Property Expo
×




Credit:Duwun

Unicode Version
ဘာစီလိုနာအသင်း ကစားသမား လူဝစ္စဆွာရက်ဇ်ကို တိုက်စစ်မှူးအဖြစ် ဘောလုံးပရိသတ်တွေအားလုံး သိထားကြတာဖြစ်ပါတယ်။ ဒါပေမဲ့ ဥရုဂွေးအသင်းနဲ့ လေ့ကျင့်ရေး ဆင်းတဲ့အချိန်မှာ ဆွာရက်ဇ်ဟာ တိုက်စစ်မှူးတာဝန်နဲ့ပြောင်းပြန် ဂိုးသမားအဖြစ် တာဝန်ယူပေးခဲ့တာတွေ့ရပါတယ်။


ဥရုဂွေးအသင်းက ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် ကိုလံဘီယာအသင်းနဲ့ ရင်ဆိုင်ရမယ့်မတိုင်ခင် လက်ရွေးစင်အသင်း ခြေစမ်းပွဲမှာ ဆွာရက်ဇ်က ဂိုးသမားအဖြစ် တာဝန်ယူခဲ့တာဖြစ်ပါတယ်။ ပုံမှန်အခြေအနေအရ ဂိုးသမားတွေ မရှိတဲ့အခါ၊ ဒါမှမဟုတ် လေ့ကျင့်ရေး ဆင်းကြတဲ့အခါ ဂိုးသမားကလွဲရင် ဂိုးဖမ်းသူအဖြစ် နောက်တန်းကစားသမားတွေသာ တာဝန်ယူတတ်ကြလို့ အခု ဆွာရက်ဇ်ရဲ့ လေ့ကျင့်ရေးဆင်းပုံက ထူးခြားနေခဲ့တာပါ။


လေ့ကျင့်ရေးကွင်းမှာ တိုက်စစ်မှူး ဆွာရက်ဇ် ဂိုးသမားအဖြစ် တာဝန်ယူခဲ့စဉ်မှာ အသင်းကစားသမား ဂိုဒင်နဲ့ ထိခိုက်မိပြီး အနည်းငယ် နာကျင်ခဲ့ရတာကိုလည်း ဓာတ်ပုံတွေထဲမှာ တွေ့ရပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top