Property Expo
×

စမတ္ဖုန္းမ်ားႏွင့္ သင္ပုန္းကြန္ပ်ဴတာမ်ားကဲ့သုိ႔ ပစၥည္းဘီလီယံေပါင္းမ်ားစြာတြင္ ေတြ႕ရေသာ ဘက္ထရီမ်ားမွ အႏၲရာယ္ရိွႏုိင္ေသာ ဓာတ္ေငြ႕ေပါင္း ၁၀၀ ေက်ာ္ထုတ္လႊတ္ေၾကာင္း ေလ့လာမႈအသစ္တစ္ခုက သတိေပးသည္။

ယင္းမွာ အသားအေရ၊မ်က္စိႏွင့္ ႏွာေခါင္းေပါက္လမ္းေၾကာင္းမ်ားကုိ ယားယံေစၿပီး ပတ္၀န္းက်င္ကုိ အႏၲရာယ္ျဖစ္ေစႏုိင္ေသာ ကာဗြန္မုိႏုိေအာက္ဆုိက္အပါအ၀င္ လီသီယမ္ဘက္ထရီမ်ားမွ အဆိပ္ရိွဓာတ္ေငြ႕အမ်ိဳး ေပါင္း ၁၀၀ ေက်ာ္ကုိ သုေတသီမ်ားက ခြဲျခားေဖာ္ထုတ္ခဲ့ၾကသည္။

လူအမ်ားအျပားသည္ ၎တို႔၏ အားျပန္သြင္းႏုိင္ေသာ ပစၥည္းမ်ားအတြက္ ယံုၾကည္မရေသာ အားသြင္းကိရိယာမ်ားကို အသံုးျပဳမႈ(သုိ႔မဟုတ္) ထိခိုက္ပ်က္စီးႏုိင္ျခင္းႏွင့္ အပူလြန္ကဲျခင္းတုိ႔၏ အႏၲရာယ္ကုိ သတိမမူမိျဖစ္ ေနေၾကာင္း အေမရိကန္ NBC ကာကြယ္ေရးအဖြဲ႕ႏွင့္ တ႐ုတ္ႏုိင္ငံဆင္ဟြာတကၠသုိလ္တို႔မွ သုေတသီမ်ားက ေျပာသည္။

ယင္း ေလ့လာမႈအသစ္အတြင္း သုေတသီမ်ားက အားျပန္သြင္းႏုိင္ေသာ လီသီယမ္အုိင္းယြန္း ဘက္ထရီအမ်ိဳးအစားကုိ ေလ့လာခဲ့ျခင္းျဖစ္ၿပီး ယင္းဘက္ထရီအမ်ိဳးအစားကို ကမၻာတစ္၀န္း ပစၥည္းႏွစ္ဘီလီယံခန္႔တြင္ အသံုးျပဳထားသည္။

လီသီယမ္ဘက္ထရီအသံုးျပဳထားေသာ ပစၥည္းမ်ားကုိ သံုးစြဲေနသူ သန္းႏွင့္ခ်ီ၍ ရိွျခင္းေၾကာင့္ ယင္းစြမ္းအင္ရင္းျမစ္၏ ေနာက္ကြယ္မွ အႏၲရာယ္မ်ားကုိ အမ်ားျပည္သူ နားလည္ရန္လိုသည္ဟု သုေတသီမ်ားက ေျပာသည္။

ယင္းဘက္ထရီမ်ားတြင္ ပါ၀င္ေသာ ဓာတုပစၥည္းမ်ားႏွင့္ ဓာတ္အားထုတ္ေပးႏုိင္ေသာ ဘက္ထရီစြမ္းအားမ်ားေၾကာင့္ ထုတ္လႊတ္ေသာ အဆိပ္ရိွ ဓာတ္ေငြ႕မ်ား၏ အမ်ိဳးအစားႏွင့္ ျပင္းအားအေျပာင္းအလဲျဖစ္ႏုိင္သည္။

အားအျပည့္သြင္းထားေသာ ဘက္ထရီသည္ အားအျပည့္မသြင္းထားေသာ ဘက္ထရီထက္ အဆိပ္အေတာက္ဓာတ္ေငြ႕ထုတ္လႊတ္မႈ ပုိမ်ားေၾကာင္း သုေတသီမ်ားက ေျပာသည္။

ကာဗြန္မုိႏုိေအာက္ဆိုက္ကဲ့သုိ႔ အႏၲရာယ္ရိွ ဓာတ္ေငြ႕မ်ားသည္ ကားထဲတြင္ (သိ႔ုမဟုတ္)ေလယာဥ္အခန္းထဲကဲ့သုိ႔ မက်ယ္လြန္းေသာ အလံုပိတ္ေနရာမ်ားတြင္ ထုတ္လႊတ္မႈျဖစ္ပြားပါက ျပင္းထန္ေသာ အႏၲရာယ္ရိွႏုိင္ သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
စမတ်ဖုန်းများနှင့် သင်ပုန်းကွန်ပျူတာများကဲ့သို့ ပစ္စည်းဘီလီယံပေါင်းများစွာတွင် တွေ့ရသော ဘက်ထရီများမှ အန္တရာယ်ရှိနိုင်သော ဓာတ်ငွေ့ပေါင်း ၁၀၀ ကျော်ထုတ်လွှတ်ကြောင်း လေ့လာမှုအသစ်တစ်ခုက သတိပေးသည်။

ယင်းမှာ အသားအရေ၊မျက်စိနှင့် နှာခေါင်းပေါက်လမ်းကြောင်းများကို ယားယံစေပြီး ပတ်ဝန်းကျင်ကို အန္တရာယ်ဖြစ်စေနိုင်သော ကာဗွန်မိုနိုအောက်ဆိုက်အပါအဝင် လီသီယမ်ဘက်ထရီများမှ အဆိပ်ရှိဓာတ်ငွေ့အမျိုး ပေါင်း ၁၀၀ ကျော်ကို သုတေသီများက ခွဲခြားဖော်ထုတ်ခဲ့ကြသည်။

လူအများအပြားသည် ၎င်းတို့၏ အားပြန်သွင်းနိုင်သော ပစ္စည်းများအတွက် ယုံကြည်မရသော အားသွင်းကိရိယာများကို အသုံးပြုမှု(သို့မဟုတ်) ထိခိုက်ပျက်စီးနိုင်ခြင်းနှင့် အပူလွန်ကဲခြင်းတို့၏ အန္တရာယ်ကို သတိမမူမိဖြစ် နေကြောင်း အမေရိကန် NBC ကာကွယ်ရေးအဖွဲ့နှင့် တရုတ်နိုင်ငံဆင်ဟွာတက္ကသိုလ်တို့မှ သုတေသီများက ပြောသည်။

ယင်း လေ့လာမှုအသစ်အတွင်း သုတေသီများက အားပြန်သွင်းနိုင်သော လီသီယမ်အိုင်းယွန်း ဘက်ထရီအမျိုးအစားကို လေ့လာခဲ့ခြင်းဖြစ်ပြီး ယင်းဘက်ထရီအမျိုးအစားကို ကမ္ဘာတစ်ဝန်း ပစ္စည်းနှစ်ဘီလီယံခန့်တွင် အသုံးပြုထားသည်။

လီသီယမ်ဘက်ထရီအသုံးပြုထားသော ပစ္စည်းများကို သုံးစွဲနေသူ သန်းနှင့်ချီ၍ ရှိခြင်းကြောင့် ယင်းစွမ်းအင်ရင်းမြစ်၏ နောက်ကွယ်မှ အန္တရာယ်များကို အများပြည်သူ နားလည်ရန်လိုသည်ဟု သုတေသီများက ပြောသည်။

ယင်းဘက်ထရီများတွင် ပါဝင်သော ဓာတုပစ္စည်းများနှင့် ဓာတ်အားထုတ်ပေးနိုင်သော ဘက်ထရီစွမ်းအားများကြောင့် ထုတ်လွှတ်သော အဆိပ်ရှိ ဓာတ်ငွေ့များ၏ အမျိုးအစားနှင့် ပြင်းအားအပြောင်းအလဲဖြစ်နိုင်သည်။

အားအပြည့်သွင်းထားသော ဘက်ထရီသည် အားအပြည့်မသွင်းထားသော ဘက်ထရီထက် အဆိပ်အတောက်ဓာတ်ငွေ့ထုတ်လွှတ်မှု ပိုများကြောင်း သုတေသီများက ပြောသည်။

ကာဗွန်မိုနိုအောက်ဆိုက်ကဲ့သို့ အန္တရာယ်ရှိ ဓာတ်ငွေ့များသည် ကားထဲတွင် (သိ့ုမဟုတ်)လေယာဉ်အခန်းထဲကဲ့သို့ မကျယ်လွန်းသော အလုံပိတ်နေရာများတွင် ထုတ်လွှတ်မှုဖြစ်ပွားပါက ပြင်းထန်သော အန္တရာယ်ရှိနိုင် သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top