Property Expo
×

- ငါဟာ ငါ့ရဲ႕အရွိအမွန္အတုိင္း ေနထုိင္ဖို႕ သတၱိရွိခဲ့ရင္ ေကာင္းမွာပဲ။

- ငါဟာ အလုပ္ေတြခ်ည္းပဲ အမ်ားႀကီး မလုပ္ခဲ့မိရင္ ေကာင္းမွာပဲ။

- ငါ့မွာ ငါ့ရဲ႕ ခံစားမွဳေတြကို ေဖာ္ျပရဲတဲ့ သတၱိရွိခဲ့ရင္ ေကာင္းမွာပဲ။

- ငါဟာ သူငယ္ခ်င္း မိတ္ေဆြေတြနဲ႕ ရင္းရင္းႏွီးႏွီးေနခဲ့မိရင္ ေကာင္းမွာပဲ။

- ငါဟာ ငါ့ကိုယ္ငါ ပိုၿပီး ေပ်ာ္ေပ်ာ္ေနဖို႕ ခြင့္ျပဳခဲ့မိရင္ ေကာင္းမွာပဲ။

သင္ေရာ အဲဒီအခ်က္ေတြထဲက တစ္ခုခုကို လုပ္ခဲ့မိသလား။ သင္ တိုးတက္ခ်င္တဲ့ အစိတ္အပိုင္းက ဘယ္ေနရာလဲ။

ရွိလာႏုိင္တဲ့ ေနာင္တေတြကို နည္းႏုိင္သမွ်နည္းေအာင္လုပ္ဖို႕၊ က်ေနာ္တို႕ေတြ လုပ္သင့္တဲ့ အခ်က္တစ္ခ်ိဳ႕ ရွိပါတယ္။



၁။ သင့္မွာ ရွိတာနဲ႕ ေက်နပ္ပါ

သင္ဟာ သင့္မွာရွိတဲ့အရာနဲ႕ ေက်နပ္ႏုိင္မယ္ဆိုရင္ ေနာက္ထပ္ ေနာက္ထပ္ လိုခ်င္ေနတဲ့ ဖိစီးမွဳေတြကို ခံစားရမွာ မဟုတ္ပါဘူး။ ရုပ္၀တၳဳပစၥည္းေတြဟာ သင့္ကို ေပ်ာ္ရႊင္မွဳ ေပးႏုိင္တယ္လို႕ သင္ ထင္ခ်င္ထင္လိမ့္မယ္။ ဒါေပမယ့္ အမွန္တကယ္ေတာ့ အဲဒီ ရုပ္၀တၳဳပစၥည္းေတြေနာက္ကို လုိက္ျခင္းဟာ သင့္ဆီက ေပ်ာ္ရႊင္မွဳေတြကို ဆြဲထုတ္သြားတာပါပဲ။

တကယ္ေတာ့ ရွိတာနဲ႕ေက်နပ္ဖို႕ဆိုတာ မလြယ္ကူလွပါဘူး။ က်ေနာ္တုိ႕ရဲ႕ ပတ္၀န္းက်င္က က်ေနာ္တို႕ကို ပိုၿပီးေပ်ာ္ရႊင္ဖုိ႕၊ ပိုေကာင္းတဲ့ ဘ၀ေနထုိင္မွဳပုံစံရဖို႕ ရုပ္၀တၳဳ ပစၥည္းေတြ ပိုၿပီး လိုအပ္တယ္လို႕ အဆက္မျပတ္ လွဳံ႕ေဆာ္ေနတယ္။ ဒီေတာ့ သင္ဟာ သင့္မွာရွိတာနဲဲ႕ ေက်နပ္ဖို႕အတြက္ သတိရွိရွိ ဆုံးျဖတ္ခ်က္ခ်ရပါလိမ့္မယ္။

၂။ သင့္အတြက္ အေရးႀကီးတဲ့အရာကိုသာ လုပ္ပါ။

သင္ဟာ သင့္ရဲ႕ဘ၀ကို ေနထုိင္ေနတာျဖစ္ပါတယ္။ တျခားသူေတြရဲ႕ဘ၀ကို ေနထုိင္ေနတာ မဟုတ္ပါဘူး။ တျခားသူေတြ အေရးႀကီးတယ္လို႕ထင္ေနၾကတဲ့ အလုပ္ေတြထက္ သင့္အတြက္ အမွန္တကယ္ အေရးႀကီးတာေတြကိုသာ လုပ္ပါ။ သင့္ရဲ႕ စိတ္ႏွလုံးက ဘယ္အရာကို စြဲလမ္းသလဲ? သင့္ရဲ႕ ၀ါသနာက ဘာလဲ? သင္ ဘယ္အရာကို အေလးထားဆုံးလဲ? အဲဒါေတြကို သိေအာင္ရွာေဖြပါ။ အဲဒီအရာေတြနဲ႕ ေနထုိင္ပါ။ ခ်မ္းသာမွဳ ဒါမွမဟုတ္ ေက်ာ္ၾကားမွဳကို ရဖို႕ထက္ သင့္ရဲ႕ရည္မွန္းခ်က္ဟာ အဓိပၸါယ္ရွိတဲ့၊ ျပည့္၀တဲ့ ဘ၀တစ္ခုကို ေနထုိင္ဖို႕ ျဖစ္သင့္ပါတယ္။ ဒါက သင့္ကို အမွန္တကယ္ ေပ်ာ္ရႊင္မွဳကို ေပးပါလိမ့္မယ္။

၃။ သင့္ရဲ႕ လူမွဳဆက္ဆံေရးကို တိုးျမွင့္ပါ

ဘ၀ရဲ႕ ေနာက္ဆုံးရက္သတၱပတ္ေတြမွာ က်န္ရစ္ေနမယ့္အရာေတြကေတာ့ ခ်စ္ျခင္းေမတၱာ၊ ေဆြမ်ိဳးသားခ်င္းေတြနဲ႕ မိတ္ေဆြေတြပါပဲ။ ဒါေၾကာင့္ သင္ဟာ သင့္ရဲ႕ ေပါင္းသင္းဆက္ဆံေရးအတြက္ အခ်ိန္နဲ႕ ခြန္အားေတြကို ပိုၿပီး ေပးသင့္ပါတယ္။သင္ဟာ သင့္မွာရွိတာနဲ႕ ေက်နပ္တတ္လာမယ္၊ ၿပီးေတာ့ သင့္ရဲ႕ အခ်ိန္အားလုံးကိုလည္း အလုပ္ေတြက ေနရာယူမထားေတာ့ဘူးဆိုရင္ သင္ဟာ ဆက္ဆံေရးေတြအတြက္ အခ်ိန္ေတြ ပိုရလာတာကို ေတြ႕ရပါလိမ့္မယ္။ အဲဒါရဲ႕ ဆုလာဒ္က ခ်က္ခ်င္းႀကီးေတာ့ ျဖစ္လာမွာမဟုတ္ပါဘူး။ ဒါေပမယ့္ ေနာက္ပုိင္းမွာ အမွန္တကယ္ ထုိက္တန္လာပါလိမ့္မယ္။

၄။ ေပ်ာ္ရႊင္မွဳကို ေရြးလုိက္ပါ

လူအမ်ားစုက ေပ်ာ္ရႊင္မွဳဆိုတာ သူတို႕ကိုယ္တုိင္ ေရြးခ်ယ္လို႕ရတဲ့အရာတစ္ခုဆိုတာကို ဘ၀ေနာက္ဆုံးအခ်ိန္အထိ မသိလိုက္ၾကပါဘူး။ သင္ ဒါကို သိတဲ့အခ်ိန္အထိ ေစာင့္ေနဖို႕ မလုိပါဘူး။ သင့္ရဲ႕ ေပ်ာ္ရႊင္မွဳကို သင္ကိုယ္တုိင္ ေရြးခ်ယ္ရမွာပါ။ သင့္ေပ်ာ္ရႊင္မွဳကို အဆုံးအျဖတ္ေပးမယ့္သူက သင္ကိုယ္တုိင္ပဲျဖစ္ပါတယ္။ တျခားလူေတြ မဟုတ္ပါဘူး၊ သင့္ရဲ႕ အေျခအေနေတြလည္း မဟုတ္ပါဘူး။ ဒီေတာ့ အဲဒီတာ၀န္ကိုယူၿပီး မွန္ကန္တဲ့ေရြးခ်ယ္မွဳကို ျပဳလုပ္လုိက္ပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Myanmar Latest News

#Unicode Version
- ငါဟာ ငါ့ရဲ့အရှိအမှန်အတိုင်း နေထိုင်ဖို့ သတ္တိရှိခဲ့ရင် ကောင်းမှာပဲ။

- ငါဟာ အလုပ်တွေချည်းပဲ အများကြီး မလုပ်ခဲ့မိရင် ကောင်းမှာပဲ။

- ငါ့မှာ ငါ့ရဲ့ ခံစားမှုတွေကို ဖော်ပြရဲတဲ့ သတ္တိရှိခဲ့ရင် ကောင်းမှာပဲ။

- ငါဟာ သူငယ်ချင်း မိတ်ဆွေတွေနဲ့ ရင်းရင်းနှီးနှီးနေခဲ့မိရင် ကောင်းမှာပဲ။

- ငါဟာ ငါ့ကိုယ်ငါ ပိုပြီး ပျော်ပျော်နေဖို့ ခွင့်ပြုခဲ့မိရင် ကောင်းမှာပဲ။

သင်ရော အဲဒီအချက်တွေထဲက တစ်ခုခုကို လုပ်ခဲ့မိသလား။ သင် တိုးတက်ချင်တဲ့ အစိတ်အပိုင်းက ဘယ်နေရာလဲ။

ရှိလာနိုင်တဲ့ နောင်တတွေကို နည်းနိုင်သမျှနည်းအောင်လုပ်ဖို့၊ ကျနော်တို့တွေ လုပ်သင့်တဲ့ အချက်တစ်ချို့ ရှိပါတယ်။



၁။ သင့်မှာ ရှိတာနဲ့ ကျေနပ်ပါ

သင်ဟာ သင့်မှာရှိတဲ့အရာနဲ့ ကျေနပ်နိုင်မယ်ဆိုရင် နောက်ထပ် နောက်ထပ် လိုချင်နေတဲ့ ဖိစီးမှုတွေကို ခံစားရမှာ မဟုတ်ပါဘူး။ ရုပ်ဝတ္ထုပစ္စည်းတွေဟာ သင့်ကို ပျော်ရွှင်မှု ပေးနိုင်တယ်လို့ သင် ထင်ချင်ထင်လိမ့်မယ်။ ဒါပေမယ့် အမှန်တကယ်တော့ အဲဒီ ရုပ်ဝတ္ထုပစ္စည်းတွေနောက်ကို လိုက်ခြင်းဟာ သင့်ဆီက ပျော်ရွှင်မှုတွေကို ဆွဲထုတ်သွားတာပါပဲ။

တကယ်တော့ ရှိတာနဲ့ကျေနပ်ဖို့ဆိုတာ မလွယ်ကူလှပါဘူး။ ကျနော်တို့ရဲ့ ပတ်ဝန်းကျင်က ကျနော်တို့ကို ပိုပြီးပျော်ရွှင်ဖို့၊ ပိုကောင်းတဲ့ ဘဝနေထိုင်မှုပုံစံရဖို့ ရုပ်ဝတ္ထု ပစ္စည်းတွေ ပိုပြီး လိုအပ်တယ်လို့ အဆက်မပြတ် လှုံ့ဆော်နေတယ်။ ဒီတော့ သင်ဟာ သင့်မှာရှိတာနဲ့ ကျေနပ်ဖို့အတွက် သတိရှိရှိ ဆုံးဖြတ်ချက်ချရပါလိမ့်မယ်။

၂။ သင့်အတွက် အရေးကြီးတဲ့အရာကိုသာ လုပ်ပါ။

သင်ဟာ သင့်ရဲ့ဘဝကို နေထိုင်နေတာဖြစ်ပါတယ်။ တခြားသူတွေရဲ့ဘဝကို နေထိုင်နေတာ မဟုတ်ပါဘူး။ တခြားသူတွေ အရေးကြီးတယ်လို့ထင်နေကြတဲ့ အလုပ်တွေထက် သင့်အတွက် အမှန်တကယ် အရေးကြီးတာတွေကိုသာ လုပ်ပါ။ သင့်ရဲ့ စိတ်နှလုံးက ဘယ်အရာကို စွဲလမ်းသလဲ? သင့်ရဲ့ ဝါသနာက ဘာလဲ? သင် ဘယ်အရာကို အလေးထားဆုံးလဲ? အဲဒါတွေကို သိအောင်ရှာဖွေပါ။ အဲဒီအရာတွေနဲ့ နေထိုင်ပါ။ ချမ်းသာမှု ဒါမှမဟုတ် ကျော်ကြားမှုကို ရဖို့ထက် သင့်ရဲ့ရည်မှန်းချက်ဟာ အဓိပ္ပါယ်ရှိတဲ့၊ ပြည့်ဝတဲ့ ဘဝတစ်ခုကို နေထိုင်ဖို့ ဖြစ်သင့်ပါတယ်။ ဒါက သင့်ကို အမှန်တကယ် ပျော်ရွှင်မှုကို ပေးပါလိမ့်မယ်။

၃။ သင့်ရဲ့ လူမှုဆက်ဆံရေးကို တိုးမြှင့်ပါ

ဘဝရဲ့ နောက်ဆုံးရက်သတ္တပတ်တွေမှာ ကျန်ရစ်နေမယ့်အရာတွေကတော့ ချစ်ခြင်းမေတ္တာ၊ ဆွေမျိုးသားချင်းတွေနဲ့ မိတ်ဆွေတွေပါပဲ။ ဒါကြောင့် သင်ဟာ သင့်ရဲ့ ပေါင်းသင်းဆက်ဆံရေးအတွက် အချိန်နဲ့ ခွန်အားတွေကို ပိုပြီး ပေးသင့်ပါတယ်။သင်ဟာ သင့်မှာရှိတာနဲ့ ကျေနပ်တတ်လာမယ်၊ ပြီးတော့ သင့်ရဲ့ အချိန်အားလုံးကိုလည်း အလုပ်တွေက နေရာယူမထားတော့ဘူးဆိုရင် သင်ဟာ ဆက်ဆံရေးတွေအတွက် အချိန်တွေ ပိုရလာတာကို တွေ့ရပါလိမ့်မယ်။ အဲဒါရဲ့ ဆုလာဒ်က ချက်ချင်းကြီးတော့ ဖြစ်လာမှာမဟုတ်ပါဘူး။ ဒါပေမယ့် နောက်ပိုင်းမှာ အမှန်တကယ် ထိုက်တန်လာပါလိမ့်မယ်။

၄။ ပျော်ရွှင်မှုကို ရွေးလိုက်ပါ

လူအများစုက ပျော်ရွှင်မှုဆိုတာ သူတို့ကိုယ်တိုင် ရွေးချယ်လို့ရတဲ့အရာတစ်ခုဆိုတာကို ဘဝနောက်ဆုံးအချိန်အထိ မသိလိုက်ကြပါဘူး။ သင် ဒါကို သိတဲ့အချိန်အထိ စောင့်နေဖို့ မလိုပါဘူး။ သင့်ရဲ့ ပျော်ရွှင်မှုကို သင်ကိုယ်တိုင် ရွေးချယ်ရမှာပါ။ သင့်ပျော်ရွှင်မှုကို အဆုံးအဖြတ်ပေးမယ့်သူက သင်ကိုယ်တိုင်ပဲဖြစ်ပါတယ်။ တခြားလူတွေ မဟုတ်ပါဘူး၊ သင့်ရဲ့ အခြေအနေတွေလည်း မဟုတ်ပါဘူး။ ဒီတော့ အဲဒီတာဝန်ကိုယူပြီး မှန်ကန်တဲ့ရွေးချယ်မှုကို ပြုလုပ်လိုက်ပါ။


ဖိုးသူတော် (www.phothutaw.com)
Credit:Myanmar Latest News
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top