Property Expo
×

ထိုင်းအိမ်ရှေ့မင်းသား မဟာဗာဂျာရာလောင်ကွန်းက (အောက်တိုဘာ ၁၃ ရက်) ညနေပိုင်းက ကံတော်ကုန်သွားခဲတဲ့ ဖခင်ဖြစ်သူ ဘုရင်ဘူမီဘောရဲ့ အရိုက်အရာကို ဆက်ခံပြီး ထိုင်းဘုရင်အဖြစ် နန်းတက်မှာဖြစ်ပါတယ်။




Credit: duwun

#Unicode Version

ထိုင်းအိမ်ရှေ့မင်းသား မဟာဗာဂျာရာလောင်ကွန်းက ယနေ့ (အောက်တိုဘာ ၁၃ ရက်) ညနေပိုင်းက ကံတော်ကုန်သွားခဲတဲ့ ဖခင်ဖြစ်သူ ဘုရင်ဘူမီဘောရဲ့ အရိုက်အရာကို ဆက်ခံပြီး ထိုင်းဘုရင်အဖြစ် နန်းတက်မှာဖြစ်ပါတယ်။

အသက် ၆၄ နှစ်အရွယ် အိမ်ရှေ့မင်းသား ဘုရင်အဖြစ်နန်းတက်ပွဲကို စီစဉ်သွားမယ်လို့ ထိုင်းအစိုးရက ဆိုပါတယ်။

ဘုရင်ဘူမီဘောက ၎င်းရဲ့အရိုက်အရာကို ဆက်ခံရန်အတွက် မဟာဗာဂျာရာလောင်ကွန်းကို အိမ်ရှေ့မင်းသားအဖြစ် ၁၉၇၂ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်မှာ အပ်နှင်းခဲ့ကြောင်းကို လွှတ်တော်မှာတင်သွင်းသွားမှာဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် ပရာယွတ်က ရုပ်မြင်သံကြားမိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

ဘုရင်ဘူမီဘော ကွယ်လွန်မှုအတွက် ဝမ်းနည်ကြေကွဲကြောင်း အထိမ်းအမှတ်ကာလကို တစ်နှစ်ကြာ သတ်မှတ်သွားမှာဖြစ်ပြီး အပျော်အပါးနဲ့ ဖျော်ဖြေရေးတွေကိုလည်း ရက်ပေါင်း ၃၀ ကြာ လျှော့ချသွားမယ်လို့လည်း ထိုင်းဝန်ကြီးချုပ်က ရုပ်သံမိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: duwun
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top