖေရာင္းတိုင္ တစ္ခု က တစ္ၿခားဖေရာင္းတိုင္တစ္ခုကို မီးကူးေပးလိုက္လို႔ ပထမ ဖေရာင္းတိုင္ရဲ႕မီးေရာင္ဟာ ေမွးမွိန္မသြား ႏိူင္ပါဘူး။
ဒီစာကို ကြ်န္ေတာ္က အမ်ိဳးသမီးေတြ ဖတ္ဖို႔အတြက္ပဲ ေရးထားတယ္ ဆိုေပမယ့္ ဖတ္မိတဲ့ညီ၊အကိုေတြ မွာလည္း အေမ၊အမ၊ႏွမ၊သမီး နဲ႔ ခ်စ္သူ၊သူငယ္ခ်င္းေတြ ရွိမွာပါ၊ သူတို႔ေတြအတြက္လည္း ေစတနာေရွ႕ ထားၿပီး ၿဖန္႔ေ၀ေပးေစခ်င္ပါတယ္။
ကြ်န္ေတာ္တို႔ ေလာကၾကီးမွာ ဒီလိုဒုစရိုက္ တဏွာရူးေကာင္ေတြ အမ်ားၾကီးပါပဲ။ တစ္ဖက္တစ္လမ္းက အခုလို ကူညီ အသိေပးၿခင္းဟာ တစ္စံုတစ္ခုၿဖစ္ၿပီးသြားေတာ့မွ စိတ္မေကာင္းဘူး ေၿပာတာထက္စာရင္ ပိုေကာင္း ပါတယ္။
တစ္စံုတစ္ခု ရင္ထဲေရာက္သြားတယ္ဆိုရင္ပဲ ေက်နပ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Todaymyanmar

#Unicode Version
မုဒိမ်းမှုကာကွယ်ရေးအဖွဲ့ဟာ ထောင်ထဲမှာ ရောက်နေတဲ့ မုဒိမ်းသမားတွေကို အင်တာဗျူးလုပ်ခဲ့ပါတယ်။ သူတို့ဆီက အကြမ်းဖက်မှုဖြစ်စေနိူင...်တဲ့ အချက်အလက် တွေကိုလေ့လာပြီး ပြန်လည်ဝေမျှ လိုက်ရခြင်း ဖြစ်ပါတယ်…
(၁) မုဒိမ်းကောင် တစ်ယောက်ဟာ မုဒိမ်းကျင့်ခါနီး အရင်ဦးဆုံး သတိထားကြည့်တာ ဆံပင်ပုံစံပါ။ နောက်ဆံပင်ကို အရင်းပိုင်းစုစည်းပြီး ဆံပင်အရှည်ချထားတဲ့ပုံစံ၊ ဆံထုံးထုံးထားတဲ့စံပင်ပုံစံ၊ ကျစ်ဆံမြှီးပုံစံ နဲ့ တခြား သူတို့ အလွယ်တကူ ဆံပင်ဆောင့်ဆွဲလို့ကောင်းတဲ့ပုံစံတွေကို ရွေးချယ်တတ်ကြပါတယ်။ ဆံပင် အတိုနဲ့ မိန်းကလေးထက် ဆံပင်အရှည်နဲ့ မိန်းကလေးကို သူတို့ရဲ့သားကောင်အဖြစ် ပိုရွေးချယ် တတ်ကြပါ တယ်။
(၂) ဒုတိယတစ်ချက်ကတော့ အဝတ်အစားပါ။ မုဒိမ်းကောင်တွေဟာ အဝတ်အစားအလွယ်တကူ ချွတ်ပစ် လို့ရမယ့် မိန်းကလေးမျိုးကို ရွေးချယ်ကြပါတယ်။ ရည်ရွယ်ချက်ရှိတဲ့ မုဒိမ်းကောင် အများစုဟာ အဝတ် အစား တွေကို ဖြတ်ပစ်ဖို့ ကတ်ကြေး ယူဆောင်လာတတ်ကြပါတယ်။
(၃) မုဒိမ်းကောင်တွေဟာ ဖုန်းအသုံးပြုနေတဲ့မိန်းကလေးမျိုး၊ ပိုက်ဆံအိတ်ထဲက တစ်ခုခု ရှာဖွေနေတဲ့ မိန်းကလေးမျိုး ဒါမှမဟုတ် လမ်းလျှောက်ရင်း တစ်ခုခု အာရုံစူးစိုက်မှုလုပ်နေတဲ့ မိန်းကလေးမျိုးကို ရှာဖွေ ကြပါတယ်။
အဲ့လိုမျိုး တစ်ခုခု အာရုံစူးစိုက်နေတဲ့ မိန်းကလေးဟာ ရုတ်တရက်မို့ သူကိုယ့်သူ ကာကွယ်ဖို့မလွယ် ပါဘူး၊ရုတ်တရက်မို့လို့ မွှန်ထူပြီး တုန့်ပြန်မှုနည်းတဲ့အတွက် မုဒိမ်းကောင်တွေအတွက် လွယ်ကူပါတယ်။
(၄) မုဒိမ်းကောင်တွေ အမျိုးသမီးတွေကို မုဒိမ်းကျင့်ဖို့ အများဆုံးခေါ်သွားတဲ့နံပါတ်တစ်နေရာကတော့ ကုန် တိုက်တွေ ရဲ့ကားပါကင်ပါပဲ။ ( မှတ်ချက် ။ ။ ဒါကတော့ သူတို့နိူင်ငံတွေအတွက်ပြောတာပါ။ ကျွန်တော်တို့နဲ့ တော့ သိပ်မကိုက်သေးသလိုပါပဲ။ )
(၅) နံပါတ် ၂ နေရာကတော့ ရုံးခန်းတွေရဲ့ကားပါကင်နေရာ၊ ဓာတ်ဆီဆိုင်လိုနေရာမျိုးတွေပါ။
(၆) နံပါတ် ၃ နေရာကတော့ အများပြည်သူသုံး သန့်စင်ခန်း(စည်ပင်အိမ်သာ)တွေပါ။
(၇) နောက်တစ်ခုကတော့ မုဒိမ်းကောင်တွေဟာ ဒုတိယနေရာ (သူတို့အတွက် မဖမ်းမိစေရန် လုံခြုံစိတ်ချ ရတဲ့နေရာ) ကို မိန်းကလေးတွေကို အလျင်အမြန် ဆွဲခေါ်သွားကြပါတယ်။
(၈) တကယ်လို့သာ သင်ဟာ နည်းလမ်းပေါင်းစုံ။ ရုန်းကန်မှုမျိုးစုံနဲ့ မုဒိမ်းကောင်ကို တက်နိူင်သမျှ တိုက်ခိုက် နေခဲ့မယ်ဆိုရင် သူတို့အတွက် စိတ်ဓာတ်ကျ။စိတ်ကုန်အားလျော့မှုကို ဖြစ်စေနိူင်ပါတယ်။
သင်ရုန်းကန်တိုက်ခိုက်နေတဲ့ အချိန်က တစ်မိနစ် ဒါမှမဟုတ် ၂ မိနစ်လောက်ပဲ ကြာနေပါစေ သင်ဟာ သူတို့ထင်သလောက် လွယ်ကူမှုမရှိဘူး ဆိုတာကို သူတို့ သဘောပေါက်လာနိူင်ပါတယ်။ဒါကတော့ မုဒိမ်း ကောင်ကို စိတ်ဓာတ်ကျသွားစေဖို့ အချိန်ကို တတ်နိူင်သမျှ ဆွဲဆန့်ခြင်းနဲ့ ကာကွယ်နည်းတစ်မျိုးပါပဲ။
(၉) မုဒိမ်းကောင်တွေဟာ ထီး(သို့) အလားတူပစ္စည်းတစ်ခုခုလက်မှာ ကိုင်ထားတဲ့ မိန်းကလေးတွေကို မရွေးချယ်တတ်ကြပါဘူး။ အဲ့ဒီလိုပစ္စည်းတွေဟာ သူတို့ကို အဝေးကနေတောင်မှ တိုက်ခိုက်နိူင်လို့ပါပဲ။
(၁၀) သော့ချောင်းတွေဟာ လက်နက်တစ်ခုအနေနဲ့ သူတို့ကို ဟန့်တားအောင်လုပ်ဖို့ ဆိုရင် အလွန်နီး ကပ်မှ ဖြစ်နိူင်တယ်ဆိုတဲ့အတွက် လွယ်ကူမှာမဟုတ်ပါဘူး။ ဒါပေမယ့်  Something is better than nothing ဆိုသလိုပေါ့။ ဘာမှမလုပ်တာထက်စာရင် တစ်ခုခုလုပ်လိုက်တာက ပိုကောင်းတဲ့ သဘော ပါပဲ။
အဲ့လိုပြန်လည်တိုက်ခိုက်ခြင်းဟာ အပေါ်မှာပြောခဲ့သလိုပဲ သူတို့ထင်သလောက် လွယ်ကူမှုမရှိတဲ့ အတွက် စိတ်ဓာတ်ကျမှုကို အနည်းနဲ့အများဖြစ်စေနိူင်ပါတယ်။
မှတ်ထားသင့်သော အချက်အလက်များ..
(၁) လမ်း၊ဓာတ်ဆီဆိုင်၊ဓာတ်လှေခါးနဲ့ အဆောက်အအုံတွေရဲ့လှေခါးအကွေ့နေရာမျိုးတွေမှာ တစ်စုံတစ်ယောက်က သင့်အနောက်ကနေ လိုက်လာနေတယ်ဆိုပါဆို့ အဲ့ဒီလူရဲ့မျက်နှာကို သေချာကြည့်ပါ
ထို့နောက် သူ့ကို မေးခွန်းတစ်ခုတစ်လေလောက်မေးပါ(စကားစမြည်သဘောမျိုးပေါ့)၊ ဥပမာ - ဘယ်အချိန် ရှိပြီလဲ၊ ၊ အပြင်မှာ အရမ်းအေးတယ်နော်၊ ဒီနှစ်ဆောင်းရာသီက တော်တော်ဆိုးတာပဲ စသဖြင့်ပေါ့ဗျာ။
အဲ့လိုပြောခြင်းအားဖြင့် ပထမအချက်က သင်အဲ့ဒီလူရဲ့မျက်နှာကို သေချာမြင်ဖူးသွားပြီ၊ ဒုတိယအချက် အနေ နဲ့ အဲ့ဒီလူကို အကဲခတ်နိူင်မယ်။ ဒါကြောင့် မုဒိမ်းကောင်ဟာ ပစ်မှတ်ပြောင်းသွားနိူင်ပါတယ်။
(၂) တကယ်လို့ တစ်စုံတစ်ယောက်က သင့်ဆီကို ဦးတည်လျှောက်လာပြီး သင့်လက်တွေကို ချူပ်ကိုင် ထားလိုက်မယ်ဆိုရင်တော့ အကျယ်ကြီးအော်ပစ်ပါ၊ “ရပ်စမ်း.. ဝေးဝေးသွားစမ်း” စသဖြင့် အမိန့်ဆန်ဆန် ပြောဆိုပါ။
မုဒိမ်းကောင် အများစုပြောကြတာကတော့ အရမ်းအော်ဟစ်တဲ့ မိန်းကလေးတွေ၊ ပြန်လည်တိုက်ခိုက်ဖို့ ကြောက်ရွံမနေတဲ့ မိန်းကလေးတွေဆိုရင် ဆက်မကြိုးစားချင်တော့ပါဘူး။ ထားခဲ့လိုက်ပါတယ်။ သူတို့ထက်ပိုလွယ်တဲ့ တစ်ခြားမိန်းကလေးတစ်ယောက်ကိုပဲ ထပ်ရှာပါတယ်။
(၃) တကယ်လို့ သင့်မှာ ငရုတ်ကောင်းရည်ဖျန်းဘူး ( Spray တစ်ခုခုပေါ့ ) ပါခဲ့မယ်ဆိုရင် အဲ့ဒါကိုလက်မှာ ကိုင်ထားပြီး “ငါ့မှာ ဒီ Spray ဘူးရှိတယ်..” လိုအော်ပြီး မုဒိမ်းကောင်ကို သတိပေးပါ။ မဆိုင်းမတွ ဖျန်းပက် ပစ်ပါ။ (မူရင်းစာရေးသူကတော့ ဒီ Pepper Spray လို့ခေါ်တဲ့ Spray ဘူး ကိုပြည့်အ၀ အားပေး ထောက်ခံ ထားပါတယ်။ )
(၄) တကယ်လို့ တစ်စုံတစ်ယောက်က သင့်ကိုဆွဲခေါ်သွားနေပြီ၊ ခွန်အားချင်းမမျှလို့ သင်သူ့ကို ပြန်လည် ရိုက်နှက် တိုက်ခိုက်လို့မရနိူင်ပေမယ့် ကိုယ်တက်နိူင်တာနဲ့ ထိရောက်အောင်လုပ်နိူင်ပါသေးတယ်။
အဲ့ဒါကတော့ ဆွဲဆိတ်ခြင်းပါပဲ။ ဆွဲဆိတ်တယ်ဆိုတာက အင်အားလည်း အများကြီးမလိုပါဘူး။ ခံရသူအဖို့ လည်း တော်တော်ဆိုးပါတယ်။ ခါးပိုင်းနေရာ ၊ လက်မောင်းကနေ တစ်တောင်ဆစ်ချိုးမရောက်ခင်နေရာ ၊ ပေါင်အတွင်းပိုင်း နေရာတို့ကို ပြင်းပြန်ထန်ထန်ကို ဆွဲဆိတ်ပစ်ပါ။
သွေးထွက်အောင်အထိအားကုန်သုံးပြီး ဆွဲဆိတ်ပစ်ပါ။ ဘယ်လောက်ပဲ သန်မာတယ်ပြောပြော၊ ခွန်အားကြီး တယ်ပြောပြော၊ အဲ့လိုနေရာမျိုးတွေကို ဆွဲဆိတ်တဲ့ဒဏ်ကိုတော့ မခံနိူင်ကြပါဘူး။ သင်မယုံရင် သင့်ကိုယ် သင်သာ အရင်ဆုံး ဆွဲဆိတ်ကြည့်လိုက်ပါ။
(၅) ဆွဲဆိတ်ခြင်း၊ ပေါင်ခြံလိုနေရာမျိုးကို ရိုက်နှက်ခြင်းတွေဟာ ဒီလိုအဖြစ်အပျက်မျိုးကို မမျှော်လင့်ထားတဲ့ လူတစ်ယောက်အတွက် မလွယ်ကူလှပေမယ့် အဲ့ဒါတွေဟာ တကယ်ပဲ သူ့ကို နာကျင်စေမှာပါ။ သင် ကတော့ သူ့ကို နာကျင်စေတာဟာ သူ့ကိုဒေါသပိုထွက်စေတယ်လို့ ထင်နေမှာပါ။ ဒါပေမယ့် လေ့လာစမ်း စစ်မှုအရတော့ မုဒိမ်းကောင်တွေဟာ သူတို့ကို ဒုက္ခရောက်အောင်၊
အချိန်ကြန့်ကြာအောင် မလုပ်တဲ့မိန်းကလေးမျိုးကိုပဲ အလွယ်တကူ အလိုရှိတာပါ။ သူတို့ကို ဒုက္ခတွေ အများကြီးရောက်အောင် ရိုက်နှက်ပြီး နောက်ဆုံးအချိန်ထိ ရုန်းကန်နေတဲ့ မိန်းကလေးမျိုးဆိုရင်တော့ စွန့်ခွာ သွားတတ်ကြပါတယ်။
(၆) မုဒိမ်းကောင်ရဲ့လက်ဟာ သင့်အပေါ်သို့ကျရောက်လာပြီဆိုရင်တော့ သူ့လက်ချောင်း ၂ ချောင်းကို ဆောင့်ဆွဲပါ၊ လိမ်ချိုးပစ်ပါ၊ ဟိုဘက်ဒီဘက် ဆွဲဖြဲပစ်ပါ၊ တက်နိူင်သမျှ အားအကုန်သုံးပြီးတော့ ချိုးပါ။ အဲ့ဒီ နည်းကလည်း အားသိပ်မပါဘဲနဲ့ စမ်းကြည့်တာတောင် နာလွန်းလို့ ဒူးထောက်ပီး အော်လိုက်ရပါ သေးတယ်။
(၇) ပတ်ဝန်းကျင်ကို အမြဲတမ်း သတိမူပြီးနေပါ။ တစ်ခုခု ပုံမှန်မဟုတ်တဲ့။အမူအယာထူးခြားတဲ့ လူတွေ့မိရင် ပေါ့ပေါ့လေး မနေပါနဲ့၊ သတိကြီးကြီး ထားနေပါ။ အဲ့ဒီအခြေအနေမှာ သင့်ကိုယ်သင် ကလေးကလား အကြောက် လွန်နေတယ်လို့မထင်ပါနဲ့၊ ဒုက္ခအကြီးအကျယ်ရောက်သွားနိူင်ပါတယ်။ ဖြစ်နိူင်ရင်တော့ တစ်စုံ တစ်ယောက်ကို သင်နဲ့အတူအဖော်ခေါ်သွားပါ။
နောက်ဆုံးအနေနဲ့ ဒါလေးတွေကိုလည်း မှတ်သားထားစေချင်ပါတယ်…
သင်သိထားသင့်တဲ့ အချက်အလက်တွေပါ။ သင်ဖတ်ပြီးသွားရင်လည်း သင်ဂရုစိုက်ရတဲ့လူတွေဆီကို ဆက်လက် မျှဝေပေးလိုက်ပါ။ ကျွန်တော်တို့နေထိုင်တဲ့ ဒီကမ္ဘာကြီးမှာ သတိဆိုတာ ပိုတယ်လို့မရှိပါဘူး -
(၁) တိုက်ကွန်ဒို သိုင်းပညာမှာတော့ တံတောင်ဆစ်ဟာ လူ့ခန္ဒာကိုယ်ရဲ့ အသန်မာဆုံး အပိုင်းလို့ ဆိုပါ တယ်။ ဒါကြောင့် တံတောင်ဆစ်နဲ့ တွတ်လို့ရမယ့်အခြေအနေမျိုးဆိုရင် လက်လွတ်မခံပါနဲ့။
(၂) နယူးအော်လန်မြို့ရဲ့ ခရီးသွား လမ်းညွှန်ထဲမှာဖတ်ရတာတော့ - တကယ်လို့သာ ခါးပိုက်နှိုက်တွေ လုယက်တဲ့လူတွေ၊ ဓားပြ တွေက သင့်ပိုက်ဆံအိတ်ကိုတောင်းမယ်ဆိုရင် သင့်လက်နဲ့ ပိုက်ဆံအိတ်ကို ကမ်း မပေးပါနဲ့။ သင်နဲ့ဝေးတဲ့နေရာကို လွှင့်ပစ်ပြီးပေးပါ။ ဒီဒုစရိုက်သမားဟာ လူထက် ပိုက်ဆံကို ပိုလိုချင်တယ် ဆိုရင်တော့ သူပိုက်ဆံအိတ်ကို သွားကောက်မှာပါ။အဲ့ဒီအချိန်မှာ တွေဝေမနေဘဲ သူနဲ့ဆန့်ကျင်ဘက် ကိုသာ ပြေးပါ။
(၃) သင်ဟာ ကာနောက်ဖုံးထဲကို ထည့်ခံထားရတယ်ဆိုရင်တော့ ကားနောက်မီး ရှိတဲ့နေရာကို ကန် ကြောက်ပစ်ပါ၊ အဲ့ဒီအပေါက်ကနေ လက်ကိုထုတ်ပြီးတော့ တတ်နိူင်သမျှ ဝေ့ရမ်းပါ။ ကားမောင်းတဲ့ လူကတော့ မမြင်နိူင်ပေမယ့် တစ်ခြားလူတွေက မြင်နိူင်ပါတယ်။ ဒါကလည်း သင့်ဘဝကို တစ်ဖက်တစ် လမ်းက ကယ်တင်နိူင်မှာပါ။
(၄) အမျိုးသမီး အများစုဟာ အလုပ်မှအပြန်၊ စားသောက်ဆိုင်မှ အပြန် နှင့် ဈေးဝယ်ခြင်းတို့မှအပြန်တွင် ကားပေါ်တက်ကာ ချက်ချင်း မောင်းမထွက်ပဲ ထိုင်နေတတ်ကြပါတယ်။ မှတ်စုတွေ မှတ်နေတာမျိုး၊ စာတစ် ခုခု ကိုခဏဖတ်နေတာမျိုး စသဖြင့် လုပ်တတ်ကြပါတယ်။ အဲ့ဒီလိုမျိုးတွေ မလုပ်ပါနဲ့ ၊ တဏှာရူးကောင်တွေ လူယုတ်မာတွေက သင့်ကို စောင့်ကြည့်နေပါတယ်။
အဲ့ဒီလို အခြေအနေဟာ သူတို့အတွက် အကောင်းဆုံး အခွင့်အလမ်းဖြစ်နေလို့ပါ။ သင့်နောက်ကခုံမှာ ဝင်ထိုင်ပြီး သင့်ခေါင်းကိုသေနတ်နဲ့ထောက်ကာ “ဘယ်နေရာကို မောင်းပါ” လို့ ပြောခံရနိူင်ပါတယ်။ ဒါ ကြောင့် ကားပေါ်မှာ တက်ထိုင်ပြီးပြီးချင်း ချက်ချင်းဆိုသလို မောင်းထွက်သွားပါ။ ဆိုင်းငံ့မနေပါနဲ့။
(၅) ဒါကတော့ ကားပါကင် တွေ ဓာတ်ဆီဆိုင်တွေမှာ သင့်ကားထဲကို ပြန်ဝင်တော့မယ်ဆိုရင် သတိထား ရမယ့် အချက်တွေဖြစ်ပါတယ် ..
(က) ကားထဲမဝင်ခင် ကားထဲမှာ တစ်ယောက်ယောက်ပုန်းနေနိူင်တယ်ဆိုတဲ့စိတ်ဖြင့် ကားဘေး ပတ်ပတ် လည်နဲ့ ခရီးသည်ထိုင်နေရာတွေ ၊ ကြမ်းပြင်တွေကို သတိနှင့် ချောင်းကြည့်ပါ။ ( တက္ကဆီ ငှားစီးမယ်ဆို လည်း ထိုနည်း၎င်း သတိထားကြည့်ပါ။ )
(ခ) တကယ်လို့ သင့်ရဲ့ ကားဘေးနားမှာ van / town ace စတဲ့ကားမျိုးတွေ ရှိနေမယ်.. သင်္ကာ မကင်းဖြစ် ရတယ် ဆိုရင်တော့ အဲ့ဒီကားရဲ့ တစ်ခြားဖက် အပေါက်မှတဆင့်သာ သင့်ကားထဲသို့ဝင်ပါ။
( သင့်ကားရဲ့ ယာဉ်မောင်းဘက်ခြမ်းမှာ ရပ်ထားမယ်ဆိုရင် ခရီးသည်ထိုင်တဲ့ ဘက်မှဝင်ပါ။) ဒုစရိုက် ကောင်တွေဟာ အမျိုးသမီးတွေ ကားထဲဝင်ခါနီးအချိန်တွေမှာ သူတို့ကားထဲကို ဆွဲခေါ်ပြီး တံခါးပိတ် တတ်ကြပါတယ်။ သတိထားနိူင်ဖို့ပါ။
(ဂ) သင့်ရဲ့ကား အနီးတစ်ဝိုက်ကို ရှာကြည့်ပါ။
အနီးဆုံးနေရာမှာ သူစိမ်းတစ်ယောက်က အကြောင်းမဲ့ထိုင်နေတယ်ဆိုရင်တော့ ကားထဲမဝင်ပါနဲ့ဦး။ သင် လာခဲ့တဲ့ အလုပ်ဖြစ်စေ၊ ဈေးဝယ်စင်တာ တစ်ခုခုဖြစ်စေ ပြန်ဝင်သွားပါ။ ရဲတစ်ယောက်ယောက်၊ ဒါမှ မဟုတ် အစောင့်တစ်ယောက်ယောက်ကို ခေါ်ပြီးမှပြန်လာပါ။
ဒါတွေဟာ အပိုအလုပ်တွေမဟုတ်ပါဘူး။ စိတ်မကောင်းစရာ အဖြစ်အပျက်ဖြစ် သွားတာထက်စာ ရင် အများကြီး ပိုကောင်းပါတယ်။ သူများအပေါ် သံသယလွန်ကဲမှု ။ အယုံအကြည်နည်းမှုဟာ မိမိကိုယ်တိုင် ဒုက္ခရောက်ရတာထက်စာရင် အများကြီး အကျိုးရှိပါတယ်။
(၆) ရိုးရိုးလှေခါးတွေအစား ဓာတ်လှေခါးကိုအမြဲ အသုံးပြုပါ။ လှေခါးအကွေ့တွေဟာ တစ်ယောက်ထဲ သွားဖို့အတွက် မသင့်တော်ပါဘူး။ ဒုစရိုက်မှုတွေအတွက် အကောင်းဆုံးနေရာတစ်ခုပါပဲ။
(၇) တကယ်လို့ အဲ့ဒီလူယုတ်မာဆီမှာ သေနတ်ပါလာတယ်ဆိုရင်လည်း သင်ဟာ သူ့ထိန်းချူပ်မှုအောက်မှာ ရှိမနေပါဘူး။ ပြေးသာပြေးပါ။ လှုပ်ရှားနေတဲ့ပစ်မှတ်ကို ထိအောင်ပစ်ဖို့လည်းမလွယ်ပါဘူး။ အကြိမ် ၁၀၀ မှာ ၄ ကြိမ်သာ ထိနိူင်ပါတယ်။ ထိတယ်ဆိုရင်တောင်မှာ အရေးကြီး အစိတ်အပိုင်းတွေမဖြစ်နေပါဘူး။
ဒါကြောင့် ပြေးဖို့တိုက်တွန်းချင်ပါတယ်။
( မှတ်ချက်။ ။ မူရင်းစာရေးသူကတော့ အလျော့မပေးဖို့ကို ဆိုလိုချင်တာဖြစ်နိူင်ပါတယ်။ ဒါပေမယ့် ကျွန်တော့် အနေနဲ့တော့ တစ်ချို့အရာတွေမှာ အခြေအနေနဲ့ အချိန်အခါကို သုံးသပ်ပြီးမှ ကိုယ့် ဆုံးဖြတ် ချက်ကို ကိုယ်မှန်အောင်ချနိူင်ဖို့ အကြံပေးချင်ပါတယ်။ )
(၈) အမျိုးသမီးတွေဟာ စာနာစိတ်၊ ကိုယ်ခြင်းစာ ကရုဏာစိတ် ၊ လိုက်လျောတဲ့စိတ်တွေရှိပါတယ်။ ဒါပေ မယ့် ဒါဟာ သင့်အတွက်မကောင်းပါဘူး။ Ted Bundy ဆိုတဲ့ လူသတ်သမား တစ်ယောက်ဟာ မိန်းကလေး တွေရဲ့ အဲ့ဒီစိတ်တွေကို အမြဲအသုံးချခဲ့ပါတယ်။
သူက ဒုတ်ကောက်တစ်ချောင်း ဒါမှမဟုတ် ခြေထောက် တစ်ဖက်ဆာပြီးတော့ လမ်းလျှောက်ပါတယ်။ ပြီးတဲ့ နောက် သူဟာ သူ့ရဲ့ ပစ်မှတ်သားကောင် ဖြစ်တဲ့ မိန်းကလေးကို သူ့ကားထဲကို ပို့ပေးဖို့ အကူအညီ တောင်း ပါတယ်။ ကားထဲရောက်သွားရင်တော့ သင့်ကို သူအတင်းခေါ်ဆောင်သွားမှာဖြစ်ပါတယ်။
ဒါကြောင့် ခြေနှစ်ချောင်းမကယ်ကောင်းဆိုတဲ့ စကားပုံအတိုင်း မလိုအပ်ရင် မသနားပါနဲ့လို့ အကြံပေးပါ ရစေ။
ဒီစာကို ဖြစ်နိူင်ရင် ခင်ဗျားတို့ပတ်ဝန်းကျင်က အမျိုးသမီးတွေ အကုန်လုံးဆီကို Share ပေးစေချင်ပါတယ်။ ဒီစာက ဘ၀ တစ်ခုကို ကယ်တင်စောင့်ရှောက်နိူင်မယ်ဆိုခဲ့ရင် အလွန်ပီတိဖြစ်စရာပါ။ ဖရောင်းတိုင် တစ်ခု က တစ်ခြားဖရောင်းတိုင်တစ်ခုကို မီးကူးပေးလိုက်လို့ ပထမ ဖရောင်းတိုင်ရဲ့မီးရောင်ဟာ မှေးမှိန်မသွား နိူင်ပါဘူး။
ဒီစာကို ကျွန်တော်က အမျိုးသမီးတွေ ဖတ်ဖို့အတွက်ပဲ ရေးထားတယ် ဆိုပေမယ့် ဖတ်မိတဲ့ညီ၊အကိုတွေ မှာလည်း အမေ၊အမ၊နှမ၊သမီး နဲ့ ချစ်သူ၊သူငယ်ချင်းတွေ ရှိမှာပါ၊ သူတို့တွေအတွက်လည်း စေတနာရှေ့ ထားပြီး ဖြန့်ဝေပေးစေချင်ပါတယ်။
ကျွန်တော်တို့ လောကကြီးမှာ ဒီလိုဒုစရိုက် တဏှာရူးကောင်တွေ အများကြီးပါပဲ။ တစ်ဖက်တစ်လမ်းက အခုလို ကူညီ အသိပေးခြင်းဟာ တစ်စုံတစ်ခုဖြစ်ပြီးသွားတော့မှ စိတ်မကောင်းဘူး ပြောတာထက်စာရင် ပိုကောင်း ပါတယ်။
တစ်စုံတစ်ခု ရင်ထဲရောက်သွားတယ်ဆိုရင်ပဲ ကျေနပ်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: Todaymyanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top