Property Expo
×

 တ႐ုတ္ႏုိင္ငံ အေ႐ွ႕ပိုင္းတြင္ အလြန္အဆိပ္ျပင္းသည့္ ေႁမြေဟာက္အေကာင္ေပါက္ ၅၀ ဝန္းက်င္မွ် လူေနဧရိယာထဲ လြတ္ေျမာက္ေနသျဖင့္ အာဏာပိုင္မ်ားက လုိက္လံ ရွာေဖြေနေၾကာင္း သိရသည္။
ဟု ေျပာၾကားခဲ့သည္။

အဆိုပါ ေႁမြမ်ားသည္ လိုင္စင္မဲ့ ေမြးျမဴေရးၿခံ တစ္ခုမွ လြတ္ေျမာက္သြားျခင္း ျဖစ္သည္။ နန္ဂ်င္းရွိ ေမြးျမဴေရးၿခံတြင္ ဩဂုတ္လအတြင္းက ေႁမြေဟာက္အေကာင္ေပါက္ ၂၀၀ ေက်ာ္မွ် လြတ္ေျမာက္သြားၿပီး ယင္းတို႔အနက္ ၁၅၀ ခန္႔ကို သုတ္သင္ရွင္းလင္းမႈ၊ ျပန္လည္ဖမ္းဆီးမႈမ်ား ျပဳလုပ္ႏုိင္ခဲ့ၿပီး ျဖစ္သည္။ သို႔ေသာ္ လႏွင့္ခ်ီ ၾကာျမင့္လာသည့္တိုင္ အေကာင္ ၅၀ မွ် လြတ္ေျမာက္ေနဆဲဟု သား႐ိုင္းတိရစာၦန္ ေစာင့္ေရွာက္ေရးဌာန တာဝန္ရွိသူမ်ားက ဆိုသည္။

အဆိုပါ ေႁမြေဟာက္ေပါက္မ်ားသည္ ပ်မ္းမွ်အရွည္ ၂၀ စင္တီမီတာမွ် ရွိၾကေၾကာင္း လ်ဴဟီေဒသ အုပ္ခ်ဳပ္ေရး အရာရွိမ်ားက Xinhua သတင္းဌာနသို႔ ေျပာၾကားခဲ့သည္။

ေႁမြအစိတ္အပိုင္းမ်ားကို တ႐ုတ္႐ိုးရာ ေဆးနည္းမ်ား ေဖာ္စပ္ရာတြင္ ထည့္သြင္း အသံုးျပဳၾကရာ တရားမဝင္ ေမြးျမဴမႈမ်ား ရွိေနေၾကာင္း သိရသည္။ ယခုလြတ္ေျမာက္သြားသည့္ ေႁမြေဟာက္မ်ားမွာ ပါးျပင္တြင္ စက္ဝိုင္းပံု ပါရွိၿပီး အလြန္အဆိပ္ျပင္းသည့္ မ်ိဳးစိတ္မ်ား ျဖစ္ၾကသည္။

ေႁမြေဟာက္ အေကာင္ေပါက္မ်ား လုိက္ရွာေနသည့္ တာဝန္ရွိသူ တစ္ဦးက “အရမ္းအဆိပ္ျပင္းပါတယ္။ ဒီေႁမြေတြ ကိုက္တာခံရၿပီး ေဆးကုသမႈ မခံယူမိရင္ အသက္အႏၱရာယ္ ရွိႏိုင္ပါတယ္။ ဒါေပမဲ့ ေႁမြေဟာက္ အေကာင္ေပါက္ေတြက အရြယ္ေရာက္ၿပီး အေကာင္ႀကီးေတြေလာက္ေတာ့အဆိပ္မျပင္းဘူး”

တာဝန္ရွိသူမ်ားက ေႁမြမ်ားကို လုိင္စင္မဲ့ ေမြးျမဴထားသည့္ ခၽြန္ယီ ေမြးျမဴေရးစခန္းတြင္ ေႁမြေဟာက္ဥ ၁၈၂၀ ကို ေဖာ္ထုတ္ ေတြ႕ရွိခဲ့ၿပီး ၎တို႔အနက္ ၁၅၀၀ မွာ အေကာင္ေပါက္ထားၿပီး ျဖစ္သည္။ သို႔ေသာ္ အနီးရွိ ေက်းရြာတစ္ခုတြင္ ေနထုိင္သူ တစ္ဦးက အိမ္ထဲ ဝင္လာသည့္ ေႁမြေဟာက္ အေကာင္ေပါက္ေလးကို သတ္ျဖတ္လုိက္ၿပီးမွ အာဏာပိုင္မ်ားက လြတ္ေျမာက္ေနသည့္ေႁမြမ်ား ရွိေနသည္ကို သတိျပဳမိလာခဲ့သည္။ လိုင္စင္မဲ့ ေမြးျမဴေရးၿခံကို ယခုအခါ ပိတ္ထားလိုက္ၿပီ ျဖစ္သည္။

တာဝန္ရွိသူမ်ားက ေမြးျမဴေရးၿခံ အနီးတဝိုက္မွ ေဒသခံမ်ား အေနျဖင့္ ေႁမြေပါက္မ်ားကုိ ႏိုးႏိုးၾကားၾကား ရွာေဖြၾကရန္ တိုက္တြန္းထားသည္။ တ႐ုတ္တြင္ ဩဂုတ္လအတြင္းကလည္း ဆီခၽြမ္ရွိ သားေဖာက္စခန္း တစ္ခုမွ ေႁမြေဟာက္ အေကာင္ေပါက္ ၂၃ ေကာင္ လြတ္ေျမာက္မႈ ျဖစ္ပြားခဲ့ဖူးေၾကာင္းလည္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Dialy

#Unicode Version
 တရုတ်နိုင်ငံ အရှေ့ပိုင်းတွင် အလွန်အဆိပ်ပြင်းသည့် မြွေဟောက်အကောင်ပေါက် ၅၀ ဝန်းကျင်မျှ လူနေဧရိယာထဲ လွတ်မြောက်နေသဖြင့် အာဏာပိုင်များက လိုက်လံ ရှာဖွေနေကြောင်း သိရသည်။


အဆိုပါ မြွေများသည် လိုင်စင်မဲ့ မွေးမြူရေးခြံ တစ်ခုမှ လွတ်မြောက်သွားခြင်း ဖြစ်သည်။ နန်ဂျင်းရှိ မွေးမြူရေးခြံတွင် ဩဂုတ်လအတွင်းက မြွေဟောက်အကောင်ပေါက် ၂၀၀ ကျော်မျှ လွတ်မြောက်သွားပြီး ယင်းတို့အနက် ၁၅၀ ခန့်ကို သုတ်သင်ရှင်းလင်းမှု၊ ပြန်လည်ဖမ်းဆီးမှုများ ပြုလုပ်နိုင်ခဲ့ပြီး ဖြစ်သည်။ သို့သော် လနှင့်ချီ ကြာမြင့်လာသည့်တိုင် အကောင် ၅၀ မျှ လွတ်မြောက်နေဆဲဟု သားရိုင်းတိရစ္ဆာန် စောင့်ရှောက်ရေးဌာန တာဝန်ရှိသူများက ဆိုသည်။

အဆိုပါ မြွေဟောက်ပေါက်များသည် ပျမ်းမျှအရှည် ၂၀ စင်တီမီတာမျှ ရှိကြကြောင်း လျူဟီဒေသ အုပ်ချုပ်ရေး အရာရှိများက Xinhua သတင်းဌာနသို့ ပြောကြားခဲ့သည်။

မြွေအစိတ်အပိုင်းများကို တရုတ်ရိုးရာ ဆေးနည်းများ ဖော်စပ်ရာတွင် ထည့်သွင်း အသုံးပြုကြရာ တရားမဝင် မွေးမြူမှုများ ရှိနေကြောင်း သိရသည်။ ယခုလွတ်မြောက်သွားသည့် မြွေဟောက်များမှာ ပါးပြင်တွင် စက်ဝိုင်းပုံ ပါရှိပြီး အလွန်အဆိပ်ပြင်းသည့် မျိုးစိတ်များ ဖြစ်ကြသည်။

မြွေဟောက် အကောင်ပေါက်များ လိုက်ရှာနေသည့် တာဝန်ရှိသူ တစ်ဦးက “အရမ်းအဆိပ်ပြင်းပါတယ်။ ဒီမြွေတွေ ကိုက်တာခံရပြီး ဆေးကုသမှု မခံယူမိရင် အသက်အန္တရာယ် ရှိနိုင်ပါတယ်။ ဒါပေမဲ့ မြွေဟောက် အကောင်ပေါက်တွေက အရွယ်ရောက်ပြီး အကောင်ကြီးတွေလောက်တော့အဆိပ်မပြင်းဘူး”

ဟု ပြောကြားခဲ့သည်။

တာဝန်ရှိသူများက မြွေများကို လိုင်စင်မဲ့ မွေးမြူထားသည့် ချွန်ယီ မွေးမြူရေးစခန်းတွင် မြွေဟောက်ဥ ၁၈၂၀ ကို ဖော်ထုတ် တွေ့ရှိခဲ့ပြီး ၎င်းတို့အနက် ၁၅၀၀ မှာ အကောင်ပေါက်ထားပြီး ဖြစ်သည်။ သို့သော် အနီးရှိ ကျေးရွာတစ်ခုတွင် နေထိုင်သူ တစ်ဦးက အိမ်ထဲ ဝင်လာသည့် မြွေဟောက် အကောင်ပေါက်လေးကို သတ်ဖြတ်လိုက်ပြီးမှ အာဏာပိုင်များက လွတ်မြောက်နေသည့်မြွေများ ရှိနေသည်ကို သတိပြုမိလာခဲ့သည်။ လိုင်စင်မဲ့ မွေးမြူရေးခြံကို ယခုအခါ ပိတ်ထားလိုက်ပြီ ဖြစ်သည်။

တာဝန်ရှိသူများက မွေးမြူရေးခြံ အနီးတဝိုက်မှ ဒေသခံများ အနေဖြင့် မြွေပေါက်များကို နိုးနိုးကြားကြား ရှာဖွေကြရန် တိုက်တွန်းထားသည်။ တရုတ်တွင် ဩဂုတ်လအတွင်းကလည်း ဆီချွမ်ရှိ သားဖောက်စခန်း တစ်ခုမှ မြွေဟောက် အကောင်ပေါက် ၂၃ ကောင် လွတ်မြောက်မှု ဖြစ်ပွားခဲ့ဖူးကြောင်းလည်း သိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Dialy
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top