Property Expo
×

တေစၦကိုက္လုိ႔ေသခဲ့တဲ့ သူရဲေကာင္းကေတာ့ အားလုံးသိတဲ့ သမိန္ဗရမ္းပဲ ၿဖစ္ပါတယ္။ သမိန္ဗရမ္းဟာ သူ႕ရွင္ရာဇာဓိရာဇ္ရဲ႕ ထင္ရွားတဲ့သူရဲေကာင္းတစ္ေယာက္ၿဖစ္ပါတယ္။ စစ္ပြဲအတြင္း ဗမာ
ဘုရင္ရဲ႕ လက္ရဖမ္းဆီးၿခင္းကို ခံခဲ့ရၿပီး အက်ဥ္းခ်ထားခံရသူလည္း ၿဖစ္ပါတယ္။ ထုိအခ်ိန္မွာ တရုတ္စစ္သူႀကီးဂါမဏိက စီးခ်င္းထုိးရန္ လာေရာက္ခဲ့ပါတယ္။ သုိ႔ေသာ္ ဗမာတုိ႔ဘက္မွ ဂါမဏိႏွင့္ ယွဥ္၍ စီးခ်င္းထုိးႏုိင္မည့္သူမရွိပါ။ ဗမာသူရဲေကာင္းအားလုံးသည္ စစ္ေၿမၿပင္တြင္ေရာက္ရွိေနခဲ့တာေႀကာင့္ၿဖစ္ပါတယ္။

ဤတြင္ အက်ဥ္းခ်ခံထားရသူ သမိန္ဗရမ္း စဥ္းစားသည္မွာ“ငါသည္ အင္း၀ၿပည္တြင္ ရွိေနပါလ်က္ အင္း၀ၿပည္ မက်ဆုံးစေကာင္း ။ ထုိ႔ၿပင္ အင္း၀သည္ ပဲခူး(မြန္ေနၿပည္ေတာ္) ၏ တန္ခါး
၀လည္း ၿဖစ္သည္။ တရုတ္တုိ႔သည္ အင္း၀ကုိႏုိင္လွ်င္ေသာ္မွ ၿပန္ႀကမည္ မထင္။ အင္း၀ပ်က္လွ်င္ ဟံသာ၀တီကုိလည္း အလြတ္ေပးမည္ မဟုတ္။ ထုိ႔ေႀကာင့္ အင္း၀မက်ဆုံးေအာင္ ငါ့ကုိေထာင္မွ ထြက္ခြင့္ၿပဳပါ။ အင္း၀သားမ်ား ကုိယ္စားဂါမဏိ ႏွင့္ စီးခ်င္းထုိးေပးပါမည္ဟု ငါေၿပာရေသာ္ေကာင္းမည္” ဟူ၍ စဥ္းစားကာ စဥ္းစား ထားသည့္အတုိင္း ေထာင္မွဴးမ်ားမွ တစ္ဆင့္ ဘုရင္မင္းေခါင္အား
ေလွ်ာက္ေစပါတယ္။ ဘုရင္မင္းေခါင္ကလည္း ၀မ္းသာအားရလက္ခံေတာ္မူပါတယ္။

သုိ႔ၿဖင့္စီးခ်င္းထုိး၍ေန႔သုိ႔ေရာက္ေသာအခါတရုတ္စစ္သူႀကီးဂါမဏိသည္တစ္ကုိယ္လုံးတြင္ေရႊနန္းႀကဳိးမ်ားၿဖင့္ ယက္လုပ္ထားသည့္ ေရႊခ်ပ္၀တ္တန္ဆာကုိ ၀တ္ကာ လက္နက္မ်ားထည့္ထားသည့္ ၿခင္းေတာင္းကုိ ေက်ာတြင္လြယ္၍ ၿမင္းစီးကာ ကြင္းလယ္ကုိ ထြက္လာခဲ့ပါတယ္။ သမိန္ဗရမ္းကေတာ့ ေပါ့ပါးတဲ့ခ်ပ္၀တ္တန္ဆာကို၀တ္ကာ ေရႊၿဖင့္မြမ္းမံထားေသာ ေခါင္းေပါင္း
အနီကုိေပါင္းကာ လက္သန္းတြင္ န၀ရတ္ကုိးပါးလက္စြပ္ကုိ ၀တ္ကာထြက္လာပါတယ္။

သူရဲေကာင္းမ်ားေတြ႔ဆုံႏႈတ္ဆက္ၿပီးေနာက္ သမိန္ဗရမ္းက ဂါမဏိအား “ဂါမဏိ သင္ႏွင့္က်ဳပ္တုိ႔ ယေန႔တုိက္ႀကမည့္ပြဲသည္ တစ္ေယာက္ေယာက္အတြက္ ေနာက္ဆုံးပဲြၿဖစ္ႏုိင္သည္။ စ၍တုိက္သည္
ႏွင့္ တုိက္ပြဲလည္း အဆုံးသတ္သြားမည္ၿဖစ္သည္။ ႀကည့္ေနေသာပရိတ္သတ္အတြက္ စိတ္မေက်နပ္စဖြယ္ၿဖစ္လိမ့္မည္။ ထုိ႔ေႀကာင့္သင္က သင္တုိ႔၏ေတးသီခ်င္းကုိ ဆုိ၍ ကပါ။ ငါကလည္း ကႀကဳိး အတုိင္းလုိက္ကမည္။ ထုိ႔ေနာက္ ငါက လည္း ငါတုိ႔သီခ်င္းဆုိကာ ကပါမည္။သင္လည္းလုိက္ကပါ” ဟုဆုိေသာ္ ဂါမဏိလည္း သေဘာတူကာလုိက္ကပါတယ္။ တကယ္ေတာ့ ဒါဟာ ဂါမဏိရဲ႕
ေပ်ာ့ကြက္ကုိသိခ်င္လုိ႔ သမိန္ဗရမ္းရဲ႕ဥာဏ္ဆင္ၿခင္းသာ ၿဖစ္ပါတယ္။ ထုိေခတ္က ၿမင္းေက်ာေပၚတြင္ စီးနင္းရင္းလက္နက္မ်ားကို ကစားကာ ကၿပရေသာ ဓေလ့ရွိခဲ့တာေႀကာင့္ ၿဖစ္ပါတယ္။

ပထမဆုံး ဂါမဏိက သူတုိ႔အကကုိ ကသည္။ သမိန္ဗရမ္းကလည္း လုိက္ကသည္။ ထုိ႔ေနာက္သမိန္ဗရမ္းက ကသည္။ ထုိသုိ႔ကရာတြင္ ဂါမဏိ၏ ေပ်ာ့ကြက္ကုိ ၿမင္ႏုိင္ရန္ လက္ကုိေၿမွာက္ခ်ည္ ခ်ခ်ည္လုပ္၍လည္ေကာင္း၊ ကင္းၿမီးေကာက္ေထာင္၍လည္ေကာင္း ကၿပေလသည္။ ဂါမဏိကလည္း လိုက္က၏။ ထုိသုိ႔ကေနစဥ္ ဂါမဏိ၏ ခ်ဳိင္းအတြင္းဘက္၌ ခ်ပ္ႀကဳိးၿပတ္ကာ အသားေပၚေနသည္ကုိ သမိန္ဗရမ္းၿမင္လုိက္ၿပီး ကႀကဳိးကုိရပ္၏။ ထုိ႔ေနာက္စီးခ်င္းတုိက္ပြဲကို စတင္ပါေတာ့တယ္။

ဂါမဏိက ၿမင္းကုိဇက္ဖြင့္၍လုိက္တာနဲ႔ သမိန္ဗရမ္းက ေၿပးပါတယ္။ ထုိ႔ေနာက္ၿမင္းကုိ ရုတ္တရက္လွည့္ကာ ဂါမဏိကုိၿပန္လုိက္ပါတယ္။ ထုိသုိ႔ေၿပးလုိက္ ၊ လုိက္လုိက္ႏွင့္ဂါမဏိေမာသြားသည့္အခ်ိန္တြင္ သမိန္ဗရမ္းသည္ ဂါမဏိအနားသုိ႔ ကပ္သြား၏။ ဂါမဏိက လက္ကုိေၿမွာက္ကာ ဓါးၿဖင့္သမိန္ဗရမ္း၏ လည္ကုိပုိင္းမည္အၿပဳတြင္ အေမာလြန္ေနေသာ ဂါမဏိသည္ လက္ကုိလွ်င္ၿမန္စြာမလႈပ္ရွားႏုိင္ေတာ့ေခ်။ ထုိအခ်ိန္တြင္ သမိန္ဗရမ္းက ဂါမဏိ၏ ခ်ပ္ႀကဳိးၿပတ္ေနေသာ ခ်ဳိင္းႀကားေနရာကုိ လွံၿဖင့္ထုိးကာ ဂါမဏိ၏ ခႏၶာကုိယ္ၿမင္းေပၚမွမက်မီ ေခါင္းကုိ
ၿဖတ္ကာ သံၿခင္းထဲသုိ႔ ထည့္လုိက္ပါေတာ့တယ္။

အင္း၀ဘုရင္မင္းေခါင္က သေဘာက်ေတာ္မႈလွသၿဖင့္ ရာဇဓိရာဇ္ေပးေသာ စည္းစိမ္ႏွင့္ ညီမွ်ေအာင္ငါေပးမည္ သမီးေတာ္ ရာဇ ဓိတာ ႏွင့္လည္းအပ္ႏွင္းမည္ ဟုဆြဲေဆာင္ပါတယ္။ သုိ႔ေသာ္သမိန္
ဗရမ္းက ကြ်ႏု္ပ္ဤ အမႈေတာ္ကုိ ထမ္းေဆာင္ခဲ့ၿခင္းမွာ အခ်ဳပ္မွလြတ္လုိၿခင္း၊ ကြ်ႏု္ပ္၏အစြမ္းကုိသိေစၿခင္း ႏွင့္ ဟံသာ၀တီသုိ႔ၿပန္လည္ ပုိ႔ေဆာင္ၿခင္း(သုိ႔)ကြ်ႏု္ပ္အားကြပ္မ်က္ၿခင္း စသည္တုိ႔ေႀကာင့္ ၿဖစ္တယ္ လုိ႔ၿပန္ေလွ်ာက္တင္ပါတယ္။

ဘုရင္မင္းေခါင္က သမိန္ဗရမ္းသည္ ေက်းဇူးရွိသူၿဖစ္တာေႀကာင့္ ကြပ္လဲမကြပ္ႏုိင္၊ ဟံသာ၀တီသုိ႔လည္း ၿပန္မလႊတ္ခ်င္ တာေႀကာင့္ သမီးေတာ္ ရာဇဓိတာႏွင့္ ဆြဲေဆာင္ေစပါတယ္။ သမီးေတာ္ရာဇ
ဓိတာမွာ တခါမွ်တပါးေသာ ေယာက်ၤားအား ကြမ္းမတည္စဖူး ၊ မ်က္ႏွာမၿပဖူးရာ မ်က္လႊာခ်၍ သမိန္ဗရမ္းအားႀကည့္ပါတယ္။သမီးေတာ္ကုိ ၿမင္ၿမင္ခ်င္းသေဘာက်သြားေသာ သမိန္ဗရမ္းေတြး
သည္မွာ “ဘုရင္ကငါ့အား ၿပန္လႊတ္ေတာ့မည္ မဟုတ္။ ငါ့အေနႏွင့္ ကုသုိလ္ကံရွိေသာ္ ဟံသာ၀တီသုိ႔ၿပန္ရေပမည္” ဟုဆုိကာ အမႈေတာ္ကုိ ထမ္းပါေတာ့တယ္။ ထုိသုိ႔အမႈေတာ္ထမ္းမည္ဟုဆုိရာတြင္ အခ်က္ ၂ ခ်က္ကုိေတာင္းပါတယ္။ ထုိအခ်က္ ၂ ခ်က္မွာ

၁။ ဟံသာ၀တီ ႏွင့္ အင္း၀စစ္ၿဖစ္ပါက မည္သည့္ဘက္ကမွ်မကူပဲ ႀကားေနအၿဖစ္ေနရန္

၂။ ကြ်န္ဟူေသာ အသုံးကုိ မသုံးရန္၊ ထုိသုိ႔သုံးသည္ႏွင့္ဟံသာ၀တီကုိၿပန္ရန္
ၿဖစ္ပါတယ္။

သုိ႔ၿဖင့္ သမိန္ဗရမ္းႏွင့္ ရာဇာဓိတာတုိ႔မွ သားေယာက်ၤားေလးေမြးဖြားရာ ဘုရင္မင္းေခါင္က ခ်စ္ေတာ္မႈ၍ ရင္ခြင္ပုိက္၍ တုိင္းၿပည္ေရးရာေဆြးေႏြးေတာ္မူပါတယ္။ တေန႔ ကေလးက ဘုရင္မင္းေခါင္ရဲ႕ ဆံပင္ကုိဆြဲခ်၍ “ဟယ္ကြ်န္သားကေတာ့ ႀကာလွ်င္မင္းရဲေက်ာ္စြာၿဖစ္ေပအုံးမယ္” ဟု ႏႈတ္မွလႊတ္ခနဲထြက္သြားရာ ထုိညတြင္ပင္ သမိန္ဗရမ္းသည္ ဟံသာ၀တီသုိ႔ၿပန္ပါတယ္။ ဘုရင္မင္းေခါင္လည္း သူ႔အမွားအတြက္ အလြန္စိတ္ထိခုိက္ေတာ္မူပါတယ္။

ဟံသာ၀တီၿပန္ေရာက္ေသာ္ ၿဖစ္ေႀကာင္းကုန္စင္ကုိ ရာဇာဓိရာဇ္ အားေလွ်ာက္တင္ရာ သေဘာက်ေတာ္မူလွသၿဖင့္ ဒုန္း၀န္ကုိစားေစပါတယ္။ ဒုန္း၀န္စား သမိန္ဗရမ္းသည္ ရာဇာဓိရာဇ္လြန္၍ သားေတာ္ ဗညားက်န္းထံတြင္ ဆက္လက္အမႈထမ္း၏။ ဒုန္း၀န္မွ နံနက္မုိးေသာက္ ယံတြင္ထြက္ၿပီး ဟံသာ၀တီသုိ႔ၿမင္းၿဖင့္လာကာ ညေနခ်မ္းအခ်ိန္တြင္ ဒုန္း၀န္သုိ႔ၿပန္ပါတယ္။

တေန႔တြင္ သမိန္ဗရမ္း သြားေနႀကလမ္းတြင္ရွိေသာ ဣဘယဂါမရြာသုိ႔ ဓားၿပ၀င္၏။ ရြာသားမ်ားက ဓားၿပဗုိလ္အားဖမ္းမိကာ ႏွိပ္စက္ၿပီး ရင္ကုိခြဲလုိက္ကာ အေလာင္းေကာင္ကုိ တံက်င္သီ၍ ရြာၿပင္ဘက္
ေတာလမ္းခရီးတြင္ ခ်ိတ္ဆြဲထားလုိက္ႀကပါတယ္။ ဟံသာ၀တီမွၿပန္လာေသာ သမိန္ဗရမ္းသည္ ထုိရြာအနီးသုိ႔ေရာက္လာေသာအခါ“ဟယ္ သမိန္ဗရမ္း၊ နင့္ၿမင္းကုိ ငါလည္းစီးခ်င္လုိ႔ ငါ့ကုိလည္းတင္သြား
ပါ” ဟူေသာထူးဆန္းသည့္ စကားသံကုိ ႀကားရေသာအခါ စစ္သားႀကီးသမိန္ဗရမ္းသည္ ႀကက္သီးေမႊးညွင္းထသြားေလ၏။

“သည္ေတာထဲမွာ ငါ့နာမည္ကုိတပ္ၿပီး ဘယ္သူက မထီေလးစားေခၚလုိက္ပါသနည္း” ဟုလွည့္ပတ္ရွာေလေသာ တစုံတေယာက္မွမေတြ႔ပဲ အေလာင္းေကာင္ကုိသာေတြ႔ေလေသာ္ တေစၦေၿခာက္လွန္႔ေႀကာင္းသိသြား၍ ပုိ၍ေဒါသထြက္သြားပါတယ္။

” ဟယ္ ဓားၿပဆုိး ၊ နင့္ရင္ကုိ သူတုိ႔ခြဲလုိက္လုိ႔ နင္ေသေနၿပီ၊ ဘာေႀကာင့္ နင္မသြားေသးပဲ ငါ့ကုိေၿခာက္လွန္႔ေနသနည္း” ဟု ႏႈတ္မွေအာ္ေငါက္ကာ လက္ကလည္းဓားရွည္ကုိ ဆြဲထုတ္ကာ ဓါးၿမေခါင္းကုိၿဖတ္ၿပီးၿမင္းမွာခ်ိတ္ၿပီးယူလာခဲ့ပါတယ္။ ေၿခာက္လွန္႔တဲ့အတြက္ေႀကာက္လည္းေႀကာက္
 ေဒါသထြက္ၿပီး လုပ္မိလုပ္ရာ လုပ္လုိက္တာနဲ႔တူပါတယ္။ ထုိသုိ႔ၿပန္ရင္း ၿမင္းကခုန္ေသာအခါ ဓားၿပေခါင္းၿပတ္ဟာ သမိန္ဗရမ္းရဲ႕ဒူးကုိခဲပါေတာ့တယ္။ အမ်ဳိးမ်ဳိး ဆြဲၿဖတ္ေသာ္လည္း မရ ေနာက္ဆုံးဓားေႏွာင့္ၿဖင့္ တအားရုိက္ခ်လုိက္ တဲ့အခါမွ ေခါင္းၿပတ္ဟာ ေၿမေပၚၿပဳတ္က်သြားပါတယ္။
သုိ႔ေသာ္ ဒူးေခါင္းတြင္ သြားသုံးေခ်ာင္းသည္ စုိက္၍က်န္ခဲ့ပါတယ္။

သမားေတာ္မ်ား ႀကဳိးစားပမ္းစားကုသေသာ္လည္း အနာမွာ အဆိပ္ အေတာက္ၿဖစ္သၿဖင့္ မသက္သာလာေတာ့ပဲ ေ၀ဒနာၿပင္းထန္လာကာသုံးရက္ေၿမာက္ေန႔တြင္သမိန္ဗရမ္း
အနိစၥေရာက္သြားခဲ့ပါေတာ့တယ္။

(ဒီအခ်က္ကုိ ယုံႀကည္သူ မယုံႀကည္သူမ်ားရွိႏုိင္ေပမယ့္ သမုိင္းမွတ္တမ္းေတြကေတာ့ ဒီအတုိင္းပဲ မွတ္တမ္းတင္ထားခဲ့ပါတယ္)

Ref
ရာဇာဓိရာဇ္အေရးေတာ္ပုံက်မ္း-ႏုိင္ပန္းလွ
ၿမန္မာ့စြယ္စုံက်မ္း

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Aye Say

#Unicode Version
တစ္ဆေကိုက်လို့သေခဲ့တဲ့ သူရဲကောင်းကတော့ အားလုံးသိတဲ့ သမိန်
ဗရမ်းပဲ ဖြစ်ပါတယ်။ သမိန်ဗရမ်းဟာ သူ့ရှင်ရာဇာဓိရာဇ်ရဲ့ ထင်ရှားတဲ့သူရဲကောင်းတစ်ယောက်ဖြစ်ပါတယ်။ စစ်ပွဲအတွင်း ဗမာ
ဘုရင်ရဲ့ လက်ရဖမ်းဆီးခြင်းကို ခံခဲ့ရပြီး အကျဉ်းချထားခံရသူလည်း ဖြစ်ပါတယ်။ ထိုအချိန်မှာ တရုတ်စစ်သူကြီးဂါမဏိက စီးချင်းထိုးရန် လာရောက်ခဲ့ပါတယ်။ သို့သော် ဗမာတို့ဘက်မှ ဂါမဏိနှင့် ယှဉ်၍ စီးချင်းထိုးနိုင်မည့်သူမရှိပါ။ ဗမာသူရဲကောင်းအားလုံးသည် စစ်မြေပြင်တွင်ရောက်ရှိနေခဲ့တာကြောင့်ဖြစ်ပါတယ်။

ဤတွင် အကျဉ်းချခံထားရသူ သမိန်ဗရမ်း စဉ်းစားသည်မှာ
“ငါသည် အင်းဝပြည်တွင် ရှိနေပါလျက် အင်းဝပြည် မကျဆုံးစ
ကောင်း ။ ထို့ပြင် အင်းဝသည် ပဲခူး(မွန်နေပြည်တော်) ၏ တန်ခါး
ဝလည်း ဖြစ်သည်။ တရုတ်တို့သည် အင်းဝကိုနိုင်လျှင်သော်မှ ပြန်
ကြမည် မထင်။ အင်းဝပျက်လျှင် ဟံသာဝတီကိုလည်း အလွတ်ပေး
မည် မဟုတ်။ ထို့ကြောင့် အင်းဝမကျဆုံးအောင် ငါ့ကိုထောင်မှ ထွက်ခွင့်ပြုပါ။ အင်းဝသားများ ကိုယ်စားဂါမဏိ နှင့် စီးချင်းထိုးပေး
ပါမည်ဟု ငါပြောရသော်ကောင်းမည်” ဟူ၍ စဉ်းစားကာ စဉ်းစား ထားသည့်အတိုင်း ထောင်မှူးများမှ တစ်ဆင့် ဘုရင်မင်းခေါင်အား
လျှောက်စေပါတယ်။ ဘုရင်မင်းခေါင်ကလည်း ဝမ်းသာအားရ
လက်ခံတော်မူပါတယ်။

သို့ဖြင့် စီးချင်းထိုး၍နေ့သို့ရောက်သောအခါ တရုတ်စစ်သူကြီးဂါ
မဏိသည် တစ်ကိုယ်လုံးတွင်ရွှေနန်းကြိုးများဖြင့် ယက်လုပ်ထား
သည့် ရွှေချပ်ဝတ်တန်ဆာကို ဝတ်ကာ လက်နက်များထည့်ထား
သည့် ခြင်းတောင်းကို ကျောတွင်လွယ်၍ မြင်းစီးကာ ကွင်းလယ်ကို ထွက်လာခဲ့ပါတယ်။ သမိန်ဗရမ်းကတော့ ပေါ့ပါးတဲ့ချပ်ဝတ်တန်ဆာ
ကို ဝတ်ကာ ရွှေဖြင့်မွမ်းမံထားသော ခေါင်းပေါင်းအနီကိုပေါင်းကာ လက်သန်းတွင် နဝရတ်ကိုးပါးလက်စွပ်ကို ဝတ်ကာထွက်လာပါ
တယ်။

သူရဲကောင်းများတွေ့ဆုံနှုတ်ဆက်ပြီးနောက် သမိန်ဗရမ်းက ဂါမဏိ
အား “ဂါမဏိ သင်နှင့်ကျုပ်တို့ ယနေ့တိုက်ကြမည့်ပွဲသည် တစ်
ယောက်ယောက်အတွက် နောက်ဆုံးပွဲဖြစ်နိုင်သည်။ စ၍တိုက်သည်
နှင့် တိုက်ပွဲလည်း အဆုံးသတ်သွားမည်ဖြစ်သည်။ ကြည့်နေသော
ပရိတ်သတ်အတွက် စိတ်မကျေနပ်စဖွယ်ဖြစ်လိမ့်မည်။ ထို့ကြောင့်
သင်က သင်တို့၏တေးသီချင်းကို ဆို၍ ကပါ။ ငါကလည်း ကကြိုး အတိုင်းလိုက်ကမည်။ ထို့နောက် ငါက လည်း ငါတို့သီချင်းဆိုကာ ကပါမည်။သင်လည်းလိုက်ကပါ” ဟုဆိုသော် ဂါမဏိလည်း သ
ဘောတူကာလိုက်ကပါတယ်။ တကယ်တော့ ဒါဟာ ဂါမဏိရဲ့
ပျော့ကွက်ကိုသိချင်လို့ သမိန်ဗရမ်းရဲ့ဉာဏ်ဆင်ခြင်းသာ ဖြစ်ပါတယ်။ ထိုခေတ်က မြင်းကျောပေါ်တွင် စီးနင်းရင်းလက်နက်များကို ကစားကာ ကပြရသော ဓလေ့ရှိခဲ့တာကြောင့် ဖြစ်ပါတယ်။

ပထမဆုံး ဂါမဏိက သူတို့အကကို ကသည်။ သမိန်ဗရမ်းကလည်း လိုက်ကသည်။ ထို့နောက်သမိန်ဗရမ်းက ကသည်။ ထိုသို့ကရာတွင် ဂါမဏိ၏ ပျော့ကွက်ကို မြင်နိုင်ရန် လက်ကိုမြှောက်ချည် ချချည်လုပ်၍လည်ကောင်း၊ ကင်းမြီးကောက်ထောင်၍လည်ကောင်း ကပြလေသည်။ ဂါမဏိကလည်း လိုက်က၏။ ထိုသို့ကနေစဉ် ဂါမဏိ၏ ချိုင်းအတွင်းဘက်၌ ချပ်ကြိုးပြတ်ကာ အသားပေါ်နေသည်ကို သမိန်ဗရမ်းမြင်လိုက်ပြီး ကကြိုးကိုရပ်၏။ ထို့နောက်စီးချင်းတိုက်ပွဲကို စတင်ပါတော့တယ်။

ဂါမဏိက မြင်းကိုဇက်ဖွင့်၍လိုက်တာနဲ့ သမိန်ဗရမ်းက ပြေးပါတယ်။ ထို့နောက်မြင်းကို ရုတ်တရက်လှည့်ကာ ဂါမဏိကိုပြန်လိုက်ပါတယ်။ ထိုသို့ပြေးလိုက် ၊ လိုက်လိုက်နှင့်ဂါမဏိမောသွားသည့်အချိန်တွင် သမိန်ဗရမ်းသည် ဂါမဏိအနားသို့ ကပ်သွား၏။ ဂါမဏိက လက်ကို
မြှောက်ကာ ဓါးဖြင့်သမိန်ဗရမ်း၏ လည်ကိုပိုင်းမည်အပြုတွင် အမော
လွန်နေသော ဂါမဏိသည် လက်ကိုလျှင်မြန်စွာမလှုပ်ရှားနိုင်တော့ချေ။ ထိုအချိန်တွင် သမိန်ဗရမ်းက ဂါမဏိ၏ ချပ်ကြိုးပြတ်နေသော ချိုင်းကြား
နေရာကို လှံဖြင့်ထိုးကာ ဂါမဏိ၏ ခန္ဓာကိုယ်မြင်းပေါ်မှမကျမီ ခေါင်းကို
ဖြတ်ကာ သံခြင်းထဲသို့ ထည့်လိုက်ပါတော့တယ်။

အင်းဝဘုရင်မင်းခေါင်က သဘောကျတော်မှုလှသဖြင့် ရာဇဓိရာဇ်
ပေးသော စည်းစိမ်နှင့် ညီမျှအောင်ငါပေးမည် သမီးတော် ရာဇ ဓိတာ နှင့်လည်းအပ်နှင်းမည် ဟုဆွဲဆောင်ပါတယ်။ သို့သော်သမိန်
ဗရမ်းက ကျွနု်ပ်ဤ အမှုတော်ကို ထမ်းဆောင်ခဲ့ခြင်းမှာ အချုပ်မှလွတ်
လိုခြင်း၊ ကျွနု်ပ်၏အစွမ်းကိုသိစေခြင်း နှင့် ဟံသာဝတီသို့ပြန်လည် ပို့ဆောင်ခြင်း(သို့)ကျွနု်ပ်အားကွပ်မျက်ခြင်း စသည်တို့ကြောင့် ဖြစ်
တယ် လို့ပြန်လျှောက်တင်ပါတယ်။

ဘုရင်မင်းခေါင်က သမိန်ဗရမ်းသည် ကျေးဇူးရှိသူဖြစ်တာကြောင့် ကွပ်လဲမကွပ်နိုင်၊ ဟံသာဝတီသို့လည်း ပြန်မလွှတ်ချင် တာကြောင့် သမီးတော် ရာဇဓိတာနှင့် ဆွဲဆောင်စေပါတယ်။ သမီးတော်ရာဇ
ဓိတာမှာ တခါမျှတပါးသော ယောကျၤားအား ကွမ်းမတည်စဖူး ၊ မျက်နှာမပြဖူးရာ မျက်လွှာချ၍ သမိန်ဗရမ်းအားကြည့်ပါတယ်။
သမီးတော်ကို မြင်မြင်ချင်းသဘောကျသွားသော သမိန်ဗရမ်းတွေး
သည်မှာ “ဘုရင်ကငါ့အား ပြန်လွှတ်တော့မည် မဟုတ်။ ငါ့အနေနှင့် ကုသိုလ်ကံရှိသော် ဟံသာဝတီသို့ပြန်ရပေမည်” ဟုဆိုကာ အမှုတော်
ကို ထမ်းပါတော့တယ်။ ထိုသို့အမှုတော်ထမ်းမည်ဟုဆိုရာတွင် အ
ချက် ၂ ချက်ကိုတောင်းပါတယ်။ ထိုအချက် ၂ ချက်မှာ
၁။ ဟံသာဝတီ နှင့် အင်းဝစစ်ဖြစ်ပါက မည်သည့်ဘက်ကမျှမကူပဲ ကြားနေအဖြစ်နေရန်
၂။ ကျွန်ဟူသော အသုံးကို မသုံးရန်၊ ထိုသို့သုံးသည်နှင့်ဟံသာဝတီ
ကိုပြန်ရန်
ဖြစ်ပါတယ်။
သို့ဖြင့် သမိန်ဗရမ်းနှင့် ရာဇာဓိတာတို့မှ သားယောကျၤားလေးမွေး
ဖွားရာ ဘုရင်မင်းခေါင်က ချစ်တော်မှု၍ ရင်ခွင်ပိုက်၍ တိုင်းပြည်ရေး
ရာဆွေးနွေးတော်မူပါတယ်။ တနေ့ ကလေးက ဘုရင်မင်းခေါင်ရဲ့ ဆံပင်ကိုဆွဲချ၍ “ဟယ်ကျွန်သားကတော့ ကြာလျှင်မင်းရဲကျော်စွာ
ဖြစ်ပေအုံးမယ်” ဟု နှုတ်မှလွှတ်ခနဲထွက်သွားရာ ထိုညတွင်ပင် သမိန်ဗရမ်းသည် ဟံသာဝတီသို့ပြန်ပါတယ်။ ဘုရင်မင်းခေါင်
လည်း သူ့အမှားအတွက် အလွန်စိတ်ထိခိုက်တော်မူပါတယ်။

ဟံသာဝတီပြန်ရောက်သော် ဖြစ်ကြောင်းကုန်စင်ကို ရာဇာဓိရာဇ် အားလျှောက်တင်ရာ သဘောကျတော်မူလှသဖြင့် ဒုန်းဝန်ကိုစားစေ
ပါတယ်။ ဒုန်းဝန်စား သမိန်ဗရမ်းသည် ရာဇာဓိရာဇ်လွန်၍ သားတော် ဗညားကျန်းထံတွင် ဆက်လက်အမှုထမ်း၏။ ဒုန်းဝန်မှ နံနက်မိုးသောက် ယံတွင်ထွက်ပြီး ဟံသာဝတီသို့မြင်းဖြင့်လာကာ ညနေချမ်းအချိန်တွင် ဒုန်းဝန်သို့ပြန်ပါတယ်။

တနေ့တွင် သမိန်ဗရမ်း သွားနေကြလမ်းတွင်ရှိသော ဣဘယဂါမ
ရွာသို့ ဓားပြဝင်၏။ ရွာသားများက ဓားပြဗိုလ်အားဖမ်းမိကာ နှိပ်စက်
ပြီး ရင်ကိုခွဲလိုက်ကာ အလောင်းကောင်ကို တံကျင်သီ၍ ရွာပြင်ဘက်
တောလမ်းခရီးတွင် ချိတ်ဆွဲထားလိုက်ကြပါတယ်။ ဟံသာဝတီမှ
ပြန်လာသော သမိန်ဗရမ်းသည် ထိုရွာအနီးသို့ရောက်လာသောအခါ
“ဟယ် သမိန်ဗရမ်း၊ နင့်မြင်းကို ငါလည်းစီးချင်လို့ ငါ့ကိုလည်းတင်သွား
ပါ” ဟူသောထူးဆန်းသည့် စကားသံကို ကြားရသောအခါ စစ်သားကြီးသမိန်ဗရမ်းသည် ကြက်သီးမွှေးညှင်းထသွားလေ၏။

“သည်တောထဲမှာ ငါ့နာမည်ကိုတပ်ပြီး ဘယ်သူက မထီလေးစား
ခေါ်လိုက်ပါသနည်း” ဟုလှည့်ပတ်ရှာလေသော တစုံတယောက်မှ
မတွေ့ပဲ အလောင်းကောင်ကိုသာတွေ့လေသော် တစ္ဆေခြောက်လှန်
့ကြောင်းသိသွား၍ ပို၍ဒေါသထွက်သွားပါတယ်။

” ဟယ် ဓားပြဆိုး ၊ နင့်ရင်ကို သူတို့ခွဲလိုက်လို့ နင်သေနေပြီ၊ ဘာ
ကြောင့် နင်မသွားသေးပဲ ငါ့ကိုခြောက်လှန့်နေသနည်း” ဟု နှုတ်မှအော်ငေါက်ကာ လက်ကလည်းဓားရှည်ကို ဆွဲထုတ်ကာ ဓါးမြခေါင်းကို ဖြတ်ပြီးမြင်းမှာချိတ်ပြီးယူလာခဲ့ပါတယ်။ ခြောက်လှန့်
တဲ့အတွက်ကြောက်လည်းကြောက် ဒေါသထွက်ပြီး လုပ်မိလုပ်ရာ လုပ်လိုက်တာနဲ့တူပါတယ်။ ထိုသို့ပြန်ရင်း မြင်းကခုန်သောအခါ ဓားပြခေါင်းပြတ်ဟာ သမိန်ဗရမ်းရဲ့ဒူးကိုခဲပါတော့တယ်။ အမျိုးမျိုး ဆွဲဖြတ်သော်လည်း မရ နောက်ဆုံးဓားနှောင့်ဖြင့် တအားရိုက်ချ
လိုက် တဲ့အခါမှ ခေါင်းပြတ်ဟာ မြေပေါ်ပြုတ်ကျသွားပါတယ်။
သို့သော် ဒူးခေါင်းတွင် သွားသုံးချောင်းသည် စိုက်၍ကျန်ခဲ့ပါတယ်။

သမားတော်များ ကြိုးစားပမ်းစားကုသသော်လည်း အနာမှာ အဆိပ် အတောက်ဖြစ်သဖြင့် မသက်သာလာတော့ပဲ ဝေဒနာပြင်းထန်လာ
ကာ သုံးရက်မြောက်နေ့တွင် သမိန်ဗရမ်းအနိစ္စရောက်သွားခဲ့ပါတော့
တယ်။
(ဒီအချက်ကို ယုံကြည်သူ မယုံကြည်သူများရှိနိုင်ပေမယ့် သမိုင်းမှတ်
တမ်းတွေကတော့ ဒီအတိုင်းပဲ မှတ်တမ်းတင်ထားခဲ့ပါတယ်)

Ref
ရာဇာဓိရာဇ်အရေးတော်ပုံကျမ်း-နိုင်ပန်းလှ
မြန်မာ့စွယ်စုံကျမ်း


ဖိုးသူတော် (www.phothutaw.com)
Credit:Aye Say
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top