Property Expo
×

တစ္ခါက လူငယ္လင္မယားႏွစ္ေယာက္ ရွိၾကပါတယ္။ အိမ္ေထာင္က်စကတည္း ရက္ျခားဆိုသလုိ ရန္ျဖစ္ေလ့ရွိၾကပါတယ္။
ႏွစ္ရွည္လမ်ား ရန္ျဖစ္လာၾကတဲ့အခါ အိမ္ေထာင္ဦးစီး အမ်ိဳးသားက အရမ္းစိတ္ပ်က္လာပါတယ္။

တစ္ေန႕ အမ်ိဳးသမီးနဲ႕ ရန္ျဖစ္ျပီးစ စိတ္ညစ္ညစ္နဲ႕ အိမ္ေရွ႕မွာ တစ္ေယာက္တည္း ငုတ္တုပ္ထိုင္ေနရင္း အိမ္ ေရွ႕အိ္မ္က အဘိုးအဘြား လင္မယားႏွွစ္ဦး တူယွဥ္တြဲျပီး အိမ္ထဲကို ရီရီေမာေမာ ေျပာေျပာဆိုဆိုနဲ႕ ၀င္သြားၾကတာကို ေတြ႕ရပါတယ္။

ဒီလုိနဲ႕ပဲ ေန႕တုိင္း ထိုအဘိုးအဘြားလင္မယား ႏွစ္ဦးကို သူသတိထားျပီး ေလ့လာမိေနပါေတာ့တယ္။
ေန႕တိုင္းဆိုသလို ထိုလင္မယားႏွစ္ဦး မနက္ဆိုလမ္းေလွ်ာက္ထြက္ရင္ ရီရီေမာေမာ လက္ခ်င္းခ်ိတ္ျပီး သြားၾကတယ္။ အျပန္က်ရင္ အဘိုးက ျခင္းေတာင္းေလးဆြဲေပးရင္း အဘြားက အဘိုးလက္ေမာင္းေလးကို တြဲလာရင္း ရီီရီေမာေမာပဲ ျပန္လာၾကတာကို ေန႕စဥ္ဆိုသလုိ ေတြ႕ရဖန္မ်ားလာေတာ့ လူငယ္ေယာက်ာ္းက မေနႏိုင္ေတာ့ပဲ …

အဘိုးတစ္ဦးတည္း အိမ္ေရွ႕မွာ မတ္တပ္ရပ္ေနတာကို ေတြ႕တဲ့တစ္ေန႕မွေတာ့ လူငယ္ေယာက်ာ္းက အဘိုးဆီကို သြားႏႈတ္ဆက္ရင္း သူသိခ်င္တာေလးကို စကားေတြေ၀့၀ိုက္မေနပဲ ေမးခ်လုိက္ပါေတာ့တယ္။

အဘိုးတို႕ လင္မယားၾကည့္ရတာ အျမဲလိုလုိ ခ်စ္ခ်စ္ခင္ခင္ ၾကင္ၾကင္နာနာနဲ႕ရီေမာေပ်ာ္ရႊင္ေနလုိက္ၾကတာ
 ကြ်န္ေတာ္တို႕က်ေတာ့ ယူျပီးကတည္းက ေသးေသးေလးကအစ ျဖစ္လုိက္ၾကတဲ့ ရန္ေတြ။
ဒါေၾကာင့္ အဘိုးနဲ႕အဘြား ဒီလုိရန္မျဖစ္ပဲ ေအးေအးခ်မ္းခ်မ္း ဘယ္လုိေနၾကလဲ သိခ်င္လုိ႕ပါ။

ဒီေတာ့ အဘုိးက ဘာျပန္ေျဖသလဲဆိုေတာ့..
မင္းတို႕လင္မယားႏွစ္ဦးစလံုးက လူေကာင္းေတြမို႕ ရန္ျဖစ္ေနၾကတာ၊ အဘိုးတို႕လင္မယားႏွစ္ဦးစလံုးက လူဆိုးေတြမို႕ ရန္မျဖစ္ပဲ ခုလုိသင့္ျမတ္ေနၾကတာေပ့ါတဲ့။

လူငယ္က အဘိုးရဲ႕အေျဖကို အလိုမက်ပဲအဘိုးကလည္း ကြ်န္ေတာ္တကယ္သိခ်င္လုိ႕ ေမးတာကို အေကာင္းေျဖပါဗ်ာ မေနာက္ပါနဲ႕။

ဒီေတာ့မွ အဘိုးကဒီလုိေလကြာ မင္းတုိ႕လင္မယားေတြက လူေကာင္းေတြမို႕ အမွားမရွိၾကဘူးေလ ။
ရန္ျဖစ္ျပီဆိုတာနဲ႕ လူေကာင္းေတြျဖစ္ေနၾကတဲ့အတြက္ အမွားက အျခားတစ္ေယာက္ေပၚမွာပဲ လက္ညိႈးထုိးၾကျပီေလ။ တစ္ေယာက္အမွားတစ္ေယာက္ေထာက္ရင္း ကိုယ္သာလူေကာင္းဆိုျပီး ယူဆတဲ့အတြက္ အခုလိုျဖစ္ေနရတာပါ။

အဘိုးတို႕ လင္မယားေတြက်ေတာ့ လူဆိုးေတြမို႕ တစ္ခုခုျဖစ္လာတာနဲ႕ ကိုယ္ဟာလူဆိုးၾကီးပါဆိုေတာ့ သူ႕အမွားလုိ႕ မထင္ေတာ့ဘူး။
လက္ညိႈးက ကိုယ့္ကိုယ္ကိုပဲ ျပန္ထိုးမိပါေတာ့တယ္။
ငါဆိုးတာ၊ ငါမွားတာ ၊ ငါမေကာင္းတာ၊ ငါဘာျပင္ရမလဲ ဆိုတဲ့ အေတြးနဲ႕ ကေတာက္ကဆ ျဖစ္ၾကတုိင္း ဒီလုိျပင္လည္ျပင္ဆင္ျမင္ေယာင္လုိက္တဲ့အခါ အဘိုးတို႕ လူဆိုးလင္မယားရဲ႕ ရန္ပြဲဆိုတာကလည္း မရွိသေလာက္ နည္းသြားတယ္။

ကိုယ္နဲ႕မ်က္ႏွာခ်င္းဆိုင္ေနရတဲ့ တစ္ဘက္လူက မွန္တစ္ခ်ပ္နဲ႕တူပါတယ္။
သူ႕ကုိျပဳျပင္တာထက္ ကိုယ့္ကိုယ္ကို ျပဳျပင္ရတာ ပိုျပီးလြယ္ကူပါတယ္။
သူ႕ကိုကိုယ္လုိခ်င္တဲ့ ပံုစံကိုျပဳျပင္ေပးရတာထက္ ကိုယ့္ကိုယ္ကို ပံုသြင္းရတာ ပိုလြယ္ကူပါတယ္။
သူမ်ားက ကိုယ့္စကားနားေထာင္ခ်င္မွ နားေထာင္ပါလိမ့္မယ္။
ကိုယ့္ကိုယ္ကိုက်ေတာ့ ေထြေထြထူးထူး ေျပာဆိုေခ်ာ့ေမာ့ေနစရာ မလုိေတာ့ဘူးေလ။

ဒါေၾကာင့္ လူေကာင္းလင္မယား လုပ္မလား ၊ လူဆိုးလင္မယား ေတြလုပ္ၾကမလားဆိုတာ လင္မယားေတြတုိင္း စဥ္းစားသင့္တဲ့အရာပါ။
ငါမွန္တယ္ သူ႕မွားတယ္ခ်ည္း ယူဆေနေသးရင္ေတာ့ ဒီစစ္ေျမျပင္ဟာ ပိုမိုဆိုးလာဖုိ႕ပဲ ရွိပါလိမ့္မယ္။
ဒီစစ္ေျမျပင္ကို ပန္းျခံတစ္ခု အသြင္ျပန္ေျပာင္းဖုိ႕ဆိုတာကလည္း တစ္ေယာက္တည္းလက္နဲ႕ ျပန္လည္ျပဳျပင္လုိ႕မရႏိုင္ပါဘူး။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:မနုႆ      ရဲ့စာမ်က္နွာေလးမ်ား

#Unicode Version
တစ်ခါက လူငယ်လင်မယားနှစ်ယောက် ရှိကြပါတယ်။ အိမ်ထောင်ကျစကတည်း ရက်ခြားဆိုသလို ရန်ဖြစ်လေ့ရှိကြပါတယ်။
နှစ်ရှည်လများ ရန်ဖြစ်လာကြတဲ့အခါ အိမ်ထောင်ဦးစီး အမျိုးသားက အရမ်းစိတ်ပျက်လာပါတယ်။

တစ်နေ့ အမျိုးသမီးနဲ့ ရန်ဖြစ်ပြီးစ စိတ်ညစ်ညစ်နဲ့ အိမ်ရှေ့မှာ တစ်ယောက်တည်း ငုတ်တုပ်ထိုင်နေရင်း အိမ်ရှေ့အိမ်က အဘိုးအဘွား လင်မယားနှှစ်ဦး တူယှဉ်တွဲပြီး အိမ်ထဲကို ရီရီမောမော ပြောပြောဆိုဆိုနဲ့ ဝင်သွားကြတာကို တွေ့ရပါတယ်။

ဒီလိုနဲ့ပဲ နေ့တိုင်း ထိုအဘိုးအဘွားလင်မယား နှစ်ဦးကို သူသတိထားပြီး လေ့လာမိနေပါတော့တယ်။
နေ့တိုင်းဆိုသလို ထိုလင်မယားနှစ်ဦး မနက်ဆိုလမ်းလျှောက်ထွက်ရင် ရီရီမောမော လက်ချင်းချိတ်ပြီး သွားကြတယ်။ အပြန်ကျရင် အဘိုးက ခြင်းတောင်းလေးဆွဲပေးရင်း အဘွားက အဘိုးလက်မောင်းလေးကို တွဲလာရင်း ရီရီမောမောပဲ ပြန်လာကြတာကို နေ့စဉ်ဆိုသလို တွေ့ရဖန်များလာတော့ လူငယ်ယောကျာ်းက မနေနိုင်တော့ပဲ …

အဘိုးတစ်ဦးတည်း အိမ်ရှေ့မှာ မတ်တပ်ရပ်နေတာကို တွေ့တဲ့တစ်နေ့မှတော့ လူငယ်ယောကျာ်းက အဘိုးဆီကို သွားနှုတ်ဆက်ရင်း သူသိချင်တာလေးကို စကားတွေဝေ့ဝိုက်မနေပဲ မေးချလိုက်ပါတော့တယ်။

အဘိုးတို့ လင်မယားကြည့်ရတာ အမြဲလိုလို ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာနဲ့ရီမောပျော်ရွှင်နေလိုက်ကြတာ

 ကျွန်တော်တို့ကျတော့ ယူပြီးကတည်းက သေးသေးလေးကအစ ဖြစ်လိုက်ကြတဲ့ ရန်တွေ။
ဒါကြောင့် အဘိုးနဲ့အဘွား ဒီလိုရန်မဖြစ်ပဲ အေးအေးချမ်းချမ်း ဘယ်လိုနေကြလဲ သိချင်လို့ပါ။

ဒီတော့ အဘိုးက ဘာပြန်ဖြေသလဲဆိုတော့..
မင်းတို့လင်မယားနှစ်ဦးစလုံးက လူကောင်းတွေမို့ ရန်ဖြစ်နေကြတာ၊ အဘိုးတို့လင်မယားနှစ်ဦးစလုံးက လူဆိုးတွေမို့ ရန်မဖြစ်ပဲ ခုလိုသင့်မြတ်နေကြတာပေ့ါတဲ့။

လူငယ်က အဘိုးရဲ့အဖြေကို အလိုမကျပဲအဘိုးကလည်း ကျွန်တော်တကယ်သိချင်လို့ မေးတာကို အကောင်းဖြေပါဗျာ မနောက်ပါနဲ့။

ဒီတော့မှ အဘိုးကဒီလိုလေကွာ မင်းတို့လင်မယားတွေက လူကောင်းတွေမို့ အမှားမရှိကြဘူးလေ ။
ရန်ဖြစ်ပြီဆိုတာနဲ့ လူကောင်းတွေဖြစ်နေကြတဲ့အတွက် အမှားက အခြားတစ်ယောက်ပေါ်မှာပဲ လက်ညှိုးထိုးကြပြီလေ။ တစ်ယောက်အမှားတစ်ယောက်ထောက်ရင်း ကိုယ်သာလူကောင်းဆိုပြီး ယူဆတဲ့အတွက် အခုလိုဖြစ်နေရတာပါ။

အဘိုးတို့ လင်မယားတွေကျတော့ လူဆိုးတွေမို့ တစ်ခုခုဖြစ်လာတာနဲ့ ကိုယ်ဟာလူဆိုးကြီးပါဆိုတော့ သူ့အမှားလို့ မထင်တော့ဘူး။
လက်ညှိုးက ကိုယ့်ကိုယ်ကိုပဲ ပြန်ထိုးမိပါတော့တယ်။
ငါဆိုးတာ၊ ငါမှားတာ ၊ ငါမကောင်းတာ၊ ငါဘာပြင်ရမလဲ ဆိုတဲ့ အတွေးနဲ့ ကတောက်ကဆ ဖြစ်ကြတိုင်း ဒီလိုပြင်လည်ပြင်ဆင်မြင်ယောင်လိုက်တဲ့အခါ အဘိုးတို့ လူဆိုးလင်မယားရဲ့ ရန်ပွဲဆိုတာကလည်း မရှိသလောက် နည်းသွားတယ်။

ကိုယ်နဲ့မျက်နှာချင်းဆိုင်နေရတဲ့ တစ်ဘက်လူက မှန်တစ်ချပ်နဲ့တူပါတယ်။
သူ့ကိုပြုပြင်တာထက် ကိုယ့်ကိုယ်ကို ပြုပြင်ရတာ ပိုပြီးလွယ်ကူပါတယ်။
သူ့ကိုကိုယ်လိုချင်တဲ့ ပုံစံကိုပြုပြင်ပေးရတာထက် ကိုယ့်ကိုယ်ကို ပုံသွင်းရတာ ပိုလွယ်ကူပါတယ်။
သူများက ကိုယ့်စကားနားထောင်ချင်မှ နားထောင်ပါလိမ့်မယ်။
ကိုယ့်ကိုယ်ကိုကျတော့ ထွေထွေထူးထူး ပြောဆိုချော့မော့နေစရာ မလိုတော့ဘူးလေ။

ဒါကြောင့် လူကောင်းလင်မယား လုပ်မလား ၊ လူဆိုးလင်မယား တွေလုပ်ကြမလားဆိုတာ လင်မယားတွေတိုင်း စဉ်းစားသင့်တဲ့အရာပါ။
ငါမှန်တယ် သူ့မှားတယ်ချည်း ယူဆနေသေးရင်တော့ ဒီစစ်မြေပြင်ဟာ ပိုမိုဆိုးလာဖို့ပဲ ရှိပါလိမ့်မယ်။
ဒီစစ်မြေပြင်ကို ပန်းခြံတစ်ခု အသွင်ပြန်ပြောင်းဖို့ဆိုတာကလည်း တစ်ယောက်တည်းလက်နဲ့ ပြန်လည်ပြုပြင်လို့မရနိုင်ပါဘူး။


ဖိုးသူတော် (www.phothutaw.com)
Credit:မနုဿ      ရဲ့စာမျက်နှာလေးများ
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top