Property Expo
×

ဂီတဟာ လူတစ္ေယာက္ကုိ ၀မ္းနည္းသြားေစတတ္သလို၊ ေပ်ာ္ရႊင္မႈကိုလည္း ခံစားေစတတ္ေၾကာင္းအားလံုးသိျပီးျဖစ္မွာပါ။ ေအာက္ပါ ေဖာ္ျပထားတဲ့ သံစဥ္ေတးသြားကို နားဆင္ျပီး ဘယ္စိတ္ခံစားခ်က္ျဖစ္ေပၚေစသလဲ စူးစမ္းၾကည့္ပါ။ ဒီဂီတသံစဥ္ေလးဟာ သင့္ကို ေၾကာက္စိတ္ သုိ႔မဟုတ္ စိုးရိမ္စိတ္ျဖစ္ေစသလား။ ဒါမွမဟုတ္ သံစဥ္ေတြက မ်က္ရည္ တကယ္ဝဲေစသလား။ တကယ္လုိ႔ တနင့္နင့္ခံစားေစလုိ႔ ဝမ္းနည္းျပီး ငိုခ်င္စိတ္ျဖစ္လာရင္လည္း ရွက္စရာမဟုတ္ပါဘူး။

သုေတသီေတြ အေနနဲ႔ Discovery of the Camp အမည္ရ ဒီဂီတတူရိယာသံစဥ္ကို ဝမ္းနည္းစိတ္လႈံ႔ေဆာ္ျဖစ္ေပၚေစမႈ စမ္းသပ္ေတးသီခ်င္းေတြထဲမွာ ထည့္သြင္းအသုံးျပဳခဲ့ပါတယ္။ ေနာက္ဆုံး ေလ့လာမႈအဆင့္မွာ ေတးလုံးအေပၚ ခံစားခ်က္တုံ႔ျပန္ျဖစ္ေပၚမႈက စာနာမႈအမွတ္လကၡဏာ၊ စိတ္ခံစားခ်က္ကူးစက္ျဖစ္ေပၚမႈေတြနဲ႔ ဆက္စပ္ေၾကာင္း ေဖာ္ျပထားပါတယ္။

သုေတသနပညာရွင္ေတြက အသက္ ၁၈ နဲ႔ ၆၇ ၾကား လူ ၁၀၂ ကို ဂီတသံစဥ္ေတြ သူတို႔စိတ္ခံစားခ်က္ဘယ္လိုရွိတယ္၊ ဘယ္ပုံဘယ္နည္း အက်ဳိးသက္ေရာက္ေစသလဲဆုိတဲ့ ေမးျမန္းခ်က္ေတြ မေျဖၾကားခင္ Discovery of the Camp သီခ်င္းကို အရင္နားေထာင္ခိုင္းပါတယ္။ သူတို႔ေျဖၾကားမႈေတြေပၚအေျခခံျပီး သုေတသီေတြက စမ္းသပ္ခံသူေတြကို အုပ္စု ၃ ခု ခြဲလုိက္ပါတယ္။ ဝမ္းနည္းမႈေလွ်ာ့ခ်သြားခဲ့တဲ့အဖြဲ႕၊ စိုးရိမ္စိတ္ခံစားရတဲ့အဖြဲ႕၊ ဝမ္းနည္းမႈကို အျပင္းအထန္ကို ခံစားခဲ့ရတဲ့အဖြဲ႕ဆုိျပီးေတာ့ ခြဲလိုက္တာပါ။

ေနာက္ဆုံးမွာေတာ့ ဒီဂီတသံစဥ္နားေထာင္ေနခ်ိန္အတြင္း ဝမ္းနည္းစိတ္အျပင္းအထန္တုံ႔ျပန္ျဖစ္ေပၚတဲ့သူေတြဟာ ဝမ္းနည္းမႈေလွ်ာ့က်သူေတြ သုိ႔မဟုတ္ စုိးရိမ္စိတ္ခံစားရရိွသူေတြထက္ စာနာစိတ္၊ မွ်ေဝခံစားတတ္တဲ့စိတ္ ပိုမ်ားေၾကာင္း ေလ့လာေတြ႔ရိွခဲ့ပါတယ္။

ကဲ သင္ကေရာ ဘယ္လိုလူမ်ိဳးျဖစ္မလဲဆုိတာ သီခ်င္းေလးနားေထာင္ရင္း ဆံုးျဖတ္ၾကည့္လိုက္ပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Trend Myanmar

#Unicode Version
ဂီတဟာ လူတစ်ယောက်ကို ဝမ်းနည်းသွားစေတတ်သလို၊ ပျော်ရွှင်မှုကိုလည်း ခံစားစေတတ်ကြောင်းအားလုံးသိပြီးဖြစ်မှာပါ။ အောက်ပါ ဖော်ပြထားတဲ့ သံစဉ်တေးသွားကို နားဆင်ပြီး ဘယ်စိတ်ခံစားချက်ဖြစ်ပေါ်စေသလဲ စူးစမ်းကြည့်ပါ။ ဒီဂီတသံစဉ်လေးဟာ သင့်ကို ကြောက်စိတ် သို့မဟုတ် စိုးရိမ်စိတ်ဖြစ်စေသလား။ ဒါမှမဟုတ် သံစဉ်တွေက မျက်ရည် တကယ်ဝဲစေသလား။ တကယ်လို့ တနင့်နင့်ခံစားစေလို့ ဝမ်းနည်းပြီး ငိုချင်စိတ်ဖြစ်လာရင်လည်း ရှက်စရာမဟုတ်ပါဘူး။

သုတေသီတွေ အနေနဲ့ Discovery of the Camp အမည်ရ ဒီဂီတတူရိယာသံစဉ်ကို ဝမ်းနည်းစိတ်လှုံ့ဆော်ဖြစ်ပေါ်စေမှု စမ်းသပ်တေးသီချင်းတွေထဲမှာ ထည့်သွင်းအသုံးပြုခဲ့ပါတယ်။ နောက်ဆုံး လေ့လာမှုအဆင့်မှာ တေးလုံးအပေါ် ခံစားချက်တုံ့ပြန်ဖြစ်ပေါ်မှုက စာနာမှုအမှတ်လက္ခဏာ၊ စိတ်ခံစားချက်ကူးစက်ဖြစ်ပေါ်မှုတွေနဲ့ ဆက်စပ်ကြောင်း ဖော်ပြထားပါတယ်။

သုတေသနပညာရှင်တွေက အသက် ၁၈ နဲ့ ၆၇ ကြား လူ ၁၀၂ ကို ဂီတသံစဉ်တွေ သူတို့စိတ်ခံစားချက်ဘယ်လိုရှိတယ်၊ ဘယ်ပုံဘယ်နည်း အကျိုးသက်ရောက်စေသလဲဆိုတဲ့ မေးမြန်းချက်တွေ မဖြေကြားခင် Discovery of the Camp သီချင်းကို အရင်နားထောင်ခိုင်းပါတယ်။ သူတို့ဖြေကြားမှုတွေပေါ်အခြေခံပြီး သုတေသီတွေက စမ်းသပ်ခံသူတွေကို အုပ်စု ၃ ခု ခွဲလိုက်ပါတယ်။ ဝမ်းနည်းမှုလျှော့ချသွားခဲ့တဲ့အဖွဲ့၊ စိုးရိမ်စိတ်ခံစားရတဲ့အဖွဲ့၊ ဝမ်းနည်းမှုကို အပြင်းအထန်ကို ခံစားခဲ့ရတဲ့အဖွဲ့ဆိုပြီးတော့ ခွဲလိုက်တာပါ။

နောက်ဆုံးမှာတော့ ဒီဂီတသံစဉ်နားထောင်နေချိန်အတွင်း ဝမ်းနည်းစိတ်အပြင်းအထန်တုံ့ပြန်ဖြစ်ပေါ်တဲ့သူတွေဟာ ဝမ်းနည်းမှုလျှော့ကျသူတွေ သို့မဟုတ် စိုးရိမ်စိတ်ခံစားရရှိသူတွေထက် စာနာစိတ်၊ မျှဝေခံစားတတ်တဲ့စိတ် ပိုများကြောင်း လေ့လာတွေ့ရှိခဲ့ပါတယ်။

ကဲ သင်ကရော ဘယ်လိုလူမျိုးဖြစ်မလဲဆိုတာ သီချင်းလေးနားထောင်ရင်း ဆုံးဖြတ်ကြည့်လိုက်ပါ။


ဖိုးသူတော် (www.phothutaw.com)
Credit:Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top