Property Expo
×




Unicode Version

လူနာရဲ့ ဦးခေါင်းကို တစ်ဖက်သို့ လှည့်ပေးပါ။ ပြီးရင် မေးစေ့ကို အပေါ်မြှင့်ပေးပါ။ မေးစေ့ အပေါ်မြင့်တက်တဲ့ အနေအထားရောက်တာနဲ့ ခေါင်းကို ဘယ်ညာရမ်းပေးပါ။ လက်ချောင်းနှစ်ချောင်းကို ချိတ်ပုံစံကွေးပြီး လူနာရဲ့ လျှာအပေါ်ပိုင်း ပါးစပ်ပေါက်ထဲကို သွင်းပြီး မတော်တဆဝင်နေတဲ့ အညစ်အကြေးနဲ့ အမှုန်အမွှားတွေ ခြစ်ထုတ်ပေးပါ။ အဲဒီလိုလုပ်တဲ့နေရာမှာ အချိန်မကြာစေပဲ လျင်မြန်စွာ ပြုလုပ်ပါ။မိမိအနေနဲ့ လိုအပ်သလို ပြုစုပြီးသွားပြီးဆိုရင် လူနာရဲ့ အသက်ရှူပုံကို လေ့လာပါ။ လူနာရဲ့ သွေးခုန်နှုန်းကို စမ်းသပ်ပါ။



အကယ်၍ လူနာက အသက်မရှူနိုင်ပဲ ဖြစ်နေတယ်ဆိုရင် ပါးစပ်ချင်းတေ့ပြီး အဆုပ်အတွင်းကို လေရောက်ရှိစေခြင်းဖြင့် အသက်ရှူနိုင်အောင် စီစဉ်ပေးပါ။အကယ်၍ လူနာက အသက်လည်းမရှူ၊ သွေးလည်း မခုန်တော့ဘူးဆိုရင် ပါးစပ်ချင်းတေ့ပြီး လေရောက်စေခြင်းအပြင် လူနာရဲ့ ရင်ဘတ်ကို အပေါ်ကနေ လက်နဲ့ မြန်မြန်ဖိပေးပြီး အသက်ပြန်ရှူလာအောင် ပြုလုပ်ပေးပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: ဦးသိန်းအောင်လှိုင် (ဆေးပညာ)
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top