Property Expo
×

ခ်ယ္လ္ဆီးကုိ ေလးဂုိးျပတ္နဲ႔ ရႈံးနိမ့္တဲ့ပြဲမွာ မန္ယူ ဗဟုိေနာက္ခံလူ အဲရစ္ဘာယီဟာ ျပင္းထန္တဲ့ ဒူးဒဏ္ရာ ခံစားေနရၿပီး မန္ယူအသင္းက ၎ရဲ႕ ဒဏ္ရာအတြက္ စုိးရိမ္ေနရေၾကာင္း သိရပါတယ္။

အသက္ ၂၂ ႏွစ္အရြယ္ အုိင္ဗရီကုိ႔စ္ကစားသမားဟာ ခ်ယ္လ္ဆီးရဲ႕ ဟာဇက္နဲ႔ ညွိမိၿပီး အဆုိပါဒူးဒဏ္ရာရွိကာ ပြဲခ်ိန္ (၅၂) မိနစ္မွာ လူစားထုိးလဲခဲ့ပါတယ္။

"ဆုိးရြားတဲ့ ဒဏ္ရာျဖစ္လုိ႔ က်ေနာ္ ထိတ္လန္႔မိပါတယ္။ သူ႔ရဲ႕ ဒူးမွာ အရြတ္ဒဏ္ရာရရွိသြားတာပါ။ တကယ္ပဲ ဆုိးရြားစြာ သူ ခံစားေနရပါတယ္"လုိ႔ မန္ယူနည္းျပ ေမာ္ရင္ဟုိက ေျပာပါတယ္။

ဘာယီဟာ မန္ယူအတြက္ လိဂ္ၿပိဳင္ပြဲေတြမွာ မိနစ္တုိင္း ဝင္ေရာက္ ကစားခဲ့ပါတယ္။ မန္ယူအသင္းက အဆုိပါေနာက္ခံလူကုိ ဗီလာရီးယဲလ္အသင္းကေန ေပါင္ သန္း(၃၀)နဲ႔ ေႏြရာသီက ေခၚယူ စာခ်ဳပ္ခဲ့တာျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Mizzima

#Unicode Version

ချယ်လ်ဆီးကို လေးဂိုးပြတ်နဲ့ ရှုံးနိမ့်တဲ့ပွဲမှာ မန်ယူ ဗဟိုနောက်ခံလူ အဲရစ်ဘာယီဟာ ပြင်းထန်တဲ့ ဒူးဒဏ်ရာ ခံစားနေရပြီး မန်ယူအသင်းက ၎င်းရဲ့ ဒဏ်ရာအတွက် စိုးရိမ်နေရကြောင်း သိရပါတယ်။

အသက် ၂၂ နှစ်အရွယ် အိုင်ဗရီကို့စ်ကစားသမားဟာ ချယ်လ်ဆီးရဲ့ ဟာဇက်နဲ့ ညှိမိပြီး အဆိုပါဒူးဒဏ်ရာရှိကာ ပွဲချိန် (၅၂) မိနစ်မှာ လူစားထိုးလဲခဲ့ပါတယ်။

"ဆိုးရွားတဲ့ ဒဏ်ရာဖြစ်လို့ ကျနော် ထိတ်လန့်မိပါတယ်။ သူ့ရဲ့ ဒူးမှာ အရွတ်ဒဏ်ရာရရှိသွားတာပါ။ တကယ်ပဲ ဆိုးရွားစွာ သူ ခံစားနေရပါတယ်"လို့ မန်ယူနည်းပြ မော်ရင်ဟိုက ပြောပါတယ်။

ဘာယီဟာ မန်ယူအတွက် လိဂ်ပြိုင်ပွဲတွေမှာ မိနစ်တိုင်း ဝင်ရောက် ကစားခဲ့ပါတယ်။ မန်ယူအသင်းက အဆိုပါနောက်ခံလူကို ဗီလာရီးယဲလ်အသင်းကနေ ပေါင် သန်း(၃၀)နဲ့ နွေရာသီက ခေါ်ယူ စာချုပ်ခဲ့တာဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Mizzima
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top