Property Expo
×

ရခုိင္ျပည္နယ္ မင္းျပားၿမိဳ႕နယ္ ပန္းေျမာင္ရဲစခန္းအပုိင္ င/ တာေက်းရြာေန ဦးေမာင္လင္းေခ်သည္ မယားပါသမီးျဖစ္သူ အသက္သံုးႏွစ္အရြယ္မနန္းေရႊစုိးအား ေဆးလိပ္မီးျဖင့္ထိုးျခင္း၊
 ေရထဲတြင္ႏွစ္ထားျခင္း၊ ေနပူထဲတြင္ မတ္တတ္ရပ္ခိုင္းထားျခင္း စသျဖင့္ အမ်ိဳးမ်ိဳး ညႇဥ္းပန္းႏွိပ္စက္မႈမ်ား ျပဳလုပ္ခဲ့သျဖင့္ မင္းျပားေဆး႐ံုတြင္ ေဆးကုသမႈခံယူေနရၿပီး အဘြားျဖစ္သူက ရဲစခန္းတြင္ တုိင္ၾကားထားေၾကာင္း သိရသည္။
ေျမာက္ဦးၿမိဳ႕နယ္ ပုရိန္ေက်းရြာအုပ္စု ပန္းေမာ္ေက်းရြာေန အဘုိးျဖစ္သူ ဦးထြန္းလွက “ဒါက ဥပေဒအတုိင္း လုပ္ေဆာင္ရမယ့္ကိစၥ ျဖစ္တဲ့အတြက္ ဥပေဒအတုိင္း လုပ္ရမွာ ျဖစ္ပါတယ္။ ပထမေတာ့ ေျမာက္ဦးမွာသြားၿပီး အမႈဖြင့္တယ္။ ေျမာက္ဦးကတစ္ဆင့္ မင္းျပားမွာ ဖြင့္ရမယ္ဆုိၿပီး ခ်ိတ္ဆက္ေပးတယ္။ မင္းျပားမွာ အမႈဖြင့္ထားတယ္။ ပန္းေျမာင္းရဲစခန္းအပုိင္ ျဖစ္တဲ့အတြက္ ပန္းေျမာင္း ရဲစခန္းကေနၿပီး ဖမ္းဆီးဖုိ႔အတြက္ ညႊန္ၾကားထားၿပီးၿပီလုိ႔ ေျပာပါတယ္။ ကေလးမေလးရဲ႕ တစ္ကုိယ္လုံးမွာ ေနရာအမ်ားအျပား ဒဏ္ရာေတြ ရထားတဲ့အတြက္ လူမဆန္တဲ့ လုပ္ရပ္သာ ျဖစ္တယ္လုိ႔ ေျပာခ်င္ပါတယ္။ အခုဆုိရင္ မင္းျပားေဆး႐ုံမွာ ေဆးကုသမႈ ခံယူေနပါတယ္” ဟု ေျပာၾကားသည္။

ဦးေမာင္လင္းေခ်မွာ ၾကံဳရာက်ပန္း အလုပ္လုပ္ကုိင္ေနသူျဖစ္ၿပီး ကေလးငယ္၏ မိခင္ႏွင့္ ဒုတိယ အိမ္ေထာင္အျဖစ္ ေပါင္းသင္းေနထုိင္ျခင္း ျဖစ္ေၾကာင္း သိရသည္။ ကေလးငယ္၏ မိခင္ႏွင့္ အဘြားမ်ား ေရွ႕ေမွာက္တြင္လည္း ႐ုိက္ႏွက္မႈမ်ားကုိ ျပဳလုပ္ေလ့ရွိသျဖင့္ အဘုိးႏွင့္ အဘြားတုိ႔မွ ေခၚယူလာခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

အဆိုပါအမႈႏွင့္ ပတ္သက္ၿပီး အဘြားျဖစ္သူ ေဒၚေအာင္ေက်ာ့ႏု (၅၄ ႏွစ္) က တရားလို ျပဳလုပ္တိုင္ၾကားခဲ့ၿပီး မင္းျပားၿမိဳ႕မ ရဲစခန္းက ပုဒ္မ ၃၂၆/၃၂၅ ျဖင့္ အမႈဖြင့္ထားေၾကာင္းႏွင့္ ဦးေမာင္လင္းေခ်အား ပန္းေျမာင္တိုက္နယ္ ရဲစခန္းက ရဲအုပ္ေစာေရႊ ဦးေဆာင္ကာ သက္ေသခံ ပစၥည္းမ်ားႏွင့္အတူ ဖမ္းဆီးရမိေရး ေဆာင္ရြက္ေနေၾကာင္း မင္းျပားၿမိဳ႕မရဲစခန္းမွ သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Eleven news

#Unicode Version
ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ပန်းမြောင်ရဲစခန်းအပိုင် င/ တာကျေးရွာနေ ဦးမောင်လင်းချေသည် မယားပါသမီးဖြစ်သူ အသက်သုံးနှစ်အရွယ် မနန်းရွှေစိုးအား ဆေးလိပ်မီးဖြင့်ထိုးခြင်း၊ ရေထဲတွင်နှစ်ထားခြင်း၊ နေပူထဲတွင် မတ်တတ်ရပ်ခိုင်းထားခြင်း စသဖြင့် အမျိုးမျိုး ညှဉ်းပန်းနှိပ်စက်မှုများ ပြုလုပ်ခဲ့သဖြင့် မင်းပြားဆေးရုံတွင် ဆေးကုသမှုခံယူနေရပြီး အဘွားဖြစ်သူက ရဲစခန်းတွင် တိုင်ကြားထားကြောင်း သိရသည်။
မြောက်ဦးမြို့နယ် ပုရိန်ကျေးရွာအုပ်စု ပန်းမော်ကျေးရွာနေ အဘိုးဖြစ်သူ ဦးထွန်းလှက “ဒါက ဥပဒေအတိုင်း လုပ်ဆောင်ရမယ့်ကိစ္စ ဖြစ်တဲ့အတွက် ဥပဒေအတိုင်း လုပ်ရမှာ ဖြစ်ပါတယ်။ ပထမတော့ မြောက်ဦးမှာသွားပြီး အမှုဖွင့်တယ်။ မြောက်ဦးကတစ်ဆင့် မင်းပြားမှာ ဖွင့်ရမယ်ဆိုပြီး ချိတ်ဆက်ပေးတယ်။ မင်းပြားမှာ အမှုဖွင့်ထားတယ်။ ပန်းမြောင်းရဲစခန်းအပိုင် ဖြစ်တဲ့အတွက် ပန်းမြောင်း ရဲစခန်းကနေပြီး ဖမ်းဆီးဖို့အတွက် ညွှန်ကြားထားပြီးပြီလို့ ပြောပါတယ်။ ကလေးမလေးရဲ့ တစ်ကိုယ်လုံးမှာ နေရာအများအပြား ဒဏ်ရာတွေ ရထားတဲ့အတွက် လူမဆန်တဲ့ လုပ်ရပ်သာ ဖြစ်တယ်လို့ ပြောချင်ပါတယ်။ အခုဆိုရင် မင်းပြားဆေးရုံမှာ ဆေးကုသမှု ခံယူနေပါတယ်” ဟု ပြောကြားသည်။

ဦးမောင်လင်းချေမှာ ကြုံရာကျပန်း အလုပ်လုပ်ကိုင်နေသူဖြစ်ပြီး ကလေးငယ်၏ မိခင်နှင့် ဒုတိယ အိမ်ထောင်အဖြစ် ပေါင်းသင်းနေထိုင်ခြင်း ဖြစ်ကြောင်း သိရသည်။ ကလေးငယ်၏ မိခင်နှင့် အဘွားများ ရှေ့မှောက်တွင်လည်း ရိုက်နှက်မှုများကို ပြုလုပ်လေ့ရှိသဖြင့် အဘိုးနှင့် အဘွားတို့မှ ခေါ်ယူလာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါအမှုနှင့် ပတ်သက်ပြီး အဘွားဖြစ်သူ ဒေါ်အောင်ကျော့နု (၅၄ နှစ်) က တရားလို ပြုလုပ်တိုင်ကြားခဲ့ပြီး မင်းပြားမြို့မ ရဲစခန်းက ပုဒ်မ ၃၂၆/၃၂၅ ဖြင့် အမှုဖွင့်ထားကြောင်းနှင့် ဦးမောင်လင်းချေအား ပန်းမြောင်တိုက်နယ် ရဲစခန်းက ရဲအုပ်စောရွှေ ဦးဆောင်ကာ သက်သေခံ ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိရေး ဆောင်ရွက်နေကြောင်း မင်းပြားမြို့မရဲစခန်းမှ သိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:Eleven news
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top