Property Expo
×

တစ္ေန႔ကို ဘီယာ တစ္ပိုင့္ခန္႔ ေသာက္သံုးျခင္းဟာ အမ်ိဳးသားေတြအတြက္ မ်ိဳးပြားႏိုင္စြမ္းကို ႏွစ္ဆတိုးေပးၿပီး ဖခင္ျဖစ္ႏိုင္ေခ် ရာခိုင္ႏႈးန္ကို တိုးျမွင့္ေပးႏိုင္တယ္လို႔ သုေတသီေတြရဲ႕ ေျပာၾကားခ်က္အရ သိရပါတယ္။ ဒါေပမယ့္ ရည္ရြယ္ခ်က္တူညီတဲ့ ေလ့လာမႈေတြအရေတာ့ မိသားစုတစ္ခုကို စတင္တည္ေထာင္ ေတာ့မယ့္ အမ်ိဳးသားေတြဟာ ေကာ္ဖီကိုျဖတ္ေတာက္ဖို႕လိုတယ္လို႔ ဆိုပါတယ္။ တစ္ေန႔ကို ေကာ္ဖီႏွစ္ခြက္ ေသာက္သံုးျခင္းဟာ မ်ိဳးပြားႏိုင္မႈကို ထိခိုက္ႏိုင္တယ္လို႔ သိရပါတယ္။

ဒါ့အျပင္ အျခားေလ့လာမႈအရ အသားမစားပဲ အသီးအရြက္ပဲ စားသံုးတဲ့ အမ်ိဳးသားေတြဟာ အျခားအသားစားတဲ့ အမ်ိဳးသားေတြထက္ သုတ္ေကာင္ေရ ထြက္ရွိမႈနည္းၿပီး ထိုထြက္ရွိတဲ့ သုတ္ေကာင္ေတြဟာလည္း မ်ိဳးပြားႏိုင္ျခင္းမရွိတဲ့ အရည္အေသြးေတြသာ ရွိေနလိမ့္မယ္လို႔ ဆိုပါတယ္။

ေသာက္သံုးတဲ့ ယမကာ ပမာဏဟာလည္း ဖခင္ျဖစ္လာႏိုင္မႈကို အဆံုးအျဖတ္ေပးႏုိင္တယ္လို႕ သိရပါတယ္။ တစ္ေန႔ကို အမ်ားဆံုး ၃ ယူနစ္သာေသာက္ သံုးသင့္တယ္လို႔ သိရပါတယ္။ ဘီယာ တစ္ပိုင့္မွာ ၂.၇ ယူနစ္ပါ၀င္ပါတယ္။  ကဖိန္း မီွ၀ဲတဲ့ သူေတြရဲ႕ မ်ိဳးပြားႏိုင္မႈႏႈန္းထားလည္လည္း ကဖိန္းမွီ၀ဲတဲ့ ပမာဏေပၚ မူတည္ေနပါတယ္။ တစ္ေန႔ကို ကဖိန္း ၂၆၅  မီလီဂရမ္ အထက္မွာ ေသာက္သံုးပါက  မ်ိဳးပြားႏိုင္မႈကို ထိခိုက္ေစတယ္လို႕ဆိုပါတယ္။ ေကာ္ဖီ မတ္ခြက္တစ္ခြက္မွာဆိုရင္ ကဖိန္း ၁၄၀ မီလီဂရမ္ပါ၀င္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Trend Myanmar

Unicode Version

တစ်နေ့ကို ဘီယာ တစ်ပိုင့်ခန့် သောက်သုံးခြင်းဟာ အမျိုးသားတွေအတွက် မျိုးပွားနိုင်စွမ်းကို နှစ်ဆတိုးပေးပြီး ဖခင်ဖြစ်နိုင်ချေ ရာခိုင်နှုးန်ကို တိုးမြှင့်ပေးနိုင်တယ်လို့ သုတေသီတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။ ဒါပေမယ့် ရည်ရွယ်ချက်တူညီတဲ့ လေ့လာမှုတွေအရတော့ မိသားစုတစ်ခုကို စတင်တည်ထောင် တော့မယ့် အမျိုးသားတွေဟာ ကော်ဖီကိုဖြတ်တောက်ဖို့လိုတယ်လို့ ဆိုပါတယ်။ တစ်နေ့ကို ကော်ဖီနှစ်ခွက် သောက်သုံးခြင်းဟာ မျိုးပွားနိုင်မှုကို ထိခိုက်နိုင်တယ်လို့ သိရပါတယ်။

ဒါ့အပြင် အခြားလေ့လာမှုအရ အသားမစားပဲ အသီးအရွက်ပဲ စားသုံးတဲ့ အမျိုးသားတွေဟာ အခြားအသားစားတဲ့ အမျိုးသားတွေထက် သုတ်ကောင်ရေ ထွက်ရှိမှုနည်းပြီး ထိုထွက်ရှိတဲ့ သုတ်ကောင်တွေဟာလည်း မျိုးပွားနိုင်ခြင်းမရှိတဲ့ အရည်အသွေးတွေသာ ရှိနေလိမ့်မယ်လို့ ဆိုပါတယ်။

သောက်သုံးတဲ့ ယမကာ ပမာဏဟာလည်း ဖခင်ဖြစ်လာနိုင်မှုကို အဆုံးအဖြတ်ပေးနိုင်တယ်လို့ သိရပါတယ်။ တစ်နေ့ကို အများဆုံး ၃ ယူနစ်သာသောက် သုံးသင့်တယ်လို့ သိရပါတယ်။ ဘီယာ တစ်ပိုင့်မှာ ၂.၇ ယူနစ်ပါဝင်ပါတယ်။  ကဖိန်း မှီဝဲတဲ့ သူတွေရဲ့ မျိုးပွားနိုင်မှုနှုန်းထားလည်လည်း ကဖိန်းမှီဝဲတဲ့ ပမာဏပေါ် မူတည်နေပါတယ်။ တစ်နေ့ကို ကဖိန်း ၂၆၅  မီလီဂရမ် အထက်မှာ သောက်သုံးပါက  မျိုးပွားနိုင်မှုကို ထိခိုက်စေတယ်လို့ဆိုပါတယ်။ ကော်ဖီ မတ်ခွက်တစ်ခွက်မှာဆိုရင် ကဖိန်း ၁၄၀ မီလီဂရမ်ပါဝင်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top