Kantharyar Centre
×

ျပင္ဦးလြင္ စစ္တကၠသိုလ္ တက္ေရာက္ေနတဲ့ ဒုတိယႏွစ္ ဗိုလ္ေလာင္း ေအာင္ညီညီေဇာ္ ကြယ္လြန္ခဲ့တာနဲ႔ ပတ္သတ္လို႔ တရားဥပေဒအရ ဆက္လက္ ရင္ဆိုင္သြားမယ္လို႔ ဖခင္ျဖစ္သူ ဦးခင္ေဇာ္၀င္းက ေျပာပါတယ္။ ေနာက္ဆံုးနွစ္ ဗိုလ္ေလာင္းေက်ာင္းသား ဇြဲမာန္ေအာင္က အျပစ္ေပး ထိုးႀကိတ္စဥ္ ကြယ္လြန္ခဲ့တာပါ။

ႏိုင္ငံအတြက္ စစ္ေျမျပင္မွာ က်ဆံုးတာမ်ိဳးမဟုတ္ဘဲ အခ်င္းခ်င္း ႐ိုက္ႏွက္တာေၾကာင့္ အသက္ ၁၈ နွစ္ အရြယ္မွာ ေသဆံုးသြားတဲ့ သားျဖစ္သူအတြက္ ယူက်ဳံးမရ ျဖစ္တယ္လို႔လည္း - ဖခင္ျဖစ္သူ ဦးခင္ေဇာ္၀င္းကို ဗြီအိုေအ၀ိုင္းေတာ္သား ကိုေအာင္ေအာင္က ဆက္သြယ္ေမးျမန္းခ်ိန္မွာ စတင္ ေျဖၾကားခဲ့တာ ျဖစ္ပါတယ္။

“သူတုိ႔အေနနဲ႔ကေတာ့ လက္သီးနဲ႔ထုိးတဲ့ကေလးကုိ ေနာက္ဆံုးႏွစ္ေက်ာင္းသားကို ဖမ္းထားတယ္။ စစ္ခံု႐ံုးက စစ္မယ္။ စစ္ၿပီးရင္ အမိန္႔ခ်မယ္ေပါ့။ အဲဒါေတြေတာ့ ေျပာလိုက္ပါတယ္။ ေနာက္ မေအအတြက္ ပင္စင္လည္း ေပးမယ္လို႔ေတာ့ ေျပာလိုက္ပါတယ္။”

ေမး - ျဖစ္စဥ္ျဖစ္သြားတာက ေအာက္တုိဘာလ ၇ ရက္ေန႔ေပါ့ေနာ္။ ၉ ရက္ေန႔မွာ သၿဂႋဳလ္လိုက္တယ္လို႔ က်ေနာ္တုိ႔ သိရပါတယ္ခင္ဗ်။ အဲ့လို သၿဂႋဳလ္တဲ့အခါမွာေရာ မိသားစု၀င္ေတြအေနနဲ႔ စံုစံုညီညီ တက္ရပါသလား။

ေျဖ - “တက္ရပါတယ္ခင္ဗ်။ သူတုိ႔ ျပင္ဦးလြင္သခ်ႋဳင္းမွာပဲေလ ကားေတြနဲ႔ က်ေနာ္တို႔ကို ပို႔ေပးတယ္။ သၿဂႋိဳလ္ေပးပါတယ္။ စစ္အခမ္းအနားနဲ႔ေပါ့ေနာ္။”

ေမး - တုိင္းျပည္ကို ကာကြယ္မယ္ဆုိၿပီးေတာ့ အခုလိုမ်ိဳး တပ္မေတာ္ထဲကို ၀င္ဖို႔ ဆံုးျဖတ္ခဲ့တယ္။ ဆုိေတာ့ ဒီလိုအခ်ိ္န္မွာပဲ အခ်င္းခ်င္းျပန္ၿပီးေတာ့ ဆံုးမရင္းနဲ႔ လက္လြန္ၿပီးေတာ့ ကြယ္လြန္သြားတယ္ဆုိေတာ့ ရင္ထဲမွာ ဘယ္လိုခံစားရလဲ။

ေျဖ - “က်ေနာ္တို႔အေနနဲ႔ကေတာ့ ဒီေလာက္မဟုတ္ဘူးဗ်။ သူ႔အေမဆုိရင္ ေၾကကြဲမတတ္ ခံစားရတာေပါ့။ ငိုလိုက္ တက္လိုက္နဲ႔ သူ႔ကို မငိုေအာင္ဘဲ မနည္းကုိ ထိန္းေနရတယ္။ အဲေတာ့ က်န္တဲ့ ညီအကိုေမာင္ႏွမေတြကလည္း သူက အဲ့လိုျဖစ္ေနေတာ့ က်န္တဲ့လူေတြက ငိုဖို႔ ဆုိတာက သူက ငိုၿပီးရင္ တက္ေရာ၊ တက္တဲ့အခါက်ေတာ့ က်န္တဲ့လူေတြက မငိုရဲေလာက္ေအာင္ ႀကိတ္ႀကိတ္ၿပီး ခံစားေနရတာေပါ့။ ေၾကကြဲမတတ္ေပါ့။”

ေမး - အခုလို ဗိုလ္ေလာင္းသင္တန္းေက်ာင္းေတြမွာ ခုနလိုမ်ိဳး senior ေက်ာင္းသားကေန junior ေက်ာင္းသားကို ႐ိုက္ႏွက္ၿပီးေတာ့ ဆံုးမတယ္ဆုိတဲ့ သတင္းမ်ိဳးေတြက မၾကာခဏ ထြက္လာေလ့ရွိပါတယ္။ ဆိုေတာ့ ဒီအျဖစ္အပ်က္မွာလည္းပဲ ကိုယ့္ရဲ႕သားတေယာက္ ဆံုး႐ံႈးသြားရတယ္ဆုိေတာ့ အခုလို အျဖစ္အပ်က္မ်ိဳးေတြနဲ႔ ပတ္သက္ၿပီးေတာ့ ဘာမ်ား ေျပာၾကားခ်င္ပါသလဲ။

ေျဖ - “ဒီဟာကေတာ့ မျဖစ္သင့္တဲ့ကိစၥေပါ့ဗ်ာ။ က်ေနာ္တုိ႔ေတြဆုိတာက ေတာင္သူလယ္သမားေတြပဲ။ ေတာင္သူလယ္သမားေတြက သားသမီးေတြကို ဆယ္တန္းေအာင္ေအာင္ ပညာသင္ေပးတယ္။ ပညာသင္ေပးၿပီးေတာ့ ႏို္င္ငံအတြက္ စစ္ထဲကို ၀င္ခ်င္တယ္ဆုိေတာ့ သားသမီးေတြရဲ႕ ဆႏၵျပင္းျပမႈအရ မိဘေတြက ခြဲၿပီးေတာ့ ၁၆ ႏွစ္နဲ႔ သင္တန္းထဲကို ထည့္လုိက္ရတယ္။ သင္တန္းေအာင္တဲ့အတြက္ ထည့္လိုက္တယ္။ ထည့္လိုက္ၿပီး အခု ၁၈ ႏွစ္မွာ ကြယ္လြန္သြားတယ္ဆုိေတာ့ မျဖစ္သင့္တဲ့ကိစၥေပါ့။ ဘာလို႔မျဖစ္သင့္လဲဆိုေတာ့ တုိင္းျပည္တာ၀န္ထမ္းေဆာင္ရင္းနဲ႔ ေသသြားတယ္ဆုိရင္ေတာ့ ႏွစ္ခါ ေသေသေပါ့ဗ်ာ။ ေနာင္လာေနာင္သားေတြလည္း ဒီလို ျဖစ္လာမွာေတာ့ ေၾကာက္တာေပါ့ဗ်ာ။ ဘာလို႔လဲဆုိေတာ့ ေနာက္လည္း ဒီလိုအျဖစ္မ်ိဳးေတြ ႀကံဳလာရင္ စစ္ဗိုလ္ေလာင္းမိဘေတြက ဘယ္ေလာက္ စုိးရိမ္ပူပန္ ေသာကေရာက္မလဲဆုိတာ မသိဘူးေပါ့ဗ်ာ။ က်ေနာ္တုိ႔ကေတာ့ ကိုယ္တုိင္ခံစားလိုက္ရေတာ့ ရင္ကြဲမတတ္ ျဖစ္သြားတာေပါ့။”

ေမး - ဘယ္လုိပံုစံမ်ိဳးေၾကာင့္ အခုလိုမ်ိဳး ထိုးတဲ့ႀကိတ္တဲ့အထိ ျဖစ္ခဲ့တာလဲဆုိတာကို နည္းနည္းေလာက္ ေျပာျပေပးပါလား။

ေျဖ - “အဲဒါကေတာ့ သူတုိ႔ေျပာျပတဲ့အတုိင္းပဲ ေျပာျပမွ ရမယ္။ က်ေနာ္တုိ႔က ကြယ္လြန္သြားမွ ေရာက္သြားတဲ့အဆင့္ ျဖစ္တာကိုး။ ေသသြားမွပဲ ေရာက္တဲ့အဆင့္ဆိုေတာ့ သူကေတာ့ ဘယ္လုိေျပာသလဲဆုိေတာ့ ၇ ရက္ေန႔က ယာဥ္ေမာင္းသင္တန္းက ျပန္လာတာေပါ့ေလ။ ေက်ာင္းသားေလးေတြက ျပန္လာၿပီးေတာ့ အေဆာင္ေရာက္တယ္။ အေဆာင္ေရာက္ေတာ့ ယူနီေဖာင္းလဲတယ္။ ယူနီေဖာင္းလဲၿပီးေတာ့ သူတို႔ PT ေျပးရမွာေပါ့ေလ။ အဲ့လို ယူနီေဖာင္းလဲေနတဲ့ အခ်ိန္မွာ ရဲမာန္ေအာင္ဆုိတဲ့ ေနာက္ဆံုးႏွစ္ေက်ာင္းသားက ေရာက္လာတယ္။ ေရာက္လာၿပီးေတာ့ မင္းကို ငါ အေဆာင္သန္႔ရွင္းေရး လုပ္ခိုင္းထားတာ ဘာလို႔ မလုပ္တာလဲဆုိေတာ့ - အဲဒီအခ်ိန္မွာ သူတို႔ကလည္း ျပန္ေျဖတာေပါ့။ သူတုိ႔လုပ္ထားတဲ့ အေဆာင္နဲ႔ သူခုိင္းထားတဲ့ အေဆာင္နဲ႔က တျခားစီ ျဖစ္ေနတဲ့သေဘာ ရိွတာေပါ့ဗ်ာ။ သူတို႔ ေျပာျပတဲ့သေဘာကေတာ့။ မင္းတို႔မွာ အျပစ္ရွိသလား။ အျပစ္ရွိတဲ့အတြက္ မင္းတုိ႔ကို သတိစြဲၿပီးေတာ့ ထုိးတယ္လို႔ ေျပာတယ္။ ပထမေတာ့ သူနဲ႔တြဲလ်က္ ၄ ေယာက္ကို ထုိးတယ္လုိ႔ ေျပာတယ္။ ေနာက္ဆံုးမွ သူ႔ကို ထုိးတယ္လို႔ ေျပာတယ္။ ဒါေပမဲ့ သူတို႔ေျပာတာေတာ့ ၂ ခ်က္ထဲလို႔ ေျပာတာေပါ့ဗ်ာ။ ဒါေပမဲ့ ေသသြားတယ္ဆုိေတာ့ဗ်ာ ၂ ခ်က္ထဲေတာ့ က ခ်င္လည္း က မယ္။ မကခ်င္လည္း မကဘူးေပါ့ဗ်ာ။ ဒါက က်ေနာ္တုိ႔လည္း မျမင္ရေတာ့ ဘယ္သူမွလည္း မေျပာတတ္ဘူးေပါ့ဗ်ာ။”

ေမး - ဆုိေတာ့ ေသဆံုးၿပီးတဲ့အခါမွာေရာ ေတြ႔ရပါသလား။

ေျဖ - “ေဆး႐ံုမွာ သြားေတြ႔ရပါတယ္။ ေခါင္းေတြမွာ ခြဲစိတ္စစ္ေဆးထားတာကို ျပတယ္။ ေခါင္းေတြက ဘာလုိ႔စစ္တာလဲဆုိေတာ့ ေခါင္းေတြကိုလည္း ႐ိုက္မိထားသလားေပါ့ေလ။ ဒါေၾကာင့္မို႔ ခြဲစိတ္စစ္ေဆး ရပါတယ္ေပါ့။ က်ေနာ္တုိ႔ကေတာ့ အျပင္ပန္းပဲ ၾကည့္ရတာေပ့ါေလ။ သူတို႔ရဲ႕ ေဆးစာကလည္း ဗိုလ္ႀကီးတေယာက္က လာျပတယ္ေပါ့။ ျပတယ္ဆုိတာလည္း ဖုန္းထဲကေန လက္ေလးနဲ႔ စြဲျပတယ္။ က်ေနာ္တုိ႔ကလည္း ဘာျမင္ရမွာလဲ။ ဆရာ၀န္ႀကီးကေတာ့ ေဆးစာမွာ တံုးေသာအရာ၀တၴဳနဲ႔ ရင္ဘတ္ကို ထိုးမိတဲ့အတြက္ ႏွလံုးရပ္ၿပီးေတာ့ ဆံုးသြားရပါတယ္လို႔ ေဆးစာမွာ ပါတယ္လို႔ သူတုိ႔က ပါးစပ္နဲ႔ ေျပာျပတာေပါ့။ က်ေနာ္တုိ႔လည္း ေဆးစာ မဖတ္ရပါဘူး။"

ဖိုးသူေတာ္ (www.phothutaw.com)
Credit:VOA  Burmese

#Unicode Version
ပြင်ဦးလွင် စစ်တက္ကသိုလ် တက်ရောက်နေတဲ့ ဒုတိယနှစ် ဗိုလ်လောင်း အောင်ညီညီဇော် ကွယ်လွန်ခဲ့တာနဲ့ ပတ်သတ်လို့ တရားဥပဒေအရ ဆက်လက် ရင်ဆိုင်သွားမယ်လို့ ဖခင်ဖြစ်သူ ဦးခင်ဇော်ဝင်းက ပြောပါတယ်။ နောက်ဆုံးနှစ် ဗိုလ်လောင်းကျောင်းသား ဇွဲမာန်အောင်က အပြစ်ပေး ထိုးကြိတ်စဉ် ကွယ်လွန်ခဲ့တာပါ။

နိုင်ငံအတွက် စစ်မြေပြင်မှာ ကျဆုံးတာမျိုးမဟုတ်ဘဲ အချင်းချင်း ရိုက်နှက်တာကြောင့် အသက် ၁၈ နှစ် အရွယ်မှာ သေဆုံးသွားတဲ့ သားဖြစ်သူအတွက် ယူကျုံးမရ ဖြစ်တယ်လို့လည်း - ဖခင်ဖြစ်သူ ဦးခင်ဇော်ဝင်းကို ဗွီအိုအေဝိုင်းတော်သား ကိုအောင်အောင်က ဆက်သွယ်မေးမြန်းချိန်မှာ စတင် ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

“သူတို့အနေနဲ့ကတော့ လက်သီးနဲ့ထိုးတဲ့ကလေးကို နောက်ဆုံးနှစ်ကျောင်းသားကို ဖမ်းထားတယ်။ စစ်ခုံရုံးက စစ်မယ်။ စစ်ပြီးရင် အမိန့်ချမယ်ပေါ့။ အဲဒါတွေတော့ ပြောလိုက်ပါတယ်။ နောက် မအေအတွက် ပင်စင်လည်း ပေးမယ်လို့တော့ ပြောလိုက်ပါတယ်။”

မေး - ဖြစ်စဉ်ဖြစ်သွားတာက အောက်တိုဘာလ ၇ ရက်နေ့ပေါ့နော်။ ၉ ရက်နေ့မှာ သင်္ဂြိုလ်လိုက်တယ်လို့ ကျနော်တို့ သိရပါတယ်ခင်ဗျ။ အဲ့လို သင်္ဂြိုလ်တဲ့အခါမှာရော မိသားစုဝင်တွေအနေနဲ့ စုံစုံညီညီ တက်ရပါသလား။

ဖြေ - “တက်ရပါတယ်ခင်ဗျ။ သူတို့ ပြင်ဦးလွင်သချႋုင်းမှာပဲလေ ကားတွေနဲ့ ကျနော်တို့ကို ပို့ပေးတယ်။ သင်္ဂြိုလ်ပေးပါတယ်။ စစ်အခမ်းအနားနဲ့ပေါ့နော်။”

မေး - တိုင်းပြည်ကို ကာကွယ်မယ်ဆိုပြီးတော့ အခုလိုမျိုး တပ်မတော်ထဲကို ဝင်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ဆိုတော့ ဒီလိုအချိန်မှာပဲ အချင်းချင်းပြန်ပြီးတော့ ဆုံးမရင်းနဲ့ လက်လွန်ပြီးတော့ ကွယ်လွန်သွားတယ်ဆိုတော့ ရင်ထဲမှာ ဘယ်လိုခံစားရလဲ။

ဖြေ - “ကျနော်တို့အနေနဲ့ကတော့ ဒီလောက်မဟုတ်ဘူးဗျ။ သူ့အမေဆိုရင် ကြေကွဲမတတ် ခံစားရတာပေါ့။ ငိုလိုက် တက်လိုက်နဲ့ သူ့ကို မငိုအောင်ဘဲ မနည်းကို ထိန်းနေရတယ်။ အဲတော့ ကျန်တဲ့ ညီအကိုမောင်နှမတွေကလည်း သူက အဲ့လိုဖြစ်နေတော့ ကျန်တဲ့လူတွေက ငိုဖို့ ဆိုတာက သူက ငိုပြီးရင် တက်ရော၊ တက်တဲ့အခါကျတော့ ကျန်တဲ့လူတွေက မငိုရဲလောက်အောင် ကြိတ်ကြိတ်ပြီး ခံစားနေရတာပေါ့။ ကြေကွဲမတတ်ပေါ့။”

မေး - အခုလို ဗိုလ်လောင်းသင်တန်းကျောင်းတွေမှာ ခုနလိုမျိုး senior ကျောင်းသားကနေ junior ကျောင်းသားကို ရိုက်နှက်ပြီးတော့ ဆုံးမတယ်ဆိုတဲ့ သတင်းမျိုးတွေက မကြာခဏ ထွက်လာလေ့ရှိပါတယ်။ ဆိုတော့ ဒီအဖြစ်အပျက်မှာလည်းပဲ ကိုယ့်ရဲ့သားတယောက် ဆုံးရှုံးသွားရတယ်ဆိုတော့ အခုလို အဖြစ်အပျက်မျိုးတွေနဲ့ ပတ်သက်ပြီးတော့ ဘာများ ပြောကြားချင်ပါသလဲ။

ဖြေ - “ဒီဟာကတော့ မဖြစ်သင့်တဲ့ကိစ္စပေါ့ဗျာ။ ကျနော်တို့တွေဆိုတာက တောင်သူလယ်သမားတွေပဲ။ တောင်သူလယ်သမားတွေက သားသမီးတွေကို ဆယ်တန်းအောင်အောင် ပညာသင်ပေးတယ်။ ပညာသင်ပေးပြီးတော့ နိုင်ငံအတွက် စစ်ထဲကို ဝင်ချင်တယ်ဆိုတော့ သားသမီးတွေရဲ့ ဆန္ဒပြင်းပြမှုအရ မိဘတွေက ခွဲပြီးတော့ ၁၆ နှစ်နဲ့ သင်တန်းထဲကို ထည့်လိုက်ရတယ်။ သင်တန်းအောင်တဲ့အတွက် ထည့်လိုက်တယ်။ ထည့်လိုက်ပြီး အခု ၁၈ နှစ်မှာ ကွယ်လွန်သွားတယ်ဆိုတော့ မဖြစ်သင့်တဲ့ကိစ္စပေါ့။ ဘာလို့မဖြစ်သင့်လဲဆိုတော့ တိုင်းပြည်တာဝန်ထမ်းဆောင်ရင်းနဲ့ သေသွားတယ်ဆိုရင်တော့ နှစ်ခါ သေသေပေါ့ဗျာ။ နောင်လာနောင်သားတွေလည်း ဒီလို ဖြစ်လာမှာတော့ ကြောက်တာပေါ့ဗျာ။ ဘာလို့လဲဆိုတော့ နောက်လည်း ဒီလိုအဖြစ်မျိုးတွေ ကြုံလာရင် စစ်ဗိုလ်လောင်းမိဘတွေက ဘယ်လောက် စိုးရိမ်ပူပန် သောကရောက်မလဲဆိုတာ မသိဘူးပေါ့ဗျာ။ ကျနော်တို့ကတော့ ကိုယ်တိုင်ခံစားလိုက်ရတော့ ရင်ကွဲမတတ် ဖြစ်သွားတာပေါ့။”

မေး - ဘယ်လိုပုံစံမျိုးကြောင့် အခုလိုမျိုး ထိုးတဲ့ကြိတ်တဲ့အထိ ဖြစ်ခဲ့တာလဲဆိုတာကို နည်းနည်းလောက် ပြောပြပေးပါလား။

ဖြေ - “အဲဒါကတော့ သူတို့ပြောပြတဲ့အတိုင်းပဲ ပြောပြမှ ရမယ်။ ကျနော်တို့က ကွယ်လွန်သွားမှ ရောက်သွားတဲ့အဆင့် ဖြစ်တာကိုး။ သေသွားမှပဲ ရောက်တဲ့အဆင့်ဆိုတော့ သူကတော့ ဘယ်လိုပြောသလဲဆိုတော့ ၇ ရက်နေ့က ယာဉ်မောင်းသင်တန်းက ပြန်လာတာပေါ့လေ။ ကျောင်းသားလေးတွေက ပြန်လာပြီးတော့ အဆောင်ရောက်တယ်။ အဆောင်ရောက်တော့ ယူနီဖောင်းလဲတယ်။ ယူနီဖောင်းလဲပြီးတော့ သူတို့ PT ပြေးရမှာပေါ့လေ။ အဲ့လို ယူနီဖောင်းလဲနေတဲ့ အချိန်မှာ ရဲမာန်အောင်ဆိုတဲ့ နောက်ဆုံးနှစ်ကျောင်းသားက ရောက်လာတယ်။ ရောက်လာပြီးတော့ မင်းကို ငါ အဆောင်သန့်ရှင်းရေး လုပ်ခိုင်းထားတာ ဘာလို့ မလုပ်တာလဲဆိုတော့ - အဲဒီအချိန်မှာ သူတို့ကလည်း ပြန်ဖြေတာပေါ့။ သူတို့လုပ်ထားတဲ့ အဆောင်နဲ့ သူခိုင်းထားတဲ့ အဆောင်နဲ့က တခြားစီ ဖြစ်နေတဲ့သဘော ရှိတာပေါ့ဗျာ။ သူတို့ ပြောပြတဲ့သဘောကတော့။ မင်းတို့မှာ အပြစ်ရှိသလား။ အပြစ်ရှိတဲ့အတွက် မင်းတို့ကို သတိစွဲပြီးတော့ ထိုးတယ်လို့ ပြောတယ်။ ပထမတော့ သူနဲ့တွဲလျက် ၄ ယောက်ကို ထိုးတယ်လို့ ပြောတယ်။ နောက်ဆုံးမှ သူ့ကို ထိုးတယ်လို့ ပြောတယ်။ ဒါပေမဲ့ သူတို့ပြောတာတော့ ၂ ချက်ထဲလို့ ပြောတာပေါ့ဗျာ။ ဒါပေမဲ့ သေသွားတယ်ဆိုတော့ဗျာ ၂ ချက်ထဲတော့ က ချင်လည်း က မယ်။ မကချင်လည်း မကဘူးပေါ့ဗျာ။ ဒါက ကျနော်တို့လည်း မမြင်ရတော့ ဘယ်သူမှလည်း မပြောတတ်ဘူးပေါ့ဗျာ။”

မေး - ဆိုတော့ သေဆုံးပြီးတဲ့အခါမှာရော တွေ့ရပါသလား။

ဖြေ - “ဆေးရုံမှာ သွားတွေ့ရပါတယ်။ ခေါင်းတွေမှာ ခွဲစိတ်စစ်ဆေးထားတာကို ပြတယ်။ ခေါင်းတွေက ဘာလို့စစ်တာလဲဆိုတော့ ခေါင်းတွေကိုလည်း ရိုက်မိထားသလားပေါ့လေ။ ဒါကြောင့်မို့ ခွဲစိတ်စစ်ဆေး ရပါတယ်ပေါ့။ ကျနော်တို့ကတော့ အပြင်ပန်းပဲ ကြည့်ရတာပေ့ါလေ။ သူတို့ရဲ့ ဆေးစာကလည်း ဗိုလ်ကြီးတယောက်က လာပြတယ်ပေါ့။ ပြတယ်ဆိုတာလည်း ဖုန်းထဲကနေ လက်လေးနဲ့ စွဲပြတယ်။ ကျနော်တို့ကလည်း ဘာမြင်ရမှာလဲ။ ဆရာဝန်ကြီးကတော့ ဆေးစာမှာ တုံးသောအရာဝတ္ထုနဲ့ ရင်ဘတ်ကို ထိုးမိတဲ့အတွက် နှလုံးရပ်ပြီးတော့ ဆုံးသွားရပါတယ်လို့ ဆေးစာမှာ ပါတယ်လို့ သူတို့က ပါးစပ်နဲ့ ပြောပြတာပေါ့။ ကျနော်တို့လည်း ဆေးစာ မဖတ်ရပါဘူး။"


ဖိုးသူတော် (www.phothutaw.com)
Credit:VOA  Burmese
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top