Kantharyar Centre
×

ၾကားျဖတ္ေရြးေကာက္ပြဲ အတြက္ လစ္လပ္မဲဆႏၵနယ္ ၁၉ ခုတြင္ အိမ္တိုင္ရာေရာက္မဲစာ ရင္းေကာက္ယူျခင္းကို ႏိုဝင္ဘာ ၁ ရက္၌ တစ္ၿပိဳင္နက္ စတင္ျပဳ လုပ္မည္ျဖစ္ေၾကာင္း ျပည္ေထာင္ စု ေရြးေကာက္ပြဲေကာ္မရွင္အ တြင္းေရးမွဴး ဦးတင္ထြန္းက ေျပာ သည္။

လစ္လပ္မဲဆႏၵနယ္ ၁၉ ခု၏ ၿမိဳ႕နယ္ ၂၂ ခုအတြင္း ႏုိဝင္ဘာ လကုန္ထိ မဲစာရင္းေကာက္ယူ မည္ျဖစ္ေၾကာင္း ေကာ္မရွင္မွ သိရသည္။

‘‘ျပည္သူေတြကလည္း ပူး ေပါင္းပါဝင္ေပးၾကပါ’’ဟု မဲစာ ရင္းေကာက္ယူမႈႏွင့္ပတ္သက္၍ ေကာ္မရွင္အတြင္းေရးမွဴး ဦးတင္ ထြန္းက ေမတၱာရပ္ခံသည္။

ယခု လစ္လပ္မဲဆႏၵနယ္မ်ား တြင္ ၂၀၁၅ ေရြးေကာက္ပြဲက်င္းပ စဥ္က မဲေပးသူ ႏွစ္သိန္းခြဲေက်ာ္ ရွိခဲ့သည္။ သို႔ေသာ္ ယခု ၂၀၁၅ ၾကားျဖတ္ေရြးေကာက္ပြဲက်င္းပ မည့္ ကာလတြင္ ကြယ္လြန္သူ မ်ားႏွင့္ အသက္(၁၈)ႏွစ္ျပည့္ သူမ်ားရွိလာႏိုင္ျခင္းေၾကာင့္ မဲစာ ရင္းမွာ အေျပာင္းအလဲအနည္း ငယ္ရွိႏိုင္သည္။

ထုိ႔ေၾကာင့္ ယခုကဲ့သို႔ အိမ္ တိုင္ရာေရာက္ မဲစာရင္းေကာက္ ယူျခင္းေၾကာင့္ မဲစာရင္းမွန္ကန္မႈ ကို အေထာက္အကူျပဳႏိုင္မည္ျဖစ္ သည္။

 လစ္လပ္မဲဆႏၵနယ္ ၁၉ ခု တြင္ ျပည္သူ႔လႊတ္ေတာ္အတြက္ ကိုးေနရာ၊ အမ်ိဳးသားလႊတ္ေတာ္ အတြက္ သံုးေနရာ၊ ျပည္နယ္ လႊတ္ေတာ္မဲဆႏၵနယ္အတြက္ ေျခာက္ေနရာတို႔ျဖစ္သည္။

ျပည္သူ႔လႊတ္ေတာ္လစ္လပ္ မဲဆႏၵနယ္မ်ားသည္ မံုရြာ၊ ေခ်ာင္းဆံု၊ အမ္း၊ လိႈင္သာယာ၊ ဒဂံုၿမိဳ႕ သစ္(ဆိပ္ကမ္း)၊ ဒဂံုၿမိဳ႕သစ္(အ ေရွ႕ပိုင္း)၊ ေကာ့မွဴး၊ ေက်းသီး၊ မိုင္႐ွဴးၿမိဳ႕နယ္တို႔ျဖစ္ကာ ေက်းသီး ႏွင့္ မိုင္း႐ွဴးမဲဆႏၵနယ္မ်ားသည္ ၂၀၁၅ အေထြေထြေရြးေကာက္ပြဲ က်င္းပစဥ္က နယ္ေျမအေျခအရ က်င္းပႏိုင္ခဲ့ျခင္းမရွိသည့္ မဲဆႏၵ နယ္မ်ားျဖစ္သည္။

အမ်ိဳးသားလႊတ္ေတာ္လစ္ လပ္မဲဆႏၵနယ္သံုးခုတြင္ ခ်င္းျပည္နယ္အမ်ိဳးသားလႊတ္ေတာ္မဲဆႏၵ နယ္အမွတ္(၃)(ထန္တလန္ၿမိဳ႕ နယ္)၊ ပဲခူးတိုင္းေဒသႀကီးအမ်ိဳး သား လႊတ္ေတာ္မဲဆႏၵနယ္အ မွတ္(၄)ေက်ာက္တံခါးၿမိဳ႕နယ္၊ ေညာင္ေလးပင္ၿမိဳ႕နယ္)၊ ရန္ကုန္ တိုင္းေဒသႀကီးအမ်ိဳးသားလႊတ္ ေတာ္မဲဆႏၵနယ္အမွတ္(၆)(က မာရြတ္၊ ၾကည့္ျမင္တိုင္၊ ဆိပ္ ကမ္း၊ လသာ၊ လိႈင္၊ လမ္းမေတာ္၊ အလံုၿမိဳ႕နယ္)တို႔ ပါဝင္ၾကသည္။

လစ္လပ္ ျပည္နယ္လႊတ္ ေတာ္မဲဆႏၵနယ္မ်ားသည္ ဖ႐ူဆို ၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္(၁)၊ က်ိဳင္းတံုၿမိဳ႕နယ္ မဲဆႏၵနယ္အ မွတ္(၂)၊ ေက်းသီးၿမိဳ႕နယ္ မဲဆႏၵ နယ္အမွတ္(၁)ႏွင့္ (၂)၊ မိုင္း႐ွဴးၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္(၁)ႏွင့္(၂)၊

ေညာင္ေရႊအမွတ္(၁) တို႔ျဖစ္သည္။

၂၀၁၅ ေရြးေကာက္ပြဲကို ေအာင္ျမင္စြာ က်င္းပေပးႏုိင္ခဲ့ ေသာ္လည္း လုပ္ငန္းစဥ္မ်ား လုပ္ ေဆာင္ရာတြင္ အားနည္းခ်က္ မ်ား ရွိခဲ့သည္ဟု ၂၀၁၇ ၾကား ျဖတ္ေရြးေကာက္ပြဲဆုိင္ရာ ညႇိႏိႈင္းအစည္းအေဝးတြင္ ျပည္ေထာင္စု ေရြးေကာက္ပြဲေကာ္မရွင္ဥကၠ႒ ဦးလွသိန္းက ေျပာၾကားခဲ့ေၾကာင္း ျပန္ၾကားေရးဝန္ႀကီးဌာန၏ သတင္းေဖာ္ျပခ်က္အရ သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

  ကြားဖြတ်ရွေးကောက်ပွဲ အတွက် လစ်လပ်မဲဆန္ဒနယ် ၁၉ ခုတွင် အိမ်တိုင်ရာရောက်မဲစာ ရင်းကောက်ယူခြင်းကို နိုဝင်ဘာ ၁ ရက်၌ တစ်ပြိုင်နက် စတင်ပြု လုပ်မည်ဖြစ်ကြောင်း ပြည်ထောင် စု ရွေးကောက်ပွဲကော်မရှင်အ တွင်းရေးမှူး ဦးတင်ထွန်းက ပြော သည်။

လစ်လပ်မဲဆန္ဒနယ် ၁၉ ခု၏ မြို့နယ် ၂၂ ခုအတွင်း နိုဝင်ဘာ လကုန်ထိ မဲစာရင်းကောက်ယူ မည်ဖြစ်ကြောင်း ကော်မရှင်မှ သိရသည်။

‘‘ပြည်သူတွေကလည်း ပူး ပေါင်းပါဝင်ပေးကြပါ’’ဟု မဲစာ ရင်းကောက်ယူမှုနှင့်ပတ်သက်၍ ကော်မရှင်အတွင်းရေးမှူး ဦးတင် ထွန်းက မေတ္တာရပ်ခံသည်။


ယခု လစ်လပ်မဲဆန္ဒနယ်များ တွင် ၂၀၁၅ ရွေးကောက်ပွဲကျင်းပ စဉ်က မဲပေးသူ နှစ်သိန်းခွဲကျော် ရှိခဲ့သည်။ သို့သော် ယခု ၂၀၁၅ ကြားဖြတ်ရွေးကောက်ပွဲကျင်းပ မည့် ကာလတွင် ကွယ်လွန်သူ များနှင့် အသက်(၁၈)နှစ်ပြည့် သူများရှိလာနိုင်ခြင်းကြောင့် မဲစာ ရင်းမှာ အပြောင်းအလဲအနည်း ငယ်ရှိနိုင်သည်။

ထို့ကြောင့် ယခုကဲ့သို့ အိမ် တိုင်ရာရောက် မဲစာရင်းကောက် ယူခြင်းကြောင့် မဲစာရင်းမှန်ကန်မှု ကို အထောက်အကူပြုနိုင်မည်ဖြစ် သည်။

 လစ်လပ်မဲဆန္ဒနယ် ၁၉ ခု တွင် ပြည်သူ့လွှတ်တော်အတွက် ကိုးနေရာ၊ အမျိုးသားလွှတ်တော် အတွက် သုံးနေရာ၊ ပြည်နယ် လွှတ်တော်မဲဆန္ဒနယ်အတွက် ခြောက်နေရာတို့ဖြစ်သည်။

ပြည်သူ့လွှတ်တော်လစ်လပ် မဲဆန္ဒနယ်များသည် မုံရွာ၊ ချောင်းဆုံ၊ အမ်း၊ လှိုင်သာယာ၊ ဒဂုံမြို့ သစ်(ဆိပ်ကမ်း)၊ ဒဂုံမြို့သစ်(အ ရှေ့ပိုင်း)၊ ကော့မှူး၊ ကျေးသီး၊ မိုင်ရှူးမြို့နယ်တို့ဖြစ်ကာ ကျေးသီး နှင့် မိုင်းရှူးမဲဆန္ဒနယ်များသည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ ကျင်းပစဉ်က နယ်မြေအခြေအရ ကျင်းပနိုင်ခဲ့ခြင်းမရှိသည့် မဲဆန္ဒ နယ်များဖြစ်သည်။

အမျိုးသားလွှတ်တော်လစ် လပ်မဲဆန္ဒနယ်သုံးခုတွင် ချင်းပြည်နယ်အမျိုးသားလွှတ်တော်မဲဆန္ဒ နယ်အမှတ်(၃)(ထန်တလန်မြို့ နယ်)၊ ပဲခူးတိုင်းဒေသကြီးအမျိုး သား လွှတ်တော်မဲဆန္ဒနယ်အ မှတ်(၄)ကျောက်တံခါးမြို့နယ်၊ ညောင်လေးပင်မြို့နယ်)၊ ရန်ကုန် တိုင်းဒေသကြီးအမျိုးသားလွှတ် တော်မဲဆန္ဒနယ်အမှတ်(၆)(က မာရွတ်၊ ကြည့်မြင်တိုင်၊ ဆိပ် ကမ်း၊ လသာ၊ လှိုင်၊ လမ်းမတော်၊ အလုံမြို့နယ်)တို့ ပါဝင်ကြသည်။

လစ်လပ် ပြည်နယ်လွှတ် တော်မဲဆန္ဒနယ်များသည် ဖရူဆို မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)၊ ကျိုင်းတုံမြို့နယ် မဲဆန္ဒနယ်အ မှတ်(၂)၊ ကျေးသီးမြို့နယ် မဲဆန္ဒ နယ်အမှတ်(၁)နှင့် (၂)၊ မိုင်းရှူးမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)နှင့်(၂)၊

ညောင်ရွှေအမှတ်(၁) တို့ဖြစ်သည်။

၂၀၁၅ ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပပေးနိုင်ခဲ့ သော်လည်း လုပ်ငန်းစဉ်များ လုပ် ဆောင်ရာတွင် အားနည်းချက် များ ရှိခဲ့သည်ဟု ၂၀၁၇ ကြား ဖြတ်ရွေးကောက်ပွဲဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက ပြောကြားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းဖော်ပြချက်အရ သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top