Property Expo
×

ဂင္းနစ္ကမၻာ့စံခ်ိန္တင္အဖြဲ႔ဟာ ဗုဒၶဟူးေန႔က တ႐ုတ္လူမ်ိဳးႏွစ္ဦးရဲ႕ မ်က္လွည့္ျပကြက္တစ္ခုကို ကမၻာ့စံခ်ိန္ေပးအပ္ခဲ့ပါတယ္။ တစ္မိနစ္အတြင္း အဝတ္ ၁၉ ထည္ လဲလွယ္ျပတဲဲ့မ်က္လွည့္ျပကြက္ျဖစ္ပါတယ္။

အဗရီ ခ်င္ နဲ႔ ဆိုင္လ္ဗီယာ လင္မ္တို႔ဟာ မေလး႐ွားႏိုင္ငံကမ်က္လွည့္သမားႏွစ္ေယာက္ပါ။ တ႐ုတ္ႏိုင္ငံရဲ႕အမ်ိဳးသားေန႔ပိတ္ရက္ကို ပါဝင္ဆင္ႏႊဲဖုိ႔ ဟူေဘးျပည္နယ္ ဝူဟန္ၿမိဳ႕ကိုေရာက္ေနၾကတာျဖစ္ပါတယ္။ ၿမိဳ႕ထဲက Happy Valley ပန္းျခံမွာ သူတုိ႔ရဲ႕ အထူးမ်က္လွည့္ျပကြက္ကို ျပသခဲ့ပါတယ္။

ဆလင္ဒါပံုအနက္ေရာင္ကြင္းႀကီးထဲမွာ မတ္တပ္ရပ္္ေနသူကို အျခားတစ္ဦးက ဆလင္ဒါကိုခါခ်ျပရင္း အဝတ္ေတြ တစ္ထည္ၿပီးတစ္ထည္ ေျပာင္းလဲသြားတာပါ။ အဝတ္ ၁၈ ထည္ လဲလွယ္ျပခဲ့တဲ့အျပင္ ေနာက္ဆံုးမွာ ေငြေရာင္အစေတြကို ပက္ဖ်န္းကာ အျဖဴေရာင္ဝတ္စံုအျဖစ္ ေျပာင္းလဲျပခဲ့ပါေသးတယ္။

ဒီမ်က္လွည့္ျပကြက္ကို တစ္မိနစ္အတြင္းအဝတ္အမ်ားဆံုးေျပာင္းလဲႏိုင္တဲ့ ပဥၥလက္ျပကြက္အျဖစ္ ကမၻာ့စံခ်ိန္ေပးအပ္ခဲ့တာျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : duwun

#Unicode Version

ဂင်းနစ်ကမ္ဘာ့စံချိန်တင်အဖွဲ့ဟာ ဗုဒ္ဓဟူးနေ့က တရုတ်လူမျိုးနှစ်ဦးရဲ့ မျက်လှည့်ပြကွက်တစ်ခုကို ကမ္ဘာ့စံချိန်ပေးအပ်ခဲ့ပါတယ်။ တစ်မိနစ်အတွင်း အဝတ် ၁၉ ထည် လဲလှယ်ပြတဲ့မျက်လှည့်ပြကွက်ဖြစ်ပါတယ်။

အဗရီ ချင် နဲ့ ဆိုင်လ်ဗီယာ လင်မ်တို့ဟာ မလေးရှားနိုင်ငံကမျက်လှည့်သမားနှစ်ယောက်ပါ။ တရုတ်နိုင်ငံရဲ့အမျိုးသားနေ့ပိတ်ရက်ကို ပါဝင်ဆင်နွှဲဖို့ ဟူဘေးပြည်နယ် ဝူဟန်မြို့ကိုရောက်နေကြတာဖြစ်ပါတယ်။ မြို့ထဲက Happy Valley ပန်းခြံမှာ သူတို့ရဲ့ အထူးမျက်လှည့်ပြကွက်ကို ပြသခဲ့ပါတယ်။

ဆလင်ဒါပုံအနက်ရောင်ကွင်းကြီးထဲမှာ မတ်တပ်ရပ်နေသူကို အခြားတစ်ဦးက ဆလင်ဒါကိုခါချပြရင်း အဝတ်တွေ တစ်ထည်ပြီးတစ်ထည် ပြောင်းလဲသွားတာပါ။ အဝတ် ၁၈ ထည် လဲလှယ်ပြခဲ့တဲ့အပြင် နောက်ဆုံးမှာ ငွေရောင်အစတွေကို ပက်ဖျန်းကာ အဖြူရောင်ဝတ်စုံအဖြစ် ပြောင်းလဲပြခဲ့ပါသေးတယ်။

ဒီမျက်လှည့်ပြကွက်ကို တစ်မိနစ်အတွင်းအဝတ်အများဆုံးပြောင်းလဲနိုင်တဲ့ ပဉ္စလက်ပြကွက်အဖြစ် ကမ္ဘာ့စံချိန်ပေးအပ်ခဲ့တာဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top