Royal Maung Bamar Residence
×

ဗိုလ္တေထာင္ၿမိဳ႕နယ္ ၄၅ လမ္းရွိ ရွစ္လႊာတိုက္ခန္းတြင္ အသက္(၃၂)ႏွစ္အရြယ္ အမ်ဳိးသားတစ္ဦး ထိုးသြင္းျပတ္ရွဒဏ္ရာမ်ားျဖင့္ ေသဆံုးေနသည္ကို ေအာက္တိုဘာ ၈ ရက္ နံနက္ ၁ နာရီခြဲက ေတြ႕ရွိခဲ့ေၾကာင္း သတင္းရရွိသည္။

‘‘ေသတဲ့သူက သေဘၤာသား ပါ။ ဘယ္သေဘၤာလိုင္းကလဲ ေတာ့ မသိဘူး။ သူက အဲဒီအိမ္မွာ တစ္ေယာက္တည္း ငွားေနတာ။ မေန႔ညက သူ႔အေဖအိမ္က ျပန္သြားၿပီးကတည္းက အဆက္အသြယ္မရေတာ့လို႔ သြားၾကည့္ေတာ့ေသေနတာ။ အိမ္သံပန္းတံခါးကေတာ့ ပတၱာျပဳတ္ေနတယ္။ အတြင္းသစ္သားတံခါးက အျပင္ကခ်က္ထိုးထားတယ္’’ ဟု ဗိုလ္တေထာင္ၿမိဳ႕မရဲစခန္းမွ ရဲအရာရွိတစ္ဦးက ေျပာသည္။

ေသဆံုးသူသည္ ေအာက္တို ဘာ ၇ ရက္ ညက သာေကတၿမိဳ႕နယ္ရွိ မိဘေနအိမ္မွ ျပန္သြားခဲ့ၿပီးေနာက္ ၎၏ လက္ကိုင္ဖုန္းအား ဆက္သြယ္မရေတာ့သျဖင့္ ဖခင္က ရဲတပ္ဖြဲ႕သို႔ အေၾကာင္းၾကား ကာ ၎၏ ေနအိမ္တိုက္ခန္းအ တြင္း ၀င္ေရာက္ၾကည့္႐ႈခဲ့သည္။

လည္ပင္းႏွင့္ လက္ဖ်ံတြင္ ဒဏ္ရာမ်ားရကာ ေသဆံုးေနျခင္း ျဖစ္ၿပီး ဗိုလ္တေထာင္ၿမိဳ႕မရဲစခန္းက ရာဇသတ္ႀကီးပုဒ္မ ၃၀၂ ျဖင့္ အမႈဖြင့္ကာ စံုစမ္းေနေၾကာင္း သတင္းရရွိသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : 7Day Daily

#Unicode Version

ဗိုလ်တထောင်မြို့နယ် ၄၅ လမ်းရှိ ရှစ်လွှာတိုက်ခန်းတွင် အသက်(၃၂)နှစ်အရွယ် အမျိုးသားတစ်ဦး ထိုးသွင်းပြတ်ရှဒဏ်ရာများဖြင့် သေဆုံးနေသည်ကို အောက်တိုဘာ ၈ ရက် နံနက် ၁ နာရီခွဲက တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။

‘‘သေတဲ့သူက သင်္ဘောသား ပါ။ ဘယ်သင်္ဘောလိုင်းကလဲ တော့ မသိဘူး။ သူက အဲဒီအိမ်မှာ တစ်ယောက်တည်း ငှားနေတာ။ မနေ့ညက သူ့အဖေအိမ်က ပြန်သွားပြီးကတည်းက အဆက်အသွယ်မရတော့လို့ သွားကြည့်တော့သေနေတာ။ အိမ်သံပန်းတံခါးကတော့ ပတ္တာပြုတ်နေတယ်။ အတွင်းသစ်သားတံခါးက အပြင်ကချက်ထိုးထားတယ်’’ ဟု ဗိုလ်တထောင်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

သေဆုံးသူသည် အောက်တို ဘာ ၇ ရက် ညက သာကေတမြို့နယ်ရှိ မိဘနေအိမ်မှ ပြန်သွားခဲ့ပြီးနောက် ၎င်း၏ လက်ကိုင်ဖုန်းအား ဆက်သွယ်မရတော့သဖြင့် ဖခင်က ရဲတပ်ဖွဲ့သို့ အကြောင်းကြား ကာ ၎င်း၏ နေအိမ်တိုက်ခန်းအ တွင်း ဝင်ရောက်ကြည့်ရှုခဲ့သည်။

လည်ပင်းနှင့် လက်ဖျံတွင် ဒဏ်ရာများရကာ သေဆုံးနေခြင်း ဖြစ်ပြီး ဗိုလ်တထောင်မြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ကာ စုံစမ်းနေကြောင်း သတင်းရရှိသည်။

ဖိုးသူတော် (www.phothutaw.com)
Credit : 7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top