Kantharyar Centre
×




Credit : Duwun

#Unicode Version

ထိုင်ခုံတစ်လုံးကို မြန်မာငွေ သိန်းသုံးရာကျော်လောက် ပေးထိုင်မလား။

ထိုင်ခုံမှာ ကော်နဲ့ကပ်ထားသလိုထိုင်ရပြီး ကွန်ပြူတာသုံးနေရသူတွေအတွက်ကတော့ သက်သောင့်သက်သာဖြစ်မယ့် ခုံတစ်လုံးဆိုတာ တန်ဖိုးမဖြတ်နိုင်တာ အမှန်ပါပဲ။ ဒီဇိုင်နာ ဒေးဗစ်ဝစ်ကတ် တီထွင်လိုက်တဲ့ ခုံဟာ ထိုင်လိုက်သူတွေအတွက် ကမ္ဘာမြေ ဆွဲငင်အားမရှိတော့သလို ပေါ့ပါးသွားမှာ ဖြစ်ပါတယ်။ ကာဗွန်ဖိုင်ဘာသားနဲ့ပြုလုပ်ထားတဲ့ အဆိုပါခုံဟာ လူရဲ့ကျောရိုးဖွဲ့စည်းပုံတွေကိုပါ တွက်ချက်တည်ဆောက်ထားတာ ဖြစ်ပါတယ်။

ထိုင်ခုံရဲ့ ရွေ့လျားမှုကို လက်ရိပ်နဲ့ပဲ ထိန်းချုပ်နိုင်ပြီး ထိုင်ခုံရဲ့ ဈေးနှုန်းဟာ ဒေါ်လာ ၂၆၀၀၀ ရှိတာကြောင့် မြန်မာငွေနဲ့ဆို သိန်းသုံးရာကျော်မှာ ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top