Kantharyar Centre
×




Credit: 7 day daily

#Unicode Version

 လော့စ်အန်ဂျလိစ်မြို့တွင် ကျင်းပသော အမေရိကန်မင်းသမီး ကိတ်ဟဒ်ဆင်၏ ဟဲလိုးဝင်းညပါတီသို့ အဆိုတော်ကေတီပယ်ရီနှင့် မင်း သား အော်လန်ဒိုဘလွန်းတို့သည် ဘီလ်ကလင်တန်နှင့် ဟီလာရီတို့ ကဲ့သို့ ပုံစံများပြောင်းလဲ၍ တက် ရောက်ခဲ့ကြသည်။ ဆံပင်တုများ၊ ပစ္စည်းအတုများအကူအညီဖြင့်ရုပ်ပြောင်း ထားသည့် ကေတီပယ်ရီနှင့် အော်လန်ဒိုဘလွန်းတို့သည် လုံခြုံရေး အဖွဲ့ဝင်များနှင့်အတူ  ခြံရံ၍ ယင်းပါတီသို့ တက်ရောက်ခဲ့ ခြင်းဖြစ်သည်။ ၎င်းတို့နှစ်ဦးသည် ကိတ်ဟဒ်ဆင်၏ ဟဲလိုးဝင်းပါတီ တွင် လူအများ စိတ်ဝင်စားမှု အရှိဆုံးစုံတွဲဖြစ်ခဲ့သည်။

ကေတီပယ်ရီသည် ဒီမိုကရက်တစ်သမ္မတလောင်း ဟီလာရီ အတွက် မဲဆွယ်ပေးနေပြီး ပြီးခဲ့သည့် နွေရာသီက ၎င်းနှင့်အတူ အော်လန်ဒိုဘလွန်းလည်း ပါဝင်ကူညီခဲ့သည်။

၎င်း၏ မဲဆွယ်မှုတစ်ခုအတွင်း ကေတီပယ်ရီက ‘‘ကျွန်မရဲ့ မိဘနှစ်ပါးလုံးဟာ ဘာသာရေးအလုပ်လုပ်တာပါ။ ရီပက်ဘလေ ကန်တွေအပေါ် အမြဲသစ္စာရှိပါတယ်။ ကျွန်မအထက်တန်းပြီး အောင် ကျောင်းမနေခဲ့ရပါဘူး။ ကံမကောင်းစွာ ကျွန်မပညာသေ ချာမသင်ခဲ့ရဘူး။ ဒါပေမဲ့ ကျွန်မမှာ ပွင့်လင်းတဲ့ စိတ်ထားတစ်ခု တကယ်ရှိတယ်လို့ ပြောဆိုခွင့်ရှိတယ်။ ရှင်တို့ပွင့်လင်းတဲ့ စိတ် ထားရှိဖို့ ကျွန်မတောင်းဆိုပါရစေ။ ကျွန်မရဲ့ ပြောဆိုခွင့်ကို ကျွန်မအသုံးချပါမယ်။ ဟီလာရီအတွက် ကျွန်မမဲပေးပါမယ်။ ရှင်တို့အခွင့်အရေးကို အသုံးချကြပါ’’ဟု ပြောကြားခဲ့သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top