Property Expo
×

 ဆယ္ေက်ာ္သက္အရြယ္တြင္ ေဆးေျခာက္အသံုးျပဳမႈေၾကာင့္ ထိခုိက္ပ်က္စီးမႈ ပိုျဖစ္ႏိုင္ေၾကာင္း ကေနဒါႏိုင္ငံ အေနာက္ပိုင္း တကၠသိုလ္မွ သုေတသီမ်ား၏ ေလ့လာမႈတစ္ခုက ေဖာ္ျပသည္။

ေဆးေျခာက္ကို ေစာေစာအသံုးျပဳျခင္းေၾကာင့္ စဥ္းစားေတြး ေတာမႈဆိုင္ရာ မွတ္ဉာဏ္လုပ္ေဆာင္ခ်က္ မူမမွန္ျဖစ္မႈႏွင့္ ဉာဏ္ ရည္နည္းပါးႏိုင္မႈအႏၲရာယ္ ျမင့္မားေၾကာင္း သုေတသီမ်ား ေလ့လာ ေတြ႕ရွိခဲ့သည္။


ထို႔ျပင္ ဆယ္ေက်ာ္သက္မ်ား ေဆးေျခာက္အသံုးျပဳမႈေၾကာင့္ စိတ္ဓာတ္က်မႈ ေလ်ာ့ပါးျခင္း မရွိေၾကာင္းလည္း ယခုေလ့လာမႈက ေဖာ္ျပသည္။

ဆယ္ေက်ာ္သက္မ်ား ေဆးေျခာက္စမ္းသံုးျခင္းေၾကာင့္ ဉာဏ္ ထိုင္းျခင္း၊ ဦးေႏွာက္လုပ္ေဆာင္ခ်က္ မူမမွန္ျဖစ္ျခင္း၊ စိတ္ဓာတ္က် ျခင္း၊ စိတ္အတက္အက်ျမန္ျခင္း စေသာ ေရာဂါမ်ား ခံစားရႏိုင္ သည္ဟု သုေတသီမ်ားက ေျပာသည္။

ငယ္ရြယ္ႏုပ်ိဳေသာ အရြယ္မ်ား၏ ဦးေႏွာက္သည္ ဖံြ႕ၿဖိဳးႀကီး ထြားအားေကာင္းလာေသာ ျဖစ္စဥ္တြင္ အားနည္းသည္ဟု သုေသ တီမ်ားက ေျပာသည္။

ယင္းဖံြ႕ၿဖိဳးတိုးတက္ေရးလုပ္ငန္းစဥ္ကို ေဆးေျခာက္က ဆိုး ဆိုးရြားရြား ထိခုိက္ေစႏိုင္ၿပီး ကိုယ့္ကိုယ္ကိုယ္ ထိန္းသိမ္းႏိုင္မႈစြမ္းရည္၊ မွတ္ဉာဏ္စြမ္းရည္တို႔ကို ဆိုးရြားစြာ ထိခုိက္ပ်က္စီးေစ သည္။

အသက္ငယ္ရြယ္စဥ္ ေဆးေျခာက္သံုးပါက အသက္ငယ္ရြယ္ မႈကို လိုက္၍ ဆိုးက်ိဳးမ်ား ပိုမိုခံစားရေၾကာင္း သုေတသီမ်ားကေျပာသည္။

ထို႔ျပင္ ေဆးေျခာက္တရား၀င္ ေရာင္းခ်၊ သံုးစဲြခြင့္ျပဳေရး လို လားေသာ အုပ္စုမ်ားက ေဆးေျခာက္၏ အဓိကအက်ိဳးေက်းဇူး တစ္ခုအျဖစ္ စိတ္ဓာတ္က်ျခင္း သက္သာေစႏိုင္သည္ဆုိေသာ ေျပာဆိုမႈမွာလည္း မမွန္ကန္ဟု သုေတသီမ်ားက ေျပာသည္။

ေဆးေျခာက္သည္ စိတ္ဓာတ္က်ျခင္းလကၡဏာမ်ားကို ေလွ်ာ့ ခ်မေပးႏိုင္ဟု ၎တို႔က ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

 ဆယ်ကျော်သက်အရွယ်တွင် ဆေးခြောက်အသုံးပြုမှုကြောင့် ထိခိုက်ပျက်စီးမှု ပိုဖြစ်နိုင်ကြောင်း ကနေဒါနိုင်ငံ အနောက်ပိုင်း တက္ကသိုလ်မှ သုတေသီများ၏ လေ့လာမှုတစ်ခုက ဖော်ပြသည်။

ဆေးခြောက်ကို စောစောအသုံးပြုခြင်းကြောင့် စဉ်းစားတွေး တောမှုဆိုင်ရာ မှတ်ဉာဏ်လုပ်ဆောင်ချက် မူမမှန်ဖြစ်မှုနှင့် ဉာဏ် ရည်နည်းပါးနိုင်မှုအန္တရာယ် မြင့်မားကြောင်း သုတေသီများ လေ့လာ တွေ့ရှိခဲ့သည်။


ထို့ပြင် ဆယ်ကျော်သက်များ ဆေးခြောက်အသုံးပြုမှုကြောင့် စိတ်ဓာတ်ကျမှု လျော့ပါးခြင်း မရှိကြောင်းလည်း ယခုလေ့လာမှုက ဖော်ပြသည်။

ဆယ်ကျော်သက်များ ဆေးခြောက်စမ်းသုံးခြင်းကြောင့် ဉာဏ် ထိုင်းခြင်း၊ ဦးနှောက်လုပ်ဆောင်ချက် မူမမှန်ဖြစ်ခြင်း၊ စိတ်ဓာတ်ကျ ခြင်း၊ စိတ်အတက်အကျမြန်ခြင်း စသော ရောဂါများ ခံစားရနိုင် သည်ဟု သုတေသီများက ပြောသည်။

ငယ်ရွယ်နုပျိုသော အရွယ်များ၏ ဦးနှောက်သည် ဖွံ့ဖြိုးကြီး ထွားအားကောင်းလာသော ဖြစ်စဉ်တွင် အားနည်းသည်ဟု သုသေ တီများက ပြောသည်။

ယင်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်ကို ဆေးခြောက်က ဆိုး ဆိုးရွားရွား ထိခိုက်စေနိုင်ပြီး ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းနိုင်မှုစွမ်းရည်၊ မှတ်ဉာဏ်စွမ်းရည်တို့ကို ဆိုးရွားစွာ ထိခိုက်ပျက်စီးစေ သည်။

အသက်ငယ်ရွယ်စဉ် ဆေးခြောက်သုံးပါက အသက်ငယ်ရွယ် မှုကို လိုက်၍ ဆိုးကျိုးများ ပိုမိုခံစားရကြောင်း သုတေသီများကပြောသည်။

ထို့ပြင် ဆေးခြောက်တရားဝင် ရောင်းချ၊ သုံးစွဲခွင့်ပြုရေး လို လားသော အုပ်စုများက ဆေးခြောက်၏ အဓိကအကျိုးကျေးဇူး တစ်ခုအဖြစ် စိတ်ဓာတ်ကျခြင်း သက်သာစေနိုင်သည်ဆိုသော ပြောဆိုမှုမှာလည်း မမှန်ကန်ဟု သုတေသီများက ပြောသည်။

ဆေးခြောက်သည် စိတ်ဓာတ်ကျခြင်းလက္ခဏာများကို လျှော့ ချမပေးနိုင်ဟု ၎င်းတို့က ပြောသည်။



ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily




 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top