iMyanmarHouse.com - Best Property Website for Myanmar
×

မေကြးတုိင္း ေဒသၾကီး နတ္ေမာက္ၿမိဳ႕နယ္၊ တက္ဝန္း(ေျမာက္)ရြာ ၌  ေအာက္တုိဘာ(၈)ရက္ေန႔က ဓါးခုတ္မႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

 ျဖစ္စဥ္မွာ ဦးက်န္ျမင့္၊ အသက္(၆၃)ႏွစ္၊ တက္ဝန္း(ေျမာက္)ရြာ၊ နတ္ေမာက္ၿမိဳ႕နယ္ ေနသည္ ေအာက္တုိဘာ(၈)ရက္ေန႔ နံနက္(၁)နာရီအခ်ိန္က ေနအိမ္တြင္အိပ္ေပ်ာ္ေနစဥ္ တစ္ရြာတည္းေန ဦးနီပြန္ ေရာက္လာၿပီး အိမ္နီးခ်င္းေနထိုုင္ေသာ ေက်ာ္စိုးေအာင္၊ အသက္(၃၈)ႏွစ္သည္ ဘာျဖစ္မွန္း မသိဘူး အိမ္လာခဲ့ၾကပါအံုး  ဟုေျပာဆိုသျဖင့္ ဦးက်န္ျမင့္သည္ ဦးနီပြန္နွင့္အတူ သားျဖစ္သူ ေက်ာ္စိုးေအာင္ ေနအိမ္သို႔ လိုက္သြားရာ ေက်ာ္စိုးေအာင္အား ဓါးဒဏ္ရာမ်ားႏ်ွင့္ေတြ ့ရိွရပါသည္။

ေက်ာ္စုိးေအာင္မွာ ေနအိမ္အေပၚထပ္ အလယ္ခန္းတြင္ လည္းပင္းဇလုတ္အနီး (၃)လက္မခန္႔ျပတ္ရွ ဒဏ္ရာ(၁)ခ်က္၊ ယာလက္ခံု/လက္ေကာက္ဝတ္(၂)လက္မခန္႔ျပတ္ရွဒဏ္ရာ(စုိးရိမ္ရ) ရရွိထားသည္ကို ေတြ႔ရွိရျခင္းျဖစ္သည္။

  ဇနီးျဖစ္သူ မႏွင္း၊ အသက္(၃၅)ႏွစ္မွ ေက်ာ္စိုးေအာင္သည္ ေသဆံုးသြားေသာ ယခင္အိမ္ေထာင္ႏွင့္ရသည့္ သား(၃)ေယာက္ကိုသာဂရုစိုက္ၿပီး ၎ကိုယ္ဝန္မေပါ႔မပါးအား ပစ္ထားသည့္အထင္ျဖင့္ စိတ္ဆိုးကာ ေက်ာ္စိုးေအာင္ အိပ္ေနစဥ္ အရိုး(၁၀)လက္မခန္႔၊ အသြား(၁)ေပခြဲခန္႔၊ဗ်က္(၂)လက္မခန္႔ရွိ ဓါးမႏွင့္ခုတ္၍ ဒဏ္ရာရရွိခဲ့ျခင္းျဖစ္ေၾကာင္း တရားလို၏ တုိင္ၾကားခ်က္အရသိရသည္။

 ျဖစ္စဥ္ႏွင့္ပက္သက္၍ ဓါးႏွင့္ခုတ္သူ မႏွင္းအား အေရးယူေပးရန္ ဦးက်န္ျမင့္ မွ တရားလိုျပဳတုိင္ၾကား ခဲ့ေသာေၾကာင့္ နတ္ေမာက္ၿမိဳ႕နယ္၊ ၿမိဳ႕မရဲစခန္းမွ (ပ)၁၃၇၈/၂၀၁၆၊ ရာဇသတ္ႀကီးပုဒ္မ ၃၂၆ ျဖင့္ကနဦး အမႈဖြင့္ ထားေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:ဟသၤာသတင္းေအဂ်င္စီ

#Unicode Version
မကွေးတိုင်း ဒေသကြီး နတ်မောက်မြို့နယ်၊ တက်ဝန်း(မြောက်)ရွာ ၌  အောက်တိုဘာ(၈)ရက်နေ့က ဓါးခုတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 ဖြစ်စဉ်မှာ ဦးကျန်မြင့်၊ အသက်(၆၃)နှစ်၊ တက်ဝန်း(မြောက်)ရွာ၊ နတ်မောက်မြို့နယ် နေသည် အောက်တိုဘာ(၈)ရက်နေ့ နံနက်(၁)နာရီအချိန်က နေအိမ်တွင်အိပ်ပျော်နေစဉ် တစ်ရွာတည်းနေ ဦးနီပွန် ရောက်လာပြီး အိမ်နီးချင်းနေထိုုင်သော ကျော်စိုးအောင်၊ အသက်(၃၈)နှစ်သည် ဘာဖြစ်မှန်း မသိဘူး အိမ်လာခဲ့ကြပါအုံး  ဟုပြောဆိုသဖြင့် ဦးကျန်မြင့်သည် ဦးနီပွန်နှင့်အတူ သားဖြစ်သူ ကျော်စိုးအောင် နေအိမ်သို့ လိုက်သွားရာ ကျော်စိုးအောင်အား ဓါးဒဏ်ရာများနျှင့်တွေ့ရှိရပါသည်။

ကျော်စိုးအောင်မှာ နေအိမ်အပေါ်ထပ် အလယ်ခန်းတွင် လည်းပင်းဇလုတ်အနီး (၃)လက်မခန့်ပြတ်ရှ ဒဏ်ရာ(၁)ချက်၊ ယာလက်ခုံ/လက်ကောက်ဝတ်(၂)လက်မခန့်ပြတ်ရှဒဏ်ရာ(စိုးရိမ်ရ) ရရှိထားသည်ကို တွေ့ရှိရခြင်းဖြစ်သည်။

  ဇနီးဖြစ်သူ မနှင်း၊ အသက်(၃၅)နှစ်မှ ကျော်စိုးအောင်သည် သေဆုံးသွားသော ယခင်အိမ်ထောင်နှင့်ရသည့် သား(၃)ယောက်ကိုသာဂရုစိုက်ပြီး ၎င်းကိုယ်ဝန်မပေါ့မပါးအား ပစ်ထားသည့်အထင်ဖြင့် စိတ်ဆိုးကာ ကျော်စိုးအောင် အိပ်နေစဉ် အရိုး(၁၀)လက်မခန့်၊ အသွား(၁)ပေခွဲခန့်၊ဗျက်(၂)လက်မခန့်ရှိ ဓါးမနှင့်ခုတ်၍ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း တရားလို၏ တိုင်ကြားချက်အရသိရသည်။

 ဖြစ်စဉ်နှင့်ပက်သက်၍ ဓါးနှင့်ခုတ်သူ မနှင်းအား အရေးယူပေးရန် ဦးကျန်မြင့် မှ တရားလိုပြုတိုင်ကြား ခဲ့သောကြောင့် နတ်မောက်မြို့နယ်၊ မြို့မရဲစခန်းမှ (ပ)၁၃၇၈/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၂၆ ဖြင့်ကနဦး အမှုဖွင့် ထားကြောင်း သိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:ဟင်္သာသတင်းအေဂျင်စီ 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top