Kantharyar Centre
×

သန္႔စင္ခန္းဝင္တဲ့အခ်ိန္ေတြမွာ စာဖတ္ျခင္းနဲ႔ စမတ္ဖုန္းသံုးတတ္တဲ့ အေလ့အက်င့္ေတြဟာ က်န္းမာေရးအတြက္ လံုးဝမေကာင္းမြန္ေၾကာင္း သုေတသီေတြက ေဖာ္ထုတ္ထားပါတယ္။

အထူးသျဖင့္ ဒီအေလ့အက်င့္ဟာ အမ်ိဳးသားေတြအတြက္ အႏၱရာယ္ပိုရွိတယ္လို႔ ဆိုပါတယ္။ ေလ့လာခ်က္အရ သန္႔စင္ခန္းထဲ စာဖတ္သူေတြဟာ လိပ္ေခါင္းေရာဂါ အျဖစ္မ်ားၾကတယ္လို႔ ဆိုပါတယ္။ သန္႔စင္ခြက္ကမုတ္ခြက္ေပၚမွာ ၾကာၾကာထုိင္တဲ့အခါ ခႏၶာကိုယ္အေလးခ်ိန္ကို တင္ပါးတစ္ခုတည္းက ေတာင့္ခံထားရတာျဖစ္ပါတယ္။ အဲဒါေၾကာင့္ လိပ္ေခါင္းေရာဂါကို ျဖစ္ေပၚေစတာပါ။

သန္႔စင္ခန္းထဲမွာ စမတ္ဖုန္းအသံုးျပဳသူေတြကေတာ့ ဆိုးက်ိဳးႏွစ္ခုကိုေတာင္ ခံစားရမွာျဖစ္ပါတယ္။ တစ္ခုက လိပ္ေခါင္းေရာဂါျဖစ္ႏုိင္တဲ့လမ္းစ ျဖစ္ၿပီးေနာက္တစ္ခုက သင့္ရဲ႕စမတ္ဖုန္းမွာ ဘက္တီရီးယားေပါင္းမ်ားစြာ ကပ္ပါလာႏုိင္တဲ့ အႏၱရာယ္ျဖစ္ပါတယ္။

ကမုတ္ခြက္ေပၚမွာ ၾကာၾကာထုိင္ျခင္းဟာ ေသြးလည္ပတ္မႈကိုလည္း အေႏွာက္အယွက္ျဖစ္ေစၿပီး ခႏၶာကိုယ္ေအာက္ပုိင္း ေသြစီးဆင္းမႈကို ပ်က္စီးသြားေစတတ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun


#Unicode Version


 သန့်စင်ခန်းဝင်တဲ့အချိန်တွေမှာ စာဖတ်ခြင်းနဲ့ စမတ်ဖုန်းသုံးတတ်တဲ့ အလေ့အကျင့်တွေဟာ ကျန်းမာရေးအတွက် လုံးဝမကောင်းမွန်ကြောင်း သုတေသီတွေက ဖော်ထုတ်ထားပါတယ်။

အထူးသဖြင့် ဒီအလေ့အကျင့်ဟာ အမျိုးသားတွေအတွက် အန္တရာယ်ပိုရှိတယ်လို့ ဆိုပါတယ်။ လေ့လာချက်အရ သန့်စင်ခန်းထဲ စာဖတ်သူတွေဟာ လိပ်ခေါင်းရောဂါ အဖြစ်များကြတယ်လို့ ဆိုပါတယ်။ သန့်စင်ခွက်ကမုတ်ခွက်ပေါ်မှာ ကြာကြာထိုင်တဲ့အခါ ခန္ဓာကိုယ်အလေးချိန်ကို တင်ပါးတစ်ခုတည်းက တောင့်ခံထားရတာဖြစ်ပါတယ်။ အဲဒါကြောင့် လိပ်ခေါင်းရောဂါကို ဖြစ်ပေါ်စေတာပါ။

သန့်စင်ခန်းထဲမှာ စမတ်ဖုန်းအသုံးပြုသူတွေကတော့ ဆိုးကျိုးနှစ်ခုကိုတောင် ခံစားရမှာဖြစ်ပါတယ်။ တစ်ခုက လိပ်ခေါင်းရောဂါဖြစ်နိုင်တဲ့လမ်းစ ဖြစ်ပြီးနောက်တစ်ခုက သင့်ရဲ့စမတ်ဖုန်းမှာ ဘက်တီရီးယားပေါင်းများစွာ ကပ်ပါလာနိုင်တဲ့ အန္တရာယ်ဖြစ်ပါတယ်။

ကမုတ်ခွက်ပေါ်မှာ ကြာကြာထိုင်ခြင်းဟာ သွေးလည်ပတ်မှုကိုလည်း အနှောက်အယှက်ဖြစ်စေပြီး ခန္ဓာကိုယ်အောက်ပိုင်း သွေစီးဆင်းမှုကို ပျက်စီးသွားစေတတ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top