Property Expo
×

အဆိုေတာ္ မင္းသမီး ဂ်နီဖာလိုပက္ဇ္၏ ေတး အယ္လ္ဘမ္သစ္ကို ခင္ပြန္း ေဟာင္း အဆိုေတာ္ႏွင့္ ထုတ္လုပ္ သူမာ့စ္အန္ထိုနီယုိႏွင့္တြဲဖက္ ထုတ္လုပ္မည္ဟု ေၾကညာၿပီး ေနာက္ ၎တို႔ႏွစ္ဦး ေပ်ာ္ေပ်ာ္ ရႊင္ရႊင္ လက္တြဲေနပံု ဗီဒီယိုဖိုင္ ကို Snapchat တြင္ေဖာ္ျပခဲ့သည္။

ဂ်နီဖာ (၄၇)ႏွစ္ႏွင့္ မာ့စ္ (၄၈)ႏွစ္တို႔သည္ အိမ္ေထာင္ သက္ (၇)ႏွစ္ၾကာခဲ့ၿပီး အႁမႊာ ေမာင္ႏွမႏွစ္ဦးျဖစ္ေသာ မက္စ္ ႏွင့္ အမ္မီ (ယခု ရွစ္ႏွစ္အရြယ္) တို႔ကို ေမြးဖြားၿပီးေနာက္ ၂၀၁၁ က ကြာရွင္းျပတ္စဲခဲ့ၾကသည္။

ဂ်နီဖာ၏ စပိန္ဘာသာျဖင့္ သီဆိုထားေသာ ေတးအယ္လ္ ဘမ္သစ္ကို Sony Music Latin ကုမၸဏီမွတစ္ဆင့္ ျဖန္႔ခ်ိမည္ျဖစ္ သည္။

ယင္းဂီတခရီးလမ္းသစ္ႏွင့္ ပတ္သက္၍ အလြန္စိတ္လႈပ္ရွား ေနၿပီး မိမိ၏လက္တင္ရင္းျမစ္မ်ား ျဖစ္ေသာ မာ့စ္အန္ထုိနီႏွင့္ ဆိုနီကုမၸဏီမိသားစုဝင္မ်ားႏွင့္  အတူ ေအာင္ပြဲခံရန္ ေမွ်ာ္လင့္ ထားသည္ဟု ဂ်နီဖာလိုပက္ဇ္၏ ေၾကညာခ်က္တြင္ ေဖာ္ျပထား သည္။

ေမာ္ဒယ္ရွန္ႏြန္ဒီလီမာႏွင့္ လက္ထပ္ခဲ့ေသာ မာ့စ္အန္ထိုနီ ႏွင့္ ဂ်နီဖာလိုပက္ဇ္တို႔သည္ ၾသဂုတ္လက ခင္မင္ရင္းႏွီးစြာ ျပန္လည္လက္တြဲခဲ့ၿပီး အန္ထိုနီေဖ်ာ္ေျဖပြဲက်င္းပရာ   နယူး ေယာက္ၿမိဳ႕ ေရဒီယုိၿမိဳ႕ေတာ္ ဂီတခန္းမသို႔ ေဂ်လိုက သားသမီးႏွစ္ ဦးကိုေခၚယူလာကာ ဖခင္ႏွင့္ ေတြ႕ဆံုေစခဲ့သည္။

ဂ်နီဖာလိုပက္ဇ္သည္ ေတးအယ္လ္ဘမ္သစ္ ပထမဆံုး သီခ်င္းကို ႏိုဝင္ဘာတြင္ ထုတ္ေဝမည္ျဖစ္ကာ ၂၀၁၇ တြင္ အယ္လ္ဘမ္သစ္ မိတ္ဆက္မည္ျဖစ္ သည္။        

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

အဆိုတော် မင်းသမီး ဂျနီဖာလိုပက်ဇ်၏ တေး အယ်လ်ဘမ်သစ်ကို ခင်ပွန်း ဟောင်း အဆိုတော်နှင့် ထုတ်လုပ် သူမာ့စ်အန်ထိုနီယိုနှင့်တွဲဖက် ထုတ်လုပ်မည်ဟု ကြေညာပြီး နောက် ၎င်းတို့နှစ်ဦး ပျော်ပျော် ရွှင်ရွှင် လက်တွဲနေပုံ ဗီဒီယိုဖိုင် ကို Snapchat တွင်ဖော်ပြခဲ့သည်။

ဂျနီဖာ (၄၇)နှစ်နှင့် မာ့စ် (၄၈)နှစ်တို့သည် အိမ်ထောင် သက် (၇)နှစ်ကြာခဲ့ပြီး အမြွှာ မောင်နှမနှစ်ဦးဖြစ်သော မက်စ် နှင့် အမ်မီ (ယခု ရှစ်နှစ်အရွယ်) တို့ကို မွေးဖွားပြီးနောက် ၂၀၁၁ က ကွာရှင်းပြတ်စဲခဲ့ကြသည်။

ဂျနီဖာ၏ စပိန်ဘာသာဖြင့် သီဆိုထားသော တေးအယ်လ် ဘမ်သစ်ကို Sony Music Latin ကုမ္ပဏီမှတစ်ဆင့် ဖြန့်ချိမည်ဖြစ် သည်။

ယင်းဂီတခရီးလမ်းသစ်နှင့် ပတ်သက်၍ အလွန်စိတ်လှုပ်ရှား နေပြီး မိမိ၏လက်တင်ရင်းမြစ်များ ဖြစ်သော မာ့စ်အန်ထိုနီနှင့် ဆိုနီကုမ္ပဏီမိသားစုဝင်များနှင့်  အတူ အောင်ပွဲခံရန် မျှော်လင့် ထားသည်ဟု ဂျနီဖာလိုပက်ဇ်၏ ကြေညာချက်တွင် ဖော်ပြထား သည်။

မော်ဒယ်ရှန်နွန်ဒီလီမာနှင့် လက်ထပ်ခဲ့သော မာ့စ်အန်ထိုနီ နှင့် ဂျနီဖာလိုပက်ဇ်တို့သည် သြဂုတ်လက ခင်မင်ရင်းနှီးစွာ ပြန်လည်လက်တွဲခဲ့ပြီး အန်ထိုနီဖျော်ဖြေပွဲကျင်းပရာ   နယူး ယောက်မြို့ ရေဒီယိုမြို့တော် ဂီတခန်းမသို့ ဂျေလိုက သားသမီးနှစ် ဦးကိုခေါ်ယူလာကာ ဖခင်နှင့် တွေ့ဆုံစေခဲ့သည်။

ဂျနီဖာလိုပက်ဇ်သည် တေးအယ်လ်ဘမ်သစ် ပထမဆုံး သီချင်းကို နိုဝင်ဘာတွင် ထုတ်ဝေမည်ဖြစ်ကာ ၂၀၁၇ တွင် အယ်လ်ဘမ်သစ် မိတ်ဆက်မည်ဖြစ် သည်။        


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top