Property Expo
×


လက္ကိုင္ဖုန္းေတြနဲ႔ သူတို႔ရဲ႕ ေရာင္ျခည္ျဖာထြက္မႈေတြ ကို ေၾကာက္ၾကေပမယ့္ အမ်ားစုက ဖုန္းေတြကို ဂ်င္းေဘာင္းဘီေတြထဲမွာ ထည့္ၾကတုန္းပါပဲ။ ဒါက သယ္ရလြယ္ကူ အဆင္ေျပၿပီး သိသာတဲ့ဆိုးက်ိဳးေတြကို မျမင္ရေသးလို႔ပဲျဖစ္ပါတယ္။

ဒါေပမယ့္ ေလ့လာမႈအသစ္တစ္ခုကေတာ့ အမ်ိဳးသားေတြက ေဘာင္းဘီအိတ္အစား အျခားဖုန္းထည့္ႏိုင္မယ့္ေနရာကို ရွာထားသင့္တယ္လို႔ဆိုပါတယ္။ ေလ့လာမႈ ၂၁ ခုကို ျပန္လည္သံုးသပ္ၾကည့္တဲ့အခါ အခ်ိန္အေတာ္ၾကာ အမ်ိဳးသားလိင္အဂၤါနဲ႔နီးနီး ဖုန္းကိုထည့္ေလ့ရွိသူေတြမွာ တျဖည္းျဖည္းနဲ႔ သုတ္ပိုးထုတ္ႏိုင္တဲ့အေရအတြက္ က်ဆင္းလာပါတယ္။ အသက္ရွင္လာတဲ့ သုတ္ပိုးေတြကလည္း DNA ပ်က္စီးမႈေတြရွိေနႏိုင္တယ္လို႔ သံုးသပ္ထားပါတယ္။

သိပၸံပညာရွင္ေတြအေနနဲ႔ ဒီေရာင္ျခည္ေတြက ခႏၶာကိုယ္ကို ဘယ္လုိသက္ေရာက္မႈရွိေနတယ္ဆိုတာကို ေသခ်ာရွင္းျပႏိုင္မယ့္ နည္းလမ္းမရွိေသးပါဘူး။ ၾသစေၾတးလ်တကၠသိုလ္တစ္ခုက သံုးသပ္ခ်က္ကေတာ့ ျဖစ္စဥ္နဲ႔ ျဖစ္ႏိုင္တဲ့အေၾကာင္းအရာေတြကို ေလ့လာထားတဲ့ သက္ေသေတြကို စုေဆာင္းထားပါတယ္။ ကမၻာေပၚမွာ အမ်ိဳးသား ၁၄ % က မ်ိဳးမပြားႏိုင္တဲ့ ျပသနာကိုရင္ဆိုင္ေနရလို႔ ဖုန္းဘယ္ေနရာမွာထားတယ္ဆိုတာက အေရးႀကီးတယ္လို႔ သတိေပးထားပါတယ္။

RF-EMR ( radio frequency electromagnetic radiation) က အမ်ိဳးသားေတြရဲ႔ သုတ္ပိုးထုတ္ႏိုင္စြမ္းကို ပ်က္စီးေစပါတယ္။ ဒီပ်က္စီးမႈက သုတ္ပိုးေတြရဲ႔ လႈပ္ရွားႏိုင္မႈနဲ႔ အသက္ရွင္သန္ႏိုင္မႈကို ပ်က္စီးေစႏိုင္သလို DNA နဲ႔ ROS (reactive oxygen species) ပ်က္စီးမႈကိုလည္း ျဖစ္ေစပါတယ္။ ေလ့လာမႈ ၂၇ ခုအနက္ ၂၁ ခုက လက္ကိုင္ဖုန္းကထြက္တဲ့ ေရာင္ျခည္နဲ႔ သုတ္ပိုးပ်က္စီးမႈ ဆက္စပ္တယ္လို႔ ေဖာ္ျပပါတယ္။

လက္ကိုင္ဖုန္းနဲ႔ ထိေတြ႔မႈက သုတ္ပိုးလႈပ္ရွားႏိုင္မႈကို ၈%ေလ်ာ့က်ေစၿပီး အသက္ရွင္သန္ႏုိင္မႈကို ၉% ေလ်ာ့က်ေစပါတယ္။ သုတ္ပိုးပါဝင္မႈ အေပၚအက်ိဳးသက္ေရာက္မႈကေတာ့ ပိုၿပီးရႈပ္ေထြးပါတယ္။ ဒါေၾကာင့္ ဖုန္းေတြကို ေဘာင္းဘီအိတ္ထဲမွာ ဆက္ၿပီးထည့္ေနျခင္းက DNA ပ်က္စီးေနတဲ့ သုတ္ပိုးေတြန႔ဲ သေႏၶသားျဖစ္တည္လာႏိုင္တဲ့ အနာဂတ္ က်န္းမာေရးျပသနာတစ္ခုျဖစ္လာႏိုင္ေခ်ကို လ်စ္လွ်ဴလွ်ဳထားျခင္းပဲျဖစ္ပါတယ္။

၂၀၁၁ ခုႏွစ္မွာ ကမၻာ့က်န္းမာေရးအဖြဲ႔အစည္းက လက္ကိုင္ဖုန္းကထြက္တဲ့ ေရာင္ျခည္ကို အဆင့္ 2B ကင္ဆာျဖစ္ေစတဲ့အရာအျဖစ္ သတ္မွတ္ခဲ့ပါတယ္။ ဒါက ဖုန္းက ခႏၶာကိုယ္ကို ထိခိုက္ေစႏိုင္တယ္ဆိုတာကို အသိအမွတ္ျပဳလိုက္တဲ့ ပထမဆံုးအရာပဲျဖစ္ပါတယ္။ သို႔ေသာ္လည္း ေလ့လာမႈေတြအရသာ လက္ကိုင္ဖုန္း ေရာင္ျခည္ေတြနဲ႔ သုတ္ပိုးေတြပ်က္စီးမႈၾကားမွာ ဆက္စပ္မႈရွိတယ္လို႔ဆိုေနၾကေပမယ့္ သုေတသနေတြနဲ႔ တိက်တဲ့ ေတြ႔ရွိခ်က္ေတြေတာ့ မရွိေသးပါဘူး။

ဒီသံုးသပ္မႈအရ ေသခ်ာတာတစ္ခုကေတာ့ အမ်ိဳးသားေတြဟာ လက္ကိုင္ဖုန္းေတြကို သူတို႔ရဲ႕ လိင္အဂၤါနဲ႔ နီးနီးမထားသင့္ပါဘူး။ ေရာင္ျခည္ဒဏ္ပိုခံရေလ သုတ္ပိုးပ်က္စီးမႈမ်ားေလေလပါပဲ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Drmyanmar


Unicode Version

 လက်ကိုင်ဖုန်းတွေနဲ့ သူတို့ရဲ့ ရောင်ခြည်ဖြာထွက်မှုတွေ ကို ကြောက်ကြပေမယ့် အများစုက ဖုန်းတွေကို ဂျင်းဘောင်းဘီတွေထဲမှာ ထည့်ကြတုန်းပါပဲ။ ဒါက သယ်ရလွယ်ကူ အဆင်ပြေပြီး သိသာတဲ့ဆိုးကျိုးတွေကို မမြင်ရသေးလို့ပဲဖြစ်ပါတယ်။

ဒါပေမယ့် လေ့လာမှုအသစ်တစ်ခုကတော့ အမျိုးသားတွေက ဘောင်းဘီအိတ်အစား အခြားဖုန်းထည့်နိုင်မယ့်နေရာကို ရှာထားသင့်တယ်လို့ဆိုပါတယ်။ လေ့လာမှု ၂၁ ခုကို ပြန်လည်သုံးသပ်ကြည့်တဲ့အခါ အချိန်အတော်ကြာ အမျိုးသားလိင်အင်္ဂါနဲ့နီးနီး ဖုန်းကိုထည့်လေ့ရှိသူတွေမှာ တဖြည်းဖြည်းနဲ့ သုတ်ပိုးထုတ်နိုင်တဲ့အရေအတွက် ကျဆင်းလာပါတယ်။ အသက်ရှင်လာတဲ့ သုတ်ပိုးတွေကလည်း DNA ပျက်စီးမှုတွေရှိနေနိုင်တယ်လို့ သုံးသပ်ထားပါတယ်။

သိပ္ပံပညာရှင်တွေအနေနဲ့ ဒီရောင်ခြည်တွေက ခန္ဓာကိုယ်ကို ဘယ်လိုသက်ရောက်မှုရှိနေတယ်ဆိုတာကို သေချာရှင်းပြနိုင်မယ့် နည်းလမ်းမရှိသေးပါဘူး။ သြစတြေးလျတက္ကသိုလ်တစ်ခုက သုံးသပ်ချက်ကတော့ ဖြစ်စဉ်နဲ့ ဖြစ်နိုင်တဲ့အကြောင်းအရာတွေကို လေ့လာထားတဲ့ သက်သေတွေကို စုဆောင်းထားပါတယ်။ ကမ္ဘာပေါ်မှာ အမျိုးသား ၁၄ % က မျိုးမပွားနိုင်တဲ့ ပြသနာကိုရင်ဆိုင်နေရလို့ ဖုန်းဘယ်နေရာမှာထားတယ်ဆိုတာက အရေးကြီးတယ်လို့ သတိပေးထားပါတယ်။

RF-EMR ( radio frequency electromagnetic radiation) က အမျိုးသားတွေရဲ့ သုတ်ပိုးထုတ်နိုင်စွမ်းကို ပျက်စီးစေပါတယ်။ ဒီပျက်စီးမှုက သုတ်ပိုးတွေရဲ့ လှုပ်ရှားနိုင်မှုနဲ့ အသက်ရှင်သန်နိုင်မှုကို ပျက်စီးစေနိုင်သလို DNA နဲ့ ROS (reactive oxygen species) ပျက်စီးမှုကိုလည်း ဖြစ်စေပါတယ်။ လေ့လာမှု ၂၇ ခုအနက် ၂၁ ခုက လက်ကိုင်ဖုန်းကထွက်တဲ့ ရောင်ခြည်နဲ့ သုတ်ပိုးပျက်စီးမှု ဆက်စပ်တယ်လို့ ဖော်ပြပါတယ်။

လက်ကိုင်ဖုန်းနဲ့ ထိတွေ့မှုက သုတ်ပိုးလှုပ်ရှားနိုင်မှုကို ၈%လျော့ကျစေပြီး အသက်ရှင်သန်နိုင်မှုကို ၉% လျော့ကျစေပါတယ်။ သုတ်ပိုးပါဝင်မှု အပေါ်အကျိုးသက်ရောက်မှုကတော့ ပိုပြီးရှုပ်ထွေးပါတယ်။ ဒါကြောင့် ဖုန်းတွေကို ဘောင်းဘီအိတ်ထဲမှာ ဆက်ပြီးထည့်နေခြင်းက DNA ပျက်စီးနေတဲ့ သုတ်ပိုးတွေနဲ့ သန္ဓေသားဖြစ်တည်လာနိုင်တဲ့ အနာဂတ် ကျန်းမာရေးပြသနာတစ်ခုဖြစ်လာနိုင်ချေကို လျစ်လျှူလျှုထားခြင်းပဲဖြစ်ပါတယ်။

၂၀၁၁ ခုနှစ်မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက လက်ကိုင်ဖုန်းကထွက်တဲ့ ရောင်ခြည်ကို အဆင့် 2B ကင်ဆာဖြစ်စေတဲ့အရာအဖြစ် သတ်မှတ်ခဲ့ပါတယ်။ ဒါက ဖုန်းက ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်တယ်ဆိုတာကို အသိအမှတ်ပြုလိုက်တဲ့ ပထမဆုံးအရာပဲဖြစ်ပါတယ်။ သို့သော်လည်း လေ့လာမှုတွေအရသာ လက်ကိုင်ဖုန်း ရောင်ခြည်တွေနဲ့ သုတ်ပိုးတွေပျက်စီးမှုကြားမှာ ဆက်စပ်မှုရှိတယ်လို့ဆိုနေကြပေမယ့် သုတေသနတွေနဲ့ တိကျတဲ့ တွေ့ရှိချက်တွေတော့ မရှိသေးပါဘူး။

ဒီသုံးသပ်မှုအရ သေချာတာတစ်ခုကတော့ အမျိုးသားတွေဟာ လက်ကိုင်ဖုန်းတွေကို သူတို့ရဲ့ လိင်အင်္ဂါနဲ့ နီးနီးမထားသင့်ပါဘူး။ ရောင်ခြည်ဒဏ်ပိုခံရလေ သုတ်ပိုးပျက်စီးမှုများလေလေပါပဲ။

ဖိုးသူတော် (www.phothutaw.com)
Credit:Drmyanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top