Property Expo
×

တစ္ကိုယ္ေတာ္ေဖ်ာ္ ေျဖပြဲကို လာမည့္ႏွစ္အတြင္း ျပဳ လုပ္ရန္ စီစဥ္ထားၿပီး တစ္ကိုယ္ ေတာ္အေခြသစ္တစ္ေခြကိုလည္း စီစဥ္ေနေၾကာင္း အဆိုေတာ္ခ်မ္း ခ်မ္းက ေျပာသည္။

‘‘အခု ေလာေလာဆယ္ ေတာ့ တစ္ကိုယ္ေတာ္အေခြ လုပ္ေနတယ္။ လာမယ့္ႏွစ္ ေဖေဖာ္ဝါရီ ေလာက္ထြက္မယ္။ အဲဒါက အစ္မရဲ႕တစ္ကိုယ္ေတာ္အေခြလည္း ျဖစ္ႏိုင္သလို ထူးဆန္းတဲ့ အတြဲအစပ္တစ္ခုလည္း ျဖစ္သြားႏိုင္တယ္။ ေလာေလာဆယ္ေတာ့ ပရိသတ္ကို ရင္ခုန္ေအာင္ လုပ္ခ်င္ပါေသးတယ္’’ဟု ၎က ေျပာၾကားသည္။

ထြက္ရွိရန္ စီစဥ္ေနသည့္ တစ္ကုိယ္ေတာ္အေခြသစ္တြင္ ကိုယ္တိုင္ေရးသည့္ သီခ်င္းမ်ား ပါဝင္သကဲ့သို႔ သံစံုတီးဝုိင္းႏွင့္တီး ခတ္ထားသည့္ သီခ်င္းမ်ားလည္း ပါဝင္မည္ဟု ၎က ဆိုသည္။

‘‘ဒီအေခြမွာ အခ်စ္ထက္စာ ရင္ မိသားစုေမတၱာကို ဖြဲ႕ဆိုတဲ့ သီခ်င္းမ်ိဳးေတြပါမယ္။ အဲဒါမ်ိဳး ေတြ ထည့္ထားတယ္။ ကိုယ္ေရာက္လာတဲ့ အသက္အရြယ္နဲ႔ ကိုယ္ျဖစ္တည္ေနတဲ့အေျခအေန က ဒီမိသားစုေလးရလာေတာ့ အခ်စ္ထက္စာရင္ ပိုေႏြးေထြးတဲ့ မိသားစု Love တို႔၊ ညီအစ္ကိုေမာင္ႏွမအခ်စ္တို႔ကို ပိုၿပီး ခံစားလို႔ရလာတယ္’’ဟု တစ္ကိုယ္ေတာ္အ ေခြႏွင့္ပတ္သက္၍ ၎၏ခံစားမႈကိုေျပာသည္။

ထို႔အျပင္ တစ္ကိုယ္ေတာ္ေဖ်ာ္ေျဖပြဲကိုလည္း တစ္ကိုယ္ေတာ္ အေခြသစ္ထြက္ရွိၿပီးခ်ိန္ လာမည့္ႏွစ္အတြင္း ျပဳလုပ္မည္ျဖစ္ေၾကာင္း ခ်မ္းခ်မ္းကဆိုသည္။

ထို႔ျပင္ ႏိုဝင္ဘာ ၄ ရက္တြင္ ျပဳလုပ္မည့္ The Queens Orchestra ေဖ်ာ္ေျဖပြဲႏွင့္ပတ္ သက္၍ ‘‘အဓိကကေတာ့ သီခ်င္း ေလးေတြ ပံုံစံေျပာင္းျဖစ္မယ္။ အဂၤလိပ္သီခ်င္းတစ္ပုဒ္ဆိုမယ္။ အဲဒီ အဂၤလိပ္သီခ်င္းကလည္း ၾကားေနက်ပံုုစံေလးေတြကေန နည္းနည္း ဆန္းသစ္ေအာင္ Orchestra တီးမယ့္ဆရာေတြက ပံုစံေလးေတြ ျပန္ေျပာင္းမယ္’’ဟု ခ်မ္းခ်မ္းက ေျပာသည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit : 7Day Daily

#Unicode Version

တစ်ကိုယ်တော်ဖျော် ဖြေပွဲကို လာမည့်နှစ်အတွင်း ပြု လုပ်ရန် စီစဉ်ထားပြီး တစ်ကိုယ် တော်အခွေသစ်တစ်ခွေကိုလည်း စီစဉ်နေကြောင်း အဆိုတော်ချမ်း ချမ်းက ပြောသည်။

‘‘အခု လောလောဆယ် တော့ တစ်ကိုယ်တော်အခွေ လုပ်နေတယ်။ လာမယ့်နှစ် ဖေဖော်ဝါရီ လောက်ထွက်မယ်။ အဲဒါက အစ်မရဲ့တစ်ကိုယ်တော်အခွေလည်း ဖြစ်နိုင်သလို ထူးဆန်းတဲ့ အတွဲအစပ်တစ်ခုလည်း ဖြစ်သွားနိုင်တယ်။ လောလောဆယ်တော့ ပရိသတ်ကို ရင်ခုန်အောင် လုပ်ချင်ပါသေးတယ်’’ဟု ၎င်းက ပြောကြားသည်။

ထွက်ရှိရန် စီစဉ်နေသည့် တစ်ကိုယ်တော်အခွေသစ်တွင် ကိုယ်တိုင်ရေးသည့် သီချင်းများ ပါဝင်သကဲ့သို့ သံစုံတီးဝိုင်းနှင့်တီး ခတ်ထားသည့် သီချင်းများလည်း ပါဝင်မည်ဟု ၎င်းက ဆိုသည်။

‘‘ဒီအခွေမှာ အချစ်ထက်စာ ရင် မိသားစုမေတ္တာကို ဖွဲ့ဆိုတဲ့ သီချင်းမျိုးတွေပါမယ်။ အဲဒါမျိုး တွေ ထည့်ထားတယ်။ ကိုယ်ရောက်လာတဲ့ အသက်အရွယ်နဲ့ ကိုယ်ဖြစ်တည်နေတဲ့အခြေအနေ က ဒီမိသားစုလေးရလာတော့ အချစ်ထက်စာရင် ပိုနွေးထွေးတဲ့ မိသားစု Love တို့၊ ညီအစ်ကိုမောင်နှမအချစ်တို့ကို ပိုပြီး ခံစားလို့ရလာတယ်’’ဟု တစ်ကိုယ်တော်အ ခွေနှင့်ပတ်သက်၍ ၎င်း၏ခံစားမှုကိုပြောသည်။

ထို့အပြင် တစ်ကိုယ်တော်ဖျော်ဖြေပွဲကိုလည်း တစ်ကိုယ်တော် အခွေသစ်ထွက်ရှိပြီးချိန် လာမည့်နှစ်အတွင်း ပြုလုပ်မည်ဖြစ်ကြောင်း ချမ်းချမ်းကဆိုသည်။

ထို့ပြင် နိုဝင်ဘာ ၄ ရက်တွင် ပြုလုပ်မည့် The Queens Orchestra ဖျော်ဖြေပွဲနှင့်ပတ် သက်၍ ‘‘အဓိကကတော့ သီချင်း လေးတွေ ပုံံစံပြောင်းဖြစ်မယ်။ အင်္ဂလိပ်သီချင်းတစ်ပုဒ်ဆိုမယ်။ အဲဒီ အင်္ဂလိပ်သီချင်းကလည်း ကြားနေကျပုံုစံလေးတွေကနေ နည်းနည်း ဆန်းသစ်အောင် Orchestra တီးမယ့်ဆရာတွေက ပုံစံလေးတွေ ပြန်ပြောင်းမယ်’’ဟု ချမ်းချမ်းက ပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit : 7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top