Property Expo
×

ဒီဇာတ္လမ္းေလးက ကၽြန္မတို႕မိသားစုမွာတကယ္ျဖစ္ခဲ့တာပါ။ ကၽြန္မ တို႕ျခံ (အခုေတာ့ ကန္ထရိုက္တိုက္) က တာေမြျမိဳ႕နယ္ က်ိဳက္ကၠဆံေဘာလံုးကြင္း နဲ႕ကပ္ရပ္မွာရွိပါတယ္။ ကၽြန္မတို႕ အဖိုးကေတာ့ ဒီဇာတ္လမ္းေလး ရဲ႕ မင္းသားေပါ့ ။

အဖိုးကအလုပ္ အရမ္းလုပ္သူပါ… အိမ္မွာလဲ ေဆးျပင္းလိပ္ခံုေထာင္ထားသလို ဇတ္ပြဲကန္ထရိုက္လည္း လုပ္ပါတယ္… မိသားစုကို သံေယာဇဥ္ၾကီးသလို ေပ်ာ္ေပ်ာ္ လည္းေနတတ္သူေပါ့။ ဒါေပမဲ့ ကံၾကမၼာက အဖိုး ကို ကုသမရတဲ့ ကင္ဆာေရာဂါကို ေပးခဲ့ပါတယ္။

ဇာတ္လမ္းကေတာ့အဖိုးအသုဘေျမခ်တဲ့ရက္မွာစတာပါ။ ေျမခ်တဲ့ရက္မွာမိသားစုဝင္ထဲမွာ ေယာက္်ားေလး ေတြ ရွိေပ မဲ့ အားလံုးကေသာက အပူေတြနဲ႕ဆိုေတာ့ အဖိုးလိပ္ျပာျပန္ေခၚဖို႕ ကိုသတိ မရၾကဘူးေပါ့။

ဒါေပမဲ့ အဖိုးရဲ႕ေဆးလိပ္ခံု အလုပ္သမား အကိုၾကီးတစ္ေယာက္က လိပ္ျပာျပန္ေခၚခဲ့ပါတယ္။ သူက အင္မတန္ အစအေနာက္သန္ တယ္ေလ။ လိပ္ျပာေခၚေတာ့လည္း သူ႕အက်င့္ ကေဖ်ာက္မရဘဲ အဖိုးနာမည္ နဲ႔ လိပ္ျပာ ကိုေကာင္းေကာင္းမေခၚဘဲ……

“ကဲ…လိုက္ခ်င္တဲ့သူေတြ လိုက္ခဲ့ၾက ငါ့အဘ တစ္ေယာက္ထဲပ်င္းေနမွာစိုးလို႔ ဆိုၿပီး “ေျပာျပီးေခၚလာသတဲ့ အဲ့ဒါကိုကၽြန္မတို႕ မိသားစုေတြ မသ္ိလိုက္ပါဘူး။ အဖိုးက လူခ်စ္လူခင္ေပါေတာ့နာေရးမွာ လူစီခဲ့သလို အိမ္မွာလဲ သတင္းလာေမးသူေတြနဲ႕ အလြန္ကိုစည္ကားေနပါတယ္… အဲ…. ၇ ရက္ျပည့္တဲ့ရက္လည္ ညမွာေတာ့ အိမ္မွာမိသားစုဝင္ ေတြနဲ႕ အလုပ္သမား ၂ ေယာက္ေလာက္ပဲ အိမ္မွာရွိေတာ့တယ္။

၁၂နာရီထိုးတဲ့အထိ ေနရမွာဆိုေတာ့ မိသားစုေတြ ဖဲရုိက္ရင္းေစာင့္မယ္ေပါ့။ အဲ…အဲ့မွာစေတြ႕ေတာ့တာပဲ… ၀ိုင္းစတည္တုန္းရွိေသးတယ္.. အိမ္တံခါးမၾကီးမွာ ခ်ိတ္ထားတဲ့ ေသာ့ခေလာက္အၾကီးၾကီးက သူဘာသာသူ လွဳပ္ေနတာကို တံခါးကို မ်က္ႏွာမူျပီးထိုင္တဲ့ ကၽြန္မတို႕ဘၾကီးကစျမင္ပါေလေရာ… အဘ ကအားလံုးကို သတင္းေပး အားလံုးလည္းပူးကပ္ျပီး တံခါးကိုမ်က္ႏွာမူ ထိုင္လိုက္ေတာ့ ေသာ့လွဳပ္တာက ပိုၾကမ္းလာၿပီး တံခါးကိုလည္း တစ္ေယာက္ေယာက္က ကိုင္လွဳပ္ေနသလို တ၀ုန္း၀ုန္း တဒိုင္းဒိုင္းျဖစ္ေနေတာ့ အေမက နင္တို႕ အဖိုးနင္တို႕ကို ႏွဳတ္ဆက္ေနတာ လို႕ ေျပာေနတုန္းမွာ ပင္ ေနာက္ေဖးကေနေရခ်ိဳးေနသံ ၾကားျပန္ေရာေလ…

ေနာက္ မီးဖိုေခ်ာင္မွာ ခံုဖိနပ္နဲ႕လမ္းေလွ်ာက္ေနသံ တေဒါက္ေဒါက္ကိုလည္းထပ္ၾကားေနျပန္ေရာ… ကၽြန္မ တို႕မိသားစုလည္းေၾကာက္လြန္းလို႕ အသားေတြလည္းတုန္ ေခြ်းေတြးလည္းျပန္… ဘုရားစာေတြရြတ္ တာလည္း ကေျပာင္းကျပန္ေတြျဖစ္ေနတုန္း မွာအိမ္ရဲ႕ေဘးနံရံေတြကို လူအေယာက္ ၂၀ ေလာက္၀ိုင္း ထုေနသလို တ၀ုန္း၀ုန္းထုၾကပါတယ္… ကၽြန္မတို႕ လည္းေၾကာက္လိုက္တာမွ လိပ္ျပာလႊင့္မတတ္ပါပဲ။

အဲဒီ ခံစားခ်က္က ဒီတစ္သက္ေမ့ႏုိင္မွာ မဟုတ္ပါဘူး။ ကၽြန္မစိတ္ထဲမွာလည္း မိုးျမန္ျမန္လင္းေစခ်င္ေန ပါေတာ့တယ္။ အရင္ကဆို ေက်ာင္းတက္ ရမွာပ်င္းလို႕ မိုးျမန္ျမန္မလင္းေစခ်င္ခဲ့ပါဘူး။ အဲလိုနဲ႕ ရသမွ်ဘုရားစာေတြ ၀ိုင္း၇ြတ္ၾကရင္း အသံေတြလည္းၾကားရင္းနဲ႕ မနက္လင္းသြားပါတယ္… အလင္းေရာင္ ရေတာ့ အသံေတြအားလံုးက ညကသူမဟုတ္ခဲ့ သလိုပါပဲ။ တိတ္ဆိတ္ျငိမ္သက္လို႕။

အိမ္ကလူၾကီးေတြလည္း ကၽြန္မတို႕မိသားစုကိုးကြယ္တဲ့ ဘုန္းဘုန္းၾကီးဆီကိုသြားပါတယ္။ ဘုန္းဘုန္း ၾကြလာေတာ့ အိမ္ဝေရာက္ေရာက္ခ်င္း အိမ္ထဲကို မလာသင့္တဲ့ ဧည့္သည္ေတြေရာက္ေနတာပဲလို႔… မိန္႕ တယ္..

ၿပီးေတာ့ မေန႕ကလိပ္ျပာျပန္ေခၚလာတာ ဘယ္သူလည္း လို႕ေမးေတာ့ အလုပ္သမားအကိုၾကီးက သူပါ လို႕ေျပာတယ္… အဲ့ေတာ့ဘုန္းဘုန္းက ဒကာ ဘယ္လိုေျပာၿပီးျပန္ေခၚ လာတာလည္းလို႕ေမးတယ္…

အကိုၾကီးက ျဖစ္ေၾကာင္းကုန္စဥ္ျပန္ေျပာျပတယ္။ ကၽြန္မတို႕ မိသားစုလည္းတအံ့တၾသေပါ့။ ဘုန္းဘုန္း က မိန္႕တယ္… သရဲအေကာင္ ၂၀ ထက္ မနည္းပါလာတယ္တဲ့ေလ…

ႏွစ္ခ်ိဳ႕ သရဲၾကီးေတြလည္း ပါတယ္ေလ။ အဲဒါေၾကာင့္ ကၽြန္မတို႕ဘုရားစာရြတ္လည္း မရခဲ့တာေပါ့…။ ဘုန္းဘုန္း ကထပ္မိန္႕တယ္… သူတို႕က ျခံထဲက သရက္ပင္ ကို အမွီျပဳေတာ့မွာတဲ့… အေမလည္း အဲဒါဆို တပည့္ေတာ္တို႕ ဘယ္လိုလုပ္ရမလဲ ေလွ်ာက္ေတာ့ ဘုန္းဘုန္းက ညေနျခံထဲမွာ ပရိတ္ရြတ္ ဖို႕ျပင္ဆင္ထားရန္ မိန္႕ၿပီးေတာ့ ျပန္ၾကြသြားပါတယ္။ ညေန ၄ နာရီေလာက္က်ေတာ့ သူတို႕လည္း ဇာတ္လမ္းျပန္ စၿပီး အသံပလံေတြ စေပးပါေတာ့တယ္…

ကၽြန္မတို႕မိသားစုလည္းရွိ ရွိသမွ် အမ်ိဳးေတြေခၚ ပရိတ္ရြတ္ဖို႕ျပင္ဆင္ၾကနဲ႕ အလုပ္ရွဳတ္ေနတာ သူတို႕ကိုေတာင္ အခ်ိန္ေပးၿပီး မေၾကာက္ႏုိင္ေတာ့ပါဘူး။ အဲဒါနဲ႕ ညေန ၅ နာရီေလာက္က်ေတာ့ ဘုန္းဘုန္း အပါအ၀င္ ေနာက္ဘုန္းဘုန္း ၃ ပါးၾကြလာပါတယ္ ။ ပရိတ္စရြတ္ေတာ့ အိမ္ထဲမွာေလမုန္တိုင္း က်သလို အသံေတြ ဆူညံပြက္ေလာရုိက္ေန ပါေတာ့တယ္။ အစမွာ အဲလိုဆူညံေပမဲ့ ေနာက္တျဖည္းျဖည္းတိုးသြားၿပီး အမွ်ေခၚတဲ့ အခ်ိန္မွာေတာ့ လံုး၀ျငိမ္သက္တိတ္ဆိတ္သြားပါတယ္။

ဘုန္းဘုန္းၾကီး က ပရိတ္ေရေတြကို သရက္ပင္ကိုသြားေလာင္းပါတယ္။ ေနာက္ေတာ့ ဒါကာ ဒါကာမ တို႕ မစိုးရိမ္ ပါနဲ႕ အားလံုးသူေနရာသူျပန္သြားပါပီ ။ ဒီညေအးေအးခ်မ္းခ်မ္း အိပ္လို႕ရပါၿပီ လို႕မိန္႕ ၿပီးျပန္ၾကြသြားပါတယ္။ ဒါေပမဲ့လည္း ကၽြန္မတို႕အေၾကာက္ အရွိန္မေသပဲ တစ္ညလံုး မအိပ္ႏုိင္ၾကပါဘူး ။ သို႕ေသာ္ ဘာမွထူးျခားမွဳမရွိပါ… ေအးေအးခ်မ္းခ်မ္းပါပဲ။

အလုပ္သမား အကိုၾကီးကလည္း အေဖ အေမတုိ႕ ကိုေတာင္းပန္ပါတယ္… သူ အဲလို မရည္ရြယ္ေၾကာင္း ေနာက္ေျပာင္ရံု သက္သက္ေျပာခဲ့တာျဖစ္ေၾကာင္း.. ေတာင္းပန္ခဲ့ သလို ကၽြန္မမိဘေတြ ကလည္း လူငယ္မို႕ျဖစ္တာပဲေလ ဆိုၿပီး ေဗြမယူခဲ့ပါဘူး။ ထူးဆန္းတာက မနက္က်ေတာ့ ပရိတ္ေရေလာင္းခဲ့တဲ႔သရက္ပင္ၾကီးက မေန႔ကပဲ အရြက္အလက္ေတြနဲ႔ ေ၀ေ၀ဆာဆာရွိရာကေန ညတြင္းခ်င္းမွာ ပဲ မီးရိွဳ႕ထား သလို တစ္ပင္လံုး မဲေျခာက္လို႕ေနပါေတာ့တယ္……….။ ။ ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Myanmar Online news

#Unicode Version
ဒီဇာတ်လမ်းလေးက ကျွန်မတို့မိသားစုမှာတကယ်ဖြစ်ခဲ့တာပါ။ ကျွန်မ တို့ခြံ (အခုတော့ ကန်ထရိုက်တိုက်) က တာမွေမြို့နယ် ကျိုက်က္ကဆံဘောလုံးကွင်း နဲ့ကပ်ရပ်မှာရှိပါတယ်။ ကျွန်မတို့ အဖိုးကတော့ ဒီဇာတ်လမ်းလေး ရဲ့ မင်းသားပေါ့ ။

အဖိုးကအလုပ် အရမ်းလုပ်သူပါ… အိမ်မှာလဲ ဆေးပြင်းလိပ်ခုံထောင်ထားသလို ဇတ်ပွဲကန်ထရိုက်လည်း လုပ်ပါတယ်… မိသားစုကို သံယောဇဉ်ကြီးသလို ပျော်ပျော် လည်းနေတတ်သူပေါ့။ ဒါပေမဲ့ ကံကြမ္မာက အဖိုး ကို ကုသမရတဲ့ ကင်ဆာရောဂါကို ပေးခဲ့ပါတယ်။

ဇာတ်လမ်းကတော့အဖိုးအသုဘမြေချတဲ့ရက်မှာစတာပါ။ မြေချတဲ့ရက်မှာမိသားစုဝင်ထဲမှာ ယောက်ျားလေး တွေ ရှိပေ မဲ့ အားလုံးကသောက အပူတွေနဲ့ဆိုတော့ အဖိုးလိပ်ပြာပြန်ခေါ်ဖို့ ကိုသတိ မရကြဘူးပေါ့။

ဒါပေမဲ့ အဖိုးရဲ့ဆေးလိပ်ခုံ အလုပ်သမား အကိုကြီးတစ်ယောက်က လိပ်ပြာပြန်ခေါ်ခဲ့ပါတယ်။ သူက အင်မတန် အစအနောက်သန် တယ်လေ။ လိပ်ပြာခေါ်တော့လည်း သူ့အကျင့် ကဖျောက်မရဘဲ အဖိုးနာမည် နဲ့ လိပ်ပြာ ကိုကောင်းကောင်းမခေါ်ဘဲ……

“ကဲ…လိုက်ချင်တဲ့သူတွေ လိုက်ခဲ့ကြ ငါ့အဘ တစ်ယောက်ထဲပျင်းနေမှာစိုးလို့ ဆိုပြီး “ပြောပြီးခေါ်လာသတဲ့ အဲ့ဒါကိုကျွန်မတို့ မိသားစုတွေ မသိလိုက်ပါဘူး။ အဖိုးက လူချစ်လူခင်ပေါတော့နာရေးမှာ လူစီခဲ့သလို အိမ်မှာလဲ သတင်းလာမေးသူတွေနဲ့ အလွန်ကိုစည်ကားနေပါတယ်… အဲ…. ၇ ရက်ပြည့်တဲ့ရက်လည် ညမှာတော့ အိမ်မှာမိသားစုဝင် တွေနဲ့ အလုပ်သမား ၂ ယောက်လောက်ပဲ အိမ်မှာရှိတော့တယ်။

၁၂နာရီထိုးတဲ့အထိ နေရမှာဆိုတော့ မိသားစုတွေ ဖဲရိုက်ရင်းစောင့်မယ်ပေါ့။ အဲ…အဲ့မှာစတွေ့တော့တာပဲ… ဝိုင်းစတည်တုန်းရှိသေးတယ်.. အိမ်တံခါးမကြီးမှာ ချိတ်ထားတဲ့ သော့ခလောက်အကြီးကြီးက သူဘာသာသူ လှုပ်နေတာကို တံခါးကို မျက်နှာမူပြီးထိုင်တဲ့ ကျွန်မတို့ဘကြီးကစမြင်ပါလေရော… အဘ ကအားလုံးကို သတင်းပေး အားလုံးလည်းပူးကပ်ပြီး တံခါးကိုမျက်နှာမူ ထိုင်လိုက်တော့ သော့လှုပ်တာက ပိုကြမ်းလာပြီး တံခါးကိုလည်း တစ်ယောက်ယောက်က ကိုင်လှုပ်နေသလို တဝုန်းဝုန်း တဒိုင်းဒိုင်းဖြစ်နေတော့ အမေက နင်တို့ အဖိုးနင်တို့ကို နှုတ်ဆက်နေတာ လို့ ပြောနေတုန်းမှာ ပင် နောက်ဖေးကနေရေချိုးနေသံ ကြားပြန်ရောလေ…

နောက် မီးဖိုချောင်မှာ ခုံဖိနပ်နဲ့လမ်းလျှောက်နေသံ တဒေါက်ဒေါက်ကိုလည်းထပ်ကြားနေပြန်ရော… ကျွန်မ တို့မိသားစုလည်းကြောက်လွန်းလို့ အသားတွေလည်းတုန် ချွေးတွေးလည်းပြန်… ဘုရားစာတွေရွတ် တာလည်း ကပြောင်းကပြန်တွေဖြစ်နေတုန်း မှာအိမ်ရဲ့ဘေးနံရံတွေကို လူအယောက် ၂၀ လောက်ဝိုင်း ထုနေသလို တဝုန်းဝုန်းထုကြပါတယ်… ကျွန်မတို့ လည်းကြောက်လိုက်တာမှ လိပ်ပြာလွှင့်မတတ်ပါပဲ။

အဲဒီ ခံစားချက်က ဒီတစ်သက်မေ့နိုင်မှာ မဟုတ်ပါဘူး။ ကျွန်မစိတ်ထဲမှာလည်း မိုးမြန်မြန်လင်းစေချင်နေ ပါတော့တယ်။ အရင်ကဆို ကျောင်းတက် ရမှာပျင်းလို့ မိုးမြန်မြန်မလင်းစေချင်ခဲ့ပါဘူး။ အဲလိုနဲ့ ရသမျှဘုရားစာတွေ ဝိုင်းရွတ်ကြရင်း အသံတွေလည်းကြားရင်းနဲ့ မနက်လင်းသွားပါတယ်… အလင်းရောင် ရတော့ အသံတွေအားလုံးက ညကသူမဟုတ်ခဲ့ သလိုပါပဲ။ တိတ်ဆိတ်ငြိမ်သက်လို့။

အိမ်ကလူကြီးတွေလည်း ကျွန်မတို့မိသားစုကိုးကွယ်တဲ့ ဘုန်းဘုန်းကြီးဆီကိုသွားပါတယ်။ ဘုန်းဘုန်း ကြွလာတော့ အိမ်ဝရောက်ရောက်ချင်း အိမ်ထဲကို မလာသင့်တဲ့ ဧည့်သည်တွေရောက်နေတာပဲလို့… မိန့် တယ်..

ပြီးတော့ မနေ့ကလိပ်ပြာပြန်ခေါ်လာတာ ဘယ်သူလည်း လို့မေးတော့ အလုပ်သမားအကိုကြီးက သူပါ လို့ပြောတယ်… အဲ့တော့ဘုန်းဘုန်းက ဒကာ ဘယ်လိုပြောပြီးပြန်ခေါ် လာတာလည်းလို့မေးတယ်…

အကိုကြီးက ဖြစ်ကြောင်းကုန်စဉ်ပြန်ပြောပြတယ်။ ကျွန်မတို့ မိသားစုလည်းတအံ့တသြပေါ့။ ဘုန်းဘုန်း က မိန့်တယ်… သရဲအကောင် ၂၀ ထက် မနည်းပါလာတယ်တဲ့လေ…

နှစ်ချို့ သရဲကြီးတွေလည်း ပါတယ်လေ။ အဲဒါကြောင့် ကျွန်မတို့ဘုရားစာရွတ်လည်း မရခဲ့တာပေါ့…။ ဘုန်းဘုန်း ကထပ်မိန့်တယ်… သူတို့က ခြံထဲက သရက်ပင် ကို အမှီပြုတော့မှာတဲ့… အမေလည်း အဲဒါဆို တပည့်တော်တို့ ဘယ်လိုလုပ်ရမလဲ လျှောက်တော့ ဘုန်းဘုန်းက ညနေခြံထဲမှာ ပရိတ်ရွတ် ဖို့ပြင်ဆင်ထားရန် မိန့်ပြီးတော့ ပြန်ကြွသွားပါတယ်။ ညနေ ၄ နာရီလောက်ကျတော့ သူတို့လည်း ဇာတ်လမ်းပြန် စပြီး အသံပလံတွေ စပေးပါတော့တယ်…

ကျွန်မတို့မိသားစုလည်းရှိ ရှိသမျှ အမျိုးတွေခေါ် ပရိတ်ရွတ်ဖို့ပြင်ဆင်ကြနဲ့ အလုပ်ရှုတ်နေတာ သူတို့ကိုတောင် အချိန်ပေးပြီး မကြောက်နိုင်တော့ပါဘူး။ အဲဒါနဲ့ ညနေ ၅ နာရီလောက်ကျတော့ ဘုန်းဘုန်း အပါအဝင် နောက်ဘုန်းဘုန်း ၃ ပါးကြွလာပါတယ် ။ ပရိတ်စရွတ်တော့ အိမ်ထဲမှာလေမုန်တိုင်း ကျသလို အသံတွေ ဆူညံပွက်လောရိုက်နေ ပါတော့တယ်။ အစမှာ အဲလိုဆူညံပေမဲ့ နောက်တဖြည်းဖြည်းတိုးသွားပြီး အမျှခေါ်တဲ့ အချိန်မှာတော့ လုံးဝငြိမ်သက်တိတ်ဆိတ်သွားပါတယ်။

ဘုန်းဘုန်းကြီး က ပရိတ်ရေတွေကို သရက်ပင်ကိုသွားလောင်းပါတယ်။ နောက်တော့ ဒါကာ ဒါကာမ တို့ မစိုးရိမ် ပါနဲ့ အားလုံးသူနေရာသူပြန်သွားပါပီ ။ ဒီညအေးအေးချမ်းချမ်း အိပ်လို့ရပါပြီ လို့မိန့် ပြီးပြန်ကြွသွားပါတယ်။ ဒါပေမဲ့လည်း ကျွန်မတို့အကြောက် အရှိန်မသေပဲ တစ်ညလုံး မအိပ်နိုင်ကြပါဘူး ။ သို့သော် ဘာမှထူးခြားမှုမရှိပါ… အေးအေးချမ်းချမ်းပါပဲ။

အလုပ်သမား အကိုကြီးကလည်း အဖေ အမေတို့ ကိုတောင်းပန်ပါတယ်… သူ အဲလို မရည်ရွယ်ကြောင်း နောက်ပြောင်ရုံ သက်သက်ပြောခဲ့တာဖြစ်ကြောင်း.. တောင်းပန်ခဲ့ သလို ကျွန်မမိဘတွေ ကလည်း လူငယ်မို့ဖြစ်တာပဲလေ ဆိုပြီး ဗွေမယူခဲ့ပါဘူး။ ထူးဆန်းတာက မနက်ကျတော့ ပရိတ်ရေလောင်းခဲ့တဲ့သရက်ပင်ကြီးက မနေ့ကပဲ အရွက်အလက်တွေနဲ့ ဝေေ၀ဆာဆာရှိရာကနေ ညတွင်းချင်းမှာ ပဲ မီးရှို့ထား သလို တစ်ပင်လုံး မဲခြောက်လို့နေပါတော့တယ်……….။ ။ ။


ဖိုးသူတော် (www.phothutaw.com)
Credit:Myanmar Online news
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top