Property Expo
×

  ေဘဂ်င္းၿမိဳ႕၏ နာမည္ ဆိုးျဖင့္ ေက်ာ္ၾကားေသာ ညစ္ ညမ္းေနသည့္ ေလထုကို သန္႔စင္ ရန္ ဧရာမေလထုတ္သန္႔စင္ေရး ကိရိယာတစ္ခုအျဖစ္ တည္ ေဆာက္ထားသည့္ ေမွ်ာ္စင္က စုပ္ယူထားေသာ ညစ္ညမ္းအမႈန္ မ်ားကို ဖိသိပ္ထားက လက္၀တ္ လက္စားမ်ား ဖန္တီးထုတ္လုပ္ ေပးေနေၾကာင္း သိရသည္။


ေဘဂ်င္းၿမိဳ႕ အႏုပညာေဒသတြင္ ၾကာသပေတးေန႔က ဖြင့္ လွစ္ခဲ့သည့္ ယင္းေမွ်ာ္စင္သည္ ခုနစ္မီတာျမင့္ၿပီး တစ္နာရီလွ်င္ ၃၀၀၀၀ ကုဗမီတာရွိေသာ ေလထု ကို သန္႔စင္ေပးကာ ပတ္၀န္းက်င္ သို႔ သန္႔ရွင္းေသာေလမ်ား ထုတ္ လႊတ္ေပးသည္။

စုပ္ယူထားေသာ အမႈန္အ ခ်ိဳ႕ကို လက္စြပ္၊ လက္ေကာက္ ႏွင့္ ႁပြန္မ်ားအပါအ၀င္ လက္၀တ္ လက္စားမ်ားအျဖစ္ ဖန္တီးေပး ေနေၾကာင္း ယင္းလုပ္ငန္း၏ ၀က္ဘ္ဆိုက္စာမ်က္ႏွာတြင္ ေဖာ္ ျပထားသည္။

နယ္သာလန္ အႏုပညာရွင္ ဒန္႐ိုးစ္ဂါဒီ၊ ဖက္ဖ္နည္းပညာ တကၠသိုလ္ႏွင့္ နယ္သာလန္သ ဘာ၀ပတ္၀န္းက်င္ သန္႔ရွင္းေရး နည္းပညာကုမၸဏီတို႔ ပူးေပါင္း၍ ဖန္တီးထားေသာ ယင္းေမွ်ာ္စင္ ကို နယ္သာလန္ႏိုင္ငံ ႐ိုတာဒန္ၿမိဳ႕ တြင္ ၿပီးခဲ့သည့္ စက္တင္ဘာက ပထမဆံုးဖြင့္လွစ္ခဲ့သည္။

ယင္းေမွ်ာ္စင္က ေလထုထဲ ပါ၀င္ေသာ အမႈန္မ်ားကို ၇၅ ရာ ခုိင္ႏႈန္းအထိ စုပ္ယူႏိုင္ၿပီး လွ်ပ္စစ္ ဓာတ္အား အနည္းငယ္သာ သံုးစဲြ ရန္ လိုအပ္ကာ ဖန္လံုအိမ္ဓာတ္ ေငြ႕ ထုတ္လႊတ္မႈမရွိေပ။

ယင္းေမွ်ာ္စင္မ်ိဳး ေနာက္ ထပ္ေလးခုကို ဟီေဘးၿမိဳ႕ႏွင့္ ရွန္ က်န္းၿမိဳ႕တို႔အပါအ၀င္ ၿမိဳ႕ေလး ၿမိဳ႕တြင္ထားရွိရန္ ျပင္ဆင္ေန ေၾကာင္း သိရသည္။

ေဘဂ်င္းၿမိဳ႕တြင္ ကမၻာ့က်န္း မာေရးအဖဲြ႕ WHO က သတ္မွတ္ ထားေသာ ေလထုညစ္ညမ္းမႈ အဆင့္ထက္ ၁၇ ဆ ပိုမ်ားေန ေၾကာင္း ယမန္ႏွစ္က စစ္ေဆး ေတြ႕ရွိခဲ့သည္။     

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

  ဘေဂျင်းမြို့၏ နာမည် ဆိုးဖြင့် ကျော်ကြားသော ညစ် ညမ်းနေသည့် လေထုကို သန့်စင် ရန် ဧရာမလေထုတ်သန့်စင်ရေး ကိရိယာတစ်ခုအဖြစ် တည် ဆောက်ထားသည့် မျှော်စင်က စုပ်ယူထားသော ညစ်ညမ်းအမှုန် များကို ဖိသိပ်ထားက လက်ဝတ် လက်စားများ ဖန်တီးထုတ်လုပ် ပေးနေကြောင်း သိရသည်။


ဘေဂျင်းမြို့ အနုပညာဒေသတွင် ကြာသပတေးနေ့က ဖွင့် လှစ်ခဲ့သည့် ယင်းမျှော်စင်သည် ခုနစ်မီတာမြင့်ပြီး တစ်နာရီလျှင် ၃၀၀၀၀ ကုဗမီတာရှိသော လေထု ကို သန့်စင်ပေးကာ ပတ်ဝန်းကျင် သို့ သန့်ရှင်းသောလေများ ထုတ် လွှတ်ပေးသည်။

စုပ်ယူထားသော အမှုန်အ ချို့ကို လက်စွပ်၊ လက်ကောက် နှင့် ပြွန်များအပါအဝင် လက်ဝတ် လက်စားများအဖြစ် ဖန်တီးပေး နေကြောင်း ယင်းလုပ်ငန်း၏ ဝက်ဘ်ဆိုက်စာမျက်နှာတွင် ဖော် ပြထားသည်။

နယ်သာလန် အနုပညာရှင် ဒန်ရိုးစ်ဂါဒီ၊ ဖက်ဖ်နည်းပညာ တက္ကသိုလ်နှင့် နယ်သာလန်သ ဘာဝပတ်ဝန်းကျင် သန့်ရှင်းရေး နည်းပညာကုမ္ပဏီတို့ ပူးပေါင်း၍ ဖန်တီးထားသော ယင်းမျှော်စင် ကို နယ်သာလန်နိုင်ငံ ရိုတာဒန်မြို့ တွင် ပြီးခဲ့သည့် စက်တင်ဘာက ပထမဆုံးဖွင့်လှစ်ခဲ့သည်။

ယင်းမျှော်စင်က လေထုထဲ ပါဝင်သော အမှုန်များကို ၇၅ ရာ ခိုင်နှုန်းအထိ စုပ်ယူနိုင်ပြီး လျှပ်စစ် ဓာတ်အား အနည်းငယ်သာ သုံးစွဲ ရန် လိုအပ်ကာ ဖန်လုံအိမ်ဓာတ် ငွေ့ ထုတ်လွှတ်မှုမရှိပေ။

ယင်းမျှော်စင်မျိုး နောက် ထပ်လေးခုကို ဟီဘေးမြို့နှင့် ရှန် ကျန်းမြို့တို့အပါအဝင် မြို့လေး မြို့တွင်ထားရှိရန် ပြင်ဆင်နေ ကြောင်း သိရသည်။

ဘေဂျင်းမြို့တွင် ကမ္ဘာ့ကျန်း မာရေးအဖွဲ့ WHO က သတ်မှတ် ထားသော လေထုညစ်ညမ်းမှု အဆင့်ထက် ၁၇ ဆ ပိုများနေ ကြောင်း ယမန်နှစ်က စစ်ဆေး တွေ့ရှိခဲ့သည်။     


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top