Property Expo
×

 အီတလီႏိုင္ငံ အလယ္ ပိုင္းတြင္ အင္အားျပင္းငလ်င္ ႏွစ္ ႀကိမ္လႈပ္ခတ္ခဲ့ရာ လူေပါင္းမ်ား စြာ ဒဏ္ရာရရွိခဲ့ၿပီး အေဆာက္အ အံုမ်ား ပ်က္စီးခဲ့ၿပီးေနာက္ ကယ္ ဆယ္ေရး လုပ္ေဆာင္ေနေသာ္ လည္း ရာသီဥတုဆိုးရြားေနသျဖင့္ ေႏွာင့္ေႏွးေနေၾကာင္း သိရသည္။


 ယမန္ေန႔က ငလ်င္မ်ား လႈပ္ခတ္ခဲ့ၿပီးေနာက္ ရာႏွင့္ခ်ီ ေသာ ေဒသခံမ်ားသည္ အေရး ေပၚခိုလံႈစရာ ေနရာမ်ားႏွင့္ ကား မ်ားအတြင္း အိပ္စက္ခဲ့ရေသာ္ လည္း အေျခအေနမွာ ကပ္ဆိုး က်ေရာက္ေနသလို မဟုတ္ဟုအရာရွိမ်ားက ေျပာသည္။

လူေသဆံုးမႈသတင္း မၾကားရေသးေသာ္လည္း သမိုင္း၀င္ အေဆာက္အအံုမ်ားပ်က္စီးခဲ့သည္။

မိမိတို႔ၿမိဳ႕ ေသဆံုးသြားၿပီဟု ၿမိဳ႕နယ္တစ္ခု၏ ၿမိဳ႕ေတာ္၀န္က ေျပာၾကားသည္။

ၾသဂုတ္လအတြင္းက ယင္း ေဒသမွာပင္ လႈပ္ခတ္ခဲ့ေသာ ငလ်င္ေၾကာင့္ လူ ၂၉၈ ဦး ေသ ဆံုးခဲ့သည္။

ယမန္ေန႔ ညေနပိုင္းကမူ မာစီရာတာျပည္နယ္ ဗစ္ဆိုေဒသ အနီး ျပင္းအား ၅ ဒသမ ၅ အဆင့္ရွိ ငလ်င္ဦးစြာ လႈပ္ခတ္ခဲ့ၿပီး ေနာက္ ျပင္းအား ၆ ဒသမ ၁ ငလ်င္တစ္ခု ထပ္မံလႈပ္ခတ္ခဲ့သည္။

ယင္းငလ်င္ႏွစ္ခု လႈပ္ခတ္မႈ ကို အီတလီႏိုင္ငံအလယ္ပိုင္းတစ္ခုလံုး ခံစားသိရွိခဲ့သည္။

 ၿမိဳ႕ေတာ္ေရာမတြင္လည္း အေဆာက္အအံုမ်ား လႈပ္ယမ္းကာ တံခါးႏွင့္ ျပတင္းေပါက္မ်ား တုန္ခါေနခဲ့သည္။

ပထမအႀကိမ္ငလ်င္ေၾကာင့္ လူမ်ားသည္ ေနအိမ္မ်ားမွ ထြက္ေျပးခဲ့ၾကရာ ဒုတိယငလ်င္ လႈပ္ခတ္ခ်ိန္၌ လူအမ်ား အသက္ခ်မ္းသာရာရခဲ့သည္။

ေနာက္ဆက္တဲြငလ်င္ငယ္ မ်ားလည္း ခံစားခဲ့ရသည္။

လူအမ်ားအျပားအား ေသး ငယ္ေသာ ဒဏ္ရာမ်ားႏွင့္ ထိတ္ လန္႔တုန္လႈပ္မႈအတြက္ ကုသေပး ခဲ့ရသည္ဟု အီတလီအရပ္ဘက္ ကာကြယ္ေရးအႀကီးအကဲ ဖာဘရီ ဇီယိုကာစီယိုကေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode version

 အီတလီနိုင်ငံ အလယ် ပိုင်းတွင် အင်အားပြင်းငလျင် နှစ် ကြိမ်လှုပ်ခတ်ခဲ့ရာ လူပေါင်းများ စွာ ဒဏ်ရာရရှိခဲ့ပြီး အဆောက်အ အုံများ ပျက်စီးခဲ့ပြီးနောက် ကယ် ဆယ်ရေး လုပ်ဆောင်နေသော် လည်း ရာသီဥတုဆိုးရွားနေသဖြင့် နှောင့်နှေးနေကြောင်း သိရသည်။


 ယမန်နေ့က ငလျင်များ လှုပ်ခတ်ခဲ့ပြီးနောက် ရာနှင့်ချီ သော ဒေသခံများသည် အရေး ပေါ်ခိုလှုံစရာ နေရာများနှင့် ကား များအတွင်း အိပ်စက်ခဲ့ရသော် လည်း အခြေအနေမှာ ကပ်ဆိုး ကျရောက်နေသလို မဟုတ်ဟုအရာရှိများက ပြောသည်။

လူသေဆုံးမှုသတင်း မကြားရသေးသော်လည်း သမိုင်းဝင် အဆောက်အအုံများပျက်စီးခဲ့သည်။

မိမိတို့မြို့ သေဆုံးသွားပြီဟု မြို့နယ်တစ်ခု၏ မြို့တော်ဝန်က ပြောကြားသည်။

သြဂုတ်လအတွင်းက ယင်း ဒေသမှာပင် လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် လူ ၂၉၈ ဦး သေ ဆုံးခဲ့သည်။

ယမန်နေ့ ညနေပိုင်းကမူ မာစီရာတာပြည်နယ် ဗစ်ဆိုဒေသ အနီး ပြင်းအား ၅ ဒသမ ၅ အဆင့်ရှိ ငလျင်ဦးစွာ လှုပ်ခတ်ခဲ့ပြီး နောက် ပြင်းအား ၆ ဒသမ ၁ ငလျင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့သည်။

ယင်းငလျင်နှစ်ခု လှုပ်ခတ်မှု ကို အီတလီနိုင်ငံအလယ်ပိုင်းတစ်ခုလုံး ခံစားသိရှိခဲ့သည်။

 မြို့တော်ရောမတွင်လည်း အဆောက်အအုံများ လှုပ်ယမ်းကာ တံခါးနှင့် ပြတင်းပေါက်များ တုန်ခါနေခဲ့သည်။

ပထမအကြိမ်ငလျင်ကြောင့် လူများသည် နေအိမ်များမှ ထွက်ပြေးခဲ့ကြရာ ဒုတိယငလျင် လှုပ်ခတ်ချိန်၌ လူအများ အသက်ချမ်းသာရာရခဲ့သည်။

နောက်ဆက်တွဲငလျင်ငယ် များလည်း ခံစားခဲ့ရသည်။

လူအများအပြားအား သေး ငယ်သော ဒဏ်ရာများနှင့် ထိတ် လန့်တုန်လှုပ်မှုအတွက် ကုသပေး ခဲ့ရသည်ဟု အီတလီအရပ်ဘက် ကာကွယ်ရေးအကြီးအကဲ ဖာဘရီ ဇီယိုကာစီယိုကပြောသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top