Property Expo
×

 ကရင္ျပည္နယ္ ဘားအံ ၿမိဳ႕ ေစ်းတန္းလမ္းတြင္ ဖြင့္လွစ္ ထားသည့္ သရဖီေရႊဆုိင္မွ ေရႊ ထည္ပစၥည္းမ်ားကို လုယက္ထြက္ေျပးခဲ့သည့္ အမ်ိဳးသမီးတစ္ဦး အား ပတ္ဝန္းက်င္က ဝုိင္းဝန္းဖမ္း ဆီးခဲ့ေၾကာင္း သတင္းရရွိသည္။


 လုယက္သူအမ်ိဳးသမီးသည္ ေရႊထည္ပစၥည္းမ်ားကို လာ ေရာက္ၾကည့္႐ႈၿပီးေနာက္ ေရႊဝယ္ ရန္ ဟန္ေဆာင္ခဲ့ၿပီး ေရႊဆြဲႀကိဳး ႏွစ္ကံုးႏွင့္ ဟန္းခ်ိန္းတစ္ခုကို ယူ ေဆာင္ကာ ထြက္ေျပးခဲ့ျခင္း ေၾကာင့္ ေရႊဆိုင္မွ ဝန္ထမ္းမ်ားက ေအာ္ဟစ္အကူအညီေတာင္းခဲ့၍ ပတ္ဝန္းက်င္မွ ဝိုင္းဝန္းဖမ္းဆီးေပးခဲ့ေၾကာင္း ဘားအံရဲစခန္းမွ ရဲအရာရွိတစ္ဦးကေျပာသည္။

‘‘ေရႊဆိုင္ကေန ဝယ္မလိုဟန္ ေဆာင္ၿပီး ေရႊေတြကိုင္ၿပီးထြက္ ေျပးတာပါ။ ပတ္ဝန္းက်င္က လူ ေတြ ဝိုင္းၿပီးဖမ္းလိုက္ေတာ့ မိပါ တယ္။ အမ်ိဳးသမီးကေတာ့ ဘား အံမွာေနတဲ့သူပါ။ လြန္ခဲ့တဲ့သံုးလ ေလာက္ကလည္း အခုလိုေရႊထည္ ပစၥည္းေတြယူၿပီး ထြက္ေျပးဖူးပါ တယ္’’ဟု ၎ရဲအရာရွိက ေျပာ သည္။

ေရႊထည္ပစၥည္းမ်ားကို လု ယူထြက္ေျပးခဲ့သည့္ အသက္(၂၄) ႏွစ္အရြယ္ မနီနီဝင္းသည္ ဘားအံ ၿမိဳ႕နယ္ အမွတ္(၂)ရပ္ကြက္ ေစ်း တန္းလမ္းတြင္ ဖြင့္လွစ္ထားသည့္ သရဖီေရႊဆိုင္၌ ေအာက္တိုဘာ၁ ရက္ ေန႔လယ္ပိုင္းက ေရႊဝယ္ ရန္ ဟန္ေဆာင္ကာ လုယူထြက္ ေျပးခဲ့သည္။

‘‘ဒီမိန္းကေလးက ေရႊဆိုင္ကေနထြက္ေျပးေတာ့ ဆိုင္က ဝန္ ထမ္းေတြ ဝိုင္းေအာ္တယ္။ ေန႔ လယ္ပိုင္း ၁၂ နာရီေက်ာ္ဆိုေတာ့ ေစ်းမွာ လူနည္းတယ္။ ေကာင္မ ေလးက ထြက္ေျပးေတာ့ ေတြ႕တဲ့ သူေတြက ဝိုင္းဖမ္းေပးေတာ့မိ တယ္။ ႐ိုက္ႏွက္တာေတြေတာ့ မလုပ္ပါဘူး။ ရဲစခန္းဖုန္းဆက္ၿပီး ရဲေတြ လာေခၚသြားပါတယ္’’ဟု မ်က္ျမင္ေတြ႕သူ အမ်ိဳးသားတစ္ ဦးက ေျပာသည္။

၎အမ်ိဳးသမီးသည္ လြန္ခဲ့သည့္ သံုးလခန္႔ကလည္း ဘားအံၿမိဳ႕မေစ်းတြင္ ဖြင့္လွစ္ထားသည့္ ေႏြးရတနာေရႊဆိုင္မွ ေရႊထည္ ပစၥည္းအခ်ိဳ႕ကို လုယူထြက္ေျပး ဖူးေၾကာင္း ဘားအံရဲစခန္းမွ ရဲ အရာရွိတစ္ဦးက ေျပာသည္။ သို႔ ေသာ္ ထိုစဥ္က လြတ္ေျမာက္ခဲ့ၿပီး ယခုတစ္ႀကိမ္တြင္ အဖမ္းခံရျခင္း ျဖစ္သည္။

‘‘လြန္ခဲ့တဲ့ သံုးလေလာက္ က ေရႊထည္ပစၥည္း ငါးက်ပ္သား ေက်ာ္ယူၿပီး ေျပးဖူးတယ္။ အခု ေတာ့ အမႈႏွစ္ခုအတြက္ ရာဇသတ္ ႀကီးပုဒ္မ ၃၇၉ နဲ႔အမႈဖြင့္ထားပါ တယ္။ က်န္တဲ့အမႈေတြ ရွိ၊ မရွိ ဆက္ၿပီး စစ္ေဆးေနပါတယ္’’ဟု ၎ရဲအရာရွိကေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

 ကရင်ပြည်နယ် ဘားအံ မြို့ ဈေးတန်းလမ်းတွင် ဖွင့်လှစ် ထားသည့် သရဖီရွှေဆိုင်မှ ရွှေ ထည်ပစ္စည်းများကို လုယက်ထွက်ပြေးခဲ့သည့် အမျိုးသမီးတစ်ဦး အား ပတ်ဝန်းကျင်က ဝိုင်းဝန်းဖမ်း ဆီးခဲ့ကြောင်း သတင်းရရှိသည်။


 လုယက်သူအမျိုးသမီးသည် ရွှေထည်ပစ္စည်းများကို လာ ရောက်ကြည့်ရှုပြီးနောက် ရွှေဝယ် ရန် ဟန်ဆောင်ခဲ့ပြီး ရွှေဆွဲကြိုး နှစ်ကုံးနှင့် ဟန်းချိန်းတစ်ခုကို ယူ ဆောင်ကာ ထွက်ပြေးခဲ့ခြင်း ကြောင့် ရွှေဆိုင်မှ ဝန်ထမ်းများက အော်ဟစ်အကူအညီတောင်းခဲ့၍ ပတ်ဝန်းကျင်မှ ဝိုင်းဝန်းဖမ်းဆီးပေးခဲ့ကြောင်း ဘားအံရဲစခန်းမှ ရဲအရာရှိတစ်ဦးကပြောသည်။

‘‘ရွှေဆိုင်ကနေ ဝယ်မလိုဟန် ဆောင်ပြီး ရွှေတွေကိုင်ပြီးထွက် ပြေးတာပါ။ ပတ်ဝန်းကျင်က လူ တွေ ဝိုင်းပြီးဖမ်းလိုက်တော့ မိပါ တယ်။ အမျိုးသမီးကတော့ ဘား အံမှာနေတဲ့သူပါ။ လွန်ခဲ့တဲ့သုံးလ လောက်ကလည်း အခုလိုရွှေထည် ပစ္စည်းတွေယူပြီး ထွက်ပြေးဖူးပါ တယ်’’ဟု ၎င်းရဲအရာရှိက ပြော သည်။

ရွှေထည်ပစ္စည်းများကို လု ယူထွက်ပြေးခဲ့သည့် အသက်(၂၄) နှစ်အရွယ် မနီနီဝင်းသည် ဘားအံ မြို့နယ် အမှတ်(၂)ရပ်ကွက် ဈေး တန်းလမ်းတွင် ဖွင့်လှစ်ထားသည့် သရဖီရွှေဆိုင်၌ အောက်တိုဘာ၁ ရက် နေ့လယ်ပိုင်းက ရွှေဝယ် ရန် ဟန်ဆောင်ကာ လုယူထွက် ပြေးခဲ့သည်။

‘‘ဒီမိန်းကလေးက ရွှေဆိုင်ကနေထွက်ပြေးတော့ ဆိုင်က ဝန် ထမ်းတွေ ဝိုင်းအော်တယ်။ နေ့ လယ်ပိုင်း ၁၂ နာရီကျော်ဆိုတော့ ဈေးမှာ လူနည်းတယ်။ ကောင်မ လေးက ထွက်ပြေးတော့ တွေ့တဲ့ သူတွေက ဝိုင်းဖမ်းပေးတော့မိ တယ်။ ရိုက်နှက်တာတွေတော့ မလုပ်ပါဘူး။ ရဲစခန်းဖုန်းဆက်ပြီး ရဲတွေ လာခေါ်သွားပါတယ်’’ဟု မျက်မြင်တွေ့သူ အမျိုးသားတစ် ဦးက ပြောသည်။

၎င်းအမျိုးသမီးသည် လွန်ခဲ့သည့် သုံးလခန့်ကလည်း ဘားအံမြို့မဈေးတွင် ဖွင့်လှစ်ထားသည့် နွေးရတနာရွှေဆိုင်မှ ရွှေထည် ပစ္စည်းအချို့ကို လုယူထွက်ပြေး ဖူးကြောင်း ဘားအံရဲစခန်းမှ ရဲ အရာရှိတစ်ဦးက ပြောသည်။ သို့ သော် ထိုစဉ်က လွတ်မြောက်ခဲ့ပြီး ယခုတစ်ကြိမ်တွင် အဖမ်းခံရခြင်း ဖြစ်သည်။

‘‘လွန်ခဲ့တဲ့ သုံးလလောက် က ရွှေထည်ပစ္စည်း ငါးကျပ်သား ကျော်ယူပြီး ပြေးဖူးတယ်။ အခု တော့ အမှုနှစ်ခုအတွက် ရာဇသတ် ကြီးပုဒ်မ ၃၇၉ နဲ့အမှုဖွင့်ထားပါ တယ်။ ကျန်တဲ့အမှုတွေ ရှိ၊ မရှိ ဆက်ပြီး စစ်ဆေးနေပါတယ်’’ဟု ၎င်းရဲအရာရှိကပြောသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top