Kantharyar Centre
×

ဆီးရီးယားႏိုင္ငံ အေရွ႕ေျမာက္ပိုင္း Hasakah ျပည္နယ္ တြင္ ကာ့ဒ္လူမ်ဳိးတို႔၏ မဂၤလာေဆာင္တစ္ခုကို ပစ္မွတ္ထားကာ ေအာက္တုိဘာ ၃ရက္က အေသခံဗံုးခြဲမႈတစ္ခုျပဳလုပ္ခဲ့၍ လူ ၃၀ဦးထက္မနည္းေသဆံုးၿပီး အျခားလူ ၉၀ဦး ဒဏ္ရာရရွိခဲ့ေၾကာင္း ဆီးရီးယားႏိုင္ငံပိုင္ ရုပ္သံလိုင္းကေဖာ္ျပခဲ့သည္။

ႏိုင္ငံပိုင္ ရုပ္သံလိုင္းက အေသးစိတ္အခ်က္အလက္မ်ား ထပ္မံထုတ္ျပန္ျခင္း မရွိေသာ္လည္း ဆီးရီးယားလူ႕အခြင့္အေရးေစာင့္ၾကည့္ေရး အဖြဲ႕က ကာ့ဒ္တပ္ဖြဲ႕၏ လံုျခံဳေရးဂိတ္ႏွစ္ခုၾကား၊ Qamishli ၿမိဳ႕ ႏွင့္ Hasakah ၿမိဳ႕ ၾကား လမ္းမေပၚရွိ ေျမေနရာတြင္ မဂၤလာပြဲက်င္းပေနသည့္ မဂၤလာေဆာင္ခန္းမအတြင္းသုိ႔ အေသခံဗံုးခြဲသမား ဝင္ေရာက္လာၿပီး ေဖာက္ခြဲမႈျပဳလုပ္ခဲ့ျခင္းျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။

ၿဗိတိန္အေျခစိုက္ ေစာင့္ၾကည့္ေရးအဖြဲ႕က မဂၤလာအခမ္းအနား ေဆာင္ရြက္ေနစဥ္ အတြင္း ဗံုးေပါက္ကြဲခဲ့ျခင္းျဖစ္ေၾကာင္း ႏွင့္ ဒဏ္ရာျပင္းထန္စြာရရွိသူ မ်ားျပားေသာေၾကာင့္ ေသဆံုးသူအေရအတြက္ ထပ္မံ တိုးလာႏိုင္ေၾကာင္း ေျပာၾကားခဲ့သည္။

အဆိုပါ ဗံုးေပါက္ကြဲမႈအတြက္ မည္သည့္ အဖြဲ႕မွ ေၾကညာခ်က္ထုတ္ျပန္ျခင္းမရွိေသာ္လည္း ကာ့ဒ္တပ္ဖြဲ႕ ႏွင့္ ဆီးရီးယား အစိုးရ တပ္ဖြဲ႕မ်ားထိန္းခ်ဳပ္ထားသည့္ Hasakah ျပည္နယ္ရွိ ကာ့ဒ္တပ္ဖြဲ႕ဝင္မ်ား ႏွင့္ ျပည္သူမ်ားအား ပစ္မွတ္ထား၍ မၾကာခဏ အေသခံဗံုးခြဲမႈမ်ား ျပဳလုပ္ေလ့ရွိသည့္ IS စစ္ေသြးၾကြအုပ္စု ၏ လက္ခ်က္ျဖစ္ႏိုင္ေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : thithtoolwin

#Unicode Version

ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း Hasakah ပြည်နယ် တွင် ကာ့ဒ်လူမျိုးတို့၏ မင်္ဂလာဆောင်တစ်ခုကို ပစ်မှတ်ထားကာ အောက်တိုဘာ ၃ရက်က အသေခံဗုံးခွဲမှုတစ်ခုပြုလုပ်ခဲ့၍ လူ ၃၀ဦးထက်မနည်းသေဆုံးပြီး အခြားလူ ၉၀ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဆီးရီးယားနိုင်ငံပိုင် ရုပ်သံလိုင်းကဖော်ပြခဲ့သည်။

နိုင်ငံပိုင် ရုပ်သံလိုင်းက အသေးစိတ်အချက်အလက်များ ထပ်မံထုတ်ပြန်ခြင်း မရှိသော်လည်း ဆီးရီးယားလူ့အခွင့်အရေးစောင့်ကြည့်ရေး အဖွဲ့က ကာ့ဒ်တပ်ဖွဲ့၏ လုံခြုံရေးဂိတ်နှစ်ခုကြား၊ Qamishli မြို့ နှင့် Hasakah မြို့ ကြား လမ်းမပေါ်ရှိ မြေနေရာတွင် မင်္ဂလာပွဲကျင်းပနေသည့် မင်္ဂလာဆောင်ခန်းမအတွင်းသို့ အသေခံဗုံးခွဲသမား ဝင်ရောက်လာပြီး ဖောက်ခွဲမှုပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဗြိတိန်အခြေစိုက် စောင့်ကြည့်ရေးအဖွဲ့က မင်္ဂလာအခမ်းအနား ဆောင်ရွက်နေစဉ် အတွင်း ဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း နှင့် ဒဏ်ရာပြင်းထန်စွာရရှိသူ များပြားသောကြောင့် သေဆုံးသူအရေအတွက် ထပ်မံ တိုးလာနိုင်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ ဗုံးပေါက်ကွဲမှုအတွက် မည်သည့် အဖွဲ့မှ ကြေညာချက်ထုတ်ပြန်ခြင်းမရှိသော်လည်း ကာ့ဒ်တပ်ဖွဲ့ နှင့် ဆီးရီးယား အစိုးရ တပ်ဖွဲ့များထိန်းချုပ်ထားသည့် Hasakah ပြည်နယ်ရှိ ကာ့ဒ်တပ်ဖွဲ့ဝင်များ နှင့် ပြည်သူများအား ပစ်မှတ်ထား၍ မကြာခဏ အသေခံဗုံးခွဲမှုများ ပြုလုပ်လေ့ရှိသည့် IS စစ်သွေးကြွအုပ်စု ၏ လက်ချက်ဖြစ်နိုင်ကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit : thithtoolwin
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top