Property Expo
×


အခ်က္အလက္ေတြက မန္ယူအသင္း ဒီႏွစ္လည္း အခက္အခဲေတြ႔ႏိုင္တယ္ဆိုတာကို သက္ေသျပေနပါတယ္။

မန္ယူအသင္းကို ေမာ္ရင္ဟို ကိုင္တြယ္တဲ့ရာသီအစမွာ ကြန္ျမဴနတီဒိုင္း ရလိုက္တဲ့အျပင္ ပထမဆံုးသံုးပဲြဆက္ အႏိုင္ရလိုက္လို႔ အသင္းဟာ အေျခအေနျပန္ေကာင္းေနၿပီလားလို႔ ေမွ်ာ္လင့္စရာ ျဖစ္လာခဲ့ပါတယ္။

ဒါေပမဲ့လည္း မန္စီးတီးကို ႐ံႈးတဲ့ပြဲကစလို႔ ေမာ္ရင္ဟိုရဲ႕ မန္ယူအသင္းဟာ ပြဲတိုင္း ႐ုန္းကန္ခဲ့ရၿပီး ရလဒ္ေတြဆိုး႐ြားလာျပန္ပါတယ္။ လက္ရွိအသင္းရဲ႕ေျခစြမ္းအရ ဒီရာသီမွာ ပရီးမီးယားလိဂ္ ဖလားကို ယူႏိုင္ဖို႔ ထိပ္ဆံုးက ေရပန္းစားတဲ့အသင္းေတြထဲမွာ ပါမေနခဲ့ပါဘူး။ မန္ယူဟာ လက္ရွိရာသီမွာ ခ်န္ပီယံလိဂ္ ဝင္ခြင့္ရဖို႔ေတာင္ ခက္ခဲႏုိင္တယ္ဆိုတဲ့ အေၾကာင္းျပခ်က္ (၅) ခုရွိပါတယ္။

၁။ ဗန္ဟားလ္ထက္ ရလဒ္ဆိုးေနျခင္း
ၿပီးခဲ့တဲ့ ရာသီက နည္းျပဗန္ဟားလ္လက္ထက္ ၇ ပြဲကစားၿပီးခ်ိန္မွာ မန္ယူအသင္းက ဒီထက္ပိုၿပီး ရလဒ္ေကာင္းပါတယ္။ ေမာ္ရင္ဟိုက ၇ ပြဲကစားၿပီး ၁၃ မွတ္ရထားခ်ိန္မွာ မႏွစ္က ဗန္ဟားလ္ေတာင္ ၁၆ မွတ္ရခဲ့ပါတယ္။

၂။ ခံစစ္အားနည္းျခင္း

မႏွစ္က ေအာက္တိုဘာလေရာက္ေတာ့ မန္ယူအသင္းဟာ ၅ ဂိုးပဲေပးထားရပါေသးတယ္။ အခုေတာ့ ေမာ္ရင္ဟိုလက္ထက္မွာ ၈ ဂိုးအထိ ေပးထားရပါတယ္။ ဒါဟာ ခံစစ္ပိုၿပီးအားနည္းေနတာကို ျပေနတာပါ။

၄။ ၿပိဳင္ဘက္မ်ား အင္အားေကာင္းျခင္း

မန္ယူအသင္းရဲ႕ ၿပိဳင္ဘက္ဟာ မန္စီးတီး၊ အာဆင္နယ္တို႔တင္ မဟုတ္ပါဘူး။ စပါး၊ လီဗာပူး စတဲ့အသင္းေတြကလည္း အရွိန္ေကာင္းေကာင္းနဲ႔ ရလဒ္ေတြ ပိုေကာင္းလာေနၾကပါတယ္။ ဒါေၾကာင့္ မန္ယူအတြက္ ခ်န္ပီယံလိဂ္ ဝင္ဖို႔ဟာ ပိုၿပီး ခက္ခဲႏုိင္ပါတယ္။

၄။ အီဗရာဟီမိုဗစ္ခ်္ကို အားကိုးေနရျခင္း

 အီဗရာဟီမိုဗစ္ခ်္ ဂိုးေပါက္ေတြ႔တဲ့ပြဲဆိုရင္ မန္ယူဟာ ရလဒ္ေကာင္းေနတတ္ပါတယ္။ ဆိုလိုတာကေတာ့ မိုဗစ္ခ်္ဂိုးမသြင္းႏုိင္ရင္မန္ယူ ႐ုန္းကန္ရၿပီး ဘယ္တိုက္စစ္ကစားသမား ဂုိးသြင္းမွန္းမသိ ျဖစ္ေနရပါတယ္။ ရက္ရွ္ဖို႔နဲ႔ မာရွယ္ဟာ ပံုမွန္ပြဲထြက္ခြင့္အတြက္ အာမခံခ်က္ မရေသးပါဘူး။ အီဗရာဟီမိုဗစ္ခ်္ရဲ႕ အသက္ဟာ ၃၅ ႏွစ္ရွိေနၿပီျဖစ္လို႔ ေရွ႕ေလွ်ာက္ကစားရမယ့္ ပဲြစဥ္ေတြမွာ မန္ယူဂိုးရဖို႔ စိုးရိမ္စရာပါ။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun

Unicode Version

 အချက်အလက်တွေက မန်ယူအသင်း ဒီနှစ်လည်း အခက်အခဲတွေ့နိုင်တယ်ဆိုတာကို သက်သေပြနေပါတယ်။

မန်ယူအသင်းကို မော်ရင်ဟို ကိုင်တွယ်တဲ့ရာသီအစမှာ ကွန်မြူနတီဒိုင်း ရလိုက်တဲ့အပြင် ပထမဆုံးသုံးပွဲဆက် အနိုင်ရလိုက်လို့ အသင်းဟာ အခြေအနေပြန်ကောင်းနေပြီလားလို့ မျှော်လင့်စရာ ဖြစ်လာခဲ့ပါတယ်။

ဒါပေမဲ့လည်း မန်စီးတီးကို ရှုံးတဲ့ပွဲကစလို့ မော်ရင်ဟိုရဲ့ မန်ယူအသင်းဟာ ပွဲတိုင်း ရုန်းကန်ခဲ့ရပြီး ရလဒ်တွေဆိုးရွားလာပြန်ပါတယ်။ လက်ရှိအသင်းရဲ့ခြေစွမ်းအရ ဒီရာသီမှာ ပရီးမီးယားလိဂ် ဖလားကို ယူနိုင်ဖို့ ထိပ်ဆုံးက ရေပန်းစားတဲ့အသင်းတွေထဲမှာ ပါမနေခဲ့ပါဘူး။ မန်ယူဟာ လက်ရှိရာသီမှာ ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့တောင် ခက်ခဲနိုင်တယ်ဆိုတဲ့ အကြောင်းပြချက် (၅) ခုရှိပါတယ်။

၁။ ဗန်ဟားလ်ထက် ရလဒ်ဆိုးနေခြင်း
ပြီးခဲ့တဲ့ ရာသီက နည်းပြဗန်ဟားလ်လက်ထက် ၇ ပွဲကစားပြီးချိန်မှာ မန်ယူအသင်းက ဒီထက်ပိုပြီး ရလဒ်ကောင်းပါတယ်။ မော်ရင်ဟိုက ၇ ပွဲကစားပြီး ၁၃ မှတ်ရထားချိန်မှာ မနှစ်က ဗန်ဟားလ်တောင် ၁၆ မှတ်ရခဲ့ပါတယ်။

၂။ ခံစစ်အားနည်းခြင်း

မနှစ်က အောက်တိုဘာလရောက်တော့ မန်ယူအသင်းဟာ ၅ ဂိုးပဲပေးထားရပါသေးတယ်။ အခုတော့ မော်ရင်ဟိုလက်ထက်မှာ ၈ ဂိုးအထိ ပေးထားရပါတယ်။ ဒါဟာ ခံစစ်ပိုပြီးအားနည်းနေတာကို ပြနေတာပါ။

၄။ ပြိုင်ဘက်များ အင်အားကောင်းခြင်း

မန်ယူအသင်းရဲ့ ပြိုင်ဘက်ဟာ မန်စီးတီး၊ အာဆင်နယ်တို့တင် မဟုတ်ပါဘူး။ စပါး၊ လီဗာပူး စတဲ့အသင်းတွေကလည်း အရှိန်ကောင်းကောင်းနဲ့ ရလဒ်တွေ ပိုကောင်းလာနေကြပါတယ်။ ဒါကြောင့် မန်ယူအတွက် ချန်ပီယံလိဂ် ဝင်ဖို့ဟာ ပိုပြီး ခက်ခဲနိုင်ပါတယ်။

၄။ အီဗရာဟီမိုဗစ်ချ်ကို အားကိုးနေရခြင်း

 အီဗရာဟီမိုဗစ်ချ် ဂိုးပေါက်တွေ့တဲ့ပွဲဆိုရင် မန်ယူဟာ ရလဒ်ကောင်းနေတတ်ပါတယ်။ ဆိုလိုတာကတော့ မိုဗစ်ချ်ဂိုးမသွင်းနိုင်ရင်မန်ယူ ရုန်းကန်ရပြီး ဘယ်တိုက်စစ်ကစားသမား ဂိုးသွင်းမှန်းမသိ ဖြစ်နေရပါတယ်။ ရက်ရှ်ဖို့နဲ့ မာရှယ်ဟာ ပုံမှန်ပွဲထွက်ခွင့်အတွက် အာမခံချက် မရသေးပါဘူး။ အီဗရာဟီမိုဗစ်ချ်ရဲ့ အသက်ဟာ ၃၅ နှစ်ရှိနေပြီဖြစ်လို့ ရှေ့လျှောက်ကစားရမယ့် ပွဲစဉ်တွေမှာ မန်ယူဂိုးရဖို့ စိုးရိမ်စရာပါ။


ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top