Property Expo
×

4.10.2016ေန႔ ညပိုင္း ပရဟိတအသင္းမ်ားနဲ႕ ပခုကၠဴ ရဲတပ္ဖြဲ႕တို႔ ပတ္ကင္းလွည့္ျဖစ္တယ္။
ပတ္ကင္းလွည့္ရင္းနဲ႔ ၿမိဳ႕ေရွာင္လမ္းနဲ႔ ေရစႀကိဳ လမ္းဆုံေရာက္ေတာ့ ဆိုင္ကယ္ ၂စီးေဘးရပ္ၿပီး လူငယ္၃ေယာက္ လမ္းေပၚ ပတ္လက္ႀကီး အိပ္ေနတာေတြ႕လို႔ ျပန္ၾကဘို႔ေျပာေတာ့ အေဝးသင္ေက်ာင္းသားေတြ ျဖစ္ေနတယ္သိရတယ္။သူတို႔ကို ျပန္လြတ္ၿပီး လွည့္ကင္း ဆက္လက္ထြက္ခဲ႔တာ ၿမိဳ႕ေရွာင္လမ္း ရဲ႕ ဆင္ေပါက္လွတံတားထိပ္မွာ သူတို႔အဖြဲ႕ ရပ္ေနတာ ျပန္ေတြ႕လို႔ အေဆာင္ကို ေအးေဆးစြာ ျပန္ၾကဘို႔ေျပာၿပီး ျပန္လြတ္ခဲ့တယ္။ဒါေပမယ့္ အေမာင္ေက်ာင္းသားေတြက ဧရာဝတီတံတားေပၚတက္သြားခဲ႕တယ္။ပူးေပါင္းလည့္ကင္းအဖြဲ႕ ဧရာဝတီတံတားေပၚေရာက္ေတာ့ အဆိုပါ ေမာင္ေက်ာင္းသားမ်ားကို ဘီယာပုလင္းကိုယ္စီနဲ႕ ထပ္ေတြ႕လို႔ ဘယ္အေဆာင္ ဘယ္လမ္းလဲေမးေတာ့ အမွတ္ (၁၁)ရပ္ကြက္ လမ္း(၂၀) လမင္းကမၻာ အေဆာင္ဆိုတာ သိရလို႔ အမွတ္(၁၁)ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး ကိုသန္းဝင္းေအာင္ ဆီ ဖုန္းဆက္ၿပီး အေဆာင္ပိုင္ရွင္ကို ေခၚကာ ဧရာဝတီတံတားေပၚ လိုက္ခဲ႔ဘို႔ အကူအညီေတာင္းခဲ႔ရတယ္။အမွတ္(၁၁)ရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴးနဲ႕ လမင္းကမၻာ အေဆာင္ပိုင္ရွင္ တို႔ေရာက္လာၿပီး သတ္မွတ္ အေဆာင္ပိတ္ခ်ိန္နဲ႕ေက်ာင္သားေတြ ရွိမရွိစစ္ေဆးေရး ယခုလို အေဆာင္ေနေက်ာင္းသားေတြ ညအခ်ိန္မေတာ္ အျပင္ေရာက္ အရက္ေသာက္ျခင္းက ျပသနာ တက္ႏိုင္ေၾကာင္းနဲ႕ အေဆာင္စည္းကမ္းမ်ားရွိပါလ်ွက္ ထိန္းသိမ္းရန္လိုအပ္ေၾကာင္းမ်ား ေျပာၾကားေနစဥ္ဘဲ အေမာင္ေက်ာင္းသား ၃ ေယာက္ထဲက ၁ေယာက္ေသာေက်ာင္းသားက လွည့္ကင္းက ပရဟိတ လူငယ္တဦးကို မေခ်မငံ နဲ႔ျပသနာရွာ ကိုယ္ထိလက္ေရာက္ အထိ က်ဴးလြန္လာလို႔ အေရးယူဘို႔ အေရးအတြက္ အခ်ဳပ္ထဲ ထည့္ခဲ႔ရတယ္။



ဒီလူငယ္ေတြ ဒီလိုျဖစ္လာေတာ့ အေဆာင္ရွင္ေတြကို အဓိက ထား အျပစ္ေျပာရေတာ့မယ္။
(၁)အေဆာင္ေတြဟာ အေဝးသင္ရာသီအတြက္ သီးသန္႔ဖြင္းထားတဲ႔ အေဆာင္ျဖစ္ေနတယ္။
(၂)အေဆာင္ေနေက်ာင္းသားမ်ား ၿပီးေရာ ဆိုၿပီး ေက်ာင္းသားေတြကို စည္းကမ္းပိုင္းဆိုင္ရာ ေတြနဲ႕ မထိန္းသိမ္ဘူး
(၃)အဲ႔ဒီလို အေဆာင္ေတြဟာ ေက်ာင္းသားေတြအေပၚ ေငြမ်က္ႏွာ တခုထဲၾကည့္ၿပီး သားသမီးခ်င္း ကိုယ္ခ်င္းမစာႏိုင္ဘူး လို႔ဘဲ အျပစ္တင္ရေတာ့မယ္။
ေက်ာင္းသားေတြကို အျပစ္ေျပာလ်ွင္ေတာ့ အဓိက ျဖစ္တဲ႕ စည္းနဲ႕ကမ္းနဲ႔ မေနခ်င္ၾကဘူး
ဒါေတြဟာ ျပသနာ တစုံတခု ျဖစ္လာမွ အေမကယ္ပါ အဘ ကယ္ပါ ေအာ္ေနလို႔ မရေတာ့ဘူးလို႔ ထင္မိတယ္။ေဒသဆိုင္ရာ အုပ္ခ်ဳပ္ေရး အာဏာပိုင္မ်ားလည္း စည္းကမ္းမလိုက္နာတဲ႔ အေဆာင္ေတြကို အျပစ္ေပး အေရးယူ မႈမ်ား ထိေရာက္စြာ ျပဳလုပ္ရန္လိုေနၿပီဟု ထင္ျမင္မိတယ္။
ကဲ ခုေတာ့ အေဝးသင္ကာလ စည္းမဲ့ ကမ္းမဲ႔ အေဆာင္မ်ားေၾကာင့္ စည္းမရွိကမ္းမရွိ ေနခ်င္သူ အေဝးသင္ကာလ ေက်ာင္းသား တေယာက္ေတာ့အခ်ဳပ္ထဲ ပထမဆုံး ဝင္ရသူ အျဖစ္ မဲေပါက္သြားေလၿပီ။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:Thit Htoo Lwin


#Unicode Version
4.10.2016နေ့ ညပိုင်း ပရဟိတအသင်းများနဲ့ ပခုက္ကူ ရဲတပ်ဖွဲ့တို့ ပတ်ကင်းလှည့်ဖြစ်တယ်။
ပတ်ကင်းလှည့်ရင်းနဲ့ မြို့ရှောင်လမ်းနဲ့ ရေစကြို လမ်းဆုံရောက်တော့ ဆိုင်ကယ် ၂စီးဘေးရပ်ပြီး လူငယ်၃ယောက် လမ်းပေါ် ပတ်လက်ကြီး အိပ်နေတာတွေ့လို့ ပြန်ကြဘို့ပြောတော့ အဝေးသင်ကျောင်းသားတွေ ဖြစ်နေတယ်သိရတယ်။သူတို့ကို ပြန်လွတ်ပြီး လှည့်ကင်း ဆက်လက်ထွက်ခဲ့တာ မြို့ရှောင်လမ်း ရဲ့ ဆင်ပေါက်လှတံတားထိပ်မှာ သူတို့အဖွဲ့ ရပ်နေတာ ပြန်တွေ့လို့ အဆောင်ကို အေးဆေးစွာ ပြန်ကြဘို့ပြောပြီး ပြန်လွတ်ခဲ့တယ်။ဒါပေမယ့် အမောင်ကျောင်းသားတွေက ဧရာဝတီတံတားပေါ်တက်သွားခဲ့တယ်။ပူးပေါင်းလည့်ကင်းအဖွဲ့ ဧရာဝတီတံတားပေါ်ရောက်တော့ အဆိုပါ မောင်ကျောင်းသားများကို ဘီယာပုလင်းကိုယ်စီနဲ့ ထပ်တွေ့လို့ ဘယ်အဆောင် ဘယ်လမ်းလဲမေးတော့ အမှတ် (၁၁)ရပ်ကွက် လမ်း(၂၀) လမင်းကမ္ဘာ အဆောင်ဆိုတာ သိရလို့ အမှတ်(၁၁)ရပ်ကွက်အုပ်ချုပ်ရေးမှူး ကိုသန်းဝင်းအောင် ဆီ ဖုန်းဆက်ပြီး အဆောင်ပိုင်ရှင်ကို ခေါ်ကာ ဧရာဝတီတံတားပေါ် လိုက်ခဲ့ဘို့ အကူအညီတောင်းခဲ့ရတယ်။အမှတ်(၁၁)ရပ်ကွက် အုပ်ချုပ်ရေးမှူးနဲ့ လမင်းကမ္ဘာ အဆောင်ပိုင်ရှင် တို့ရောက်လာပြီး သတ်မှတ် အဆောင်ပိတ်ချိန်နဲ့ကျောင်သားတွေ ရှိမရှိစစ်ဆေးရေး ယခုလို အဆောင်နေကျောင်းသားတွေ ညအချိန်မတော် အပြင်ရောက် အရက်သောက်ခြင်းက ပြသနာ တက်နိုင်ကြောင်းနဲ့ အဆောင်စည်းကမ်းများရှိပါလျှက် ထိန်းသိမ်းရန်လိုအပ်ကြောင်းများ ပြောကြားနေစဉ်ဘဲ အမောင်ကျောင်းသား ၃ ယောက်ထဲက ၁ယောက်သောကျောင်းသားက လှည့်ကင်းက ပရဟိတ လူငယ်တဦးကို မချေမငံ နဲ့ပြသနာရှာ ကိုယ်ထိလက်ရောက် အထိ ကျူးလွန်လာလို့ အရေးယူဘို့ အရေးအတွက် အချုပ်ထဲ ထည့်ခဲ့ရတယ်။


ဒီလူငယ်တွေ ဒီလိုဖြစ်လာတော့ အဆောင်ရှင်တွေကို အဓိက ထား အပြစ်ပြောရတော့မယ်။
(၁)အဆောင်တွေဟာ အဝေးသင်ရာသီအတွက် သီးသန့်ဖွင်းထားတဲ့ အဆောင်ဖြစ်နေတယ်။
(၂)အဆောင်နေကျောင်းသားများ ပြီးရော ဆိုပြီး ကျောင်းသားတွေကို စည်းကမ်းပိုင်းဆိုင်ရာ တွေနဲ့ မထိန်းသိမ်ဘူး
(၃)အဲ့ဒီလို အဆောင်တွေဟာ ကျောင်းသားတွေအပေါ် ငွေမျက်နှာ တခုထဲကြည့်ပြီး သားသမီးချင်း ကိုယ်ချင်းမစာနိုင်ဘူး လို့ဘဲ အပြစ်တင်ရတော့မယ်။
ကျောင်းသားတွေကို အပြစ်ပြောလျှင်တော့ အဓိက ဖြစ်တဲ့ စည်းနဲ့ကမ်းနဲ့ မနေချင်ကြဘူး
ဒါတွေဟာ ပြသနာ တစုံတခု ဖြစ်လာမှ အမေကယ်ပါ အဘ ကယ်ပါ အော်နေလို့ မရတော့ဘူးလို့ ထင်မိတယ်။ဒေသဆိုင်ရာ အုပ်ချုပ်ရေး အာဏာပိုင်များလည်း စည်းကမ်းမလိုက်နာတဲ့ အဆောင်တွေကို အပြစ်ပေး အရေးယူ မှုများ ထိရောက်စွာ ပြုလုပ်ရန်လိုနေပြီဟု ထင်မြင်မိတယ်။
ကဲ ခုတော့ အဝေးသင်ကာလ စည်းမဲ့ ကမ်းမဲ့ အဆောင်များကြောင့် စည်းမရှိကမ်းမရှိ နေချင်သူ အဝေးသင်ကာလ ကျောင်းသား တယောက်တော့အချုပ်ထဲ ပထမဆုံး ဝင်ရသူ အဖြစ် မဲပေါက်သွားလေပြီ။


ဖိုးသူတော် (www.phothutaw.com)
Credit:Thit Htoo Lwin
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top