Property Expo
×

အသက္ (၁၃) ႏွစ္အ ရြယ္ ေက်ာင္းသူမိန္းကေလးငယ္ တစ္ဦးကို ယာယီေက်ာင္းထိုင္ ဆရာေတာ္က  မဖြယ္မရာျပဳလုပ္ခဲ့သည္ဆုိကာ သက္ဆုိင္ရာ ရဲတပ္ဖဲြ႕စခန္းသို႔ မိခင္က လာေရာက္အမႈဖြင့္တိုင္ၾကားမႈတစ္ခု ေအာက္တိုဘာ ၂၁ ရက္ ညေနကျဖစ္ပြားခဲ့ေၾကာင္း သတင္းရရွိသည္။

မေကြးတိုင္း ေအာင္လံၿမိဳ႕ နယ္ ေက်ာက္ဆည္ေက်းရြာတြင္ ေအာက္တိုဘာ ၁၀ ရက္က အ သက္ (၁၃) ႏွစ္အရြယ္ရွိ မိန္းက ေလးငယ္သည္ ငိုလ်က္ေနအိမ္သို႔ ျပန္လာရာမွ မိခင္ကေမးျမန္းၾကည့္ ရာ အဆိုပါျဖစ္စဥ္ကို သိခဲ့ရျခင္း ျဖစ္ေၾကာင္း အပိုင္နယ္ေျမ ရဲတပ္ ဖဲြ႕စခန္းျဖစ္သည့္ ဒုရဂၤဗုိလ္ ရဲတပ္ ဖဲြ႕စခန္း မွတ္တမ္းတြင္ ေဖာ္ျပ ထားသည္။

‘‘ျဖစ္ပြားတဲ့ ဆရာေတာ္က ေက်ာင္းထိုင္မဟုတ္ဘူး။ေက်ာင္းေစာင့္ ယာယီေပါ့။ ဆရာေတာ္ ႀကီးေတြ မရွိတုန္းျဖစ္တာ။ ကေလးမေလးငိုၿပီး ျပန္လာလုိ႔ အေမျဖစ္သူက ေမးၾကည့္မွ သိရတာပါ။ ေဆြမ်ိဳးသားခ်င္းေတြ တုိင္ပင္ၿပီးမွ ေနာက္ထပ္ဒီလိုျဖစ္ရပ္မ်ိဳး ထပ္ျဖစ္မွာစိုးလို႔ အမႈတုိင္ ၾကတာ’’ဟု ေက်ာက္ဆည္ေက်း ရြာမွရပ္မိရပ္ဖတစ္ဦးက ေျပာသည္။

ေအာက္တိုဘာ ၁၀ ရက္ နံနက္က အဆုိပါေက်ာင္းသူ မိန္းကေလးငယ္သည္ သူငယ္ခ်င္းမ်ားႏွင့္အတူ အခင္းျဖစ္ပြားရာ ဘုန္းေတာ္ႀကီးေက်ာင္း၀င္း အ တြင္း ေဆာ့ကစားေနစဥ္ သက္ ေတာ္ (၃၀) ၀ါေတာ္ (၁၂) ၀ါရွိ ယာယီေက်ာင္းထိုင္ ဆရာေတာ္ က ဖုန္းေငြျဖည့္ကတ္ သြားေရာက္  ၀ယ္ခုိင္းၿပီးေနာက္ ေက်ာင္းေဆာင္ သုိ႔ တစ္ဦးတည္းသြားေရာက္ေပး အပ္ရာတြင္ မဖြယ္မရာ ျပဳလုပ္ခံခဲ့ရျခင္းျဖစ္သည္ဟု အဆုိပါ အမ်ိဳးသမီးငယ္၏ ေျပာျပခ်က္အ ရ သိရေၾကာင္း မွတ္တမ္းတြင္ ေဖာ္ျပထားသည္။

ထုိသို႔ ယာယီေက်ာင္းထိုင္ ဆရာေတာ္က မဖြယ္မရာျပဳလုပ္ ခဲ့သျဖင့္ ဆရာေတာ္၏ ညာဘက္ လက္ဖ်ံကုိ ပါးစပ္ျဖင့္ ကိုက္ကာ ထြက္ေျပးလာခဲ့ရေၾကာင္း ယင္း မွတ္တမ္းတြင္ ေဖာ္ျပထားသည္။

အျခား ဆရာေတာ္မ်ားက ေတာင္းပန္မႈ၊ ေဆြမ်ိဳးမကင္းသူ မ်ားျဖစ္ေနသျဖင့္ အျခားေဆြမ်ိဳး သားခ်င္းမ်ားႏွင့္ တိုင္ပင္ေနရျခင္း ေၾကာင့္ လာေရာက္ အမႈဖြင့္မႈ ေနာက္က်ေနရျခင္းျဖစ္ေၾကာင္း လည္း အဆိုပါ အမ်ိဳးသမီးငယ္၏ မိခင္၏ ေျပာျပခ်က္အရ သိရ သည္။

‘‘ဒီကိစၥက ရဲတပ္ဖြဲ႕အေနနဲ႔ၿမိဳ႕နယ္သံဃနာယကဆရာေတာ္ ႀကီးေတြထံ ေလွ်ာက္ထားၿပီးပါၿပီ။ ဆရာေတာ္ႀကီးေတြက အဆုိပါ ကိုယ္ေတာ္ကို သိကၡာလူဝတ္လဲ ေစဖို႔ ဆံုးျဖတ္ေပးၿပီးမွသာ ဆက္ လက္ ေဆာင္ရြက္ရမွာပါ’’ ဟု ေအာင္လံၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မွဴး႐ံုးမွ တာဝန္ရွိသူ ရဲအရာရွိ တစ္ဦးကေျပာသည္။

ထို႔ေၾကာင့္ အဆိုပါျဖစ္စဥ္ ကုိ ေအာင္လံၿမိဳ႕နယ္ ဒုရဂၤဗိုလ္ နယ္ေျမရဲတပ္ဖဲြ႕စခန္းတြင္ ရာဇ သတ္ႀကီးပုဒ္မ ၃၅၄ အရ အမႈဖြင့္ လွစ္ကာ စစ္ေဆးလ်က္ရွိေၾကာင္း သတင္းရရွိသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

အသက် (၁၃) နှစ်အ ရွယ် ကျောင်းသူမိန်းကလေးငယ် တစ်ဦးကို ယာယီကျောင်းထိုင် ဆရာတော်က  မဖွယ်မရာပြုလုပ်ခဲ့သည်ဆိုကာ သက်ဆိုင်ရာ ရဲတပ်ဖွဲ့စခန်းသို့ မိခင်က လာရောက်အမှုဖွင့်တိုင်ကြားမှုတစ်ခု အောက်တိုဘာ ၂၁ ရက် ညနေကဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

မကွေးတိုင်း အောင်လံမြို့ နယ် ကျောက်ဆည်ကျေးရွာတွင် အောက်တိုဘာ ၁၀ ရက်က အ သက် (၁၃) နှစ်အရွယ်ရှိ မိန်းက လေးငယ်သည် ငိုလျက်နေအိမ်သို့ ပြန်လာရာမှ မိခင်ကမေးမြန်းကြည့် ရာ အဆိုပါဖြစ်စဉ်ကို သိခဲ့ရခြင်း ဖြစ်ကြောင်း အပိုင်နယ်မြေ ရဲတပ် ဖွဲ့စခန်းဖြစ်သည့် ဒုရင်္ဂဗိုလ် ရဲတပ် ဖွဲ့စခန်း မှတ်တမ်းတွင် ဖော်ပြ ထားသည်။

‘‘ဖြစ်ပွားတဲ့ ဆရာတော်က ကျောင်းထိုင်မဟုတ်ဘူး။ကျောင်းစောင့် ယာယီပေါ့။ ဆရာတော် ကြီးတွေ မရှိတုန်းဖြစ်တာ။ ကလေးမလေးငိုပြီး ပြန်လာလို့ အမေဖြစ်သူက မေးကြည့်မှ သိရတာပါ။ ဆွေမျိုးသားချင်းတွေ တိုင်ပင်ပြီးမှ နောက်ထပ်ဒီလိုဖြစ်ရပ်မျိုး ထပ်ဖြစ်မှာစိုးလို့ အမှုတိုင် ကြတာ’’ဟု ကျောက်ဆည်ကျေး ရွာမှရပ်မိရပ်ဖတစ်ဦးက ပြောသည်။

အောက်တိုဘာ ၁၀ ရက် နံနက်က အဆိုပါကျောင်းသူ မိန်းကလေးငယ်သည် သူငယ်ချင်းများနှင့်အတူ အခင်းဖြစ်ပွားရာ ဘုန်းတော်ကြီးကျောင်းဝင်း အ တွင်း ဆော့ကစားနေစဉ် သက် တော် (၃၀) ဝါတော် (၁၂) ဝါရှိ ယာယီကျောင်းထိုင် ဆရာတော် က ဖုန်းငွေဖြည့်ကတ် သွားရောက်  ဝယ်ခိုင်းပြီးနောက် ကျောင်းဆောင် သို့ တစ်ဦးတည်းသွားရောက်ပေး အပ်ရာတွင် မဖွယ်မရာ ပြုလုပ်ခံခဲ့ရခြင်းဖြစ်သည်ဟု အဆိုပါ အမျိုးသမီးငယ်၏ ပြောပြချက်အ ရ သိရကြောင်း မှတ်တမ်းတွင် ဖော်ပြထားသည်။

ထိုသို့ ယာယီကျောင်းထိုင် ဆရာတော်က မဖွယ်မရာပြုလုပ် ခဲ့သဖြင့် ဆရာတော်၏ ညာဘက် လက်ဖျံကို ပါးစပ်ဖြင့် ကိုက်ကာ ထွက်ပြေးလာခဲ့ရကြောင်း ယင်း မှတ်တမ်းတွင် ဖော်ပြထားသည်။

အခြား ဆရာတော်များက တောင်းပန်မှု၊ ဆွေမျိုးမကင်းသူ များဖြစ်နေသဖြင့် အခြားဆွေမျိုး သားချင်းများနှင့် တိုင်ပင်နေရခြင်း ကြောင့် လာရောက် အမှုဖွင့်မှု နောက်ကျနေရခြင်းဖြစ်ကြောင်း လည်း အဆိုပါ အမျိုးသမီးငယ်၏ မိခင်၏ ပြောပြချက်အရ သိရ သည်။

‘‘ဒီကိစ္စက ရဲတပ်ဖွဲ့အနေနဲ့မြို့နယ်သံဃနာယကဆရာတော် ကြီးတွေထံ လျှောက်ထားပြီးပါပြီ။ ဆရာတော်ကြီးတွေက အဆိုပါ ကိုယ်တော်ကို သိက္ခာလူဝတ်လဲ စေဖို့ ဆုံးဖြတ်ပေးပြီးမှသာ ဆက် လက် ဆောင်ရွက်ရမှာပါ’’ ဟု အောင်လံမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ ရဲအရာရှိ တစ်ဦးကပြောသည်။

ထို့ကြောင့် အဆိုပါဖြစ်စဉ် ကို အောင်လံမြို့နယ် ဒုရင်္ဂဗိုလ် နယ်မြေရဲတပ်ဖွဲ့စခန်းတွင် ရာဇ သတ်ကြီးပုဒ်မ ၃၅၄ အရ အမှုဖွင့် လှစ်ကာ စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top