Property Expo
×

ႏွစ္ေပါင္းမ်ားစြာ ခင္ပြန္းသည္မသိေအာင္ ေဒၚလာတစ္အိမ္သိန္းေလာက္ကိုသိုဝွက္ထားတဲ့ ဇနီးသည္အဖြားအိုရဲ႕အံ့ဖြယ္ရာ ဆင္ေျခ..

ႏွစ္ေပါင္းငါးဆယ္ေက်ာ္ အၾကင္လင္းမယားအျဖစ္ေပါင္းသင္းလာၾကတဲ့ ဇနီးေမာင္ႏွံ အဖိုးနဲ႔အဖြားၾကားမွာ အေၾကာင္းကိစၥေလးတခုကလြဲလို႔ အစစအရာရာ ပြင့္ပြင့္လင္းလင္းမွ်ေဝဆက္ဆံေနထိုင္ခဲ့ၾကတယ္။ အဲဒါကေတာ့ ဇနီးျဖစ္တဲ့အဖြားအိုက သူ႔ရဲ႕ အသံုးအေဆာင္နဲ႔ အဝတ္အစားေတြထားတဲ့ ဘီဒိုစင္အေပၚဆံုးက ဖိနပ္ထဲ့တဲ့ ေသတၱာေလးကို ခင္ပြန္းသည္အဖိုးအိုလံုးဝမထိမကိုင္ ဖြင့္ၾကည့္ခြင့္မေပးတာပါဘဲ၊ အဖိုးအိုကလဲ အဲထဲမွာ တခုခုေတာ့ရွိလိမ့္မယ္လို႔ထင္မွတ္ထားတာကလြဲလို႔ အက်ဳိးအေၾကာင္း ေမးဖို႔ေဝးလို႔ ဘာေတြျဖစ္ေလမလဲလို႔ေတာင္ မစဥ္းစားခဲ့ပါဘူး။

တေန႔ေတာ့ အဖြားအိုဟာ ဖ်ားနာမက်န္းမာျဖစ္လို႔ေဆးရံုကိုေရာက္သြားတယ္၊ သိပ္ၾကာၾကာေနရေတာ့မဲ့အေျခေန မရွိေတာ့ဘူး။ ဒီေတာ့အဖြားအိုက အဖိုးအိုကို သူ႔ေဆးရံုးကကုတင္ေလးေဘးကိုေခၚျပီး..ဖိနပ္ေသတၱာေလးဘာရွိလဲဆိုတာမင္းသိဖို႔ အခ်ိန္တန္ပါဘီဆိုျပီး ခြင့္ေပလိုက္တယ္။ ဒါနဲ႔ အဖိုးအိုက အိမ္ျပန္ျပီး ဘီဒိုအေပၚဆံုးထပ္က ဖိနပ္ေသတၱာေလးကို ဆြဲဖြင့္ၾကည့္လိုက္တယ္။ ေသတၱာေလးထဲမွာ ခ်ည္ထိုးအရုပ္ကေလး ႏွစ္ရုပ္နဲ႔ ေဒၚလာ (၉၅.၀၀၀) ရွိတဲ့ေငြထုပ္တထုပ္ကို တအံ့တၾသေတြ႔လိုက္ရတယ္။

အဖိုးအိုဟာ ” ဟ ဘယ္ႏွာေတြလဲ ဘယ္လိုေတြလဲ ဟ”လို႔ေရရြတ္ရင္း ပေဟဠိျဖစ္ေနတယ္။
ဒီေတာ့ ” ငါတို႔လက္မထပ္ခင္ေလးတုန္းကေပါ့” လို႔ကုတင္ေပၚကအဖြားအိုကစလိုက္တယ္၊ ” ငါ့အဖြားကေျပာတယ္၊ ေအးခ်မ္းသာယာတဲ့ အိမ္ေထာင္တခုရဲ႕ လွ်ဳိ႕ဝွက္ခ်က္က ဘယ္ေတာ့မွလင္မယားခ်င္း အခ်င္းမ်ား အျငင္းပြားတာေတြ မလုပ္ၾကဖို႔ျဖစ္တယ္” ” ျပီးေတာ့ ငါ့အဖြားကေျပာတယ္၊ ညည္းေယာက်ၤားနဲ႔ အခန္႔မသင့္လို႔ စိတ္ဆိုးေဒါသျဖစ္လာရင္ တိတ္တိတ္ဆိတ္ဆိတ္နဲ႔ ခ်ည္းထိုးအရုပ္ကေလးေတြထိုးေနလိုက္လို႔မွာတယ္” လို႔ ကုတင္ေပၚကအဖြားအိုကေျပာရွာတယ္။

ဒီေတာ့ ေသတၱာထဲမွာ ခ်ည္ထိုးရုပ္ကေလးႏွစ္ခုသာေတြ႔ရတာေၾကာင့္ သူတို႔ေပါင္းသင္းလာၾကတဲ့ ႏွစ္ေပါင္းမ်ားစြာအတြင္းအဖြားအိုဟာ ႏွစ္ၾကိမ္ပဲ သူ႔အေပၚ စိတ္ဆိုးစိတ္ပ်က္ခဲ့တယ္လို႔ ဆင္ျခင္မိျပီး နင့္နင့္နဲနဲခံစားလိုက္ရတဲ့ အဖိုးအိုဟာအဖြားအိုရဲ႕မ်က္ႏွာကို လက္ႏွစ္ဖက္နဲ႔ အသာအယာေဖးမညွပ္ကိုင္နမ္းလိုက္တယ္။
“‘ဒါနဲ႔ ဒီေငြေတြကေကာ”လို႔ေမးေတာ့.. ” အိုေတာ္ဒါေတြကေတာ့” ဆိုျပီး အဖြားအိုဆက္ေျပာတာက ” ခ်ည္ထိုးအရုပ္ေတြေရာင္းျပီးစုထားတာေတြေပါ့ “..တဲ့။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Kyaw Than

#Unicode Version
နှစ်ပေါင်းများစွာ ခင်ပွန်းသည်မသိအောင် ဒေါ်လာတသိန်းလောက်ကိုသိုဝှက်ထားတဲ့ ဇနီးသည်အဖွားအိုရဲ့အံ့ဖွယ်ရာ ဆင်ခြေ..

နှစ်ပေါင်းငါးဆယ်ကျော် အကြင်လင်းမယားအဖြစ်ပေါင်းသင်းလာကြတဲ့ ဇနီးမောင်နှံ အဖိုးနဲ့အဖွားကြားမှာ အကြောင်းကိစ္စလေးတခုကလွဲလို့ အစစအရာရာ ပွင့်ပွင့်လင်းလင်းမျှဝေဆက်ဆံနေထိုင်ခဲ့ကြတယ်။ အဲဒါကတော့ ဇနီးဖြစ်တဲ့အဖွားအိုက သူ့ရဲ့ အသုံးအဆောင်နဲ့ အဝတ်အစားတွေထားတဲ့ ဘီဒိုစင်အပေါ်ဆုံးက ဖိနပ်ထဲ့တဲ့ သေတ္တာလေးကို ခင်ပွန်းသည်အဖိုးအိုလုံးဝမထိမကိုင် ဖွင့်ကြည့်ခွင့်မပေးတာပါဘဲ၊ အဖိုးအိုကလဲ အဲထဲမှာ တခုခုတော့ရှိလိမ့်မယ်လို့ထင်မှတ်ထားတာကလွဲလို့ အကျိုးအကြောင်း မေးဖို့ဝေးလို့ ဘာတွေဖြစ်လေမလဲလို့တောင် မစဉ်းစားခဲ့ပါဘူး။

တနေ့တော့ အဖွားအိုဟာ ဖျားနာမကျန်းမာဖြစ်လို့ဆေးရုံကိုရောက်သွားတယ်၊ သိပ်ကြာကြာနေရတော့မဲ့အခြေနေ မရှိတော့ဘူး။ ဒီတော့အဖွားအိုက အဖိုးအိုကို သူ့ဆေးရုံးကကုတင်လေးဘေးကိုခေါ်ပြီး..ဖိနပ်သေတ္တာလေးဘာရှိလဲဆိုတာမင်းသိဖို့ အချိန်တန်ပါဘီဆိုပြီး ခွင့်ပေလိုက်တယ်။ ဒါနဲ့ အဖိုးအိုက အိမ်ပြန်ပြီး ဘီဒိုအပေါ်ဆုံးထပ်က ဖိနပ်သေတ္တာလေးကို ဆွဲဖွင့်ကြည့်လိုက်တယ်။ သေတ္တာလေးထဲမှာ ချည်ထိုးအရုပ်ကလေး နှစ်ရုပ်နဲ့ ဒေါ်လာ (၉၅.၀၀၀) ရှိတဲ့ငွေထုပ်တထုပ်ကို တအံ့တသြတွေ့လိုက်ရတယ်။

အဖိုးအိုဟာ ” ဟ ဘယ်နှာတွေလဲ ဘယ်လိုတွေလဲ ဟ”လို့ရေရွတ်ရင်း ပဟေဠိဖြစ်နေတယ်။
ဒီတော့ ” ငါတို့လက်မထပ်ခင်လေးတုန်းကပေါ့” လို့ကုတင်ပေါ်ကအဖွားအိုကစလိုက်တယ်၊ ” ငါ့အဖွားကပြောတယ်၊ အေးချမ်းသာယာတဲ့ အိမ်ထောင်တခုရဲ့ လျှို့ဝှက်ချက်က ဘယ်တော့မှလင်မယားချင်း အချင်းများ အငြင်းပွားတာတွေ မလုပ်ကြဖို့ဖြစ်တယ်” ” ပြီးတော့ ငါ့အဖွားကပြောတယ်၊ ညည်းယောကျၤားနဲ့ အခန့်မသင့်လို့ စိတ်ဆိုးဒေါသဖြစ်လာရင် တိတ်တိတ်ဆိတ်ဆိတ်နဲ့ ချည်းထိုးအရုပ်ကလေးတွေထိုးနေလိုက်လို့မှာတယ်” လို့ ကုတင်ပေါ်ကအဖွားအိုကပြောရှာတယ်။

ဒီတော့ သေတ္တာထဲမှာ ချည်ထိုးရုပ်ကလေးနှစ်ခုသာတွေ့ရတာကြောင့် သူတို့ပေါင်းသင်းလာကြတဲ့ နှစ်ပေါင်းများစွာအတွင်းအဖွားအိုဟာ နှစ်ကြိမ်ပဲ သူ့အပေါ် စိတ်ဆိုးစိတ်ပျက်ခဲ့တယ်လို့ ဆင်ခြင်မိပြီး နင့်နင့်နဲနဲခံစားလိုက်ရတဲ့ အဖိုးအိုဟာအဖွားအိုရဲ့မျက်နှာကို လက်နှစ်ဖက်နဲ့ အသာအယာဖေးမညှပ်ကိုင်နမ်းလိုက်တယ်။
“‘ဒါနဲ့ ဒီငွေတွေကကော”လို့မေးတော့.. ” အိုတော်ဒါတွေကတော့” ဆိုပြီး အဖွားအိုဆက်ပြောတာက ” ချည်ထိုးအရုပ်တွေရောင်းပြီးစုထားတာတွေပေါ့ “..တဲ့။


ဖိုးသူတော် (www.phothutaw.com)
Credit:Kyaw Than
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top