Property Expo
×

  ျမန္မာႏုိင္ငံသို႔ ေရာက္ ရွိေနသည့္ အေမရိကန္ Peace Corps ေစတနာ့ဝန္ထမ္းေျခာက္ ဦးသည္ ၎တို႔ တာဝန္ထမ္း ေဆာင္မည့္ ေက်ာင္းမ်ားမွ ဆရာ၊ဆရာမမ်ား၊ ေက်ာင္းအုပ္မ်ားႏွင့္ ေတြ႕ဆံုပြဲကို ေအာက္တိုဘာ ၁၄ ရက္တြင္ စမ္းေခ်ာင္းၿမိဳ႕နယ္ရွိ Peace Corps Myanmar ႐ံုး၌ ျပဳလုပ္ခဲ့သည္။

ေအာက္တိုဘာ ၁၃ ရက္ႏွင့္ ၁၄ ရက္တြင္ အေမရိကန္ Peace Corps ေစတနာ့ဝန္ထမ္းမ်ား တာဝန္က်သည့္ ေက်ာင္းမ်ားမွ အဂၤလိပ္စာဘာသာ တြဲဖက္သင္ၾကားမည့္ အဂၤလိပ္ဘာသာျပ ဆရာ၊ ဆရာမမ်ား၊ ေက်ာင္းအုပ္ဆရာႀကီးမ်ားႏွင့္ ေတြ႕ဆံုမည္ျဖစ္ ေၾကာင္း Peace Corps Myanmar မွသိရသည္။

‘‘ေရွ႕ေျပးအစီအစဥ္ကို ေစတနာ့ဝန္ထမ္း အဖြဲ႕ငယ္ေလးနဲ႔ စတင္ပါတယ္။ ေစတနာ့ဝန္ထမ္းေျခာက္ဦးပါ။ သူတို႔ေတြအားလံုးဟာ အဂၤလိပ္စာ သင္ၾကားေရးမွာ အေတြ႕အႀကံဳရွိတဲ့ ဆရာ၊ ဆရာမေတြျဖစ္ၿပီး ရန္ကုန္တိုင္း ေဒသႀကီးအတြင္းက ၿမိဳ႕နယ္ ေျခာက္ၿမိဳ႕နယ္ရွိ ေက်ာင္းေျခာက္ ေက်ာင္းမွာ ေက်ာင္းစာသင္ခန္း တြင္း တြဲဖက္သင္ဆရာ၊ ဆရာမ မ်ားနဲ႔ အတူယွဥ္တြဲၿပီး သင္ၾကား သြားမယ္။ ေစတနာ့ဝန္ထမ္းေတြရဲ႕ အဓိကတာဝန္ႏွစ္ရပ္က ေက်ာင္းသူ၊ ေက်ာင္းသားေတြကို သင္ၾကားေပးၿပီး ဆရာ၊ ဆရာမ ေတြကို ေလ့က်င့္ေပးဖို႔ပါ’’ဟု Peace Corps Myanmar မွ ျမန္မာႏိုင္ငံဆုိင္ရာ တာဝန္ခံ မစ္ေမာ္ရာေဂ်ဖလ္တန္က ေျပာ ၾကားသည္။

အဆိုပါေတြ႕ဆံုပြဲတြင္ (၁) ေက်ာင္းအုပ္ႏွင့္ တြဲဖက္သင္ ဆရာ၊ ဆရာမမ်ားကို Peace Corps ႏွင့္ မိတ္ဆက္ျခင္း၊ (၂) စာသင္ၾကားေရးပံုစံ/ နည္းစနစ္ မ်ားကို ေဆြးေႏြးျခင္း၊ (၃) ေစတနာ့ဝန္ထမ္း၊ ေက်ာင္းအုပ္၊ တြဲဖက္ဆရာ၊ ဆရာမမ်ား၏ အခန္းက႑မ်ားႏွင့္ တာဝန္မ်ားေဆြးေႏြးျခင္း၊ (၄) မိတ္ဖက္မ်ားအေနျဖင့္ ထိေရာက္စြာ ပူးေပါင္းေဆာင္ရြက္မည့္ နည္းလမ္းမ်ား ေဆြးေႏြးျခင္းႏွင့္ (၅) အနာဂတ္တြင္ လက္တြဲေဆာင္ရြက္ရန္ ေကာင္းမြန္သည့္ အစီအစဥ္မ်ားကို အတူတကြ  ေရးဆြဲျခင္းတို႔ ျပဳလုပ္မည္ျဖစ္ ေၾကာင္း Peace Corps Myanmar မွ သိရသည္။

ေစတနာ့ဝန္ထမ္း ေျခာက္ဦးသည္ ရန္ကုန္တိုင္းေဒသႀကီးရွိ ၿမိဳ႕နယ္ေျခာက္ၿမိဳ႕နယ္မွ အေျခခံပညာေက်ာင္း ေျခာက္ေက်ာင္း တြင္ အဂၤလိပ္စာသင္ၾကားေရး တာဝန္ကို ေအာက္တိုဘာ ၁၇ရက္ကစ၍ ယခုပညာသင္ႏွစ္ကုန္အထိ တာဝန္ထမ္းေဆာင္ မည္ျဖစ္သည္။

ထုိ႔အျပင္ Peace Corps ေစတနာ့၀န္ထမ္း ၂၀ ဦးသည္ ဒုတိယအသုတ္အျဖစ္ ၂၀၁၇ ေဖေဖာ္၀ါရီ၌ ျမန္မာႏုိင္ငံသို႔ လာေရာက္မည္ျဖစ္သည္။

အဆုိပါ ေစတနာ့၀န္ထမ္း ၂၀ ဦးသည္ ျမန္မာႏုိင္ငံတြင္ ၂ ႏွစ္ၾကာေနထုိင္၍ အေျခခံပညာ ေက်ာင္းမ်ား၌ အဂၤလိပ္ဘာသာသင္ၾကားမည္ျဖစ္ၿပီး ၎တုိ႔တာ၀န္ထမ္းေဆာင္မည့္ အေျခခံပညာေက်ာင္းမ်ားကို ေရြးခ်ယ္ေနၿပီျဖစ္ေၾကာင္း သတင္းရရွိသည္။

ႏိုင္ငံေတာ္၏ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ႏွင့္ အေမရိကန္သမၼတ အိုဘားမားတို႔ စက္တင္ဘာ ၁၄ ရက္တြင္ အေမရိကန္ႏိုင္ငံ အိမ္  ျဖဴေတာ္၌ ေတြ႕ဆံုၿပီးေနာက္ ထုတ္ျပန္သည့္ ျပည္ေထာင္စုျမန္မာႏိုင္ငံႏွင့္ အေမရိကန္ျပည္ေထာင္စုတို႔ ပူးတြဲထုတ္ျပန္ခ်က္တြင္ အဂၤလိပ္စာ ဆရာ၊ ဆရာမမ်ားကို ေလ့က်င့္သင္ၾကားမည့္ အလယ္တန္းႏွင့္ အထက္တန္း ေက်ာင္းမ်ားမွ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား ေလ့က်င့္သင္ၾကားမည့္ ပထမ အသုတ္ ၿငိမ္းခ်မ္းေရးေစတနာ့ ဝန္ထမ္းမ်ား ေရာက္ရွိေတာ့မည့္ အေပၚ အေမရိကန္ႏွင့္ ျမန္မာတို႔ ေမွ်ာ္လင့္ထားေၾကာင္း ေရးသား ထားသည္။

 Peace Corps အဖြဲ႕ကို ၁၉၆၁ တြင္ စတင္ထူေထာင္ခဲ့ၿပီး ႏိုင္ငံေပါင္း ၁၄၀ ၌ အဂၤလိပ္စာ သင္ၾကားေရးအပါအဝင္ အစီအစဥ္မ်ား အေကာင္အထည္ေဖာ္ေနကာ ျမန္မာႏိုင္ငံသည္ ၁၄၁ ႏိုင္ငံေျမာက္အျဖစ္ ယခုႏွစ္၌ စတင္အေကာင္အထည္ေဖာ္ ေဆာင္ရြက္မည္ျဖစ္ေၾကာင္း Peace Corps Myanmar မွ သိရသည္။

၂၀၁၄ တြင္ Peace Corps ေစတနာ့ဝန္ထမ္းမ်ား ေစလႊတ္ ျခင္းဆိုင္ရာ အေမရိကန္ႏွင့္ ျမန္မာ အစိုးရႏွစ္ရပ္အၾကား ႏွစ္ႏိုင္ငံ သေဘာတူစာခြၽန္လႊာ လက္မွတ္ေရးထုိးၿပီး အေမရိကန္ သမၼတအိုဘားမား၏ ၂၀၁၄ ခရီးစဥ္အတြင္း Peace Corps အစီအစဥ္ကို ျမန္မာႏိုင္ငံတြင္ အေကာင္အထည္ ေဖာ္မည္ျဖစ္ေၾကာင္း ေၾကညာၿပီး ၂၀၁၅ တြင္ စတင္ျပင္ဆင္ခဲ့ကာ ယခုႏွစ္၌ စတင္  ေဆာင္ရြက္မည္ျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
  မြန်မာနိုင်ငံသို့ ရောက် ရှိနေသည့် အမေရိကန် Peace Corps စေတနာ့ဝန်ထမ်းခြောက် ဦးသည် ၎င်းတို့ တာဝန်ထမ်း ဆောင်မည့် ကျောင်းများမှ ဆရာ၊ဆရာမများ၊ ကျောင်းအုပ်များနှင့် တွေ့ဆုံပွဲကို အောက်တိုဘာ ၁၄ ရက်တွင် စမ်းချောင်းမြို့နယ်ရှိ Peace Corps Myanmar ရုံး၌ ပြုလုပ်ခဲ့သည်။


အောက်တိုဘာ ၁၃ ရက်နှင့် ၁၄ ရက်တွင် အမေရိကန် Peace Corps စေတနာ့ဝန်ထမ်းများ တာဝန်ကျသည့် ကျောင်းများမှ အင်္ဂလိပ်စာဘာသာ တွဲဖက်သင်ကြားမည့် အင်္ဂလိပ်ဘာသာပြ ဆရာ၊ ဆရာမများ၊ ကျောင်းအုပ်ဆရာကြီးများနှင့် တွေ့ဆုံမည်ဖြစ် ကြောင်း Peace Corps Myanmar မှသိရသည်။

‘‘ရှေ့ပြေးအစီအစဉ်ကို စေတနာ့ဝန်ထမ်း အဖွဲ့ငယ်လေးနဲ့ စတင်ပါတယ်။ စေတနာ့ဝန်ထမ်းခြောက်ဦးပါ။ သူတို့တွေအားလုံးဟာ အင်္ဂလိပ်စာ သင်ကြားရေးမှာ အတွေ့အကြုံရှိတဲ့ ဆရာ၊ ဆရာမတွေဖြစ်ပြီး ရန်ကုန်တိုင်း ဒေသကြီးအတွင်းက မြို့နယ် ခြောက်မြို့နယ်ရှိ ကျောင်းခြောက် ကျောင်းမှာ ကျောင်းစာသင်ခန်း တွင်း တွဲဖက်သင်ဆရာ၊ ဆရာမ များနဲ့ အတူယှဉ်တွဲပြီး သင်ကြား သွားမယ်။ စေတနာ့ဝန်ထမ်းတွေရဲ့ အဓိကတာဝန်နှစ်ရပ်က ကျောင်းသူ၊ ကျောင်းသားတွေကို သင်ကြားပေးပြီး ဆရာ၊ ဆရာမ တွေကို လေ့ကျင့်ပေးဖို့ပါ’’ဟု Peace Corps Myanmar မှ မြန်မာနိုင်ငံဆိုင်ရာ တာဝန်ခံ မစ်မော်ရာဂျေဖလ်တန်က ပြော ကြားသည်။

အဆိုပါတွေ့ဆုံပွဲတွင် (၁) ကျောင်းအုပ်နှင့် တွဲဖက်သင် ဆရာ၊ ဆရာမများကို Peace Corps နှင့် မိတ်ဆက်ခြင်း၊ (၂) စာသင်ကြားရေးပုံစံ/ နည်းစနစ် များကို ဆွေးနွေးခြင်း၊ (၃) စေတနာ့ဝန်ထမ်း၊ ကျောင်းအုပ်၊ တွဲဖက်ဆရာ၊ ဆရာမများ၏ အခန်းကဏ္ဍများနှင့် တာဝန်များဆွေးနွေးခြင်း၊ (၄) မိတ်ဖက်များအနေဖြင့် ထိရောက်စွာ ပူးပေါင်းဆောင်ရွက်မည့် နည်းလမ်းများ ဆွေးနွေးခြင်းနှင့် (၅) အနာဂတ်တွင် လက်တွဲဆောင်ရွက်ရန် ကောင်းမွန်သည့် အစီအစဉ်များကို အတူတကွ  ရေးဆွဲခြင်းတို့ ပြုလုပ်မည်ဖြစ် ကြောင်း Peace Corps Myanmar မှ သိရသည်။

စေတနာ့ဝန်ထမ်း ခြောက်ဦးသည် ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်ခြောက်မြို့နယ်မှ အခြေခံပညာကျောင်း ခြောက်ကျောင်း တွင် အင်္ဂလိပ်စာသင်ကြားရေး တာဝန်ကို အောက်တိုဘာ ၁၇ရက်ကစ၍ ယခုပညာသင်နှစ်ကုန်အထိ တာဝန်ထမ်းဆောင် မည်ဖြစ်သည်။

ထို့အပြင် Peace Corps စေတနာ့ဝန်ထမ်း ၂၀ ဦးသည် ဒုတိယအသုတ်အဖြစ် ၂၀၁၇ ဖေဖော်ဝါရီ၌ မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်သည်။

အဆိုပါ စေတနာ့ဝန်ထမ်း ၂၀ ဦးသည် မြန်မာနိုင်ငံတွင် ၂ နှစ်ကြာနေထိုင်၍ အခြေခံပညာ ကျောင်းများ၌ အင်္ဂလိပ်ဘာသာသင်ကြားမည်ဖြစ်ပြီး ၎င်းတို့တာဝန်ထမ်းဆောင်မည့် အခြေခံပညာကျောင်းများကို ရွေးချယ်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် အမေရိကန်သမ္မတ အိုဘားမားတို့ စက်တင်ဘာ ၁၄ ရက်တွင် အမေရိကန်နိုင်ငံ အိမ်ဖြူတော်၌ တွေ့ဆုံပြီးနောက် ထုတ်ပြန်သည့် ပြည်ထောင်စုမြန်မာနိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုတို့ ပူးတွဲထုတ်ပြန်ချက်တွင် အင်္ဂလိပ်စာ ဆရာ၊ ဆရာမများကို လေ့ကျင့်သင်ကြားမည့် အလယ်တန်းနှင့် အထက်တန်း ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအား လေ့ကျင့်သင်ကြားမည့် ပထမ အသုတ် ငြိမ်းချမ်းရေးစေတနာ့ ဝန်ထမ်းများ ရောက်ရှိတော့မည့် အပေါ် အမေရိကန်နှင့် မြန်မာတို့ မျှော်လင့်ထားကြောင်း ရေးသား ထားသည်။

 Peace Corps အဖွဲ့ကို ၁၉၆၁ တွင် စတင်ထူထောင်ခဲ့ပြီး နိုင်ငံပေါင်း ၁၄၀ ၌ အင်္ဂလိပ်စာ သင်ကြားရေးအပါအဝင် အစီအစဉ်များ အကောင်အထည်ဖော်နေကာ မြန်မာနိုင်ငံသည် ၁၄၁ နိုင်ငံမြောက်အဖြစ် ယခုနှစ်၌ စတင်အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း Peace Corps Myanmar မှ သိရသည်။

၂၀၁၄ တွင် Peace Corps စေတနာ့ဝန်ထမ်းများ စေလွှတ် ခြင်းဆိုင်ရာ အမေရိကန်နှင့် မြန်မာ အစိုးရနှစ်ရပ်အကြား နှစ်နိုင်ငံ သဘောတူစာချွန်လွှာ လက်မှတ်ရေးထိုးပြီး အမေရိကန် သမ္မတအိုဘားမား၏ ၂၀၁၄ ခရီးစဉ်အတွင်း Peace Corps အစီအစဉ်ကို မြန်မာနိုင်ငံတွင် အကောင်အထည် ဖော်မည်ဖြစ်ကြောင်း ကြေညာပြီး ၂၀၁၅ တွင် စတင်ပြင်ဆင်ခဲ့ကာ ယခုနှစ်၌ စတင်  ဆောင်ရွက်မည်ဖြစ်သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top