Property Expo
×

ရန္ကုန္တိုင္းတြင္ မႈခင္း မ်ားေလ်ာ့နည္းက်ဆင္းေရးႏွင့္ တရားဥပေဒစိုးမုိးေရးအတြက္ စီ မံခ်က္ပါအတိုင္း ရာႏႈန္းျပည့္ ေဆာင္ရြက္ႏိုင္ျခင္းမရွိ၍ မႈခင္း မ်ား ဆက္လက္ျဖစ္ပြားေနဆဲျဖစ္ ေၾကာင္း လံုၿခံဳေရးႏွင့္နယ္စပ္ေရး ရာ၀န္ႀကီး ဗိုလ္မွဴးႀကီးတင္ေအာင္ ထြန္းက လႊတ္ေတာ္၌ ၀န္ခံေျပာ ၾကားသည္။

ေအာက္တိုဘာ ၁၁ ရက္က ျပဳလုပ္သည့္ရန္ကုန္တိုင္းေဒသ ႀကီးလႊတ္ေတာ္ အစည္းအေ၀း တြင္ ရဲတပ္ဖြဲ႕အင္အား ေဆာင္ ရြက္မႈအေျခအေနႏွင့္ပတ္သက္ ၍ မရမ္းကုန္းၿမိဳ႕နယ္ မဲဆႏၵနယ္ အမွတ္(၂) လႊတ္ေတာ္ကုိယ္စား လွယ္ ေဒၚမုိးမုိးစုၾကည္၏ ေမး ျမန္းမႈကို နယ္လံု၀န္ႀကီးက အ ထက္ပါအတိုင္း ျပန္လည္ေျဖ ၾကားခဲ့သည္။

ရန္ကုန္တိုင္းေဒသႀကီးအ တြင္း တရားဥပေဒစိုးမိုးေရးကို မည္သို႔ စီမံခ်က္မ်ားခ်မွတ္ လုပ္ ေဆာင္ေနျခင္း၊ ရဲတပ္ဖြဲ႕အင္အား မလံုေလာက္မႈကို ျဖည့္ဆည္းရန္ မည္သုိ႔ စီမံေဆာင္ရြက္ေနျခင္း၊ ရဲတပ္ဖြဲ႕အတြက္ လိုအပ္ေသာ ေခတ္မီ အသံုးအေဆာင္မ်ား၊ ယာဥ္ႏွင့္ စက္ပစၥည္းမ်ားကိုျဖည့္ ဆည္းႏိုင္ရန္ မည္သို႔ စီမံေဆာင္ ရြက္ေနျခင္းႏွင့္ ေပၚေပါက္လာ ေသာ မႈခင္းအေရးအရာမ်ားကို ရဲ တပ္ဖဲြ႕အေနႏွင့္ မည္သို႔မည္ပံု အ ေရးယူေဆာင္ရြက္ျခင္း စသည္ ျဖင့္ လႊတ္ေတာ္ ကိုယ္စားလွယ္ ေဒၚမုိးမိုးစုၾကည္က လႊတ္ေတာ္အ စည္းအေ၀းတြင္ ေမးျမန္းခဲ့သည္။

မႈခင္း ေလ်ာ့နည္းက်ဆင္း ေရး၊ ေလာင္းကစားမႈ ပေပ်ာက္ ေရး၊ မူးယစ္ေဆး၀ါး တားဆီးႏွိမ္ နင္းေရး၊ ဒုစ႐ိုက္မႈပေပ်ာက္ေရး၊ သက္ငယ္မုဒိန္းမႈ မျဖစ္ပြားေစ ေရးႏွင့္ မုဒိမ္းမႈေလ်ာ့နည္းက် ဆင္းေရး၊ ခိုး၊ ဆိုး၊ လု၊ ႏႈိက္မႈမ်ား ေလ်ာ့နည္းက်ဆင္းေရး၊ ခါးပိုက္ ႏႈိက္္ဖမ္းဆီးေရး၊ ရက္တစ္ရာစီမံ ခ်က္ျဖင့္ ရပ္ရြာအေျချပဳ ရဲလုပ္ ငန္းစနစ္ေဆာင္ရြက္မႈ စသည့္ စီ မံခ်က္မ်ား ေရးဆြဲေဆာင္ရြက္ေန ေၾကာင္း နယ္လံု၀န္ႀကီးကေျပာ ၾကားသည္။

‘‘စီမံခ်က္ပါအတိုင္း ရာႏႈန္း ျပည့္ေဆာင္ရြက္ႏိုင္ျခင္းမရွိေသး တဲ့အတြက္ ေျမျပင္မွာ မႈခင္းေတြ ျဖစ္ပြားေနရျခင္းျဖစ္ပါတယ္။ ဒါ ေၾကာင့္လည္း ရပ္ရြာ အေျချပဳတဲ့ လုပ္ငန္းစနစ္ေတြကို အဓိကထား ေဆာင္ရြက္ေနပါတယ္။ တခ်ိဳ႕ ကိစၥေတြက တရားခံကို ဖမ္းဆီး ေနဆဲကာလျဖစ္တဲ့အတြက္ တ ခ်ိဳ႕မႈခင္းေတြကို ထုတ္ျပန္ႏိုင္တဲ့ အတိုင္းအတာအထိ ထုတ္ျပန္ ေပးခဲ့ၿပီး ျဖစ္ပါတယ္’’ဟု ဗိုလ္မွဴး ႀကီး တင္ေအာင္ထြန္းက ေျပာ ၾကားသည္။

ရဲတပ္ဖြဲ႕အေနျဖင့္ ႀကိဳတင္ ကာကြယ္မႈမ်ားျဖစ္ေသာ ေလာင္း ကစား၊ လက္နက္ပုန္း၊ယစ္မ်ိဳး၊ ျပည့္တန္ဆာ၊ မူးယစ္ေဆး၀ါး၊ ေျခခ်ဳပ္၊ ရဲအက္၊ က်င့္ ၅၄၊ ဆင္ ဆာမဲ့ဗီဒီယိုမ်ားကို အရွိန္ျမႇင့္ဖမ္း ဆီးအေရးယူလ်က္ရွိေၾကာင္း ၎ ကလႊတ္ေတာ္တြင္ ေျပာၾကားခဲ့ သည္။

မရမ္းကုန္းၿမိဳ႕နယ္ လႊတ္ ေတာ္ကိုယ္စားလွယ္ ေဒၚမိုးမိုးစု ၾကည္က ‘‘မၾကာခင္ကာလက မဂၤလာဒံုမွာျဖစ္ခဲ့တဲ့ ေလးေလာင္း ၿပိဳင္လူသတ္မႈ၊ တာေမြလူသတ္မႈ ျဖစ္စဥ္ေတြက ျပည္သူလူထုကို ထိတ္လန္႔မႈျဖစ္ေစခဲ့ပါတယ္။ ရဲ တပ္ဖြဲ႕အင္အားနဲ႔ သူတို႔ရဲ႕လစာ၊ အေဆာင္အေယာင္၊ ေခတ္မီစက္ ပစၥည္းေတြကို ျဖည့္ဆည္းေဆာင္ ရြက္ေပးဖို႔လိုအပ္ပါတယ္’’ ဟု လႊတ္ေတာ္သို႔ တင္ျပခဲ့သည္။

၎၏ေမးျမန္းခ်က္ႏွင့္စပ္ လ်ဥ္း၍ ႏိုင္ငံေတာ္အစိုးရက ခြဲ ေ၀းေပးလ်က္ရွိသည့္ ဘ႑ာေငြ ရရွိမႈအေပၚမူတည္ၿပီး ရဲတပ္ဖြဲ႕ ၀င္မ်ား၏ အသံုးအေဆာင္၊ေခတ္ မီစက္ပစၥည္းမ်ား၊ ေနအိမ္လိုင္း ခန္းမ်ားကို စီမံေဆာင္ရြက္လ်က္ ရွိေၾကာင္းနယ္လံု၀န္ႀကီးက ေျဖ ၾကားသည္။

ထို႔အျပင္ ရန္ကုန္တိုင္းတြင္ ေနထိုင္သူဦးေရ ထူထပ္ၿပီး မႈခင္း မ်ားအျဖစ္မ်ားျခင္းေၾကာင့္ စီမံ ခ်က္မ်ားခ်မွတ္ေဆာင္ရြက္ကာ ရဲ တပ္ဖြဲ႕အင္အားကို ဖြဲ႕စည္းပံု၏ ၈၀ ရာခိုင္ႏႈန္း လူအင္အားျဖည့္ ဆည္းၿပီး ေဆာင္ရြက္လ်က္ရွိ ေၾကာင္းသိရသည္။

ရဲတပ္ဖြဲ႕အင္အားတုိးခ်ဲ႕ခ် ထားေပးရာတြင္ မႏၲေလးတိုင္း တြင္ ၆၅ ရာခိုင္ႏႈန္းႏွင့္အျခားတိုင္း ေဒသႀကီးမ်ားတြင္ ၅၀ ရာခိုင္ႏႈန္း၊ ကရင္၊ ကယား၊ ခ်င္း၊မြန္ျပည္နယ္ တို႔တြင္ ၄၀ ရာခိုင္ႏႈန္းခန္႔ခ်ထား ေပးေၾကာင္း နယ္လံု၀န္ႀကီးက ရန္ကုန္တိုင္းလႊတ္ေတာ္အစည္း အေ၀းတြင္ ေျပာၾကားသည္။

ၿပီးခဲ့သည့္ ၂၀၁၅ ကရန္ကုန္ တိုင္း၌ လူသတ္မႈ ၁၉၁ မႈျဖစ္ပြား ခဲ့သည့္အနက္ ၁၇၈ မႈကိုဖမ္းဆီး အေရးယူလ်က္ရွိကာ ၁၃ မႈမွာ စံု စမ္းဆဲျဖစ္ေၾကာင္း သိရသည္။ ယခုႏွစ္ စက္တင္ဘာလကုန္အ ထိ လူသတ္မႈေပါင္း ၁၃၀ မႈျဖစ္ ပြားကာ ၁၂၅ မႈကို ဖမ္းဆီးအေရး ယူေဆာင္ရြက္ေနၿပီး က်န္ငါးမႈမွာ စံုစမ္းဆဲျဖစ္ေၾကာင္းသတင္းရရွိ သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

ရန်ကုန်တိုင်းတွင် မှုခင်း များလျော့နည်းကျဆင်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် စီ မံချက်ပါအတိုင်း ရာနှုန်းပြည့် ဆောင်ရွက်နိုင်ခြင်းမရှိ၍ မှုခင်း များ ဆက်လက်ဖြစ်ပွားနေဆဲဖြစ် ကြောင်း လုံခြုံရေးနှင့်နယ်စပ်ရေး ရာဝန်ကြီး ဗိုလ်မှူးကြီးတင်အောင် ထွန်းက လွှတ်တော်၌ ဝန်ခံပြော ကြားသည်။

အောက်တိုဘာ ၁၁ ရက်က ပြုလုပ်သည့်ရန်ကုန်တိုင်းဒေသ ကြီးလွှတ်တော် အစည်းအဝေး တွင် ရဲတပ်ဖွဲ့အင်အား ဆောင် ရွက်မှုအခြေအနေနှင့်ပတ်သက် ၍ မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) လွှတ်တော်ကိုယ်စား လှယ် ဒေါ်မိုးမိုးစုကြည်၏ မေး မြန်းမှုကို နယ်လုံဝန်ကြီးက အ ထက်ပါအတိုင်း ပြန်လည်ဖြေ ကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအ တွင်း တရားဥပဒေစိုးမိုးရေးကို မည်သို့ စီမံချက်များချမှတ် လုပ် ဆောင်နေခြင်း၊ ရဲတပ်ဖွဲ့အင်အား မလုံလောက်မှုကို ဖြည့်ဆည်းရန် မည်သို့ စီမံဆောင်ရွက်နေခြင်း၊ ရဲတပ်ဖွဲ့အတွက် လိုအပ်သော ခေတ်မီ အသုံးအဆောင်များ၊ ယာဉ်နှင့် စက်ပစ္စည်းများကိုဖြည့် ဆည်းနိုင်ရန် မည်သို့ စီမံဆောင် ရွက်နေခြင်းနှင့် ပေါ်ပေါက်လာ သော မှုခင်းအရေးအရာများကို ရဲ တပ်ဖွဲ့အနေနှင့် မည်သို့မည်ပုံ အ ရေးယူဆောင်ရွက်ခြင်း စသည် ဖြင့် လွှတ်တော် ကိုယ်စားလှယ် ဒေါ်မိုးမိုးစုကြည်က လွှတ်တော်အ စည်းအဝေးတွင် မေးမြန်းခဲ့သည်။

မှုခင်း လျော့နည်းကျဆင်း ရေး၊ လောင်းကစားမှု ပပျောက် ရေး၊ မူးယစ်ဆေးဝါး တားဆီးနှိမ် နင်းရေး၊ ဒုစရိုက်မှုပပျောက်ရေး၊ သက်ငယ်မုဒိန်းမှု မဖြစ်ပွားစေ ရေးနှင့် မုဒိမ်းမှုလျော့နည်းကျ ဆင်းရေး၊ ခိုး၊ ဆိုး၊ လု၊ နှိုက်မှုများ လျော့နည်းကျဆင်းရေး၊ ခါးပိုက် နှိုက်ဖမ်းဆီးရေး၊ ရက်တစ်ရာစီမံ ချက်ဖြင့် ရပ်ရွာအခြေပြု ရဲလုပ် ငန်းစနစ်ဆောင်ရွက်မှု စသည့် စီ မံချက်များ ရေးဆွဲဆောင်ရွက်နေ ကြောင်း နယ်လုံဝန်ကြီးကပြော ကြားသည်။

‘‘စီမံချက်ပါအတိုင်း ရာနှုန်း ပြည့်ဆောင်ရွက်နိုင်ခြင်းမရှိသေး တဲ့အတွက် မြေပြင်မှာ မှုခင်းတွေ ဖြစ်ပွားနေရခြင်းဖြစ်ပါတယ်။ ဒါ ကြောင့်လည်း ရပ်ရွာ အခြေပြုတဲ့ လုပ်ငန်းစနစ်တွေကို အဓိကထား ဆောင်ရွက်နေပါတယ်။ တချို့ ကိစ္စတွေက တရားခံကို ဖမ်းဆီး နေဆဲကာလဖြစ်တဲ့အတွက် တ ချို့မှုခင်းတွေကို ထုတ်ပြန်နိုင်တဲ့ အတိုင်းအတာအထိ ထုတ်ပြန် ပေးခဲ့ပြီး ဖြစ်ပါတယ်’’ဟု ဗိုလ်မှူး ကြီး တင်အောင်ထွန်းက ပြော ကြားသည်။

ရဲတပ်ဖွဲ့အနေဖြင့် ကြိုတင် ကာကွယ်မှုများဖြစ်သော လောင်း ကစား၊ လက်နက်ပုန်း၊ယစ်မျိုး၊ ပြည့်တန်ဆာ၊ မူးယစ်ဆေးဝါး၊ ခြေချုပ်၊ ရဲအက်၊ ကျင့် ၅၄၊ ဆင် ဆာမဲ့ဗီဒီယိုများကို အရှိန်မြှင့်ဖမ်း ဆီးအရေးယူလျက်ရှိကြောင်း ၎င်း ကလွှတ်တော်တွင် ပြောကြားခဲ့ သည်။

မရမ်းကုန်းမြို့နယ် လွှတ် တော်ကိုယ်စားလှယ် ဒေါ်မိုးမိုးစု ကြည်က ‘‘မကြာခင်ကာလက မင်္ဂလာဒုံမှာဖြစ်ခဲ့တဲ့ လေးလောင်း ပြိုင်လူသတ်မှု၊ တာမွေလူသတ်မှု ဖြစ်စဉ်တွေက ပြည်သူလူထုကို ထိတ်လန့်မှုဖြစ်စေခဲ့ပါတယ်။ ရဲ တပ်ဖွဲ့အင်အားနဲ့ သူတို့ရဲ့လစာ၊ အဆောင်အယောင်၊ ခေတ်မီစက် ပစ္စည်းတွေကို ဖြည့်ဆည်းဆောင် ရွက်ပေးဖို့လိုအပ်ပါတယ်’’ ဟု လွှတ်တော်သို့ တင်ပြခဲ့သည်။

၎င်း၏မေးမြန်းချက်နှင့်စပ် လျဉ်း၍ နိုင်ငံတော်အစိုးရက ခွဲ ဝေးပေးလျက်ရှိသည့် ဘဏ္ဍာငွေ ရရှိမှုအပေါ်မူတည်ပြီး ရဲတပ်ဖွဲ့ ဝင်များ၏ အသုံးအဆောင်၊ခေတ် မီစက်ပစ္စည်းများ၊ နေအိမ်လိုင်း ခန်းများကို စီမံဆောင်ရွက်လျက် ရှိကြောင်းနယ်လုံဝန်ကြီးက ဖြေ ကြားသည်။

ထို့အပြင် ရန်ကုန်တိုင်းတွင် နေထိုင်သူဦးရေ ထူထပ်ပြီး မှုခင်း များအဖြစ်များခြင်းကြောင့် စီမံ ချက်များချမှတ်ဆောင်ရွက်ကာ ရဲ တပ်ဖွဲ့အင်အားကို ဖွဲ့စည်းပုံ၏ ၈၀ ရာခိုင်နှုန်း လူအင်အားဖြည့် ဆည်းပြီး ဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။

ရဲတပ်ဖွဲ့အင်အားတိုးချဲ့ချ ထားပေးရာတွင် မန္တလေးတိုင်း တွင် ၆၅ ရာခိုင်နှုန်းနှင့်အခြားတိုင်း ဒေသကြီးများတွင် ၅၀ ရာခိုင်နှုန်း၊ ကရင်၊ ကယား၊ ချင်း၊မွန်ပြည်နယ် တို့တွင် ၄၀ ရာခိုင်နှုန်းခန့်ချထား ပေးကြောင်း နယ်လုံဝန်ကြီးက ရန်ကုန်တိုင်းလွှတ်တော်အစည်း အဝေးတွင် ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၁၅ ကရန်ကုန် တိုင်း၌ လူသတ်မှု ၁၉၁ မှုဖြစ်ပွား ခဲ့သည့်အနက် ၁၇၈ မှုကိုဖမ်းဆီး အရေးယူလျက်ရှိကာ ၁၃ မှုမှာ စုံ စမ်းဆဲဖြစ်ကြောင်း သိရသည်။ ယခုနှစ် စက်တင်ဘာလကုန်အ ထိ လူသတ်မှုပေါင်း ၁၃၀ မှုဖြစ် ပွားကာ ၁၂၅ မှုကို ဖမ်းဆီးအရေး ယူဆောင်ရွက်နေပြီး ကျန်ငါးမှုမှာ စုံစမ်းဆဲဖြစ်ကြောင်းသတင်းရရှိ သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top