Kantharyar Centre
×

ကြ်န္ေတာ္ မနက္က အိမ္ကထြက္လာေတာ့
ဒီေန႔ေတာ့ ဝယ္စရာဘာမွမရွိေလာက္ပါဘူး ဆိုျပီး ပိုက္ဆံအိပ္ထဲကေငြကို စစ္မၾကည့္ခဲ့ဘူး။
တစ္ေန႔လံုး သာမာန္အေသးအဖြဲေလာက္သာ သံုးရင္း တကယ္လဲ ႀကီးၾကီးမားမား မရွိခဲ့ပါဘူး။ ညေနအိမ္ျပန္ခါနီးေတာ့ ကြ်န္ေတာ့အလုပ္ထဲကို မထင္မွတ္ဘဲ ကြ်န္ေတာ့မိတ္ေဆြေတြ ေရာက္လာတယ္ဗ်ာ။ ေသခ်ာျပီ အဲ့ဒါ ေငြကုန္ေပါက္ဘဲ။

ဒီလိုညေနမွာ သူတို႔ေရာက္လာရင္ ဆိုင္တစ္ခုခုကိုသြားျပီး စားၾကေသာက္ၾကျပီးမွ အိမ္ျပန္တာ ထံုးစံပါဘဲ။ ကြ်န္ေတာ္က ခ်မ္းသာျပည့္စံုတဲ့သူေတာ့ မဟုတ္ပါဘူး။
ဒါေပမယ့္ ရင္နွီးတဲ့မိတ္ေဆြေတြၾကားမွာ ဘယ္ေတာ့မွ ေအာက္က်မခံဘူး။ ကြ်န္ေတာ္က ေသာက္တတ္စားတတ္တဲ့သူ သိပ္မဟုတ္ေပမယ့္ ပိုက္ဆံရွင္းရင္ ကိုယ္သာရွင္းလိုက္ရမွ ဆိုတာမ်ိဳးေပါ့။

ဒီလိုနဲ႔ စားေသာက္ဆိုင္တစ္ခုကိုေရာက္ျပီး
စားၾကေသာက္ၾကရင္း ကုန္က်မယ့္ အတိုင္းအတာကို ကြ်န္ေတာ္ ခန္႔မွန္းၾကည့္လိုက္တယ္။ အာပါးးး ဒီေန႔ေတာ့ မနဲဘူးရွင္းရမယ္။ ခန္႔မွန္း တစ္သိန္းေက်ာ္ေလာက္ေတာ့ က်မယ္လို႔ ထင္တယ္။ အဲ့ဒါေၾကာင့္ ကြ်န္ေတာ့အိပ္ထဲက ေငြကို မသိမသာ လွမ္းစစ္လိုက္တဲ့အခါမွာေတာ့
ေငြနွစ္သိန္းေက်ာ္ေလာက္ ရွိေနတာ ေတြ႔လိုက္ရတယ္။ ကြ်န္ေတာ္ျပံဳးလိုက္မိတယ္။ ဘယ္အခ်ိန္က မိန္းမလုပ္သူက ကြ်န္ေတာ့ရဲ႕ ပိုက္ဆံအိပ္ထဲကို ေငြ ထပ္ျဖည့္ေပးထားလဲဆိုတာ ကြ်န္ေတာ္မွ မသိခဲ့တာ။ အခုသိရေတာ့မွ မိန္းမလုပ္သူရဲ႕ဂရုစိုက္မူကို စိတ္ထဲက ေက်းဇူးတင္မိလိုက္တယ္။ စိတ္ထဲမွာ အရမ္းကို ေပါ့ပါးသြားျပီး လုပ္ေလဗ်ာ ထပ္မွာအံုးေလ ေတာ္ၾကာ ေရခ်ိန္မကိုက္ဘဲ ေနအံုးမယ္ဟု
ဒကာခံတဲ့သူတို႔ရဲ႕ ထံုးစံအတိုင္း စိတ္ၾကိဳက္ ထပ္မွာခိုင္းလိုက္ေတာ့ ဝိုင္းက ပိုျပီး ဆိုေျပသြားတယ္။ ဒီလိုနဲ႔ ေနာက္ဆံုး ပိုက္ဆံရွင္းတဲ့အခ်္ိန္မွာေတာ့ တစ္သိန္းေက်ာ္ ရွင္းလိုက္ရပါတယ္။ ဒါနဲ႔ဘဲ ကြ်န္ေတာ္ အိမ္ျပန္ခဲ့လိုက္တယ္ဗ်ာ။

အိမ္ ေရာက္ေတာ့ မိန္းမလုပ္သူကို အိမ္ေပါက္ဝမွာ တန္းၿပီး ေတြ႔လိုက္ရတယ္။ မိန္းမအနားကို ကြ်န္ေတာ္ေရာက္တယ္ဆိုရင္ဘဲ
မိန္းမလုပ္သူက စကားအရင္စေျပာတယ္။ ေယာက်္ား ဒီေန႔ ပင္ပန္းလာလားေတာ့မသိဘူး။ ျဖစ္နိုင္ရင္ မိန္းမကို သေျပကုန္း ညေနေစ်းကို လိုက္ပို႔ပါလား။ ဒီေန႔အိမ္မွာ အေမတို႔ေတြ ေရာက္ေနတယ္။ အဲ့ဒါေၾကာင့္ ဟင္းခ်က္စရာေလးေတြ ထပ္ဝယ္ခ်င္လို႔ ဟု ေျပာေလသည္။ ေအာ္ အေမတို႔ ေရာက္ေနတာလား။ အင္းပါကြာ သြားတာေပါ့ ဟု ဆိုကာ အိမ္ကိုအလည္လာေသာ အေမတို႔ကို ခရီးဦးၾကိဳစကားေျပာျပီး မိန္းမနဲ႔အတူ ေစ်းကို ထြက္လာခဲ့လိုက္တယ္။ ကြ်န္ေတာ္က မိန္းမနဲ႔အတူ ေစ်းဝယ္ထြက္ခဲတဲ့သူပါ။ အထူးသျဖင့္ ကုန္စိမ္းတန္းတို႔၊ အသားငါး ေစ်းတန္းတို႔ဘက္ကို ကြ်န္ေတာ္ မေရာက္ျဖစ္ပါဘူး။ ဒါေပမယ့္ အခုေတာ့ မိန္းမနဲ႔အတူ ညေစ်းတန္းေလးမွာ ေစ်းဝယ္ဖို႔ သူ႔ေဘးကေန လိုက္လာခဲ့လိုက္တယ္။

ပထမဦးဆံုး ကြ်န္ေတာ့မိန္းမရဲ႕ ေစ်းဝယ္တာကို ကြ်န္ေတာ္ အံ့ၾသသြားတယ္။
“ငါးၾကင္းေရႊဝါဘယ္ေစ်းလဲ”
“တစ္ေထာင္ေစ်းပါသမီး” ေစ်းသည္က ျပန္ေျဖတဲ့ေနာက္မွာေတာ့ ကြ်န္ေတာ့မိန္းမဟာ ဘာမွမေျပာဘဲ အဲ့ဒီ့ေစ်းသည္ကို ေျဖးေျဖးခ်င္းေက်ာ္သြားျပီး ခပ္လွမ္းလွမ္းက ေနာက္ထပ္ ငါးသည္အနားေရာက္ေတာ့
“ငါးၾကင္းေရႊဝါဘယ္ေစ်းလဲ”
“တစ္ေထာင္ေစ်းေရာင္းတယ္သမီး။ ဒါေပမယ့္
ရွစ္ရာေစ်းဘဲေပးပါ” ဒီတစ္ခါေတာ့ မိန္းမလုပ္သူက ငါးေတြကိုကိုင္ၾကည့္တယ္။ ျပီးေတာ့မွ
“ရွစ္ရာေစ်းဆိုရင္ သံုးဆယ္သားေလာက္ ထည့္ေပးပါ။ ငါးေၾကးခြံခြ်တ္ၿပီး တံုးေပးေနာ္ အန္တီ” ဟု ေျပာေလသည္။ မိန္းမလုပ္သူရဲ႕ အေနာက္မွာရပ္ေနတဲ့ ကြ်န္ေတာ္ဟာ အနဲငယ္ျပံဳးမိတယ္။ ပိုက္ဆံနွစ္ရာသက္သာဖို႔ လူရႈုတ္ေနတဲ့ ညေနေစ်းကို ပတ္ေနတဲ့မိန္းမကို အလကားသက္သက္ အပင္ပန္းခံတယ္လို႔ အေတြးနဲ႔ေပါ့။ ငါးဝယ္ၿပီးေတာ့ ဟင္းသီးဟင္းရြက္ ထပ္ဝယ္ျပန္ေတာ့ ပိုေတာင္ဆိုးေနျပန္သည္။ ေငြငါးဆယ္တစ္ရာ သက္သာဖို႔အတြက္ တစ္ဆိုင္ျပီးတစ္ဆိုင္ ေစ်းစစ္ျပီးဝယ္သည္။ ဒီလိုနဲ႔ဘဲ သူ႔စိတ္ကူးနဲ႔ လိုအပ္မယ္ထင္တာေလးေတြကို စိတ္တိုင္းက် ေစ်းစစ္ျပီး ဝယ္လို႔ျပီးတဲ့အခါမွာေတာ့ ကြ်န္ေတာ္တို႔နွစ္ေယာက္ ေစ်းထဲက ျပန္ထြက္မည္အျပဳ ကြ်န္ေတာ့မိန္းမဟာ ခပ္လွမ္းလွမ္းမွ ေၾကးအိုး/ဆီခ်က္ ေရာင္းတဲ့ဆိုင္ေလးကို လွမ္းေငးေနတာ ေတြ႔လိုက္ရတယ္။ ဒါကိုသိလိုက္တဲ့ ကြ်န္ေတာ္က
“ဘာျဖစ္လို႔လဲမိန္းမ ေၾကးအိုး ေသာက္ခ်င္လို႔လား မိန္းမေသာက္ခ်င္ရင္ သြားေသာက္ရေအာင္ေလ”
“ေသာက္မေနေတာ့ပါဘူး ေယာက်္ားရယ္ အိမ္ျပန္ေရာက္ရင္ ထမင္းစားေတာ့မွာဘဲ အပိုေတြကုန္ပါတယ္။ ေနာက္မွပဲ ေသာက္ေတာ့မယ္ ျပန္ၾကရေအာင္ေနာ္။ ေစ်းဝယ္လို႔လဲ စံုေနျပီဘဲ” ဟုဆိုကာ ေစ်းထဲမွ လွည့္ထြက္လာခဲ့လိုက္တဲ့အခါ ကြ်န္ေတာ့စိတ္ထဲ လံုးဝ စိတ္မေကာင္းခဲ့ဘူး။ ေစ်းဆြဲျခင္းကို လက္တစ္ဖက္နဲ႔ဆြဲထားတဲ့ ကြ်န္ေတာ္ဟာ က်န္လက္တစ္ဖက္ကို မိန္းမရဲ႕ ပုခံုးေလးကို ဖတ္လိုက္တယ္။ ျပီးေတာ့ နွစ္ေယာက္အတူ ညေစ်းတန္းေလးကို ေက်ာခိုင္းခဲ့လိုက္ပါတယ္။

ကြ်န္ေတာ့အေတြးထဲမွာေတာ့ ညေန အလုပ္ကအျပန္မွာ သူငယ္ခ်င္းမိတ္ေဆြေတြနဲ႔ ေသာက္စားျဖဳန္းတီးတဲ့ ေငြတစ္သိန္းေက်ာ္နဲ႔
အခု ညေစ်းတန္းေလးမွာ အပင္ပန္းခံျပီး ေစ်းစစ္ဝယ္ေနတဲ့ မိန္းမရဲ႕အျပဳအမူေတြကို နိုင္းယွဥ္ေနမိတယ္။ ကြ်န္ေတာ္ဟာ ေတာ္ေတာ္ အသံုးမက်တဲ့လူတစ္ေယာက္လို႔လဲ ခံစားရတယ္။ ငါးဆယ္၊ တစ္ရာကိုေတာင္ အပင္ပန္းခံျပီး ေစ့ေစ့စပ္စပ္ လုပ္တတ္တဲ့မိန္းမရဲ႕ အလိုက္တစ္သိနဲ႔ ျဖည့္ေပးထားေသာ သိန္းခ်ီတဲ့ေငြကို အလြယ္တကူ သံုးျဖဳန္းျပစ္မိပါလားလို႔ေပါ့။ ဒီလိုအျဖစ္ေတြက အၾကိမ္ေပါင္းေျမာက္မ်ားစြာ ရွိခဲ့ျပီဘဲ။

ကြ်န္ေတာ္ ဒီအေၾကာင္းေလးနဲ႔ပတ္သက္ျပီး အဓိကေျပာခ်င္တာကေတာ့
မ်ားေသာအားျဖင့္ေပါ့ေလ ကြ်န္ေတာ္တို႔ ေယာက်္ားေတြဟာ ဇနီးမယားကိုေတာ့ သူတို႔မျမင္နိုင္တဲ့ ျပင္ပကမဟုတ္တဲ့ အေၾကာင္းေတြကို ျပျပီး သံုးခ်င္တိုင္းသံုး ျဖဳန္းခ်င္တိုင္းျဖဳန္းတတ္ၿပီး အိမ္ကဇနီးမယားရဲ႕ ခ်ိဳးျခံေျခြတာတဲ့ အက်င့္ေကာင္းေလးေတြကို ေမ့ေနတတ္ၾကတယ္။ မိမိကို ဂရုစိုက္ျခင္းေတြကို ေမ့ေနတတ္ၾကတယ္။ တကယ္ဆိုရင္ ကြ်န္ေတာ္တို႔ ေယာက်္ားေတြက အိမ္ေထာင္မူအတြက္ ေရွ႕ေဆာင္လမ္းျပ ျဖစ္ရမယ့္သူေတြ မဟုတ္လား။ ကြ်န္ေတာ္တို႔ေတြက မွားေနတယ္ဆိုရင္ လြန္တာေတြရွိေနတယ္ဆိုရင္ေတာ့
ဆင္ျခင္သင့္ပါတယ္ဗ်ာ။ ဇနီးမယားကို ခ်စ္တတ္မယ္ဆိုရင္ေပါ့………

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Min Kyan Sis

#Unicode Version
ကျွန်တော် မနက်က အိမ်ကထွက်လာတော့
ဒီနေ့တော့ ဝယ်စရာဘာမှမရှိလောက်ပါဘူး ဆိုပြီး ပိုက်ဆံအိပ်ထဲကငွေကို စစ်မကြည့်ခဲ့ဘူး။
တစ်နေ့လုံး သာမာန်အသေးအဖွဲလောက်သာ သုံးရင်း တကယ်လဲ ကြီးကြီးမားမား မရှိခဲ့ပါဘူး။ ညနေအိမ်ပြန်ခါနီးတော့ ကျွန်တော့အလုပ်ထဲကို မထင်မှတ်ဘဲ ကျွန်တော့မိတ်ဆွေတွေ ရောက်လာတယ်ဗျာ။ သေချာပြီ အဲ့ဒါ ငွေကုန်ပေါက်ဘဲ။

ဒီလိုညနေမှာ သူတို့ရောက်လာရင် ဆိုင်တစ်ခုခုကိုသွားပြီး စားကြသောက်ကြပြီးမှ အိမ်ပြန်တာ ထုံးစံပါဘဲ။ ကျွန်တော်က ချမ်းသာပြည့်စုံတဲ့သူတော့ မဟုတ်ပါဘူး။
ဒါပေမယ့် ရင်နှီးတဲ့မိတ်ဆွေတွေကြားမှာ ဘယ်တော့မှ အောက်ကျမခံဘူး။ ကျွန်တော်က သောက်တတ်စားတတ်တဲ့သူ သိပ်မဟုတ်ပေမယ့် ပိုက်ဆံရှင်းရင် ကိုယ်သာရှင်းလိုက်ရမှ ဆိုတာမျိုးပေါ့။

ဒီလိုနဲ့ စားသောက်ဆိုင်တစ်ခုကိုရောက်ပြီး
စားကြသောက်ကြရင်း ကုန်ကျမယ့် အတိုင်းအတာကို ကျွန်တော် ခန့်မှန်းကြည့်လိုက်တယ်။ အာပါးးး ဒီနေ့တော့ မနဲဘူးရှင်းရမယ်။ ခန့်မှန်း တစ်သိန်းကျော်လောက်တော့ ကျမယ်လို့ ထင်တယ်။ အဲ့ဒါကြောင့် ကျွန်တော့အိပ်ထဲက ငွေကို မသိမသာ လှမ်းစစ်လိုက်တဲ့အခါမှာတော့
ငွေနှစ်သိန်းကျော်လောက် ရှိနေတာ တွေ့လိုက်ရတယ်။ ကျွန်တော်ပြုံးလိုက်မိတယ်။ ဘယ်အချိန်က မိန်းမလုပ်သူက ကျွန်တော့ရဲ့ ပိုက်ဆံအိပ်ထဲကို ငွေ ထပ်ဖြည့်ပေးထားလဲဆိုတာ ကျွန်တော်မှ မသိခဲ့တာ။ အခုသိရတော့မှ မိန်းမလုပ်သူရဲ့ဂရုစိုက်မူကို စိတ်ထဲက ကျေးဇူးတင်မိလိုက်တယ်။ စိတ်ထဲမှာ အရမ်းကို ပေါ့ပါးသွားပြီး လုပ်လေဗျာ ထပ်မှာအုံးလေ တော်ကြာ ရေချိန်မကိုက်ဘဲ နေအုံးမယ်ဟု
ဒကာခံတဲ့သူတို့ရဲ့ ထုံးစံအတိုင်း စိတ်ကြိုက် ထပ်မှာခိုင်းလိုက်တော့ ဝိုင်းက ပိုပြီး ဆိုပြေသွားတယ်။ ဒီလိုနဲ့ နောက်ဆုံး ပိုက်ဆံရှင်းတဲ့အချိန်မှာတော့ တစ်သိန်းကျော် ရှင်းလိုက်ရပါတယ်။ ဒါနဲ့ဘဲ ကျွန်တော် အိမ်ပြန်ခဲ့လိုက်တယ်ဗျာ။

အိမ် ရောက်တော့ မိန်းမလုပ်သူကို အိမ်ပေါက်ဝမှာ တန်းပြီး တွေ့လိုက်ရတယ်။ မိန်းမအနားကို ကျွန်တော်ရောက်တယ်ဆိုရင်ဘဲ
မိန်းမလုပ်သူက စကားအရင်စပြောတယ်။ ယောကျ်ား ဒီနေ့ ပင်ပန်းလာလားတော့မသိဘူး။ ဖြစ်နိုင်ရင် မိန်းမကို သပြေကုန်း ညနေဈေးကို လိုက်ပို့ပါလား။ ဒီနေ့အိမ်မှာ အမေတို့တွေ ရောက်နေတယ်။ အဲ့ဒါကြောင့် ဟင်းချက်စရာလေးတွေ ထပ်ဝယ်ချင်လို့ ဟု ပြောလေသည်။ အော် အမေတို့ ရောက်နေတာလား။ အင်းပါကွာ သွားတာပေါ့ ဟု ဆိုကာ အိမ်ကိုအလည်လာသော အမေတို့ကို ခရီးဦးကြိုစကားပြောပြီး မိန်းမနဲ့အတူ ဈေးကို ထွက်လာခဲ့လိုက်တယ်။ ကျွန်တော်က မိန်းမနဲ့အတူ ဈေးဝယ်ထွက်ခဲတဲ့သူပါ။ အထူးသဖြင့် ကုန်စိမ်းတန်းတို့၊ အသားငါး ဈေးတန်းတို့ဘက်ကို ကျွန်တော် မရောက်ဖြစ်ပါဘူး။ ဒါပေမယ့် အခုတော့ မိန်းမနဲ့အတူ ညဈေးတန်းလေးမှာ ဈေးဝယ်ဖို့ သူ့ဘေးကနေ လိုက်လာခဲ့လိုက်တယ်။

ပထမဦးဆုံး ကျွန်တော့မိန်းမရဲ့ ဈေးဝယ်တာကို ကျွန်တော် အံ့သြသွားတယ်။
“ငါးကြင်းရွှေဝါဘယ်ဈေးလဲ”
“တစ်ထောင်ဈေးပါသမီး” ဈေးသည်က ပြန်ဖြေတဲ့နောက်မှာတော့ ကျွန်တော့မိန်းမဟာ ဘာမှမပြောဘဲ အဲ့ဒီ့ဈေးသည်ကို ဖြေးဖြေးချင်းကျော်သွားပြီး ခပ်လှမ်းလှမ်းက နောက်ထပ် ငါးသည်အနားရောက်တော့
“ငါးကြင်းရွှေဝါဘယ်ဈေးလဲ”
“တစ်ထောင်ဈေးရောင်းတယ်သမီး။ ဒါပေမယ့်
ရှစ်ရာဈေးဘဲပေးပါ” ဒီတစ်ခါတော့ မိန်းမလုပ်သူက ငါးတွေကိုကိုင်ကြည့်တယ်။ ပြီးတော့မှ
“ရှစ်ရာဈေးဆိုရင် သုံးဆယ်သားလောက် ထည့်ပေးပါ။ ငါးကြေးခွံချွတ်ပြီး တုံးပေးနော် အန်တီ” ဟု ပြောလေသည်။ မိန်းမလုပ်သူရဲ့ အနောက်မှာရပ်နေတဲ့ ကျွန်တော်ဟာ အနဲငယ်ပြုံးမိတယ်။ ပိုက်ဆံနှစ်ရာသက်သာဖို့ လူရှုုတ်နေတဲ့ ညနေဈေးကို ပတ်နေတဲ့မိန်းမကို အလကားသက်သက် အပင်ပန်းခံတယ်လို့ အတွေးနဲ့ပေါ့။ ငါးဝယ်ပြီးတော့ ဟင်းသီးဟင်းရွက် ထပ်ဝယ်ပြန်တော့ ပိုတောင်ဆိုးနေပြန်သည်။ ငွေငါးဆယ်တစ်ရာ သက်သာဖို့အတွက် တစ်ဆိုင်ပြီးတစ်ဆိုင် ဈေးစစ်ပြီးဝယ်သည်။ ဒီလိုနဲ့ဘဲ သူ့စိတ်ကူးနဲ့ လိုအပ်မယ်ထင်တာလေးတွေကို စိတ်တိုင်းကျ ဈေးစစ်ပြီး ဝယ်လို့ပြီးတဲ့အခါမှာတော့ ကျွန်တော်တို့နှစ်ယောက် ဈေးထဲက ပြန်ထွက်မည်အပြု ကျွန်တော့မိန်းမဟာ ခပ်လှမ်းလှမ်းမှ ကြေးအိုး/ဆီချက် ရောင်းတဲ့ဆိုင်လေးကို လှမ်းငေးနေတာ တွေ့လိုက်ရတယ်။ ဒါကိုသိလိုက်တဲ့ ကျွန်တော်က
“ဘာဖြစ်လို့လဲမိန်းမ ကြေးအိုး သောက်ချင်လို့လား မိန်းမသောက်ချင်ရင် သွားသောက်ရအောင်လေ”
“သောက်မနေတော့ပါဘူး ယောကျ်ားရယ် အိမ်ပြန်ရောက်ရင် ထမင်းစားတော့မှာဘဲ အပိုတွေကုန်ပါတယ်။ နောက်မှပဲ သောက်တော့မယ် ပြန်ကြရအောင်နော်။ ဈေးဝယ်လို့လဲ စုံနေပြီဘဲ” ဟုဆိုကာ ဈေးထဲမှ လှည့်ထွက်လာခဲ့လိုက်တဲ့အခါ ကျွန်တော့စိတ်ထဲ လုံးဝ စိတ်မကောင်းခဲ့ဘူး။ ဈေးဆွဲခြင်းကို လက်တစ်ဖက်နဲ့ဆွဲထားတဲ့ ကျွန်တော်ဟာ ကျန်လက်တစ်ဖက်ကို မိန်းမရဲ့ ပုခုံးလေးကို ဖတ်လိုက်တယ်။ ပြီးတော့ နှစ်ယောက်အတူ ညဈေးတန်းလေးကို ကျောခိုင်းခဲ့လိုက်ပါတယ်။

ကျွန်တော့အတွေးထဲမှာတော့ ညနေ အလုပ်ကအပြန်မှာ သူငယ်ချင်းမိတ်ဆွေတွေနဲ့ သောက်စားဖြုန်းတီးတဲ့ ငွေတစ်သိန်းကျော်နဲ့
အခု ညဈေးတန်းလေးမှာ အပင်ပန်းခံပြီး ဈေးစစ်ဝယ်နေတဲ့ မိန်းမရဲ့အပြုအမူတွေကို နိုင်းယှဉ်နေမိတယ်။ ကျွန်တော်ဟာ တော်တော် အသုံးမကျတဲ့လူတစ်ယောက်လို့လဲ ခံစားရတယ်။ ငါးဆယ်၊ တစ်ရာကိုတောင် အပင်ပန်းခံပြီး စေ့စေ့စပ်စပ် လုပ်တတ်တဲ့မိန်းမရဲ့ အလိုက်တစ်သိနဲ့ ဖြည့်ပေးထားသော သိန်းချီတဲ့ငွေကို အလွယ်တကူ သုံးဖြုန်းပြစ်မိပါလားလို့ပေါ့။ ဒီလိုအဖြစ်တွေက အကြိမ်ပေါင်းမြောက်များစွာ ရှိခဲ့ပြီဘဲ။

ကျွန်တော် ဒီအကြောင်းလေးနဲ့ပတ်သက်ပြီး အဓိကပြောချင်တာကတော့
များသောအားဖြင့်ပေါ့လေ ကျွန်တော်တို့ ယောကျ်ားတွေဟာ ဇနီးမယားကိုတော့ သူတို့မမြင်နိုင်တဲ့ ပြင်ပကမဟုတ်တဲ့ အကြောင်းတွေကို ပြပြီး သုံးချင်တိုင်းသုံး ဖြုန်းချင်တိုင်းဖြုန်းတတ်ပြီး အိမ်ကဇနီးမယားရဲ့ ချိုးခြံခြွေတာတဲ့ အကျင့်ကောင်းလေးတွေကို မေ့နေတတ်ကြတယ်။ မိမိကို ဂရုစိုက်ခြင်းတွေကို မေ့နေတတ်ကြတယ်။ တကယ်ဆိုရင် ကျွန်တော်တို့ ယောကျ်ားတွေက အိမ်ထောင်မူအတွက် ရှေ့ဆောင်လမ်းပြ ဖြစ်ရမယ့်သူတွေ မဟုတ်လား။ ကျွန်တော်တို့တွေက မှားနေတယ်ဆိုရင် လွန်တာတွေရှိနေတယ်ဆိုရင်တော့
ဆင်ခြင်သင့်ပါတယ်ဗျာ။ ဇနီးမယားကို ချစ်တတ်မယ်ဆိုရင်ပေါ့………


ဖိုးသူတော် (www.phothutaw.com)
Credit:Min Kyan Sis
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top