iMyanmarHouse.com - Best Property Website for Myanmar
×

Work.com.mm ကို လာလာျပီး ျငီးျငဴၾကတဲ့ အလုပ္ရွာသူ လူငယ္ အခ်ိဳ႕ ရွိပါတယ္။ သူတို႔ရဲ႕ စကားသံ ကေတာ့ အလုပ္အေတြ႔အၾကံဳ မရွိလို႔ အလုပ္ရ ပါဘူးတဲ့။ အမွန္ေတာ့ အဲ့ဒါ မွားပါတယ္။

“အေတြ႔အၾကံဳမရွိလဲ ျမန္မာျပည္မွာ ရႏုိင္တဲ့ အလုပ္ေတြ အမ်ားၾကီးပါ”

အလုပ္ေခၚတာေတြကလည္း အေတြ႔အၾကံဳ ဘယ္ႏွစ္ႏွစ္ရွိရမယ္။ ဘာေတြ တတ္ထားရမယ္ အစရွိသျဖင့္ စံုေနတာပဲဆုိျပီးေတာ့ ေျပာၾကပါတယ္။ အဲ့ဒီ လိုအပ္ခ်က္ေတြ တစ္ခုခ်င္း လိုက္ၾကည့္ေနရင္ ျမန္မာျပည္မွာ ဘယ္သူမွ အလုပ္ရေတာ့မွာ မဟုတ္ ပါဘူး။ အလုပ္ေခၚစာကို ၾကည့္ၾကည့္ပါ ကိုယ္ တကယ္ တတ္တာနဲ႔ ကိုက္ညီတာ ၅၀ ရာခိုင္ႏွုန္း ေလာက္ ပါရင္ကို ေလွ်ာက္လို႔ ရပါတယ္။ ဒါက သက္သက္ပါ။ ယခု ေျပာခ်င္တာက အေတြ႔အၾကံဳ မရွိလို႔ အလုပ္မခန္႔ဘူးဆုိတဲ့ အခ်က္ကုိ ျဖစ္ပါတယ္။

ခန္႔ၾက ပါတယ္။ သုိ႔ေပမယ့္ ေနရာ မတူ ပါဘူး။ ေက်ာင္းျပီးစ Fresher မ်ားကို ဘယ္ကုမၼဏီကမွ Risk မ်ားတဲ့ Position တစ္ခု၊ Level တစ္ခု ခ်က္ခ်င္း မေပး ပါဘူး။ ႏိုင္ငံတကာမွာဆုိရင္ ေက်ာင္းတက္စဥ္ Holiday တိုင္းမွာ Internship ရွိတယ္။ ေက်ာင္းတက္စဥ္လည္း Project ေတြ ဆက္တိုက္ လုပ္ရတာေၾကာင့္ အလုပ္ဝင္တာနဲ႔ ခ်က္ခ်င္းပဲ ကုမၼဏီကလည္း ယံုယံုၾကည္ၾကည္ ရာထူးၾကီးၾကီး ေပးရဲ၊ အလုပ္အပ္ရဲ ပါတယ္။

ျမန္မာျပည္မွာ က်ေတာ့ တစ္မ်ိဳးပါ။ ေက်ာင္းတက္စဥ္ ကာလက သင္ၾကား ထားမွုက စာေတြ႔ပဲ ရွိသလို၊ လုပ္ငန္းခြင္ ဆုိတာကိုလည္း ေက်ာင္းျပီးမွပဲ ထိေတြ႔ခြင့္ရၾက ပါတယ္။ အဲ့ဒီလို စတင္ ထိေတြ႔ခြင့္ ရသူကို Decision Making level တစ္ခုအထိ ေပးရေလာက္ေအာင္ ဘယ္ ကုမၼဏီမွလည္း အရဲ မစြန္႔ ပါဘူး။

ဒါေၾကာင့္မို႔ ေက်ာင္းျပီးစ လူငယ္မ်ား၊ အလုပ္စစ လုပ္ကိုင္မယ့္ သူမ်ား အေနနဲ႔ ပထမဆံုး First Job အတြက္ ခ်ည္းမမ်ား၊ အေရြး မထူ ေစလို ပါဘူး။ ကိုယ္ေလွ်ာက္မယ့္ လမ္းမေပၚက အလုပ္တစ္ခု ျဖစ္ေနရင္ ဘယ္လို လခနဲ႔ပဲ ျဖစ္ျဖစ္ ဝင္လုပ္ကို လုပ္သင့္ပါတယ္။ အနည္းဆံုး ၆ လေလာက္ လုပ္ကိုင္ျပီးမွ ယင္း နယ္ပယ္ကို သိရွိလို႔ အလြယ္တကူ ေရႊ႕ေျပာင္း ရွာေဖြ ႏိုင္မွာ ျဖစ္ပါတယ္။ ၆ လ နဲ႔ မရင့္က်က္ေသးရင္လည္း ၁ ႏွစ္လည္း လုပ္ရေကာင္း လုပ္ရ ပါလိမ့္မယ္။

‘လစာနဲ႔ ပက္သက္လို႔ ပထမဆံုး အေရြးမထူမိ ပါေစနဲ႔’

ေခတ္ကာလ အေျခအေနအရ ဒါဟာ အားလံုး ခံစား ေနၾကရတဲ့ Condition တစ္ခု ျဖစ္ပါတယ္။

တစ္ဆင့္ျပီး တစ္ဆင့္ တက္လမ္းသြားတဲ့ လူငယ္ေတြ အမ်ားၾကီး ရွိပါတယ္။ ေအာင္ျမင္သူ အားလံုး ပထမဆံုးေျခလွမ္းက သုညေန စၾက ပါတယ္။ သူတို႔ လက္ရွိ ေအာင္ျမင္ေနတာေတြကို ၾကည့္ျပီး စိတ္ကူး မယဥ္ ပါနဲ႔။ တက္က်မ္း စာအုပ္ အမ်ားအျပားကလည္း ခ်မ္းသာ သြားတယ္ ေအာင္ျမင္ သြားတယ္ ဆုိတာခ်ည္းကိုပဲ ေက်ာ္ျပျပီး ၾကားထဲမွာ ဘယ္လို ၾကိဳးစားရမယ္၊ က်င့္ၾကံရမယ္ ဆုိတာကို ေဖာ္ျပတာ နည္းပါတယ္။ ဒါေၾကာင့္မို႔ လူငယ္ အမ်ားစု လမ္းမွားလိုက္လို႔ အလုပ္ရွားေနတာပါ။

အားလံုး နီးစပ္ရာ အေတြ႔အၾကံဳရွိသူ၊ ဝါရင့္သူ၊ စီနီယာမ်ားထံက နည္းလမ္း ေတာင္းျပီးေတာ့ ကိုယ့္လမ္းကိုယ္ေလွ်ာက္ ၾကိဳးစားၾကဖို႔ တိုက္တြန္း လိုက္ရ ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Aung Khann

#Unicode Version
Work.com.mm ကို လာလာပြီး ငြီးငြူကြတဲ့ အလုပ်ရှာသူ လူငယ် အချို့ ရှိပါတယ်။ သူတို့ရဲ့ စကားသံ ကတော့ အလုပ်အတွေ့အကြုံ မရှိလို့ အလုပ်ရ ပါဘူးတဲ့။ အမှန်တော့ အဲ့ဒါ မှားပါတယ်။

“အတွေ့အကြုံမရှိလဲ မြန်မာပြည်မှာ ရနိုင်တဲ့ အလုပ်တွေ အများကြီးပါ”

အလုပ်ခေါ်တာတွေကလည်း အတွေ့အကြုံ ဘယ်နှစ်နှစ်ရှိရမယ်။ ဘာတွေ တတ်ထားရမယ် အစရှိသဖြင့် စုံနေတာပဲဆိုပြီးတော့ ပြောကြပါတယ်။ အဲ့ဒီ လိုအပ်ချက်တွေ တစ်ခုချင်း လိုက်ကြည့်နေရင် မြန်မာပြည်မှာ ဘယ်သူမှ အလုပ်ရတော့မှာ မဟုတ် ပါဘူး။ အလုပ်ခေါ်စာကို ကြည့်ကြည့်ပါ ကိုယ် တကယ် တတ်တာနဲ့ ကိုက်ညီတာ ၅၀ ရာခိုင်နှုန်း လောက် ပါရင်ကို လျှောက်လို့ ရပါတယ်။ ဒါက သက်သက်ပါ။ ယခု ပြောချင်တာက အတွေ့အကြုံ မရှိလို့ အလုပ်မခန့်ဘူးဆိုတဲ့ အချက်ကို ဖြစ်ပါတယ်။

ခန့်ကြ ပါတယ်။ သို့ပေမယ့် နေရာ မတူ ပါဘူး။ ကျောင်းပြီးစ Fresher များကို ဘယ်ကုမ္မဏီကမှ Risk များတဲ့ Position တစ်ခု၊ Level တစ်ခု ချက်ချင်း မပေး ပါဘူး။ နိုင်ငံတကာမှာဆိုရင် ကျောင်းတက်စဉ် Holiday တိုင်းမှာ Internship ရှိတယ်။ ကျောင်းတက်စဉ်လည်း Project တွေ ဆက်တိုက် လုပ်ရတာကြောင့် အလုပ်ဝင်တာနဲ့ ချက်ချင်းပဲ ကုမ္မဏီကလည်း ယုံယုံကြည်ကြည် ရာထူးကြီးကြီး ပေးရဲ၊ အလုပ်အပ်ရဲ ပါတယ်။

မြန်မာပြည်မှာ ကျတော့ တစ်မျိုးပါ။ ကျောင်းတက်စဉ် ကာလက သင်ကြား ထားမှုက စာတွေ့ပဲ ရှိသလို၊ လုပ်ငန်းခွင် ဆိုတာကိုလည်း ကျောင်းပြီးမှပဲ ထိတွေ့ခွင့်ရကြ ပါတယ်။ အဲ့ဒီလို စတင် ထိတွေ့ခွင့် ရသူကို Decision Making level တစ်ခုအထိ ပေးရလောက်အောင် ဘယ် ကုမ္မဏီမှလည်း အရဲ မစွန့် ပါဘူး။

ဒါကြောင့်မို့ ကျောင်းပြီးစ လူငယ်များ၊ အလုပ်စစ လုပ်ကိုင်မယ့် သူများ အနေနဲ့ ပထမဆုံး First Job အတွက် ချည်းမများ၊ အရွေး မထူ စေလို ပါဘူး။ ကိုယ်လျှောက်မယ့် လမ်းမပေါ်က အလုပ်တစ်ခု ဖြစ်နေရင် ဘယ်လို လခနဲ့ပဲ ဖြစ်ဖြစ် ဝင်လုပ်ကို လုပ်သင့်ပါတယ်။ အနည်းဆုံး ၆ လလောက် လုပ်ကိုင်ပြီးမှ ယင်း နယ်ပယ်ကို သိရှိလို့ အလွယ်တကူ ရွှေ့ပြောင်း ရှာဖွေ နိုင်မှာ ဖြစ်ပါတယ်။ ၆ လ နဲ့ မရင့်ကျက်သေးရင်လည်း ၁ နှစ်လည်း လုပ်ရကောင်း လုပ်ရ ပါလိမ့်မယ်။

‘လစာနဲ့ ပက်သက်လို့ ပထမဆုံး အရွေးမထူမိ ပါစေနဲ့’

ခေတ်ကာလ အခြေအနေအရ ဒါဟာ အားလုံး ခံစား နေကြရတဲ့ Condition တစ်ခု ဖြစ်ပါတယ်။

တစ်ဆင့်ပြီး တစ်ဆင့် တက်လမ်းသွားတဲ့ လူငယ်တွေ အများကြီး ရှိပါတယ်။ အောင်မြင်သူ အားလုံး ပထမဆုံးခြေလှမ်းက သုညနေ စကြ ပါတယ်။ သူတို့ လက်ရှိ အောင်မြင်နေတာတွေကို ကြည့်ပြီး စိတ်ကူး မယဉ် ပါနဲ့။ တက်ကျမ်း စာအုပ် အများအပြားကလည်း ချမ်းသာ သွားတယ် အောင်မြင် သွားတယ် ဆိုတာချည်းကိုပဲ ကျော်ပြပြီး ကြားထဲမှာ ဘယ်လို ကြိုးစားရမယ်၊ ကျင့်ကြံရမယ် ဆိုတာကို ဖော်ပြတာ နည်းပါတယ်။ ဒါကြောင့်မို့ လူငယ် အများစု လမ်းမှားလိုက်လို့ အလုပ်ရှားနေတာပါ။

အားလုံး နီးစပ်ရာ အတွေ့အကြုံရှိသူ၊ ဝါရင့်သူ၊ စီနီယာများထံက နည်းလမ်း တောင်းပြီးတော့ ကိုယ့်လမ်းကိုယ်လျှောက် ကြိုးစားကြဖို့ တိုက်တွန်း လိုက်ရ ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Aung Khann
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top