Property Expo
×

  ၿဗိတိန္တကၠသိုလ္ငါးခုမွ သိပၸံပညာရွင္မ်ားပါဝင္သည့္အ ဖြဲ႕တစ္ဖြဲ႕က ပံုစံထုတ္ထားေသာ ကုထံုးသစ္တစ္ခုကို အသံုးျပဳျခင္း ေၾကာင့္ ၿဗိတိန္အမ်ိဳးသားသည္ ကမၻာေပၚတြင္ အိတ္ခ်္အုိင္ဗီကုသ ေပ်ာက္ကင္းသည့္ ပထမဆံုးလူ သားျဖစ္လာႏုိင္ပါသည္။


အသက္(၄၄)ႏွစ္အရြယ္ ၿဗိ တိန္အမ်ိဳးသားသည္ အိတ္ခ်္အုိင္

ဗီပိုးရွိေၾကာင္း မသိမသာမႀကီး ထြားေသးသည့္အေနအထားမွာ ပင္လွ်င္ ထိုပိုးကို ပစ္မွတ္ထား သည့္ ကုသမႈတစ္ခုတြင္ လက္ရွိ အစမ္းသပ္ခံလူ ၅၀ ဦးအနက္ တစ္ဦးလည္းျဖစ္သည္။

လတ္တေလာတြင္ ပိုးသည္ ထိုလူ၏ေသြးထဲ၌ လံုးဝရွာေဖြမ ေတြ႕ရွိႏိုင္ဘဲျဖစ္ေနၿပီး ဤပံုအ တုိင္းသာဆက္ရွိမည္ဆိုလွ်င္ ပထမဆံုး လံုးလံုးလ်ားလ်ား ကုသ ေပ်ာက္ကင္းမႈျဖစ္လာလိမ့္မည္ ဟု သိပၸံပညာရွင္မ်ားက သည္ ဆန္းေဒးတိုင္းမ္အား ေျပာၾကားခဲ့ သည္။

‘‘ဒါဟာ အိတ္ခ်္အုိင္ဗီကို အ ျပည့္အဝကုသေပ်ာက္ကင္းေရး မွာ ပထမဆံုးျပင္းျပင္းထန္ထန္ ႀကိဳးပမ္းအားထုတ္ခဲ့မႈေတြထဲက တစ္ခုျဖစ္ပါတယ္’’ဟု ေဆးဝါးကု သမႈလက္ေတြ႕သုေတသနအေျခ ခံအေဆာက္အအံု(CRI)ဆိုင္ရာ အမ်ိဳးသားက်န္းမာေရးသုေတသ နအဖြဲ႕အစည္း(NIHR)၏မန္ေန ဂ်င္းဒါ႐ိုက္တာ မာ့ခ္ဆင္ျမဴရယ္ က ေျပာၾကားသည္။

‘‘အိတ္ခ်္အုိင္ဗီကုသေပ်ာက္ ကင္းေရးအတြက္ တကယ့္ျဖစ္ႏုိင္ ေျခကို ကြၽန္ေတာ္တို႔စူးစမ္းရွာေဖြ ေနၾကပါတယ္။ ဒါဟာ ဧရာမစိန္ ေခၚခ်က္ႀကီးတစ္ခုျဖစ္ၿပီးေတာ့ စမ္းသပ္မႈအေစာပိုင္းကာလမွာပဲ ရွိပါေသးတယ္။ ဒါေပမဲ့ တုိးတက္ မႈကေတာ့ မွတ္ေက်ာက္တင္ ေလာက္စရာျဖစ္ေနပါၿပီ’’ဟု ၎ က ဆိုသည္။

စမ္းသပ္မႈကို ေအာက္စဖို႔ဒ္၊ ကိန္းဘရစ္ခ်္၊ အင္ပီးရီးရဲေကာ လိပ္လန္ဒန္၊ ယူနီဗာစီတီေကာ လိပ္လန္ဒန္ႏွင့္ ကင္းစ္ေကာလိပ္ လန္ဒန္ဆိုသည့္ တကၠသိုလ္ငါးခုမွ သုေတသန ပညာရွင္မ်ားက ေဆာင္ရြက္ေနၾကျခင္းျဖစ္သည္။

အိတ္ခ်္အုိင္ဗီသည္ T-cells ၏ ဒီအင္န္ေအအတြင္းသို႔ လြန္း ခ်င္းယွက္ကာ ေတ့ဆက္ခ်ိတ္ဆက္ျခင္းျဖင့္ ကိုယ္ခံအားစနစ္ကို ပစ္ မွတ္ထားေသာပိုးျဖစ္၍ ကုသရန္ အင္မတန္ခက္ခဲသည္။  ထုိ႔ေၾကာင့္T-cells ၏ ဒီအင္န္ေအအေနျဖင့္ ပိုးကို မသိခ်င္ေယာင္ေဆာင္႐ံု သာမက ပိုးကို မ်ိဳးပြားသည့္ ပိုးမႊားစက္႐ံုမ်ားအသြင္ပင္ ေျပာင္းလဲ သြားေစသည္။

ART ဟုေခၚေသာ လတ္တ ေလာကုသမႈမ်ားအေနျဖင့္ ပိုးျဖစ္ စဥ္ကို ပစ္မွတ္ထားေသာ္လည္း T-cells ကို ေရာဂါပိုးဝင္ကိန္းေန ျခင္းကို ရွာမေတြ႕ႏိုင္ေသးေပ။

ကုထံုးသစ္သည္ အဆင့္ႏွစ္ ဆင့္ျဖင့္ လုပ္ေဆာင္သည္။ ပထမဆံုးအဆင့္အေနျဖင့္ ကာကြယ္ ေဆးေၾကာင့္ ခႏၶာကိုယ္သည္ အိတ္ခ်္အုိင္ဗီပိုးဝင္ထားေသာ ဆဲလ္မ်ားကို မွတ္မိေစ၍ ထိုဆဲလ္ မ်ားကို ရွင္းထုတ္ပစ္ေစႏုိင္သည္။ ဒုတိယအေနျဖင့္ Vorinostat ဟု ေခၚေသာ ေဆးသစ္သည္ ၿငိမ္ေန ေသာ T-cells မ်ားကို လႈပ္ရွားလာေစ၍ ၎တို႔ကို ကိုယ္ခံအားစနစ္ က ရွာေတြ႕ႏိုင္မည္ျဖစ္သည္။

ၿဗိတိန္ႏုိင္ငံတြင္ လူတစ္သိန္းေက်ာ္သည္ အိတ္ခ်္အုိင္ဗီဒဏ္ခံ စားေနၾကရၿပီး ပိုးရွိမွန္းမသိသူ ေပါင္း ၁၇ ရာခိုင္ႏႈန္းခန္႔ႏွင့္ ကမၻာ တစ္ဝန္း၌ လူေပါင္း ၃၇ သန္းခန္႔ ပိုးဝင္လ်က္ရွိသည္။

မည္သူမည္ဝါမွန္း မေဖာ္ ထုတ္သည့္ ပထမဆံုးလူနာျဖစ္ ေသာ လန္ဒန္မွ က်န္းမာေရးအကူ လုပ္သားက ‘‘ေဆးကုထံုးသာျဖစ္ လာရင္ သိပ္ေကာင္းမွာပဲ။ ကြၽန္ ေတာ့္ရဲ႕ေနာက္ဆံုးေသြးစစ္ခ်က္ ကို ၿပီးခဲ့တဲ့ ႏွစ္ပတ္က လုပ္ခဲ့တာ။ ဘာပိုးမွ မေတြ႕ဘူး’’ဟု ေျပာ သည္။

‘‘သူမ်ားေတြကိုေရာ၊ ကြၽန္ ေတာ့္ကုိယ္ကြၽန္ေတာ္ေရာ ကူညီ ဖို႔အတြက္ စမ္းသပ္ခ်က္မွာ ကြၽန္ ေတာ္ပါဝင္ခဲ့ပါတယ္။ ဒီေလာက္ ႏွစ္ေတြၾကာၿပီးေနာက္မွာ ဒီပိုးရွိတဲ့လူေတြကို ကုသဖို႔ တစ္ခုခုကို ေတြ႕မယ္ဆိုရင္ ႀကီးမားတဲ့ေအာင္ျမင္ မႈတစ္ခုခုျဖစ္လာမွာပါ။ ဒီေနရာ မွာ ကြၽန္ေတာ္ တစ္စိတ္တစ္ပိုင္း ပါဝင္ခဲ့တယ္ဆိုတဲ့အခ်က္က မယံု ႏုိင္ေလာက္စရာျဖစ္လိမ့္မယ္’’ဟု ဆိုသည္။

အင္ပီးရီးရဲေကာလိပ္လန္ ဒန္မွ အတိုင္ပင္ခံသမားေတာ္ ပါေမာကၡ ဆာရာဖစ္ဒလာက လည္း ‘‘မလႈပ္ရွားေသးတဲ့ပိုးေတြ အပါအဝင္ အိတ္ခ်္အုိင္ဗီပိုးအား လံုးကို ခႏၶာကိုယ္ကေန ရွင္းထုတ္ ပစ္ဖို႔အတြက္ ဒီကုထံုးကို အထူး တလည္ ပံုစံေဖာ္ထားတာပါ’’ဟု ထပ္ေလာင္းေျပာၾကားသည္။

‘‘ဓာတ္ခြဲခန္းထဲက အလုပ္ ျဖစ္ခဲ့ၿပီး လူသားေတြမွာလည္းပဲ အလုပ္ျဖစ္လိမ့္မယ္ဆိုတဲ့ သက္ ေသေကာင္းရွိတယ္။ ဒါေပမဲ့ တ ကယ့္ကုထံုးရဖို႔ ခရီးရွည္ႀကီးတစ္ ခုမွာပဲ ကြၽန္မတို႔ရွိေသးတယ္ဆို တာကို ကြၽန္မတို႔ အေရးစိုက္ရ မယ္။ ေနာက္ ငါးႏွစ္ၾကာေအာင္ ေဆးပညာဆိုင္ရာ စမ္းသပ္မႈေတြ ကြၽန္မတို႔ ဆက္လုပ္မွာျဖစ္ၿပီး လတ္တေလာမွာေတာ့ ART ရပ္ တန္႔ပစ္လိုက္ေရးနဲ႔ပတ္သက္လို႔ ကြၽန္မတို႔ ေထာက္ခံမွာ မဟုတ္ ဘူး။ ဒါေပမဲ့ အနာဂတ္မွာေတာ့ စမ္းသပ္ခ်က္ရလဒ္ေတြအေပၚ မူ တည္ၿပီး ဒါကို ကြၽန္မတို႔ စူးစမ္းရွာ ေဖြႏုိင္ပါတယ္’’ဟု ပေရာ္ဖက္ဆာ ဆာရာဖစ္ဒလာက ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

  ဗြိတိန်တက္ကသိုလ်ငါးခုမှ သိပ္ပံပညာရှင်များပါဝင်သည့်အ ဖွဲ့တစ်ဖွဲ့က ပုံစံထုတ်ထားသော ကုထုံးသစ်တစ်ခုကို အသုံးပြုခြင်း ကြောင့် ဗြိတိန်အမျိုးသားသည် ကမ္ဘာပေါ်တွင် အိတ်ချ်အိုင်ဗီကုသ ပျောက်ကင်းသည့် ပထမဆုံးလူ သားဖြစ်လာနိုင်ပါသည်။


အသက်(၄၄)နှစ်အရွယ် ဗြိ တိန်အမျိုးသားသည် အိတ်ချ်အိုင်

ဗီပိုးရှိကြောင်း မသိမသာမကြီး ထွားသေးသည့်အနေအထားမှာ ပင်လျှင် ထိုပိုးကို ပစ်မှတ်ထား သည့် ကုသမှုတစ်ခုတွင် လက်ရှိ အစမ်းသပ်ခံလူ ၅၀ ဦးအနက် တစ်ဦးလည်းဖြစ်သည်။

လတ်တလောတွင် ပိုးသည် ထိုလူ၏သွေးထဲ၌ လုံးဝရှာဖွေမ တွေ့ရှိနိုင်ဘဲဖြစ်နေပြီး ဤပုံအ တိုင်းသာဆက်ရှိမည်ဆိုလျှင် ပထမဆုံး လုံးလုံးလျားလျား ကုသ ပျောက်ကင်းမှုဖြစ်လာလိမ့်မည် ဟု သိပ္ပံပညာရှင်များက သည် ဆန်းဒေးတိုင်းမ်အား ပြောကြားခဲ့ သည်။

‘‘ဒါဟာ အိတ်ချ်အိုင်ဗီကို အ ပြည့်အဝကုသပျောက်ကင်းရေး မှာ ပထမဆုံးပြင်းပြင်းထန်ထန် ကြိုးပမ်းအားထုတ်ခဲ့မှုတွေထဲက တစ်ခုဖြစ်ပါတယ်’’ဟု ဆေးဝါးကု သမှုလက်တွေ့သုတေသနအခြေ ခံအဆောက်အအုံ(CRI)ဆိုင်ရာ အမျိုးသားကျန်းမာရေးသုတေသ နအဖွဲ့အစည်း(NIHR)၏မန်နေ ဂျင်းဒါရိုက်တာ မာ့ခ်ဆင်မြူရယ် က ပြောကြားသည်။

‘‘အိတ်ချ်အိုင်ဗီကုသပျောက် ကင်းရေးအတွက် တကယ့်ဖြစ်နိုင် ခြေကို ကျွန်တော်တို့စူးစမ်းရှာဖွေ နေကြပါတယ်။ ဒါဟာ ဧရာမစိန် ခေါ်ချက်ကြီးတစ်ခုဖြစ်ပြီးတော့ စမ်းသပ်မှုအစောပိုင်းကာလမှာပဲ ရှိပါသေးတယ်။ ဒါပေမဲ့ တိုးတက် မှုကတော့ မှတ်ကျောက်တင် လောက်စရာဖြစ်နေပါပြီ’’ဟု ၎င်း က ဆိုသည်။

စမ်းသပ်မှုကို အောက်စဖို့ဒ်၊ ကိန်းဘရစ်ချ်၊ အင်ပီးရီးရဲကော လိပ်လန်ဒန်၊ ယူနီဗာစီတီကော လိပ်လန်ဒန်နှင့် ကင်းစ်ကောလိပ် လန်ဒန်ဆိုသည့် တက္ကသိုလ်ငါးခုမှ သုတေသန ပညာရှင်များက ဆောင်ရွက်နေကြခြင်းဖြစ်သည်။

အိတ်ချ်အိုင်ဗီသည် T-cells ၏ ဒီအင်န်အေအတွင်းသို့ လွန်း ချင်းယှက်ကာ တေ့ဆက်ချိတ်ဆက်ခြင်းဖြင့် ကိုယ်ခံအားစနစ်ကို ပစ် မှတ်ထားသောပိုးဖြစ်၍ ကုသရန် အင်မတန်ခက်ခဲသည်။  ထို့ကြောင့်T-cells ၏ ဒီအင်န်အေအနေဖြင့် ပိုးကို မသိချင်ယောင်ဆောင်ရုံ သာမက ပိုးကို မျိုးပွားသည့် ပိုးမွှားစက်ရုံများအသွင်ပင် ပြောင်းလဲ သွားစေသည်။

ART ဟုခေါ်သော လတ်တ လောကုသမှုများအနေဖြင့် ပိုးဖြစ် စဉ်ကို ပစ်မှတ်ထားသော်လည်း T-cells ကို ရောဂါပိုးဝင်ကိန်းနေ ခြင်းကို ရှာမတွေ့နိုင်သေးပေ။

ကုထုံးသစ်သည် အဆင့်နှစ် ဆင့်ဖြင့် လုပ်ဆောင်သည်။ ပထမဆုံးအဆင့်အနေဖြင့် ကာကွယ် ဆေးကြောင့် ခန္ဓာကိုယ်သည် အိတ်ချ်အိုင်ဗီပိုးဝင်ထားသော ဆဲလ်များကို မှတ်မိစေ၍ ထိုဆဲလ် များကို ရှင်းထုတ်ပစ်စေနိုင်သည်။ ဒုတိယအနေဖြင့် Vorinostat ဟု ခေါ်သော ဆေးသစ်သည် ငြိမ်နေ သော T-cells များကို လှုပ်ရှားလာစေ၍ ၎င်းတို့ကို ကိုယ်ခံအားစနစ် က ရှာတွေ့နိုင်မည်ဖြစ်သည်။

ဗြိတိန်နိုင်ငံတွင် လူတစ်သိန်းကျော်သည် အိတ်ချ်အိုင်ဗီဒဏ်ခံ စားနေကြရပြီး ပိုးရှိမှန်းမသိသူ ပေါင်း ၁၇ ရာခိုင်နှုန်းခန့်နှင့် ကမ္ဘာ တစ်ဝန်း၌ လူပေါင်း ၃၇ သန်းခန့် ပိုးဝင်လျက်ရှိသည်။

မည်သူမည်ဝါမှန်း မဖော် ထုတ်သည့် ပထမဆုံးလူနာဖြစ် သော လန်ဒန်မှ ကျန်းမာရေးအကူ လုပ်သားက ‘‘ဆေးကုထုံးသာဖြစ် လာရင် သိပ်ကောင်းမှာပဲ။ ကျွန် တော့်ရဲ့နောက်ဆုံးသွေးစစ်ချက် ကို ပြီးခဲ့တဲ့ နှစ်ပတ်က လုပ်ခဲ့တာ။ ဘာပိုးမှ မတွေ့ဘူး’’ဟု ပြော သည်။

‘‘သူများတွေကိုရော၊ ကျွန် တော့်ကိုယ်ကျွန်တော်ရော ကူညီ ဖို့အတွက် စမ်းသပ်ချက်မှာ ကျွန် တော်ပါဝင်ခဲ့ပါတယ်။ ဒီလောက် နှစ်တွေကြာပြီးနောက်မှာ ဒီပိုးရှိတဲ့လူတွေကို ကုသဖို့ တစ်ခုခုကို တွေ့မယ်ဆိုရင် ကြီးမားတဲ့အောင်မြင် မှုတစ်ခုခုဖြစ်လာမှာပါ။ ဒီနေရာ မှာ ကျွန်တော် တစ်စိတ်တစ်ပိုင်း ပါဝင်ခဲ့တယ်ဆိုတဲ့အချက်က မယုံ နိုင်လောက်စရာဖြစ်လိမ့်မယ်’’ဟု ဆိုသည်။

အင်ပီးရီးရဲကောလိပ်လန် ဒန်မှ အတိုင်ပင်ခံသမားတော် ပါမောက္ခ ဆာရာဖစ်ဒလာက လည်း ‘‘မလှုပ်ရှားသေးတဲ့ပိုးတွေ အပါအဝင် အိတ်ချ်အိုင်ဗီပိုးအား လုံးကို ခန္ဓာကိုယ်ကနေ ရှင်းထုတ် ပစ်ဖို့အတွက် ဒီကုထုံးကို အထူး တလည် ပုံစံဖော်ထားတာပါ’’ဟု ထပ်လောင်းပြောကြားသည်။

‘‘ဓာတ်ခွဲခန်းထဲက အလုပ် ဖြစ်ခဲ့ပြီး လူသားတွေမှာလည်းပဲ အလုပ်ဖြစ်လိမ့်မယ်ဆိုတဲ့ သက် သေကောင်းရှိတယ်။ ဒါပေမဲ့ တ ကယ့်ကုထုံးရဖို့ ခရီးရှည်ကြီးတစ် ခုမှာပဲ ကျွန်မတို့ရှိသေးတယ်ဆို တာကို ကျွန်မတို့ အရေးစိုက်ရ မယ်။ နောက် ငါးနှစ်ကြာအောင် ဆေးပညာဆိုင်ရာ စမ်းသပ်မှုတွေ ကျွန်မတို့ ဆက်လုပ်မှာဖြစ်ပြီး လတ်တလောမှာတော့ ART ရပ် တန့်ပစ်လိုက်ရေးနဲ့ပတ်သက်လို့ ကျွန်မတို့ ထောက်ခံမှာ မဟုတ် ဘူး။ ဒါပေမဲ့ အနာဂတ်မှာတော့ စမ်းသပ်ချက်ရလဒ်တွေအပေါ် မူ တည်ပြီး ဒါကို ကျွန်မတို့ စူးစမ်းရှာ ဖွေနိုင်ပါတယ်’’ဟု ပရော်ဖက်ဆာ ဆာရာဖစ်ဒလာက ပြောသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top