Kantharyar Centre
×

 ပါကစၥတန္တြင္ ဘတ္စ္ကားႏွစ္စီး ေခါင္းခ်င္းဆိုင္ တိုက္မိရာ လူ ၃၀ ထက္မနည္း ေသဆံုးၿပီး အမ်ားအျပား ဒဏ္ရာရခဲ့ေၾကာင္း သိရသည္။


ပန္ဂ်ပ္ျပည္နယ္တြင္ ျဖစ္ပြားေသာ ယာဉ္တိုက္မႈ၌ လူေပါင္း ၆၉ ဦးထက္မနည္း ဒဏ္ရာမ်ား ရခဲ့ေၾကာင္းလည္း ေဒသခံ ရဲတပ္ဖြဲ႕က ေအာက္တိုဘာ ၁၇ ရက္တြင္ ေၾကညာခဲ့သည္။ ယာဉ္တိုက္မႈ ျဖစ္ပြားရာ ေနရာမွ ဓာတ္ပံုမ်ား၌ ဘတ္စ္ကားတစ္စီးမွာ မွန္မ်ား ေၾကမြေနၿပီး က်န္တစ္စီးမွာ အမိုးပိုင္းပါ ပြင့္ထြက္သြားသည္ကို ေတြ႕ရသည္။

ဘတ္စ္ကားႏွစ္စီးသည္ ေအာက္တိုဘာ ၁၇ ရက္ ေဒသစံေတာ္ခ်ိန္ နံနက္ ၆း၀၀ နာရီ ဝန္းက်င္တြင္ ပန္ဂ်ပ္ျပည္နယ္ရွိ ရာဟင္မ္ယာခန္း ၿမိဳ႕အနီးတြင္ တိုက္မိခဲ့ျခင္းဟု သိရသည္။ “ေသဆံုးသူ အေရအတြက္က တျဖည္းျဖည္း ျမင့္တက္လာၿပီး ၃၀ ေလာက္ ရွိလာပါၿပီ”ဟု ေဒသခံ ရဲတပ္ဖြဲ႕မွ စံုေထာက္အရာရွိ ဟာဆန္အစ္ကဘဲလ္က Reutersသို႔ ေျပာၾကားခဲ့သည္။

ယာဉ္တိုက္မႈ ျဖစ္ပြားရသည့္ အေၾကာင္းရင္းကို တိတိက်က် မသိရေသးေသာ္လည္း ေကြ႕ေနရာ တစ္ခုတြင္ အရွိန္မေလွ်ာ့ဘဲ ေမာင္းႏွင္ျခင္းေၾကာင့္ ဘတ္စ္ကားတစ္စီး လမ္းေၾကာင္းေခ်ာ္ကာ အျခားယာဉ္ကို ဝင္တိုက္ျခင္း ျဖစ္ႏုိင္သည္ဟု ကနဦး ခန္႔မွန္းထားသည္။

ပါကစၥတန္ ဝန္ႀကီးခ်ဳပ္ နာဝက္ဇ္ရွာရစ္ဖ္က “အဖိုးတန္ လူ႔အသက္ေတြ ဆံုး႐ံႈးခဲ့ရတဲ့အတြက္ အရမ္း ေၾကကြဲဝမ္းနည္းမိပါတယ္”ဟု ေျပာၾကားခဲ့သည္။ ယာဉ္တိုက္မႈ ျဖစ္ပြားခ်ိန္တြင္ ဘတ္စ္ကားႏွစ္စီးေပၚ၌ စုစုေပါင္း လူ ၁၀၀ ေက်ာ္မွ် ပါရွိခဲ့ေၾကာင္းလည္း သတင္းမ်ားက ဆိုသည္။

ပါကစၥတန္တြင္ လမ္းပိုင္း အရည္အေသြး ညံ့ဖ်င္းမႈမ်ားႏွင့္ စည္းကမ္းပိုင္း အားနည္းမႈမ်ားေၾကာင့္ အေဝးေျပး လမ္းမ်ားေပၚတြင္ ဆိုးဆိုးရြားရြား ယာဉ္တိုက္မႈမ်ား မၾကာခဏ ျဖစ္ေပၚေလ့ရွိေၾကာင္းလည္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

 ပါကစ္စတန်တွင် ဘတ်စ်ကားနှစ်စီး ခေါင်းချင်းဆိုင် တိုက်မိရာ လူ ၃၀ ထက်မနည်း သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ကြောင်း သိရသည်။


ပန်ဂျပ်ပြည်နယ်တွင် ဖြစ်ပွားသော ယာဉ်တိုက်မှု၌ လူပေါင်း ၆၉ ဦးထက်မနည်း ဒဏ်ရာများ ရခဲ့ကြောင်းလည်း ဒေသခံ ရဲတပ်ဖွဲ့က အောက်တိုဘာ ၁၇ ရက်တွင် ကြေညာခဲ့သည်။ ယာဉ်တိုက်မှု ဖြစ်ပွားရာ နေရာမှ ဓာတ်ပုံများ၌ ဘတ်စ်ကားတစ်စီးမှာ မှန်များ ကြေမွနေပြီး ကျန်တစ်စီးမှာ အမိုးပိုင်းပါ ပွင့်ထွက်သွားသည်ကို တွေ့ရသည်။

ဘတ်စ်ကားနှစ်စီးသည် အောက်တိုဘာ ၁၇ ရက် ဒေသစံတော်ချိန် နံနက် ၆း၀၀ နာရီ ဝန်းကျင်တွင် ပန်ဂျပ်ပြည်နယ်ရှိ ရာဟင်မ်ယာခန်း မြို့အနီးတွင် တိုက်မိခဲ့ခြင်းဟု သိရသည်။ “သေဆုံးသူ အရေအတွက်က တဖြည်းဖြည်း မြင့်တက်လာပြီး ၃၀ လောက် ရှိလာပါပြီ”ဟု ဒေသခံ ရဲတပ်ဖွဲ့မှ စုံထောက်အရာရှိ ဟာဆန်အစ်ကဘဲလ်က Reutersသို့ ပြောကြားခဲ့သည်။

ယာဉ်တိုက်မှု ဖြစ်ပွားရသည့် အကြောင်းရင်းကို တိတိကျကျ မသိရသေးသော်လည်း ကွေ့နေရာ တစ်ခုတွင် အရှိန်မလျှော့ဘဲ မောင်းနှင်ခြင်းကြောင့် ဘတ်စ်ကားတစ်စီး လမ်းကြောင်းချော်ကာ အခြားယာဉ်ကို ဝင်တိုက်ခြင်း ဖြစ်နိုင်သည်ဟု ကနဦး ခန့်မှန်းထားသည်။

ပါကစ္စတန် ဝန်ကြီးချုပ် နာဝက်ဇ်ရှာရစ်ဖ်က “အဖိုးတန် လူ့အသက်တွေ ဆုံးရှုံးခဲ့ရတဲ့အတွက် အရမ်း ကြေကွဲဝမ်းနည်းမိပါတယ်”ဟု ပြောကြားခဲ့သည်။ ယာဉ်တိုက်မှု ဖြစ်ပွားချိန်တွင် ဘတ်စ်ကားနှစ်စီးပေါ်၌ စုစုပေါင်း လူ ၁၀၀ ကျော်မျှ ပါရှိခဲ့ကြောင်းလည်း သတင်းများက ဆိုသည်။

ပါကစ္စတန်တွင် လမ်းပိုင်း အရည်အသွေး ညံ့ဖျင်းမှုများနှင့် စည်းကမ်းပိုင်း အားနည်းမှုများကြောင့် အဝေးပြေး လမ်းများပေါ်တွင် ဆိုးဆိုးရွားရွား ယာဉ်တိုက်မှုများ မကြာခဏ ဖြစ်ပေါ်လေ့ရှိကြောင်းလည်း သိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top