Kantharyar Centre
×





Credit : Duwun

#Unicode Version

သြစတြေးလျက ကာကာဒူ အမျိုးသားဥယျာဉ်ထဲက မိကျောင်းတွေကို အမျိုးသမီးတစ်ဦးက စီးလာတဲ့ဖိနပ်ကိုချွတ်ပြီး မောင်းထုတ်ခဲ့တာပါ။

East Alligator မြစ်နဲ့ Cahill's မြစ်ဆုံနေရာမှာ အမျိုးသမီးတစ်ဦးဟာ ခွေးငယ်လေးတစ်ကောင်နဲ့အတူ မိကျောင်းတွေကို ရပ်ကြည့်နေခဲ့ပါတယ်။ သူမ ရပ်နေတဲ့နေရာကလည်း မိကျောင်းတွေနဲ့ နီးကပ်ပါတယ်။

ရုတ်တရက် မိကျောင်းကြီးတစ်ကောင်က သူမဆီကို ဦးတည်လာသလို ကျန်တဲ့မိကျောင်းတွေကလည်း သူမကိုတွေ့သွားကြတဲ့အခါ ယင်းအမျိုးသမီးက စီးထားတဲ့ဖိနပ်ကိုချွတ်ပြီး ခြောက်လှန့်ခဲ့တာပါ။ ပါးစပ်က အော်ဟစ်ရင်း ဖိနပ်ကိုဝှေ့ရမ်းသလို လက်ဖဝါးနဲ့ဖိနပ်ကိုရိုက်ကာ မောင်းထုတ်လိုက်တဲ့အခါ မိကျောင်းကြီးက အလန့်တကြားထွက်ပြေးသွားပါတော့တယ်။

ဒီဗီဒီယိုကို YouTube ပေါ်က Achievement Zone 365 မှာ တင်ထားတာပါ။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top