Property Expo
×

အေမရိကန္ႏိုင္ငံ ေျမာက္ကယ္ရိုလိုင္းနား ျပည္နယ္မွာ ေနထိုင္တဲ့ ဂလန္ဒါ ဘလက္ခ္ဝဲလ္ဆိုသူ အမ်ိဳးသမီးရဲ႕ အျဖစ္ကေတာ့ ထူးထူးဆန္းဆန္းအေနအထားနဲ႔ကို ကံေကာင္းတယ္လို႔ ဆိုရမွာပါ။
ၿပီးခဲ့တဲ့ အပတ္ စေနေန႔တုန္းက သူမ ရဲ႕ အမ်ိဳးသားျဖစ္သူ ဘတ္ဒီ က ပါဝါေဘာလ္ အမ်ိဳးအစား ထီလက္မွတ္ ၂ ေစာင္ ဝယ္ခိုင္းခဲ့ပါတယ္။ အမွန္ေတာ့ သူမတို႔ဟာ ခ်မ္းသာသူေတြ မဟုတ္တဲ့ အျပင္ ေငြေၾကးအရ ရုန္းကန္ေနရသူေတြ ျဖစ္တဲ့ အတြက္ ဒီအခ်ိန္မ်ိဳးမွာ ထီလက္မွတ္ေတြ ဝယ္တာဟာ ျဖဳန္းတီးတာပဲ ဆိုတာ သူမေယာက်္ားသိေအာင္ သက္ေသျပခ်င္လာပါတယ္။ အဲဒါနဲ႔ သူမက ဘတ္ဒီမွာတဲ့ ထီလက္မွတ္ေတြထက္ ပို ေစ်းႀကီးတဲ့ ပိုက္ဆံ ၁၀ ေဒၚလာတန္ ကာရိုလိုင္းနား မီလီယံ အမ်ိဳးအစား ထီလက္မွတ္ကို စိတ္ေပါက္ေပါက္နဲ႔ ဝယ္လာခဲ့ပါတယ္။
ၾကံၾကံဖန္ဖန္, ကံေကာင္း
အဲဒီမွာ ျဖစ္ခ်င္ေတာ့ သူမ ဝယ္လာတဲ့ ထီလက္မွတ္ဟာ ေဒၚလာ တစ္သန္းဆုကို ဆြတ္ခူးခဲ့ပါတယ္။ အခုဆိုရင္ သူမ တို႔ ဇနီးေမာင္ႏွံဟာ ခ်မ္းသာသူေတြ ျဖစ္လာၿပီး အိမ္တစ္လုံးဝယ္ယူလိုက္ႏိုင္တဲ့အျပင္ ေျမးေတြအတြက္ ေကာလိပ္ေက်ာင္းစရိတ္ကိုလည္း မေၾကာင့္မၾက ေထာက္ပံ့သြားႏိုင္ၿပီ ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:(ရုိးရာေလး)

#Unicode Version
အမေရိကန်နိုင်ငံ မြောက်ကယ်ရိုလိုင်းနား ပြည်နယ်မှာ နေထိုင်တဲ့ ဂလန်ဒါ ဘလက်ခ်ဝဲလ်ဆိုသူ အမျိုးသမီးရဲ့ အဖြစ်ကတော့ ထူးထူးဆန်းဆန်းအနေအထားနဲ့ကို ကံကောင်းတယ်လို့ ဆိုရမှာပါ။
ပြီးခဲ့တဲ့ အပတ် စနေနေ့တုန်းက သူမ ရဲ့ အမျိုးသားဖြစ်သူ ဘတ်ဒီ က ပါဝါဘောလ် အမျိုးအစား ထီလက်မှတ် ၂ စောင် ဝယ်ခိုင်းခဲ့ပါတယ်။ အမှန်တော့ သူမတို့ဟာ ချမ်းသာသူတွေ မဟုတ်တဲ့ အပြင် ငွေကြေးအရ ရုန်းကန်နေရသူတွေ ဖြစ်တဲ့ အတွက် ဒီအချိန်မျိုးမှာ ထီလက်မှတ်တွေ ဝယ်တာဟာ ဖြုန်းတီးတာပဲ ဆိုတာ သူမယောကျ်ားသိအောင် သက်သေပြချင်လာပါတယ်။ အဲဒါနဲ့ သူမက ဘတ်ဒီမှာတဲ့ ထီလက်မှတ်တွေထက် ပို ဈေးကြီးတဲ့ ပိုက်ဆံ ၁၀ ဒေါ်လာတန် ကာရိုလိုင်းနား မီလီယံ အမျိုးအစား ထီလက်မှတ်ကို စိတ်ပေါက်ပေါက်နဲ့ ဝယ်လာခဲ့ပါတယ်။

အဲဒီမှာ ဖြစ်ချင်တော့ သူမ ဝယ်လာတဲ့ ထီလက်မှတ်ဟာ ဒေါ်လာ တစ်သန်းဆုကို ဆွတ်ခူးခဲ့ပါတယ်။ အခုဆိုရင် သူမ တို့ ဇနီးမောင်နှံဟာ ချမ်းသာသူတွေ ဖြစ်လာပြီး အိမ်တစ်လုံးဝယ်ယူလိုက်နိုင်တဲ့အပြင် မြေးတွေအတွက် ကောလိပ်ကျောင်းစရိတ်ကိုလည်း မကြောင့်မကြ ထောက်ပံ့သွားနိုင်ပြီ ဖြစ်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:(ရိုးရာလေး)
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top