Kantharyar Centre
×

ထုိင္းႏုိင္ငံဘန္ေကာက္ ၿမိဳ႕ ဧရာဝဏ္ေလးမ်က္ႏွာနတ္ ကြန္းဗံုးေပါက္ကြဲမႈႏွင့္ပတ္သက္ သည့္ သံသယရွိသူ ျမန္မာႏိုင္ငံ သားတစ္ဦးကို မဲေဆာက္ၿမိဳ႕တြင္ ထုိင္းရဲတပ္ဖြဲ႕က ဖမ္းဆီးထား ေၾကာင္း သတင္းရရွိသည္။

ထုိင္းႏိုင္ငံ မဲေဆာက္ၿမိဳ႕ရွိ အိမ္အမွတ္ ၁၉/၂ အိမ္ရွင္အား လူကုန္ကူးမႈ၊ ပတ္စ္ပို႔လက္မွတ္ မ်ားအတုျပဳလုပ္ေနမႈႏွင့္ပတ္ သက္၍ ထုိင္းစစ္တပ္ႏွင့္ရဲတပ္ဖြဲ႕ တို႔က ေအာက္တိုဘာ ၆ ရက္တြင္ ဝင္ေရာက္ဖမ္းဆီးရာ အိမ္ရွင္အား ဖမ္းဆီးမိျခင္းမရွိဘဲ ယင္း အိမ္၌ တရားမဝင္ေနထုိင္ေသာ ျမန္မာႏိုင္ငံသားအမ်ိဳးသားတစ္ဦး ႏွင့္ အမ်ိဳးသမီးႏွစ္ဦးတို႔ ဖမ္းဆီးခံ ခဲ့ရသည္။

ဖမ္းဆီးခံရသူမ်ားအနက္ အ မ်ိဳးသမီးႏွစ္ဦးအား တရားမဝင္ေန ထုိင္မႈျဖင့္ ဖမ္းဆီးထားၿပီး အ သက္(၄၃)ႏွစ္အရြယ္ ေက်ာ္သီဟ အား စစ္ေဆးရာတြင္ ဧရာဝဏ္ ေလးမ်က္ႏွာနတ္ကြန္းဗံုးေပါက္ ကြဲမႈႏွင့္ ဆက္ႏႊယ္ေနသည့္အ ခ်က္အလက္မ်ားေတြ႕ရွိ၍ ဘန္ ေကာက္ၿမိဳ႕သို႔ ဖမ္းဆီးေခၚ ေဆာင္သြားေၾကာင္း မဲေဆာက္ ၿမိဳ႕အေျခစိုက္ Social Action for Women(SAW)အဖြဲ႕မွ တာဝန္ရွိ သူတစ္ဦးက ေျပာသည္။

‘‘အမ်ိဳးသမီးႏွစ္ဦးကိုေတာ့ မဲေဆာက္မွာပဲ ဖမ္းထားတယ္။ အမ်ိဳးသားကိုေတာ့ နတ္ကြန္းဗံုး ေပါက္တာနဲ႔ ပတ္သက္ၿပီး သံသ ယေတြ႕ရွိတယ္လို႔ သိရလို႔ ဘန္ေကာက္ေခၚသြားတယ္လို႔ သိ ရတယ္။ မဲေဆာက္က ထုိင္း သတင္းေထာက္ေတြကလည္း အဲဒီလိုမ်ိဳးေျပာတယ္’’ဟု ၎က ေျပာသည္။

၂၀၁၅ ၾသဂုတ္ ၁၇ ရက္တြင္ ဧရာဝဏ္ေလးမ်က္ႏွာနတ္ကြန္း ဗံုးေပါက္ကြဲမႈျဖစ္ပြားရာ လူ ၂၀ ဦး ေသဆံုးခဲ့ၿပီး ၁၂၅ ဦး ဒဏ္ရာရရွိ ခဲ့သည္။ ယင္းဗံုးေပါက္ကြဲမႈႏွင့္ ပတ္သက္၍ သံသယရွိသူႏွစ္ဦး ကို ထုိင္းရဲတပ္ဖြဲ႕က ဖမ္းဆီးထား သည္။

‘‘မဲေဆာက္မွာ အဖမ္းခံရ တာလို႔ေျပာတယ္။ ဘာသာျခား ႏွစ္ေယာက္ပါတယ္လို႔ သိရ တယ္။ အဲဒီထဲက တစ္ေယာက္က ေလးမ်က္ႏွာ နတ္ကြန္းဗံုးေပါက္ တာနဲ႔ ဆက္ႏႊယ္ေနတယ္လို႔သိရ တယ္။ ဖမ္းဆီးခံရလို႔ စစ္ေဆး ေတာ့မွ ဆက္ႏႊြယ္ေနတာသိရ တယ္ဆိုေတာ့ သံသယျဖစ္စရာရွိ တယ္။ တကယ္ဟုတ္၊ မဟုတ္ဆို တာေတာ့ ေသခ်ာေစာင့္ၾကည့္ရ မွာျဖစ္တယ္။ ျမန္မာသံ႐ံုးအေနနဲ႔ လည္း ဒါကို ဂ႐ုစိုက္ၿပီး ေစာင့္ ၾကည့္ေစခ်င္တယ္။ တကယ္ ဟုတ္၊ မဟုတ္ ျမန္မာလို႔ နာမည္ အတပ္ခံရတာနဲ႔ကို ႏိုင္ငံက သိကၡာက်ေနၿပီ’’ဟု ထုိင္းႏိုင္ငံေရာက္ ျမန္မာလုပ္သားမ်ားအေရး ကူညီေပးေနေသာ ထုိင္းႏိုင္ငံေရာက္ ျမန္မာႏိုင္ငံသားမ်ားအဖြဲ႕ MAT ဒါ႐ိုက္တာ ဦးေက်ာ္ေသာင္းက ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
ထိုင်းနိုင်ငံဘန်ကောက် မြို့ ဧရာဝဏ်လေးမျက်နှာနတ် ကွန်းဗုံးပေါက်ကွဲမှုနှင့်ပတ်သက် သည့် သံသယရှိသူ မြန်မာနိုင်ငံ သားတစ်ဦးကို မဲဆောက်မြို့တွင် ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးထား ကြောင်း သတင်းရရှိသည်။

ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ အိမ်အမှတ် ၁၉/၂ အိမ်ရှင်အား လူကုန်ကူးမှု၊ ပတ်စ်ပို့လက်မှတ် များအတုပြုလုပ်နေမှုနှင့်ပတ် သက်၍ ထိုင်းစစ်တပ်နှင့်ရဲတပ်ဖွဲ့ တို့က အောက်တိုဘာ ၆ ရက်တွင် ဝင်ရောက်ဖမ်းဆီးရာ အိမ်ရှင်အား ဖမ်းဆီးမိခြင်းမရှိဘဲ ယင်း အိမ်၌ တရားမဝင်နေထိုင်သော မြန်မာနိုင်ငံသားအမျိုးသားတစ်ဦး နှင့် အမျိုးသမီးနှစ်ဦးတို့ ဖမ်းဆီးခံ ခဲ့ရသည်။

ဖမ်းဆီးခံရသူများအနက် အ မျိုးသမီးနှစ်ဦးအား တရားမဝင်နေ ထိုင်မှုဖြင့် ဖမ်းဆီးထားပြီး အ သက်(၄၃)နှစ်အရွယ် ကျော်သီဟ အား စစ်ဆေးရာတွင် ဧရာဝဏ် လေးမျက်နှာနတ်ကွန်းဗုံးပေါက် ကွဲမှုနှင့် ဆက်နွှယ်နေသည့်အ ချက်အလက်များတွေ့ရှိ၍ ဘန် ကောက်မြို့သို့ ဖမ်းဆီးခေါ် ဆောင်သွားကြောင်း မဲဆောက် မြို့အခြေစိုက် Social Action for Women(SAW)အဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။

‘‘အမျိုးသမီးနှစ်ဦးကိုတော့ မဲဆောက်မှာပဲ ဖမ်းထားတယ်။ အမျိုးသားကိုတော့ နတ်ကွန်းဗုံး ပေါက်တာနဲ့ ပတ်သက်ပြီး သံသ ယတွေ့ရှိတယ်လို့ သိရလို့ ဘန်ကောက်ခေါ်သွားတယ်လို့ သိ ရတယ်။ မဲဆောက်က ထိုင်း သတင်းထောက်တွေကလည်း အဲဒီလိုမျိုးပြောတယ်’’ဟု ၎င်းက ပြောသည်။

၂၀၁၅ သြဂုတ် ၁၇ ရက်တွင် ဧရာဝဏ်လေးမျက်နှာနတ်ကွန်း ဗုံးပေါက်ကွဲမှုဖြစ်ပွားရာ လူ ၂၀ ဦး သေဆုံးခဲ့ပြီး ၁၂၅ ဦး ဒဏ်ရာရရှိ ခဲ့သည်။ ယင်းဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ သံသယရှိသူနှစ်ဦး ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးထား သည်။

‘‘မဲဆောက်မှာ အဖမ်းခံရ တာလို့ပြောတယ်။ ဘာသာခြား နှစ်ယောက်ပါတယ်လို့ သိရ တယ်။ အဲဒီထဲက တစ်ယောက်က လေးမျက်နှာ နတ်ကွန်းဗုံးပေါက် တာနဲ့ ဆက်နွှယ်နေတယ်လို့သိရ တယ်။ ဖမ်းဆီးခံရလို့ စစ်ဆေး တော့မှ ဆက်နွှွယ်နေတာသိရ တယ်ဆိုတော့ သံသယဖြစ်စရာရှိ တယ်။ တကယ်ဟုတ်၊ မဟုတ်ဆို တာတော့ သေချာစောင့်ကြည့်ရ မှာဖြစ်တယ်။ မြန်မာသံရုံးအနေနဲ့ လည်း ဒါကို ဂရုစိုက်ပြီး စောင့် ကြည့်စေချင်တယ်။ တကယ် ဟုတ်၊ မဟုတ် မြန်မာလို့ နာမည် အတပ်ခံရတာနဲ့ကို နိုင်ငံက သိက္ခာကျနေပြီ’’ဟု ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများအရေး ကူညီပေးနေသော ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT ဒါရိုက်တာ ဦးကျော်သောင်းက ပြောသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily

 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top