Property Expo
×

 က်န္းက်န္းမာမာေနႏိုင္ရန္ ေရပိုေသာက္ပါ။ ေလ့က်င့္ခန္းပိုလုပ္ပါ။ ဗီတာမင္မ်ားေသာက္ပါ။ ငါးႀကီးဆီစားပါ။ ေကာ္ဖီပိုေသာက္ပါ။ ေလွ်ာ့ေသာက္ပါ စသည္ျဖင့္ အႀကံျပဳခ်က္မ်ား မဆံုးႏိုင္ေအာင္ပင္ ရွိတတ္သည္။

သို႔ေသာ္ လူတစ္ေယာက္၏ေရရွည္က်န္းမာေရးအတြက္ တစ္ ေန႔လွ်င္ ထုိင္ေနေသာ အခ်ိန္တစ္နာရီအစား လမ္းေလွ်ာက္ျခင္းျဖင့္ အစားထုိးပါက အရြယ္မတိုင္မီ ေသဆံုးႏိုင္မႈကို ၁၂ ရာခိုင္ႏႈန္းမွ ၁၄ ရာခိုင္ႏႈန္းအထိ ေလွ်ာ့ခ်ႏိုင္ေၾကာင္း ေလ့လာမႈအသစ္တစ္ရပ္က ေဖာ္ျပသည္။

ယခုေလ့လာမႈကို ၾသစေၾတးလ်ႏိုင္ငံ ဆစ္ဒနီတကၠသိုလ္မွ သု ေတသီမ်ားက ေလ့လာထားျခင္းျဖစ္ၿပီး သက္လတ္ပိုင္းအရြယ္(သို႔မ ဟုတ္)အသက္ပိုႀကီးသူေပါင္း ႏွစ္သိန္းေက်ာ္ပါဝင္သည္။

အေမရိကန္ေရာဂါထိန္းခ်ဳပ္ကာကြယ္ေရးဌာန(CDC)၏ေဖာ္ ျပခ်က္အရ အရြယ္ေရာက္ၿပီးသူမ်ားသည္ သီတင္းပတ္တုိင္း ေနပူ ဆာလႈံရင္း လမ္းေလွ်ာက္ျခင္းကဲ့သို႔ မိနစ္ ၁၅၀ ထက္မနည္း မျပင္း ထန္ေသာ၊ ျပင္းျပင္းထန္ထန္လုပ္ရေသာ ကိုယ္လက္လႈပ္ရွားမႈျပဳ လုပ္ရန္လိုေၾကာင္း သိရသည္။ ထို႔ျပင္ သီတင္းတစ္ပတ္လွ်င္ ႏွစ္ရက္(သို႔မဟုတ္)သံုးရက္ခန္႔ ႂကြက္သားမ်ားအားေကာင္းေစေသာ ေလ့က်င့္ခန္းလုပ္ရန္လိုအပ္ေၾကာင္း သိရသည္။

ကိုယ္လက္မလႈပ္ရွားဘဲ ေနျခင္းမွာ ယခင္က ေတြးထင္ထား သည္ထက္ ပိုမိုႀကီးမားေသာက်န္းမာေရးျပႆနာမ်ားျဖစ္ေပၚလာ ေစေၾကာင္း သုေတသီမ်ားကေျပာသည္။

စက္ဘီးစီးရန္ လမ္းမ်ား၊ ေကာင္းမြန္ေသာပန္းၿခံမ်ား၊ ခရီးသြား လာမႈအဆင့္ျမႇင့္တင္ျခင္းတို႔အပါအဝင္ မိမိတို႔ပတ္ဝန္းက်င္တြင္ ပိုမိုေကာင္းမြန္ေသာ အေျခခံအေဆာက္အအံုမ်ား အေကာင္အထည္ ေဖာ္ေဆာင္ရြက္ျခင္းျဖင့္ မိမိတို႔၏ေန႔စဥ္ဘဝတြင္ ကုိယ္လက္လႈပ္ ရွားမႈမ်ား ပိုမ်ားလာေစႏိုင္မည့္ ပံုေပၚသည္ဟု သုေတသီမ်ားက ေျပာ သည္။

Medical News Today ဂ်ာနယ္တြင္ ေဖာ္ျပထားေသာ သီးျခား ေလ့လာမႈတစ္ခုကလည္း တစ္ေန႔တာ အထိုင္မ်ားေနသူမ်ားအေန ျဖင့္ အနည္းငယ္စီ ကိုယ္လက္လႈပ္ရွားေပးပါက ေသဆံုးႏိုင္မႈအႏၲ ရာယ္ေလ်ာ့က်ေစႏိုင္ေၾကာင္း ေဖာ္ျပထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : 7Day Daily

#Unicode Version

 ကျန်းကျန်းမာမာနေနိုင်ရန် ရေပိုသောက်ပါ။ လေ့ကျင့်ခန်းပိုလုပ်ပါ။ ဗီတာမင်များသောက်ပါ။ ငါးကြီးဆီစားပါ။ ကော်ဖီပိုသောက်ပါ။ လျှော့သောက်ပါ စသည်ဖြင့် အကြံပြုချက်များ မဆုံးနိုင်အောင်ပင် ရှိတတ်သည်။

သို့သော် လူတစ်ယောက်၏ရေရှည်ကျန်းမာရေးအတွက် တစ် နေ့လျှင် ထိုင်နေသော အချိန်တစ်နာရီအစား လမ်းလျှောက်ခြင်းဖြင့် အစားထိုးပါက အရွယ်မတိုင်မီ သေဆုံးနိုင်မှုကို ၁၂ ရာခိုင်နှုန်းမှ ၁၄ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ကြောင်း လေ့လာမှုအသစ်တစ်ရပ်က ဖော်ပြသည်။

ယခုလေ့လာမှုကို သြစတြေးလျနိုင်ငံ ဆစ်ဒနီတက္ကသိုလ်မှ သု တေသီများက လေ့လာထားခြင်းဖြစ်ပြီး သက်လတ်ပိုင်းအရွယ်(သို့မ ဟုတ်)အသက်ပိုကြီးသူပေါင်း နှစ်သိန်းကျော်ပါဝင်သည်။

အမေရိကန်ရောဂါထိန်းချုပ်ကာကွယ်ရေးဌာန(CDC)၏ဖော် ပြချက်အရ အရွယ်ရောက်ပြီးသူများသည် သီတင်းပတ်တိုင်း နေပူ ဆာလှုံရင်း လမ်းလျှောက်ခြင်းကဲ့သို့ မိနစ် ၁၅၀ ထက်မနည်း မပြင်း ထန်သော၊ ပြင်းပြင်းထန်ထန်လုပ်ရသော ကိုယ်လက်လှုပ်ရှားမှုပြု လုပ်ရန်လိုကြောင်း သိရသည်။ ထို့ပြင် သီတင်းတစ်ပတ်လျှင် နှစ်ရက်(သို့မဟုတ်)သုံးရက်ခန့် ကြွက်သားများအားကောင်းစေသော လေ့ကျင့်ခန်းလုပ်ရန်လိုအပ်ကြောင်း သိရသည်။

ကိုယ်လက်မလှုပ်ရှားဘဲ နေခြင်းမှာ ယခင်က တွေးထင်ထား သည်ထက် ပိုမိုကြီးမားသောကျန်းမာရေးပြဿနာများဖြစ်ပေါ်လာ စေကြောင်း သုတေသီများကပြောသည်။

စက်ဘီးစီးရန် လမ်းများ၊ ကောင်းမွန်သောပန်းခြံများ၊ ခရီးသွား လာမှုအဆင့်မြှင့်တင်ခြင်းတို့အပါအဝင် မိမိတို့ပတ်ဝန်းကျင်တွင် ပိုမိုကောင်းမွန်သော အခြေခံအဆောက်အအုံများ အကောင်အထည် ဖော်ဆောင်ရွက်ခြင်းဖြင့် မိမိတို့၏နေ့စဉ်ဘဝတွင် ကိုယ်လက်လှုပ် ရှားမှုများ ပိုများလာစေနိုင်မည့် ပုံပေါ်သည်ဟု သုတေသီများက ပြော သည်။

Medical News Today ဂျာနယ်တွင် ဖော်ပြထားသော သီးခြား လေ့လာမှုတစ်ခုကလည်း တစ်နေ့တာ အထိုင်များနေသူများအနေ ဖြင့် အနည်းငယ်စီ ကိုယ်လက်လှုပ်ရှားပေးပါက သေဆုံးနိုင်မှုအန္တ ရာယ်လျော့ကျစေနိုင်ကြောင်း ဖော်ပြထားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit : 7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top