ျမန္မာႏိုင္ငံ၏ နံပါတ္တစ္ အိမ္ျခံေျမ ေရာင္းဝယ္ငွား ဝဘ္ဆိုက္
×

ကားအေရာင္းစင္တာ ႏွင့္ အေရာင္းျပခန္းမ်ားမွ အပ္ကုန္ စနစ္ျဖင့္ တင္သြင္းထားၿပီး ယခုႏွစ္တြင္ ပါမစ္အၿပီးသတ္ ေလွ်ာက္ထားရန္ အစီးေရ၁၀,၀၀၀ေက်ာ္ က်န္ရွိေနေၾကာင္း စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီး ဌာနမွ သတင္းရရွိသည္။

ၿပီးခဲ့သည့္ ၾသဂုတ္က ထုတ္ျပန္သည့္ စာရင္းတြင္ အစီးေရ ၃,၀၀၀ ေက်ာ္ က်န္ရွိသည္ဟု ထုတ္ျပန္ထားေသာ္လည္း စက္ တင္ဘာလကုန္၌ ထုတ္ျပန္ခ်က္ မ်ားအရ အစီးေရ ၁၀,၀၀၀ ေက်ာ္က်န္ရွိေနေၾကာင္း ေဖာ္ျပထား ျခင္းျဖစ္သည္။

ထုိ႔ေၾကာင့္ အဆိုပါကားမ်ား ကို ယခုႏွစ္အတြင္း လိုင္စင္ဝင္ႏိုင္ ရန္ လိုအပ္ၿပီး လိုင္စင္မဝင္ပါကဖ်က္သိမ္းစာရင္း ဝင္မည္ျဖစ္ ေၾကာင္း သတ္မွတ္ထားသည္။

Consignment စနစ္ျဖင့္ ၁၁၂,၃၆၉ စီး တင္သြင္းရာတြင္  ယာဥ္အိုယာဥ္ေဟာင္း အစားထုိး ပါမစ္ျဖင့္ ၈၆,၀၇၉ စီး၊ ဖရီးပါမစ္ ျဖင့္ ၁၉,၉၃၃ စီး၊ ကား အသစ္ တင္သြင္းခြင့္ ပါမစ္ျဖင့္ ၆,၀၀၀ ေက်ာ္ တင္သြင္းၿပီးျဖစ္ေၾကာင္း စီးပြားေရးႏွင့္ ကူးသန္း ေရာင္းဝယ္ေရးဝန္ႀကီးဌာနက ထုတ္ျပန္ထား သည္။

၂၀၁၅ တြင္ အပ္ကုန္စနစ္ (Consignment)ျဖင့္ တင္သြင္း လာေသာ ယာဥ္အားလံုး ၂၀၁၆ ဒီဇင္ဘာလ၌ ေနာက္ဆံုးထားၿပီး ေမာ္ေတာ္ယာဥ္ မွတ္ပံုတင္ ျပဳ လုပ္ရမည္ျဖစ္ေၾကာင္း ကညနက သတ္မွတ္ထားသည္။

Consignment ျဖင့္ တင္ သြင္းလာသည့္ ကားမ်ားထဲမွ အခ်ဳိ႕ကားမ်ားသည္ ကားအေရာင္း ျပခန္းမ်ား ဖ်က္သိမ္းရန္ တင္ျပ ထားသည့္ အေရာင္းျပခန္းမ်ား ပါဝင္ေသာေၾကာင့္ ေမာ္ေတာ္ ယာဥ္ တင္သြင္းမႈဆိုင္ရာ ႀကီး ၾကပ္မႈေကာ္မတီက အဆိုပါကိစၥ ရပ္ကို ကိုင္တြယ္ေျဖရွင္းရမည္ ျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

ကားအရောင်းစင်တာ နှင့် အရောင်းပြခန်းများမှ အပ်ကုန် စနစ်ဖြင့် တင်သွင်းထားပြီး ယခုနှစ်တွင် ပါမစ်အပြီးသတ် လျှောက်ထားရန် အစီးရေ၁၀,၀၀၀ကျော် ကျန်ရှိနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနမှ သတင်းရရှိသည်။

ပြီးခဲ့သည့် သြဂုတ်က ထုတ်ပြန်သည့် စာရင်းတွင် အစီးရေ ၃,၀၀၀ ကျော် ကျန်ရှိသည်ဟု ထုတ်ပြန်ထားသော်လည်း စက် တင်ဘာလကုန်၌ ထုတ်ပြန်ချက် များအရ အစီးရေ ၁၀,၀၀၀ ကျော်ကျန်ရှိနေကြောင်း ဖော်ပြထား ခြင်းဖြစ်သည်။

ထို့ကြောင့် အဆိုပါကားများ ကို ယခုနှစ်အတွင်း လိုင်စင်ဝင်နိုင် ရန် လိုအပ်ပြီး လိုင်စင်မဝင်ပါကဖျက်သိမ်းစာရင်း ဝင်မည်ဖြစ် ကြောင်း သတ်မှတ်ထားသည်။

Consignment စနစ်ဖြင့် ၁၁၂,၃၆၉ စီး တင်သွင်းရာတွင်  ယာဉ်အိုယာဉ်ဟောင်း အစားထိုး ပါမစ်ဖြင့် ၈၆,၀၇၉ စီး၊ ဖရီးပါမစ် ဖြင့် ၁၉,၉၃၃ စီး၊ ကား အသစ် တင်သွင်းခွင့် ပါမစ်ဖြင့် ၆,၀၀၀ ကျော် တင်သွင်းပြီးဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထား သည်။

၂၀၁၅ တွင် အပ်ကုန်စနစ် (Consignment)ဖြင့် တင်သွင်း လာသော ယာဉ်အားလုံး ၂၀၁၆ ဒီဇင်ဘာလ၌ နောက်ဆုံးထားပြီး မော်တော်ယာဉ် မှတ်ပုံတင် ပြု လုပ်ရမည်ဖြစ်ကြောင်း ကညနက သတ်မှတ်ထားသည်။

Consignment ဖြင့် တင် သွင်းလာသည့် ကားများထဲမှ အချို့ကားများသည် ကားအရောင်း ပြခန်းများ ဖျက်သိမ်းရန် တင်ပြ ထားသည့် အရောင်းပြခန်းများ ပါဝင်သောကြောင့် မော်တော် ယာဉ် တင်သွင်းမှုဆိုင်ရာ ကြီး ကြပ်မှုကော်မတီက အဆိုပါကိစ္စ ရပ်ကို ကိုင်တွယ်ဖြေရှင်းရမည် ဖြစ်သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top